ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေ...
By harley__robbie
14.6K 1.1K 358
"ကမ္ဘာအဆုံးအထိ ကိုယ့်နှလုံးသားမြေဆီလွှာလေးမှာ မင်းတစ်ယောက်တည်းအတွက်ပဲ အချစ်ပျိုးပင်လေးတွေ ရှင်သန်စေမယ်။ ကိုယ်... More
Author 's Note (Read‼️)U + Z
Chapter 1/U: Unexpected Destiny
Chapter 1/Z: Unexpected Destiny
Chapter 2/U : A Promise
Chapter 2/Z : A Promise
Chapter 3/U: Just A Kiss with No Love
Chapter 3/Z: Just A Kiss with No Love
Chapter 4/U: Entering the Tiger's Mouth After Rebirth
Chapter 4/Z: Entering the Tiger's Mouth After Rebirth
CHAPTER 5/U: Don Dar Di Du Bu Bu
Chapter 5/Z: Don Dar Di Du Bu Bu
Chapter 6/U: A Pawn in the Chess
Chapter 6/Z: A Pawn in the Chess
Noti Test
Chapter 7/U: 'Love' that pretends to be 'Hate'
Chapter 7/Z: 'Love' that pretends to be 'Hate'
Conversation with my sons 🌜
Chapter 8/U: Revenge is just wasting your time, sweetheart!
Chapter 8/Z: Revenge is just wasting your time, sweetheart!
Chapter 9/U: Royal Mess
Ch 9/Z: Royal Mess
Chapter 10/U: Empire Conference (1)
Ch 10/Z: Empire Conference (1)
Chapter 11/U: Empire Conference (2)
Ch 11/Z: Empire Conference (2)
Chapter 12/U: Moving to the New Palace
Chapter 12/Z: Moving to the New Palace
Chapter 13/U : I'll be always yours, my baby King
Chapter 13/Z : I'll be always yours, my baby King
Chapter 14/ U : Don't you know that I'm in love with a monster?
Chapter 14/ Z : Don't you know that I'm in love with a monster?
Chapter 15/U: Reincarnations and Time Traveling (1)
Chapter 15/Z: Reincarnations and Time Traveling (1)
Random Q & A From Readers to Author [U]
နာမည်ဆိုးဖြင့် ကျော်ကြားသော အရှေ့ပင်လယ် (U)
နာမည်ဆိုးဖြင့် ကျော်ကြားသော အရှေ့ပင်လယ် (Z)
Chibi Fan Art Gift 💝
Ai Arts (U+Z)
Chapter 16/U: Reincarnations and Time Traveling (2)
Chapter 16/Z: Reincarnations and Time Traveling (2)
Chapter 17/U: Reincarnations and Time Traveling (3)
Chapter 17/Z: Reincarnations and Time Traveling (3)
Chapter 18/U: Fate and Trust
Chapter 18/Z: Fate and Trust
The Four Princesses (AI version)
Chapter 19/U: Escapism (or) Everybody wants a home with a happy family!
Chapter 19/Z: Escapism (or) Everybody wants a home with a happy family
Random Q & A From Readers to Author [Z]
57 10 1
By harley__robbie
R: သာသာ...
