ဒါဒါလေး အပိုင်းဆက်မှော်လောကဇာ...

By Swae_Nyoe

54.3K 5.3K 180

#ဘာသာပြန် မဟုတ်ပါ# ရေးသားဖန်တီးသူ - စွဲညို့ ဟယ်ရီပေါ်တာ၊ Halo..၊ Underworld..၊ ပြီးတော့ Marlin.. နောက်ထပ်... More

Unicode
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
တယ်လီဂရုလေး ရရှိပါကြောင်း...
အပိုင်း (၆)
အပိုင်း (၇)
အခန်း (၈)
အခန်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အခန်း (၁)
အခန်း (၂)
ဗယ်လင်တိုင်းဒေးပရိုမိုးရှင်း
အခန်း (၃)
အခန်း (၄)
ပရိုမိုးရှင်း
အခန်း (၅)
အခန်း (၆)
အပိုင်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
☘️သင်္ကြန်ပရိုမိုးရှင်း
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း (၂၂)
အခန်း (၂၄)
အခန်း (၂၅)
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း (၂၆)
အခန်း (၂၇)
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️

အခန်း (၂၃)

52 4 0
By Swae_Nyoe

23 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၂၃)

"ဒါလေး.. ပြေး!!.. ပြေးတော့!!.."

"ချာ့ရှ်!!.."

ဒါလေး ချာ့ရှ်အား စိုးရိမ်စွာ အော်ခေါ်လိုက်မိသည်။ ချာ့ရှ်ကသည် ကြီးမားထွားကြိုင်းသော ဝံပုလွေ တစ်ကောင်၏ သွားတွင် ချိတ်ဆွဲ ခံထားရပြီး ရုန်းကန်မှု မဲ့နေသည်။ ဒရက်က ဒါလေးကို အနောက်သို့ ပို့လိုက်ပြီး.. နယ်လီနှင့် ဟေဒီအား လက်ဆွဲ ထားသည်။ ထိုနောက်တွင်မူ လှောင်ချိုင့် အတွင်း ဖမ်းထည့်ထားသော အာကာကို တွေ့လိုက်ရ၏။

အာကာက ဒရက်ကို ဘာမှမပြောပဲ ကြည့်နေသည်။ ဒရက်က တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးမှ.. ဒါလေးအား..

"ငါတို့ အိမ်ထဲကို ပြန်ဝင်မှ ဖြစ်မှာ.. ဒါလေး.."

"ဘာ.. ငါ အခုအခြေအနေကို နားမလည်ဘူး.."

"နောက်မှ ပြောပြမယ် အခု မင်းအရင် ဝင်သွားတော့.."

ချာ့ရှ်က စတင်ရုန်းကန်လာပြီးလျှင်..

"ဒရက်!!.. ငါ့ကို ကယ်အုံး ငါ့ကို ကယ်ပါအုံး.."

ဒရက်က ဒါလေးတို့ကို ဘာမှ လှည့်မကြည့်တော့ပဲ လက်တစ်ဖက်တည်းနှင့် သုံးဦးလုံးအား ခြံဝန်းအတွင်းသို့ ပစ်ထည့်လိုက်၏။ ဒါလေး နွယ်ပန်းစံအိမ် အတွင်းသို့ ဒုတိယအကြိမ် ပြန်ရောက်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ ညင်သာစွာ ခိုးဝင်လာတာနှင့် မတူတော့ပဲ.. ဒရက်က ပြင်းထန်စွာ ဆွဲမပြီး ပစ်ထည့်လိုက်တာမို့ မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ကျလာသည်။

ခေါင်းကို ဘာနဲ့ တိုက်မိသည် မသိပဲ မူးဝေဝေ ဖြစ်သွားမိ၏။ ခြေထောက်က ဘာနဲ့ တိုက်မိမှန်း မသိပဲ ထရပ်လိုက်တော့ ထရပ်လို့ မရပဲ ထော့နဲ့ ထော့နဲ့ ဖြစ်နေသည်။ သို့သော် ဒရက် တစ်ဦးတည်းသာ အပြင်မှာ ကျန်နေခဲ့တာကို ဘယ်လိုမှ စိတ်မချနိုင်ပဲ မရအရ အတင်းထရပ်လိုက်ပြီး ခြံဝန်းအပြင်သို့ ထွက်ရန် ကြိုးစားမိသည်။

ဟေဒီနှင့် နယ်လီကလည်း ဒါလေးလိုပင် အနည်းငယ် နာကျင်နေဟန်ဖြင့် ထရပ်လာကြသည်။ ဒါလေး ဟေဒီနှင့် နယ်လီအား..

"နယ်လီ ဟေဒီ ဒီထဲမှာ ခဏ နေခဲ့နော် ငါ ပြန်လာခေါ်မယ်.."

"ဒါလေး.. ဒါလေး.. မင်းက ဘယ်သွားမလို့လဲ.."

"ငါ့သူငယ်ချင်းတွေ.. အပြင်မှာ ကျန်နေခဲ့တယ်.. ငါက ကိုယ်လွတ်ရုန်းနေရမလား ဒါက ဘယ်လိုမှ မဖြစ်သင့်ဘူးလေ.."

