HATE RACE

נכתב על ידי WuYetiHan

49.9K 3.8K 336

Taoris fic !! မိဘခြင်းရင်းနှီးသောကြောင့် ငယ်ငယ်ကတည်းက အများအမြင်မှာ သူငယ်ချင်းဖြစ်ခဲ့သော်လည်း လုံးဝလုံးဝမတည့်... עוד

အမုန်းထဲက အချစ်!
Start To Hate!
Deeper !!!
Oosehun
A Cup of Red Wine
မေးပါရ​စေ
Who're in?
ထပ်​​မေးပြ​စေ!
That Night OR This Night
Hello !!
Let's Scare !
Just small wave !
Feel or not !
အငှါး.....ကိုယ်​ဝန်​..!
ဝင်​ကြည့်​​ပေးပြပါ​နော်​ !
The Answer?
အဆိပ်​နဲ့ဆေး
Stupid Idea in the Chest
ကကြိုး​တွေ သွယ်​ကာရစ်​ကာ !
ကြော်​ငြာ for Second Bullet !
အမုန်းသံ​ယောဇဉ်​ကြိုး
ငါ့ကို ချစ်​ပါ Tao !
TIME FLY WITH ROSES
ကွာရှင်းလက်​မှတ်​?
ကျွန်​မ သူ့ကို ချစ်​တယ်​ !
ည၏ ဖမ်းစားမှု
ချစ်ခြင်း၏လုပ်ကြံခြင်းကြောင့်
We Love KT,however time's stop !
အမုန်းရဲ့အဆိပ်​သင့်​သူ !
နှုတ်​ဆက်​ အနမ်း
အမုန်းဖြင့်​ ​နှောင်​ဖွဲ့သော !
Promotion !

Deep !

1.6K 158 2
נכתב על ידי WuYetiHan


ဘယ်လောက်ဆိုးရွားပက်စက်လိုက်တဲ့ အဖြစ်လဲလို့။ သတို့သမီးဝတ်စုံတကားကားနှင့် လမ်းမှာချပေးခဲ့သော KRIS WU FAN ၏အပြုအမူနဲ့လုပ်ရပ်ဟာ တော်ရုံ ယုတ်မာပက်စက်ရုံနဲ့ မဖြစ်နိုင် ။

ဒေါသထွက်လွန်းလို့ ကိုယ့်နှုတ်ခမ်းကို သွေးခြည်ဥသည်အထိကို နာနာကျင်ကျင် ဖိကိုက်လိုက်သည်။ KRIS ၏လုပ်ရပ်တွေက မိန်းမတစ်ယောက်၏မာနတွေကို တစစီဖဲ့ချွေနေသလို ဖြစ်နေသည်။ အမုန်းတွေချွေနေကြသူနှစ်ဦး၏ကြားက ဒီလို မကြာခဏစိန်ခေါ်မှုတွေက ဘယ်တော့ ပြီးဆုံးမယ် မထင် ။

"တောက် လူယုတ်မာကောင် မြွေပွေးအကောင် တစ်ရာလောက် တစ်ပြိုင်နက်တည်း အကိုက်ခံရမယ့်ကောင် "

ဆင်စွယ်ရောင် သတို့သမီးဝတ်စုံကြီးဖြင့် ကားလမ်းဘေးတွင် ခပ်ကြောင်ကြောင်ရပ်နေသော ZI TAO ကို ဖြတ်မောင်းသွားကြသော ကားတွေပေါ်မှာ ကြည့်ကြည့်သွားကြသဖြင့်  KRIS WU အပေါ် ပို၍ဒေါသပိုကာ တက် တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး ခပ်ပျစ်ပျစ် ကျိန်ဆဲပစ်လိုက်သည်။

ရှက်လွန်း၍ ကိုယ့်မျက်နှာကို ပခုံးပေါ်မှာ ခပ်ရို့ရို့တင်ထားသော ဇာပ၀ါထဲမှာ ဖွက်ထားလို့ရရင်တောင် ဖွက်ထားလိုက်ချင်ပါသည်။