ဟယ်ရီရှိန်း"နောင်"လား။ ဟယ်ရီရှိန်း "နှောင်"လား။ ဘယ်ဟာက အမှန်လဲ။
A: နှစ်မျိုးလုံးမှန်ပါတယ်။ တကယ်ကတော့ မိဘတွေ တရားဝင်ပေးထားတာ "နှောင်"ပါ။
"ဟယ်ရီရှိန်းနောင်"က သူ့နိုင်ငံသားမှတ်ပုံတင်မှာ "နှောင်" နဲ့ "နောင်" မှားရေးခံရကတည်းက အတည်ဖြစ်သွားတာ။ အဲဒီတော့ သူ့ကို "နှောင်" ရော "နောင်" ရော သုံးတတ်ပြီး "နောင်" ကို ပိုအသုံးများပါတယ်။ 
စာဖတ်သူတို့ကတော့ အားသန်ရာ ခေါ်ကြပါ။
"နှောင်" ရော " နောင်" ရောက ခေါ်လို့ကောင်းတယ်လေ။
R: သာသာ ဟယ်ရီရှိန်းနှောင်ကို ဘာလို့အောက်ထပ် ပို့ခဲ့တာလဲ😤
A: ပို့ချင်လို့ပို့တာ ဘာဖြစ်ချင်☺️
စတာ အဟိ🐳 တကယ်ကတော့ အောက်ထပ်ဆင်းခိုင်းလိုက်မှ ဇာတ်ရှိန်ပိုတက်သွားပြီး ဇာတ်လမ်းဇာတ်အိမ်လည်း ခိုင်၊ ပိုလည်းအချိတ်အဆက်မိလိမ့်မယ်လို့ ထင်တာကြောင့် ဟယ်ရီရှိန်းနှောင်တို့ကို Role Change လိုက်တာပါ။
အဲဒီ Role Change တာနဲ့ပတ်သက်ပြီး စန်းစန်းတင့်ဖြစ်သွားတဲ့ ရီဒါတို့ကိုတော့ ဘာပြန်လုပ်ပေးရမှန်း မသိဘူး🥲
Role လေး Change လိုက်တာ ဗွေမယူနဲ့ အာပွားနော်ဆိုပြီး အကုန်အာပွားပတ်ပေးရမလားပဲကွယ်။
R : ဒီFic က System မဟုတ်ဘူးလား သာသာ။ ရှိန်းတို့ကို ဘယ်လိုကနေ ရေးဖြစ်ခဲ့တာလဲ။
A: System မဟုတ်ပါဘူး ရှင်တို့ရယ်။
စာအုပ်ကြီးကို လမ်းပြ၊ ဟယ်ရီရှိန်းနောင်ကို ကူးပြောင်း၊ ရာဇသိင်္ဂါကို MC ထင်နေတဲ့ပုံပဲ။ အဲဒါကြောင့် အထင်မှားနေတာ ဖြစ်ပါလိမ့်မယ်။ တကယ်ကတော့ Japan anime တွေထဲက Isekai genre အမျိုးအစားကို inspire ယူပြီး မိမိစိတ်ကြိုက်ဖန်တီးဖြစ်ခဲ့တာပါ။
အရင်ကတည်းက Time Travel နဲ့ Rebirth အမျိုးအစားကိုရေးချင်ခဲ့တယ်။ Isekai ဆိုတာက မော်ဒန်ခေတ်မှာ သေသွားပြီးတော့မှ တခြား world တစ်ခုခု၊ universe တစ်ခုခုမှာ လူပြန်ဝင်စားမွေးဖွားတာမျိုး။ အရွယ်ရောက်ပြီးသား လူပြန်ဖြစ်တာမျိုးတွေပေါ့နော်။
ဒီ fic ကိုစဖန်တီးဖြစ်ခဲ့ပုံက အရင် fic တွေလို plot အစအဆုံးအကြမ်းထည် စဉ်းစားထားပြီးမှ ရေးခဲ့တာ မဟုတ်ဘူးရယ်။
သိတဲ့အတိုင်း စာရေးဆရာတွေရဲ့ဦးနှောက်ထဲမှာ တစ်စက္ကန့်ကို plot ပေါင်းသောင်းခြောက်ထောင်ထွက်နေကြတာ။ ဒါပေမဲ့ ခေါင်းထဲမှာထားပြီး ခေါင်းထဲမှာပဲ ရေးပြီးသွားကြတာတွေလည်းရှိပါ့။ ဒီစာရေးသူလည်း အပါအဝင်ပဲ🤗