ဒါလေး အိမ်အပြင်သို့ ထွက်လာတော့ ဒရက်နှင့် သမန်းဝံပုလွေတွေ တိုက်ပွဲက ပြင်းထန်နေပြီ။ ဒရက်က တစ်ဦးတည်း ဖြစ်ကာ.. တိုက်ခိုက်နေမှုက မမျှမတ ဖြစ်နေသည်။ ဝင်သွားပြီး တိုက်ခိုက် ရအောင်လည်း.. ဒါလေးက သာမန်လူသား တစ်ဦး ဖြစ်နေခြင်းကြောင့်.. ဘာမှမတတ်နိုင်ပေ။

ဒါလေး သစ်ပင်တွေကို ကွယ်၍ အာကာ ရှိသော နေရာသို့ တိုးသွားပြီး လှောင်ချိုင့် တံခါးကို ဖွင့်ပေးဖို့ ကြိုးစားမိသည်။ သို့သော် လှောင်ချိုင့်ကို ခတ်ထားသော သော့က ကြီးမားနေပြီး ဒါလေး ဘယ်လိုမှ ဖွင့်လို့ မရ ဖြစ်နေသည်။ နောက်မှ ကျိန်စာ တစ်ခုကို သတိရလိုက်ပြီး.. စမ်းကြည့်ဖို့ ကြိုးစားလိုက်သည်။

"ဒါမန်းဇက်ခ်!!.."

"ချောက်!.."

သော့ဖွင့်တဲ့ ကျိန်စာက အလုပ်ဖြစ်လို့ တော်သေးသည်။ အာကာကို ဆွဲထုတ်လိုက်တော့ အာကာက..

"မင်းဒီ သော့ဖွင့်တဲ့ ဂါထာကို ဆိုလိုက်တာက အရမ်းကို ခန့်ညားလွန်းတယ် ဒါလေး.."

"မင်း.. အပိုတွေ ပြောနေမယ့် အစား ဒရက်ကို ခဏ သွားကူလို့ ရမလား.."

အာကာနှင့် ဒါလေး ပြောဆိုနေစဉ်မှာပဲ ဝံပုလွေ တစ်ကောင်က တိုက်ခိုက် နေရာမှ ဒါလေးအား တွေ့မြင် သွားကာ..

"ကောင်မလေးက ဒီမှာ!!.."

ဝံပုလွေ တွေ၏ အာရုံက ဒါလေးထံသို့ ရောက်လာသည်နှင့် ဒရက်က ဒါလေး ရှေ့သို့ ခုန်ဝင်လာပြီးလျှင်.. ဒါလေးကို စိတ်ဆိုး ဒေါသထွက်နေသော အသံဖြင့်..

"မင်း အထဲကို သွား.. ဒါလေး.. ခဏနေဆို ဒီက နေရာ တစ်ခုလုံး လမ်းကြောင်း ဖြစ်သွားတော့မှာ.."

"ဘာ ဘာလမ်းကြောင်းလဲ.."

အာကာနှင့် ဒါလေးက ထိတ်လန့်စွာ.. မေးလိုက်တော့.. ဒရက်က..

"ဒီနေရာကို မိစ္ဆာတွေ ရောက်လာတော့မှာ.. အဲဒါဆို ဒီသမန်းဝံပုလွေ စစ်တပ်က ပျောက်ဆုံး သွားလိမ့်မယ်.."

"ငါက ဘာသံမှလည်း မကြားရပါလား.."

"ငါက သာမာန် ဒီမွန်း တစ်ကောင် ထက် ခုနှစ်ဆ ပိုပြီး အကြားအာရုံ ထက်မြက်တယ်လေ.."

ဒရက်က အာကာနှင့် ဒါလေးအား လျင်မြန်စွာ တံခါးအနားသို့ တွန်းပို့ပေးလိုက်ပြီး..

"မင်းတို့ သွားတော့ သူတို့ အရမ်းကို လျင်မြန်တဲ့ အရှိန်နဲ့ ရောက်လာတော့မှာ ငါ ချာ့ရှ်ကို ရအောင် ခေါ်ခဲ့မယ်.."

"ဒရက်က မင်း သတိထားနော်.."

"အိုကေ ငါ အဆင်ပြေမှာပါ မိစ္ဆာအုပ်စုရဲ့ ဒဏ်ကို နွယ်ပန်းစံအိမ်က ခံနိုင်ရည် ရှိဖို့ ဆုတောင်းရုံပေါ့.."

ဒရက်က ဒါလေးတို့အား ပြောလိုက်ပြီးမှ.. ဝံပုလွေတွေ ကြားသို့ လျင်မြန် ခုန်ဝင်သွားပြီး ချာ့ရှ်ကို ပြန်ဆွဲထုတ်လာသည်။ သို့သော် ဒရက်၏ လက်မောင်းတွင် သမန်းဝံပုလွေ တစ်ကောင်၏ သွားတွေ မြှုပ်ဝင်သွား၏။

"အား!!.."

ဒရက်က နာကျင်စွာ ညည်းညူလိုက်ပြီးနောက်.. ဒါလေးတို့ အနားသို့ ပြန်ရောက်လာသည်။ ပြီးမှ..

"ကိုး.. ရှစ်.. ခွန်.."

ဒရက်က စပြီး ရေတွက်တာကို သမန်းဝံပုလွေမှ လူအသွင်သို့ ယူလိုက်သော လူတစ်ဦးက..

"ဘာလဲ ကောင်လေး ကြောက်အား လန့်အားနဲ့.. နံပါတ်တွေ ရွတ်နေတာလား.. ဒါဒါလေးကိုသာ ငါတို့လက် ပေးလိုက်ရင် မင်းလည်း ဒီလောက် အပင်ပန်းခံဖို့ မလိုပါဘူး.."