"ဟေးးးး နတ်မိမယ်လေး"

"တီ တီ တီ"

"လိုက်မလား"

အလျိုလျို နောက်သွားကြသော ပုရိသတွေ၏ ကျီစယ်သံကို KRIS ကြောင့်ဟူသော အပြစ်တင်ဒေါသဖြင့် ဥပေက္ခာပြုကာ ရွှေရောင်လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်လိုက်သည်။

ဒီလိုရပ်နေလို့လည်းမဖြစ် ။ တက္ကစီငှားဖို့ကျတော့လည်း လူအပါသည့် တက္ကစီ တစ်စီးမှ မလားသေး ။

ဖြတ်လာသမျှ တက္ကစီတွေမှာလည်း လူအပြည့်ပါနေ၍ ရပ်မပေး။ TAo တားလိုက်တိုင်း လက်ကလေး တစ်ခါခါ ပြုံးဖြဲဖြဲကြည့်သွားကြသည်။

ထို့ကြောင့် သူငယ်ချင်းတစ်ယောက်ယောက်ထံ ဖုန်းဆက်အကူအညီတောင်းမှ ဖြစ်တော့မည်ဟု တွေးကာဖုန်းထုပ်မိစဉ်

"ကျီ"

အနက်ရောင် ဂျစ်တစ်စီး ZI TAOရှေ့သို့ ထိုးရပ်လာသည်။ TAO ခပ်ကြောင်ကြောင်လေးကြည့်နေသဖြင့်

"တက်လေ TAO ၊ KRIS ဖုန်းဆက်ပြောလို့ နင့်ကိုလာခေါ်တာ"

အဖြူရောင် ဂျစ်ပေါ်မှ KRIS၏ သူငယ်ချင်း lAY ၏အမူအရာက လှောင်ရိပ်စွန်းနေသော အမူအရာမျိုး။

"ဒီကောင် လူမဆန်တဲ့ အလုပ်ကိုလုပ်သွားတာလေ ဟွန်း ။ ဒင်းကစပြီးစိန်ခေါ်နေမှတော့ ငါ့ဘက်ကလည်း ပြန်တိုက်ရတော့မှာပေါ့"

မကျေမနပ်ဖြင့် မြည်တွန်တောက်တီးပြီး ဆင်စွယ်ရောင် သတို့သမီးဂါဝန်လေးကိုမကာ အနီရောင် ဂျစ်ကားလေးပေါ်သို့ လှမ်းတက်လိုက်သည်။

ZI ATOကားပေါ်သို့ တက်လိုက်သည်နှင့် LAY လည်း လက်မှနာရီကို ငုံ့ကြည့်လိုက်သည် ။

"၆နာရီတောင် ထိုးတော့မှာပဲ ။ ငါသာလာမခေါ်ရင် နင် ဒီအတိုင်းဆက်ရပ်နေမှာလား TAO "

"’ဒါနင့်အလုပ်မဟုတ်ပါဘူး ။ ငါ့ကိစ္စပါ "

KRIS WU အပေါ်မကျေနပ်သမျှ ဒေါသတွေ LAY အပေါ်ပုံကျသွားသည်။

သို့သော် ဘယ်လောက်ပဲပုံကျကျ LAY ကမမှု ၊ရှိရင်းစွဲပါးချိုင့်လေး ပေါ်အောင်ပြုံးဖြဲဖြဲလုပ်ရင်းသာ ကားစက်နှိုးလိုက်သည် ။

"ဒါနဲ့ ဒီကောင်ကဘယ်ကိုအရေးတကြီးသွားစရာရှိလို့ နင့်ကို လမ်းလယ်ခေါင်မှာ တစ်ယောင်တည်းထားခဲ့ရတာလဲ ။"

ထိုမေးခွန်းကို TAo မဖြေချင်။

သို့သော်မဖြေ၍မရ။

ဒါမှ သူ့ရဲ့ယုတ်မာပက်စက်တဲ့လုပ်ရပ်ကို သူ့အသိုင်းအ၀ိုင်းကသိမှာ ။

"သူ့ အရှုပ်ထုပ်တွေထဲက တစ်ယောက် ဖုန်းဆက်လို့ ခုချက်ချင်း အရေးတကြီးသွားရမယ်ဆိုပြီး ငါ့ကို ကားပေါ်က ဇွတ်အတင်း ဆင်းခိုင်းတယ်လေ။"