အဲဒါထားပါတော့။
Eternal Sunshine ရေးလက်စတန်းလန်းကိုမှ စိတ်ကူးပေါက်လို့ လက်တန်းကောက်ရေးခဲ့တာ။ ၂၀၂၃ ၊ ၇ လပိုင်းလောက်ကပါ။
ညဘက်အိပ်မပျော်နေတုန်း အတွေးတွေလွန်နေတဲ့အချိန် အဆွေး mood တွေပြည့်နေတဲ့ Eternal Sunshine ကိုရေးရတာ mood ပျက်လာတယ်။ တစ်နည်းအားဖြင့် ငြီးငွေ့လာတယ်။ စာရေးသူရဲ့နဂိုပင်ကိုယ်စရိုက်က 24 hr စခွီထ ဖလန်းဖလန်းအလွင့်လွန်နေတာကိုမှ အဆွေး mood၊ အလွမ်း Mood တွေ ရိုက်သွင်းရတော့ မပျော်ခဲ့ဘူး🥲
အဲဒါကြောင့် Eternal Sunshine ကို လုံးဝ Psychopath၊ Black Flag လုပ်မယ်လို့ရည်ရွယ်ခဲ့ပေမဲ့ မလုပ်ဖြစ်ခဲ့ဘူးရယ်။ အလောင်တွေ၊ အဆွေးတွေ၊ စို့နင့်တာတွေ ခံစားရတာ စိတ်ကျန်းမာရေးထိခိုက်လို့။
အဲဒါနဲ့ပဲ ငါ စခွီအပြည့်၊ fantasy အပြည့်ကိုမှ ရသအစုံအလင်ပါမယ်။ message ကောင်းကောင်းတွေကိုလည်း မျိုးစုံပေးနိုင်မယ့် BL OC တစ်ခုလောက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားရေးလိုက်ဦးမယ်ဆိုပြီး ရေးဖြစ်ခဲ့တယ်ကွယ်။
စိတ်ကူးပေါက်ရာလက်တန်းရေးတော့ ဘယ်မှာပြဿနာခဏခဏတက်လဲဆိုရင် update ဖင်ရှည်ကြာသွားတဲ့အခါ တော်တော်လေး ဂယက်ရိုက်ပါတယ်။ ကိုယ်ရေးတဲ့ fic ကို မမှတ်မိလို့ အစကနေ ပြန်ပြန်ဖတ်ပြီး revision ပြန်ရတာမျိုးပါ☺️
အဲဒါကြောင့် အချိတ်အဆက်မမိဖြစ်သွားခဲ့ရင် ဘယ် reader မှ မရိပ်မိခင် တိတ်တိတ်လေး ပြင်နေတတ်ပါတယ်။
အရိုးသားဆုံးဝန်ခံရရင် "ဟယ်ရီရှိန်းနှောင်"လည်း ကိုယ့်ဘာသာနှောင်လို့ပေးခဲ့ပြီး လတော်တော်ကြာမှ ပြန် update တဲ့အချိန် "ဟယ်ရီရှိန်းနောင်" လို့ပဲ တောက်လျှောက်ရေးမိသွားတာပါပဲ 🤣 ဘာပဲဖြစ်ဖြစ် " နှောင်" ရော "နောင်" ရောက ခေါ်လို့ကောင်းပြီး အဆင်ပြေပါတယ်။
Update ကြာခြင်းနဲ့ Revision မပြန်ခြင်း အကျိုးကျေးဇူးတွေပေါ့ရှင်🤓 ပြောရရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းချည်းပါပဲ။
နဂိုကတည်းကလည်း မနက်စာ ဘာစားခဲ့လဲကို ဒီညပြန်စဉ်းစားရင်း မမှတ်မိတော့တဲ့ ရွှေငါးမှတ်ဉာဏ်ပိုင်ရှင်ဆိုတော့လေ။
R: ဪ....