"ခြောက်.. ငါး.. လေး.. သုံး.. နှစ်.. တစ်!!.. ဒါလေး အထဲကို ဝင်.."

23 02

တစ် ဆိုတာနဲ့ တစ်ပြိုင်နက်.. လောက တစ်ခုလုံးက မှောင်မည်း သွားပြီး.. လေတိုက်သံတွေက ချက်ချင်း ကြမ်းတမ်းလာသည်။

"ဝေါ.. ဝရော.. ဝေါ.."

ဒါလေးနှင့် ဒရက်တို့ စံအိမ် အတွင်းသို့ ဝင်လိုက်သည်နှင့်.. ထိုနေရာ တစ်ခုလုံးက လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျက်စီးသွားလေတော့သည်။ သမန်းဝံပုလွေတွေ၏ လျင်မြန်မှုက ထို မိစ္ဆာအုပ်စုအား မယှဉ်နိုင်ပဲ မိစ္ဆာအုပ်စု၏ ကျိန်စာနှင့် လျင်မြန်မှု အောက်တွင် နစ်မြှုပ် သွားတော့သည်။

အာကာက ထိုအဖြစ်အပျက်ကို ကြည့်နေရာမှ ဝမ်းနည်းစွာ ထိုင်ငို လိုက်တော့သည်။

"ငါ သူတို့ကို သတ်လိုက်မိတာ.."

"အာကာ.. မင်းအဲ့လောက် ဝမ်းမနည်းပါနဲ့.. မင်းအပြစ် မဟုတ်ဘူး.."

ဒရက်က အားပေးစကားကို ထိုသို့ ပြောသည်။ ပြီးနောက်တွင်မှ.. နှုတ်ခမ်းတွေ ပြာတက်လာပြီး.. ထိုနေရာတွင် ခွေကျသွား၏။

"ငါ အဆိပ်မိသွားပြီ ထင်တယ် သမန်းဝံပုလွေ တွေရဲ့ သွားတွေမှာ အဆိပ် ရှိတယ် ငါတို့ ဒီမွန်းတွေနဲ့ ဆိုရင်.. ပြင်းထန်တယ်.."

"ဒရက်.. မင်း.."

ဒရက် အနားသို့ ပြေးသွားပြီး.. ဒရက်အား.. ဆွဲထူလိုက်ပြီး.. လက်မောင်းတွင် စိုက်ဝင်နေသော.. သွားစွယ် တစ်ချောင်းကို ဆွဲနှုတ်ပစ်လိုက်သည်။

"ဒရက်.. မင်း သတိမေ့လို့ မရဘူး ဒရက်.."

"ငါ.. မမေ့သေးပါဘူး.. ဒါပေမယ့် နောက်ထပ် ဆယ့်ငါးမိနစ် နောက်ပိုင်းမှာတော့ ငါမပြောနိုင်ဘူး.."

"ဒရက်.. ဆေးပြော ဆေးပြော!!.."

"ငါ မသိဘူး.. အဲဒါက ဆေးမရှိဘူးလို့ ကြားဖူးတယ် ငါလည်း မသိဘူး.."

နောက်ဆယ့်ငါးမိနစ် ဆိုပေမယ့် ဒရက် စကားပြောနေတာက ကယောင်ကတမ်း နိုင်နေသည်။ ဆစ်စလစ်နှင့် စလစ်က သစ်ပင် တစ်ပင်ပေါ်မှ ပြေးဆင်းလာပြီး..

"မရနိုင်တော့ဘူး.. ဒီမွန်းတွေက သမန်းဝံပုလွေ ကိုက်မိတာကို ပြင်းပြင်းထန်ထန် ခံစားမိရင်.. ပြန်ပြီး နေကောင်းဖို့ မဖြစ်နိုင်တော့ဘူး.."

"မဟုတ်ဘူး.. ဒရက်.. ငါတို့ နည်းလမ်း ရှာတွေ့မှာပါ.. ငါတို့ နည်းလမ်း ရှာတွေ့မှာပါ.."

ဒါလေး စိတ်ပူစွာ ဆိုတော့ နယ်လီနှင့် တခြားသူတွေကပါ ဒရက်အတွက် စိုးရိမ်နေကြပြီး ဒရက် အနားတွင် ဝိုင်းဝန်းလာကြသည်။

ဒါလေး ထိုင်နေရာမှ ပြတ်သားစွာ ထရပ်လိုက်ပြီး..

"ငါ ဆေးသွားရှာခဲ့မယ်.. ဒရက်.. မင်း တောင့်ထားနော်.."

ဒရက်က မျက်နှာတွေ ပြာနေရာမှ..

"မသွားနဲ့.. အခုချိန်မှာ မင်းသွားရင် မိစ္ဆာအုပ်စုကြောင့် အသွေးတခြား အသားတခြား ဖြစ်သွားမှာပဲ.. မင်း မလွတ်နိုင်ဘူး.."

"ဒါပေမယ့် ဒရက်.."

"သုံးရက် စောင့်ကြည့်ပေးပါး သုံးရက်မှ မနိုးလာဘူး ဆိုမှ ငါ့အတွက် ဆေးသွားရှာ ဒါလေး မင်းသိပါတယ် ငါက ခံနိုင်ရည် ရှိတတ်တာကို.."