"ဟာာ ဒီကောင်တော့ ဇွတ်ပဲကွာ"

LAY ခပ်တိုးတိုး ညည်းတွားလိုက်သည်။

ပြီးနောက် TAO ကို လှည့်ကြည့်ရင်း အကဲခပ်လိုက်ပြီး  

"ဒါနဲ့ သူ့ အရှုပ်ထုပ်တွေထဲက တစ်ယောက်ဆိုတာ ဘာက်ုပြောတာလဲ TAO "

LAY အမေးကြောင့် TAO မျက်စောင်းတစ်ချက်လှမ်းထိုးရင်း

"ငါ့ကို တမင်၇ွဲ့မေးနေတာလား LAY ၊ ဒါမှမဟုတ် ငါ့ပါးစပ်ကပြောမယ့်နင့်သူငယ်ချင်းအကြောင်းကို နင် အရသာရှိရှိ နားထောင်ချင်လို့လား ။"

TAO၏ မာဆတ်ဆတ် စကားကြောင့် LAY ကားနေမောင်းနေရင်းမှ ပခုံးကို ဟန်ပါပါ တွန့်ကာ ဟက်ကနဲ တစ်ချက် ရယ်လိုက်သည် ။

"နင်မှ ငါ့ကို ရှင်းအောင်မပြောတာပဲ"

"သူ့အရှုပ်ထုပ်ဆိုတာ နင်တို့တွေ အတူတွဲနေတဲ့ ပါတနာ မိန်းမတွေကို ပြောတာလေ ၊ နည်းနည်းလေးမှ ဂုဏ်သိက္ခာမရှိတဲ့ မိန်းမတွေ"

LAY ဘာမှမပြောပဲ အသံတိတ်သွားသည် ။ သူ့စိတ်ထဲမှာ သူငယ်ချင်း၏ လုပ်ရပ်ကိုပဲ အပြစ်တင်နေလား ။ဒါမှမဟုတ် TAOကိုပဲ အားနာနေလားမသိ။

တစ်လမ်းလုံး ZI TAO ဘာစကားမှ ထပ်မပြောတော့။

ရင်ထဲမှာ KRIS အပေါ် မကျေနပ်ချက်တွေကို တစ်လွှာချင်း စုပုံပြီး  အမုန်းတရားတွေနဲ့ သိမ်းထုပ်လိုက်မိ၏။

"နင်နောင်တရနေပြီလား TAO"

"ဘာ နောင်တလဲ"

"KRIS ကို လက်ထပ်လိုက်ရတဲ့အတွက်လေ"

"အဟား ဟာား နင်ပြောမှပဲ ငါလည်းနောင်တရဖို့ သတိရတော့တယ် ။ အဟင်း ဒါပေမဲ့ ငါနောင်တမရဘူး LAY ၊ ငါသူနဲ့ ကျန်သေးတဲ့ ဘ၀တစ်သက်စာမှာ အတူတူမိုက်ကြတာပေါ့။"

ခပ်ပေါ့ပေါ့လေးရယ်ကာ စိမ်းတောက်သော စကားတွေနှင့် မထီသလိုပြောလိုက်သော TAO ၏ ဟန်အမူအရာကြောင့် LAY သက်ပြင်းရှိုက်လိုက်မိသည် ။

"နင်တို့ရဲ့ ရန်ငြိုးတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲဟာ ။ နင်တို့နှစ်ယောက်ကြည့်ပြီး ငါတို့တွေက ကြားကနေ ရင်မောရတယ်။ နင်တို့မိဘတွေ ဘာစိတ်ကူနဲ့များ မတည့်တဲ့သူအချင်းချင်း ပေးစားရတာလဲ မသိဘူး ။ နင်ကရော ဒီလက်ထပ်ပွဲကို ခေါင်းငြိမ့်စရာလား ။ ဒီကောင်က မိန်းမတွေကို ဓာတ်မီးမှာထည့်သုံးတဲ့ ဓာတ်ခဲလို သဘောထားတဲ့ကောင်"