R: ဘာကြောင့် Fic Title ကို မြန်မာနာမည်နဲ့ အင်္ဂလိပ်နာမည် (၂) မျိုး ပေးထားတာလဲ သာသာ။
A: အစက "Chronicles of the Reincarnated Monarch" ဆိုပြီး ပေးခဲ့တယ်။ အဲဒီလိုပေးထားသော ကိုယ့်သူငယ်ချင်းမ Hoshiko ရယ်၊ မမမြ (စာရေးသူ မြမိုရ်) နဲ့ အနီ (စာရေးသူ နှင်းရိုင်း) တို့သုံးယောက်က တစ်လေသံတည်းပြောကြတယ်။
ဝေါဟာရအသုံးအနှုန်းက အရမ်းမြင့်နေတဲ့အခါ စာဖတ်သူတွေဘက်ကနေ "ဘာ fic ကြီးလဲ မသိဘူး" "ဘာသာပြန်ထင်တယ်" စတဲ့အတွေးတွေဝင်ပြီး Fic အပေါ် စိတ်ဝင်စားမှုလျော့နိုင်တယ်။ Title ကို မြန်မာလိုပဲ ပေးရင်ပေး၊ မဟုတ်လည်း ဘိုလိုကိုမှ ရိုးရိုးရှင်းရှင်းပေးရင် စာဖတ်သူတွေရဲ့ attention ပိုရလိမ့်မယ်နဲ့ အကြံတွေ ပေးလာခဲ့ကြတယ်။
ရိုးရိုးရှင်းရှင်း Title ပေးတော့ စာဖတ်သူတွေ မှတ်မိလွယ်တာပေါ့လို့ ပြောကြတယ်။
R: ဟုတ်တယ် သာသာ။ ဒါဒါလည်း အင်္ဂလိပ်လို Title ရေးထားတဲ့အခါ မသိတဲ့စာလုံးပါလာရင် Dictionary ရှာလှန်ရတာ မလှန်ချင်ဘူး ဟီး။
A: ဟုတ်ပါရဲ့။ အဲဒီတော့ Title အတွက် သူငယ်ချင်းဖြစ်သူ Hoshikoနဲ့တိုင်ပင်ပြီး "ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး" လို့ မြန်မာလို နောက် Title တစ်မျိုး ထပ်ပေးလိုက်တယ်ပေါ့နော်။ Title ကို စာဖတ်သူတွေ မှတ်မိနေအောင်လည်းပါတယ်။
Eng ver နဲ့ Title ကိုလည်း သဘောကျလို့ မဖြုတ်ခဲ့ပါဘူး။
ဒါကလည်း reader တွေအတွက် စိတ်ရှုပ်စရာဖြစ်ရင်ဖြစ်နေဦးမယ်။ ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းကို တကယ်ရင်ထဲ အသည်းထဲကနေ သဘောကျမိသွားတဲ့အခါ Title နှစ်ခုဖြစ်နေတာကိုလည်း လက်ခံပေးနိုင်ကြမယ်လို့ ထင်ပါတယ်။
R: "Chronicles of the Reincarnated Monarch" ရဲ့ အဓိပ္ပာယ်ကရော သာသာ။
A: Chronicle (ခရော်နစ်ခယ်)- သမိုင်းမှတ်တမ်း
Reincarnated (ရီအင်ကာနိတ်တိတ်)- လူဝင်စားသော
Monarch (မောနာ့ရှ်ခ်) - ဧကရာဇ်
"လူပြန်ဝင်စားသော ဧကရာဇ်တစ်ပါး၏ သမိုင်းမှတ်တမ်းများ" လို့ အဓိပ္ပာယ်ရပါတယ်။