အခုနေ သူသာ ခံနိုင်ရည် မရှိတော့ဘူး လို့ ဆိုလိုက်ပါက ဒါလေး ဆိုတဲ့ အရူးမက တစ်ဇွတ်ထိုးဖြင့် အပြင်သို့ ပြေးထွက် သွားအုံးမည်မှာ မလွဲမသွေပေ။ ထို့ကြောင့် အသိအာရုံတွေ ကျန်နေတုန်းမှာ သုံးရက် ဆိုသော အချိန်ကို ဆွဲထားလိုက်ခြင်း ဖြစ်ပြီး ထိုအချိန်ကျလျှင် သူသည်လည်း ဘာဖြစ်နေပြီ ဆိုတာကို မပြောနိုင်တော့ပေ။

"သေချာလား ဒရက် သုံးရက်က.."

"သေချာတာပေါ့ သေချာတယ် ဆိုတာထက် ပိုသေးတယ် ငါတိုက်ခိုက်ထားလို့ ပင်ပန်းနေပြီ ငါ့အနားမှာ ကပ်မနေကြနဲ့ ဝေးဝေး နေကြ.."

အပြင်မှ ဖြစ်ပျက်နေသမျှကို ဒရက် သေချာ မမြင်ရတော့ပဲ ဖြစ်လာသည်။ အာရုံကို စုစည်းလိုက်တော့ ပြင်းထန်သည့် မှော်ပညာရှင် သုံးဦး နွယ်ပန်းစံအိမ် အပြင်မှာ ရောက်နေပြီ ဆိုတာကို သိလိုက်သော အသိခပ်ပါးပါး၏ နောက်ကွယ်တွင် ဒရက် ဇာတ်လည် ကျသွားတော့၏။

ကံကောင်းပါစေ ဒါလေး..၊

@@@@@@@@@@@

24 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၂၄)

"သေချာလား ဒရက် သုံးရက်က.."

"သေချာတာပေါ့ သေချာတယ် ဆိုတာထက် ပိုသေးတယ် ငါတိုက်ခိုက်ထားလို့ ပင်ပန်းနေပြီ ငါ့အနားမှာ ကပ်မနေကြနဲ့ ဝေးဝေး နေကြ.."

အပြင်မှ ဖြစ်ပျက်နေသမျှကို ဒရက် သေချာ မမြင်ရတော့ပဲ ဖြစ်လာသည်။ အာရုံကို စုစည်းလိုက်တော့ ပြင်းထန်သည့် မှော်ပညာရှင် သုံးဦး နွယ်ပန်းစံအိမ် အပြင်မှာ ရောက်နေပြီ ဆိုတာကို သိလိုက်သော အသိခပ်ပါးပါး၏ နောက်ကွယ်တွင် ဒရက် ဇာတ်လည် ကျသွားတော့၏။

ကံကောင်းပါစေ ဒါလေး..၊

@@@@@@@@@@@

"ဒရက်.. ဒရက်.. မင်း ဘယ်လိုနေလဲ ဒရက်.. မင်းအိပ်ပျော် သွားတာလား.."

မေးလိုက်တော့ ဒရက်က တိတ်ဆိတ်နေတာမို့ ဒါလေး မခေါ်တော့ပဲ အိပ်နေပါစေဟု တွေးကာ ငြိမ်နေလိုက်သည်။ အိမ်အပြင်ရှိ ဖြတ်သန်းသွားသော မိစ္ဆာအုပ်စုက လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက်.. တစ်လောကလုံး အမှုန်အမွှားကဲ့သို့ ပျောက်ကွယ် သွားတော့မလို ပျက်စီးသွားသည်ကို နွယ်ပန်း စံအိမ် အတွင်းမှ တွေ့နေရသည်။

တော်သေးတယ် ဒါလေးတို့ နွယ်ပန်း စံအိမ်ထဲကို ဘယ်မိစ္ဆာမှာ ဝင်လို့ မရလို့..၊

"ဒါလေး.. ငါတို့ အပြင်ထွက်ကြည့်မလား.."

"နေအုံး.."

ဒါလေး တားမြစ်လိုက်ပြီးမှ နီးကပ်လာသော လူသုံးဦးကို ကြည့်လိုက်တော့ တအံ့တသြ ဖြစ်သွားမိသည်။ မေမေသော်တာ မေမေမိုယာနှင့် ဆရာကြီး ဘာဘဲလ်လာ..၊

"သူတို့ ဘာလာလုပ်တာလဲ မသိဘူး.."

သူတို့ ကို လှမ်းမြင်နေရသော်လည်း ခြံဝန်းအတွင်းနှင့် အပြင်မို့ သူတို့က ဒါလေးတို့ကို မြင်ရမှာ မဟုတ်ပေ။ ထို့ကြောင့် ဒါလေး အရှေ့သို့ ပြေးထွက်သွားပြီး..

"မေမေသော်တာ မေမေမိုယာ.."

ဒါလေးရောက်သွားတော့ သူတို့က ဒါလေး အနားသို့ ပြေးလွှား ရောက်လာပြီး..

"တော်သေးတယ် မင်းတို့ကို မတွေ့လို့ လိုက်ရှာနေတာ.."

"လိုက်ရှာနေတာ.. ဟုတ်လား.."

"ဟုတ်တယ် မင်းတို့ ကျောင်းကို ရောက်သွားတော့ အပျော်ခရီး သွားတယ် ဆိုတာနဲ့.. မင်းတို့ သွားနိုင်တဲ့ နေရာတွေကို လိုက်ရှာနေတာ.. ခုနက မင်းတို့ ဘယ်မှာ ပုန်းနေတာလဲ.."

"ဒီအိမ်ကြီးထဲမှာ.."

"ဘာ!!.."