LAY ဒီတစ်ခါတော့ TAO ဘက်က ၀င်ပြောပေးသည်။

"ငါကလည်း သူ့ကို ချစ်လို့လက်ထပ်တယ်ဆိုတာထက် မုန်းလို့ လက်ထပ်တာ ၊ သူ့ကို အိမ်ထောင်ဆိုတဲ့ ဘ၀ရဲ့ ထောင်ကြီးထဲက ရုန်းမထွက်နိုင်အောင်လို့ တစ်သက်စာထောင်ချပစ်ချင်တာ"

ထူဆန်းသော TAO ၏စကားတွေကြောင့် LAY စိတ်ပျက်စွာပြုံးလိုက်ပြီး

"နင်တို့ နှစ်ယောက် တိုင်ပင်ထားကြသလား TAO ၊ ဒီကောင်ကလည်း နင့်ကိုမုန်းလို့ လက်ထပ်တာတဲ့။"

LAY စကားကြောင့် TAO ရင်ထဲမှာ နာနာကျင်ကျင်ပင် အောင့်မျက်သွား၇၏ ။

မုန်းစမ်း KRIS ရယ် ။ နင် ငါ့ကို ကြိုက်သလောက်မုန်း ။ သေလောက်အောင်မုန်း ။နင်သေသွားလို့ရှိရင်တောင် နောင်ဘ၀အထိ အဲဒီ အမုန်းတွေကို ထမ်းပိုးပြီး သယ်သွားစမ်း။

ငါ နင့်အမုန်းတွေကို မြိန်မြိန်ယှက်ယှက် စားသုံးပြီး ငါ့အမုန်းတွေကို နင့်ရင်ဘတ်ထဲထိ ရောက်အောင် ငါကလည်း ဘောလုံးဂိုးသွင်းသလို တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေမှာ ။ ဒါကြောင့် ငါ့ဘ၀ထဲကို ရောက်အောင် နင့်ကို ဆွဲသွင်းခဲ့တာပေါ့။ မှတ်ထား KRIS အဲဒါ မိန်းမမာယာပဲ ။

နင်တို့ယောက်ျားတွေ ဘယ်လောက်ပဲ မာန်တက်တက် ငါတို့မိန်းမတွေရဲ့ မာယာကွန်ယက်ကို မထိုးဖောက်နိုင်ရင် အဲဒီမိန်းမတွေရဲ့ ခြေရင်းမှာ ပြားပြားဝပ် ၀ပ်ဆင်းရတာပဲဆိုတာ နင် သိလာစေရမယ်။ နင်အသေအလဲသာ တောင့်ခံထားပေါ့ KRIS ရယ် ။

ဒါဟာ လက်ထပ်ပြီးကာစ သတို့သမီးကို လမ်းမလယ်ခေါင်မှာ ထားခဲ့ပြီး တခြားမိန်းမတစ်ယောက်နဲ့ အပျော်ကြူးဖို့ ထွက်သွားတဲ့ သတို့သားတစ်ယောက်ကို ကျိန်ဆဲတဲ့ ကျိန်စာ တစ်ခုပဲ ။

ငါက ဘ၀နဲ့ ရင်းပြီး မိုက်ရဲတယ် KRIS ရဲ့ …….။

המשך קריאה

You'll Also Like

797 51 11
This is the story about the Farmers daughter and a Millionaire daughter, nor they met when they was a children saving each other in the danger and Fa...
39.4K 1.3K 77
Compilation of Vhoice stories.
74.1K 3.1K 50
In which Izana and Y/N have been academic rivals since their freshmen year. Both of them are competitive and are out to destroy one another. But what...
18.9K 1K 23
Yndrah Alaianth Xanther- a respected professor and successful doctor in medicine. Known for her sharp mind and distant manner. Her cold demeanor echo...