ဒါလေး ညွှန်ပြလိုက်သော နွယ်ပန်း စံအိမ်ကြီးကို ကြည့်လိုက်ပြီးမှ မေမေသော်တာနှင့် မေမေမိုယာက တအံ့တသြ ပြိုင်တူ လေသံ ထွက်လာ၏။ ဒါလေးပင် ကြောင်တောင်တောင် ဖြစ်သွားမိသည်။

"ငါတို့ ကျောင်းသားတွေကို ပြန်ခေါ် သွားမယ်.."

ဆရာကြီးက ထူးဆန်းသလို အမူအယာ မပြပဲ ဒါလေးတို့ကို ပြန်ခေါ်သွားရန်သာ အကြံပြုသည်။ မေမေသော်တာက ဒါလေးအား တစ်ချက် လှမ်းကြည့်လာပြီးလျှင်..

"မင်းတို့ ဒီနား ရောက်နေတာကိုပဲ ထူးဆန်းလွန်းတယ်.."

တွေးဆသလို အပြောတွင် ဒါလေး စိတ်အတွင်း တစ်ခုခု လွဲနေပြီလားဟု မေးလိုက်လိုသော်လည်း ဘာမှ မပြောဖြစ်ပေ။

"ဆရာကြီး ဒရက်ကို သမန်းဝံပုလွေ တစ်ကောင် ကိုက်သွားတယ်.. အဲဒါ သူ.."

"မြန်မြန် သွားခေါ်လာခဲ့ မင်းတို့ကို ကျောင်းထိ ပို့ပေးမယ် မြန်မြန် သွား.."

ဒါလေး ထိတ်လန့်စွာ နွယ်ပန်း စံအိမ် အတွင်းသို့ ပြေးဝင်လာပြီး အာကာနှင့် ချာ့ရှ်အား..

"ငါတို့ ပြန်လို့ ရပြီ ဆရာကြီး လာတယ်.. ငါ့အမေတွေကောပဲ.. ဒရက်ကို တွဲကူအုံးလေ.."

ဒရက်က လုံးဝကို သတိလစ် မေ့မျောနေပြီ ဖြစ်ကာ သူ့ခန္ဓာကိုယ်က ထင်ထားတာထက် ပိုပြီး လေးလံ နေသည်။ ချာ့ရှ်နှင့် အာကာက ဒရက်ကို တွဲကူပြီး ဒါလေး နယ်လီနှင့် ဟေဒီပါ စံအိမ် အတွင်းမှ ထွက်လာတော့ အပြင်တွင် မေမေသော်တာနှင့် မေမေမိုယာက ရွေ့လျားတိမ်နှင့် အသင့်စောင့်ဆိုင်းနေသည်။

"ဒရက်.. ဒရက်.."

နှုတ်ခမ်းတွေ ပြာနေသော ဒရက်က ဆရာကြီး၏ စိတ်ပူပန်စွာ ခေါ်နေသံကို မကြားပေ။ ဒါလေးတို့ အားလုံး ရွေ့လျား တိမ်ပေါ် ရောက်သည်နှင့် မေမေသော်တာက အစိမ်းရောင် လက်အစွပ်လေးကို ဝှေ့ယမ်းလိုက်သည်တွင် ရွေ့လျားတိမ်က လျင်မြန်စွာ ပြေးထွက်ကာ ကျောင်းသို့ ဦးတည်သွား၏။

ကလေးတွေ အကုန်လုံးက လူကြီးများနှင့် တွေ့ဆုံ သောကြောင့် အေးချမ်းသွားသလို ခံစားမိကြသော်လည်း.. လူကြီး သုံးဦး၏ မျက်နှာက စိုးရိမ် ရေမှတ်တွင် ရှိနေကြသည်။ မျက်စိမျက်နှာများ ပျက်နေကြသော်လည်း စကားအားဖြင့် တစ်ခွန်းမှ မဆိုပေ။

ကျောင်းဝန်း အတွင်းသို့ ရွေ့လျားတိမ်မှ ဆင်းသက်လိုက်သည်နှင့် ဆရာကြီး ဘာဘဲလ်လာက ဦးဆုံး ဆင်းသွားပြီး.. ကျောင်းဝန်းကြီးအား မိုးတိမ်ပါးများဖြင့် ကာရံလိုက်သည်။

ကျောင်းဝန်းအတွင်းတွင် ဆရာများ ဆရာမများက အသင့်စောင့်ဆိုင်းနေကြသည့် အပြင် တခြားသော ဒါလေးတို့ မရင်းနှီးသည့် လူတွေကိုပါ တွေ့လိုက်ရသည်။ ထိုလူများက တူညီဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ပူပန်နေသော အမူအယာ ပေါ်လွင်နေကြသည်။

24 02

ဆရာကြီးက ဒရက်အား ဦးစွာ ပွေ့ယူသွားပြီးနောက်မှ သစ်ပင် စာကြည့်တိုက်သို့ ဦးတည်ကာ သွားနေသည်။ ဒါလေးလည်း အနောက်မှ လိုက်လာမိ၏။ ဆရာကြီးက ဒါလေးအား လှည့်ကြည့်လာပြီး..

"ဆယ်ဆာဗန် ထဲမှာပဲ အနားယူလိုက်ပါ.."

"ဒရက် ဘာဖြစ်သွားမှာလဲ.."

ဒါလေး မေးလိုက်သော အသံက အနည်းငယ် တုန်ရင် နေ၏။ ဆရာကြီးက ဖြေရခက်ဟန် ဖြစ်နေသော်လည်း မေမေသော်တာက ဒါလေး အနားသို့ တိုးလာပြီးလျှင် ပုခုံးလေးကို လှမ်းကိုင်လိုက်ပြီး..

"သမီးလေး.. အခုချိန်က အရမ်းကို အရေးကြီးနေတယ် မိစ္ဆာအုပ်စုတွေက ကျောင်းနားမှာ ရစ်ဝဲနေတယ် သူတို့ သခင်က ဘာကို လိုနေလဲတော့ မသိဘူး ဖြစ်နိုင်ရင် အဆောင်ထဲမှာပဲ နေပါ.."

"ဒါပေမယ့် ဒရက်.."

"ဒီမွန်းတွေက သန်မာပါတယ် ပြီးတော့ ဆရာကြီး ဘာဘဲလ်လာက သူ့ကို ကူညီပေးနိုင်မှာပါ.. ဒရက်ကို မယုံဘူးလား.."

ဒါလေး မျက်ရည်တွေ မကျလာအောင် ထိန်းထားရင်းမှ.. ခေါင်းညိတ်လိုက်ရသည်။

"ယုံတယ်.. ဒရက်က သုံးရက်ပြီးရင် သူပြန် နိုးလာမှာပါ.. ဒါပေမယ့် သူ့ကို အခုလို ဘာမှမသိတဲ့ အခြေအနေနဲ့ တစ်ခါမှ မတွေ့ဖူးတော့.. ဒါလေး စိုးရိမ်နေတာ.."

"ကောင်းပြီ ခဏ သွားအနားယူလိုက်ပါ.. အားလုံး အဆင်ပြေသွားမှာပါ.."

"ဟုတ်ကဲ့.."

သစ်ပင် စာကြည့်တိုက် တံခါးမှ လှည့်ထွက်လာတော့.. ကျောင်းကြီးက တိတ်ဆိတ်နေတာကို ခံစားမိသည်။ ပြီးလျှင် နေရာအနှံ့ တလက်လက် တောက်ပနေသော မိစ္ဆာနှင် အပင်များက မိစ္ဆာအုပ်စုရှိနေကြောင်းကို ဖော်ပြနေကြ၏။

ဆယ်ဆာဗန် အတွင်းသို့ ဝင်လာတော့ နယ်လီက ကုတင်ပေါ်တွင် စိုးရိမ်စွာ ထိုင်နေပြီး ဒါလေး လက်အတွင်းသို့ သတင်းကြည့်သည့် စာရွက်လေးကို ထိုးထည့်ပေးသည်။

"ဘာလဲ.."

ဒါလေး မေးလိုက်တော့ နယ်လီက.. ဒါလေးအား မျက်နှာလွဲ လိုက်ပြီး..

"သတင်းမှာ.. မတွေ့ဘူးလား နေရာအနှံ့ မိစ္ဆာအုပ်စုက မှော်ဝင် ပစ္စည်း တစ်ခုခုကို လိုက်ရှာနေတယ်.. ဆိုတာ.."

"ဘာပစ္စည်း ရှာနေတာတဲ့လဲ.."

"သက်စောင့်လိုဏ်ဂူ.."

"သက်စောင့်လိုဏ်ဂူ ဟုတ်လား.. သူတို့ ဘယ်လိုမှ မတွေ့နိုင်တာကို.."

ဒါလေး ပြောလိုက်တော့ နယ်လီက သက်ပြင်းချသည်။ ပြီးမှ ဒါလေး အနားသို့ တိုးလာပြီးလျှင်..

"သက်စောင့်လိုဏ်ဂူကို သူတို့ မတွေ့နိုင်ဘူး ဟုတ်တယ်လေ.. ဒါပေမယ့် သော့ကို သူတို့ တွေ့နိုင်တယ်.."

"သော့ ဟုတ်လား.."

"ဟုတ်တယ် လိုဏ်ဂူရဲ့ သော့က လိုဏ်ဂူရဲ့ စောင့်ရှောက်သူပဲလေ.. အဲဒါကို သူတို့ အာရုံခံလိုက်ရနိုင်တယ် မဟုတ်လား.."

ဒါလေး ထိတ်ခနဲ ဖြစ်သွား၏။ ဒရက် တစ်ခုခု ဖြစ်သွားတော့ မလား.. ဆိုတာကို တွေးလိုက်မိတော့ မိုးမှောင်သွားတာကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ.. အပေါ်ဝတ်ရုံကို ဆွဲဝတ်ကာ ဆယ်ဆာဗန် အတွင်းမှ ပြေးထွက်လာခဲ့မိသည်။

သစ်ပင် စာကြည့်တိုက်သို့ ရောက်တော့ လျို့ဝှက် သင်္ကေတနှင့် ပိတ်ထားတာကို အမှတ်ရမိပြီး အနီးနားရှိ ပန်းရုံ အတွင်း တိုးဝင်ကာ ပုန်းအောင်းလိုက်သည်။ ဒါလေး အချိန်တွေ အကြာကြီး စောင့်ပြီးသွားတော့ သိပ်မကြာခင်မှာပဲ ဒရက်၏ဖခင်က ရောက်လာသည်။ အနားတွင် ဒရက်၏အစ်ကိုနှင့် မိခင် ဖြစ်ဟန်တူသူက စိုးရိမ်နေသော မျက်နှာများနှင့် ပါလာကြ၏။ သစ်ပင် စာကြည့်တိုက် အတွင်းသို့ ဝင်သွားကြတာကို မြင်နေရသော်လည်း ဘယ်သူ့ကိုမှ ဘာမှ မမေးနိုင်ပဲ ဖြစ်နေသည်။

ဒရက်၏ အစ်ကိုနှင့် အဖေက ဒါလေး ရှိနေသော နေရာသို့ တစ်ချက် စူးခနဲ စိုက်ကြည့်သွားသေးသည်။ ဒါလေး ရှိနေတာက သူတို့ရဲ့ အမြင်အာရုံ အကြားအာရုံတွေကို ဖုံးကွယ်နိုင်ခြင်း မရှိဖြစ်နိုင်သည်။

အတန်ကြာတော့ ဆရာမရိုစီက အပြာရောင် ပြွန်ပုလင်းငယ် တစ်ခုအားကိုင်လျက် ခပ်သုတ်သုတ် ရောက်လာသည်။ မေမေသော်တာက အပြင်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ဆရာမရိုစီအား ကြိုဆိုလိုက်ရင်း.. လေသံ ခပ်တိုးတိုးဖြင့်..

"ကောင်လေး ဘာဖြစ်သွားမလဲ ဆရာမ.."

မေမေသော်တာ၏ မေးခွန်းက ဒါလေးကို နှလုံးခုန် နှုန်းလျင်မြန်စေသည်။ ဆရာမရိုစီက တစ်ချက်သာ ဘေးဘီကို ကြည့်လိုက်ပြီးမှ..

"တကယ်ဆို.. ဒရက်က သမန်းဝံပုလွေရဲ့ အစွယ်တွေ သုံးချောင်းတောင် စိုက်ဝင်ခဲ့တာ သာမာန် ဖြစ်စဉ်အရဆို သူက အဆိပ်မိပြီး သေဆုံး သွားရမှာ ဒါပေမယ့် အခုထိ ဒရက်က အဆိပ်ပြင်းမိထားတဲ့ လက္ခဏာပဲ ပြတယ်.. သူနှလုံးက အဆက်မပြတ် ခုန်နေတာ မရပ်ဘူး.."

"သူ သေသွားမှာလား.."

"သူ ဘယ်နှစ်ရက်လောက်ထိ ခံနိုင်ရည် ရှိမလဲတော့ မပြောတတ်ဘူး.. ဒါပေမယ့် သူ အသက်ရှင်ဖို့က သိပ်ပြီး ခက်ခဲတယ်.. ဒါပေမယ့် ဒီကလေးက သိပ်ပြီး ခံနိုင်ရည် ရှိတယ် နည်းလမ်း တစ်ခု သုံးကြည့်ဖို့ကို သူ့မိဘတွေကို ခေါ်ထားတာ အဆင်ပြေလား.."

အသက်ရှင်ဖို့ ခက်ခဲတယ်.. ဒါလေး ခပ်တိုးတိုး ရေရွတ်လိုက်မိပြီး ပါးစပ်ကို လက်ဖြင့် အုပ်ကိုင်လိုက်မိသည်။

"အဆင်ပြေမှာပါ သူအမေက နားလည်မှု ရှိတဲ့ မှော်မရှိ မျိုးနွယ် တစ်ဦးပါ.."

စာကြည့်တိုက် အတွင်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သိချင်တာမို့ ဒါလေး ဆယ်ဆာဗန် အတွင်းသို့ ပြန်ပြေးဝင်လာပြီး.. ဆစ်စလစ်နှင့် စလစ်ကို ခေါ်ယူလာခဲ့မိသည်။

"ဒီတစ်ကြိမ်တော့ ဒါလေးကို ကူညီပါ ဆစ်စလစ်.. ဒါလေး ဒီစာကြည့်တိုက် အထဲမှာ ဒရက် ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို သိချင်တယ်.."

ဆစ်စလစ်က ငိုင်သွားပြီးမှ..

24 03

"ကောင်းပြီ ငါတို့.. သွားကြည့်ပေးမယ်.."

ဆစ်စလစ်နှင့် စလစ် ထွက်သွားပြီးမှ ဒါလေး ပန်းရုံအတွင်းတွင် အသံ တစ်ချက်မှ မထွက်မိအောင် အသက်အောင့်လျက် နေနေမိသည်။

"ဒါလေး.."

ဒါလေးကို အနောက်ကနေ ခေါ်လိုက်တာမို့ ဒါလေး လန့်ဖြန့်ကာ အသံ ထွက်လုမတတ် ဖြစ်သွား၏။ လှည့်ကြည့်လိုက်တော့ အာကာ..၊

"အာကာ မင်းဘာလာ လုပ်တာလဲ.."

"ဒရက် တစ်ခုခု ဖြစ်နေပြီ မဟုတ်လား.. ခုနတုန်းက မင်း ဆယ်ဆာဗန် ထဲကနေ ပြေးထွက်လာတာကို တွေ့လိုက်လို့.."

"ငါအခုထိ ဘာမှ မသိရသေးဘူး ဆရာကြီ ဘာဘဲလ်လာက ငါ့ကို အထဲ မဝင်ခိုင်းဘူး.."

"သူတို့ ကုသဖို့ ကြိုးစားနေကြတယ် ထင်တယ်.. ဒါပေမယ့် ငါတို့ အစွယ်တွေနဲ့ သူတို့က မတည့်ဘူး.. သူတို့ လက်သည်းတွေနဲ့လည်း ငါတို့က မတည့်ဘူးလေ.."

"ဒရက် တစ်ခုခု မဖြစ်နိုင်ဘူး မဟုတ်လား.."

"ဒရက် မင်းထင်ထားတာထက် ပိုပြီး ကြံ့ခိုင်ပါတယ်.."

ဒါလေးနှင့် အာကာ စကားပြောနေတုန်းမှာပဲ မိုးမှောင်သွားသော လောကကြီးက ကြောက်မက်ဖွယ် ဖြစ်သွား၏။ ဒီတစ်ကြိမ် မြောက်ဆိုလျှင်.. မိစ္ဆာအုပ်စုနှင့် တွေ့ဆုံရတာ သုံးကြိမ် ဆိုတော့ ဖြစ်ပျက်သွားသော အခြေအနေကို ကြည့်မိတာနှင့် ဒါလေး သိလိုက်သည်။ ထို့ကြောင့်..

"မိစ္ဆာအုပ်စုက အနီးအနားမှာ ရှိနေတယ်.. အာကာ.. သူတို့ ဒရက်ကို လိုချင်နေတာ.."

"ဘာ!!.. ဒရက်ကို ဟုတ်လား.."

အာကာကို ပြောပြလိုက်မိတော့မလို ဖြစ်သွားသော အကြောင်းအရာကို ခေတ္တ ထိန်းချုပ်လိုက်ပြီးမှ.. အနောက်သို့ လှည့်ကြည့်လိုက်တော့.. မေမေသော်တာ၊ ဆရာမရိုစီ၊ ဆရာကြီး ဘာဘဲလ်လာ တို့က သစ်ပင် စာကြည့်တိုက် အတွင်းမှ ထွက်လာကြတာကို တွေ့ရသည်။ မေမေသော်တာက ခပ်တိုးတိုးဖြင့်..

"သူတို့ ရောက်လာကြပြန်ပြီ.."

ဆရာကြီး ဘာဘဲလ်လာက ဒါလေးကို တွေ့လိုက်သော်လည်း ဘာမှ မပြောပဲ မိုးကောင်းကင်သို့သာ မော့ကြည့်နေရင်း..

"မင်းသူငယ်ချင်း သက်သာပါပြီ ခုနနေဆို သူ နိုးလာလိမ့်မယ်.. ဒါပေမယ့် သူ မှော်အစွမ်းကို ယာယီ အသုံးမပြုမှပဲ အသက်ရှင်နိုင်မယ်.. နှစ်လလောက် သူ့သွေးထဲက မှော်အစွမ်းတွေ ပိတ်ပင်ထားလိုက်ရင် သူ ပြန်ကောင်းသွားမှာပါ.."

"တကယ်လား.."

"ဟုတ်တယ်.. အဲဒါ တကယ်ပဲ.. မင်းယုံလို့ ရပါတယ်.."

"ဆရာကြီး ဆရာကြီး ပိတ်ထားတဲ့ မှော်မိုးသားက မိစ္ဆာအုပ်စုကို တားဆီး နိုင်ပါ့မလား.."

"မိစ္ဆာနှင်ပင်တွေကို ကျောင်းနေရာ အနှံ့ စိုက်ထားတော့ သူတို့ ကျောင်းထဲကို ဝင်လာမှာ မဟုတ်ပါဘူး.."

"တကယ်လို့ ဝင်လာမယ် ဆိုရင်ကော.. ဆရာကြီး ကျောင်းသားတွေ.."

ဆရာကြီးက တချက်မျှ တိတ်ဆိတ်သွားပြီးနောက်..

"မိစ္ဆာအုပ်စုရဲ့ မန္တာန်က ရေထဲမှာဆို သက်ရောက်မှု မရှိဘူး.."

ဆရာကြီးက သူ့လေသံကို တစ်ချက်မျှ မြင့်လိုက်ပြီး တစ်ကျောင်းကြားနိုင်သော လေသံဖြင့်..

"ကျောင်းသား ကျောင်းသူတွေ အားလုံး ဆယ်ဆာဗန်ရဲ့ ကော်ရစ်ဒါမှာ စုဝေးပေးကြပါ.. အထူးအရေးကြီး မှာကြားချက် ကျောင်းသူ ကျောင်းသားတွေ အားလုံး ဆယ်ဆာဗန်ရဲ့ ရေကန် အတွင်းသို့ ဆင်းသက်ပေးကြပါ.."

ဆရာကြီး၏ အသံကြားသည်နှင့် ဂျွန်ဒရောနှင့် ဒီဗယ်ဖော့စ်မှ ကျောင်းသားတွေက အစဉ်လိုက် ဆယ်ဆာဗန်၏ ရေကန် အတွင်းသို့ ဆင်း၍ နေလိုက်ကြသည်။ ဆရာကြီးက ဒါလေး၏ ကျောကို ပွတ်လိုက်ပြီးမှ..

"ဒါလေး စိတ်ချ လက်ချ သွားပါ.."

"ဒရက်.. ကရော.."

"စိတ်ချပါ သူ နေကောင်းသွားမှာပါ.."

ဒါလေး ဆယ်ဆာဗန် အဆောင်သို့ ဦးတည်လျက် သွားလိုက်ရ၏။ ဒရက်.. မင်းတစ်ခုခု ဖြစ်ရင် ငါမင်းကို တစ်သက်လုံး အသိစိတ်မဲ့အောင် စေခိုင်းမှာနော်..၊

@@@@@@@@@@@@

Continue Reading

You'll Also Like

238K 35.5K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
384K 51.2K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
266K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
35.8K 1.7K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်