R: သာသာ...သာသာ ထပ်မေးမလို့။ သာသာက ရေးသမျှ Fic တွေထဲ သာသာ့သူငယ်ချင်းတွေကို ထည့်ဘူလီတတ်တာလား။ မှတ်မိသလောက် Immortal Foes တုန်းကလည်း သူငယ်ချင်းတစ်ယောက်ကို ကိုယ်စားပြုတဲ့ဇာတ်ကောင်တစ်ခု ဖန်တီးခဲ့တယ်မလား။ ပြီးတော့ သာသာ့ရဲ့ Yume Sekai Review Page မှာဆိုလည်း သာသာ့ admin တွေကိုပါ OS တွေထဲ ထည့်ရေးတတ်တယ်နော်။
နယ်ရုပ်တို့ Fic  မှာဆိုလည်း သူငယ်ချင်းတောင် မဟုတ်တော့ဘူး။ သာသာ့ရဲ့ Fan ပါ ထည့်ရေးလာပြီ။ ဒီမေးခွန်းက သာသာ့အတွက် ခပ်ကြောင်ကြောင်နိုင်နေမယ်ဆိုပေမဲ့ ဘာလို့သူငယ်ချင်းတွေကို ထည့်ထည့်ရေးရတာ သဘောကျတာလဲဟင်။
သူငယ်ချင်းတင်မဟုတ် သာသာအမြင်ကတ်တဲ့လူတွေကိုပါ Fic ထဲထည့်ရေးတတ်လား။
A: ရှင်ကတော့ ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေးနေတဲ့လူကို ခကတွင်းထဲ အရောက်ပို့ချင်နေတဲ့ပုံပဲ။ ရန်မများစေမဲ့မေးခွန်းလေးတွေ မေးပါလားနော်။
ချစ်တဲ့လူတွေကိုပဲ သီးသန့်နာမည်လေးတွေပေးရရင်း ထည့်ရေးတာဖြစ်ပြီး ကျက်သရေအဖြာဖြာတုံးတွေကိုတော့ ဘယ်တော့မှ ထည့်မရေးဘူး။ ခုရော နောက်ရော Never... Ever။
အရိုးသားဆုံးဝန်ခံရရင် ငယ်ရွယ်စဉ်အချိန်မှာတုန်းကတော့ သူများတွေကို အားကျတဲ့စိတ်နဲ့ စိတ်ထွက်ပေါက်အဖြစ် စာရေးဖြစ်ခဲ့တာပေါ့နော်။ ဘာရည်မှန်းချက်ရှိလဲ၊ ဘာဦးတည်ချက်
ရှိလည်းမေးလိုက်ရင် မရေမရာမသေချာခဲ့ဘူး။
စာစရေးခဲ့တာ အသက် ၁၉ နှစ်မှာ ခု ၂၅နှစ် (၇) နှစ်ရှိခဲ့ပြီ။
၁၉...၂၀...၂၁...၂၂ ထိကလည်း hobby၊ education ၊ career  ၊ family pressure၊ work နဲ့ ရောဂါကပ်ဘေး၊ နိုင်ငံရေးအဓိကရုဏ်းစတာတွေကြားမှာ ကျန်းမာရေး ချူချူချာချာနဲ့ လုံးလည်ချာလည် လိုက်ခဲ့လို့ ဘယ်အရာမှ စိတ်သွားတိုင်း ကိုယ်မပါခဲ့ပါဘူး။
ဒါကြောင့်မို့လို့ ၂၃...၂၄...၂၅ ဆိုတဲ့ အရွယ်အပိုင်းအခြားရောက်လာတဲ့အခါ လက်တွေ့ဘဝကြောင့် စိတ်ညစ်ရတာများတိုင်း ကျွန်မဖန်တီးထားတဲ့ စိတ်ကူးယဉ် ကမ္ဘာလေးတွေဆီ ခုန်ကူးထွက်ပြေးခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မချစ်ခင်နှစ်သက်ရတဲ့ Favorite Person တွေ၊ Special ဖြစ်တဲ့ အသည်းအသက်လေးတွေကိုပါ Fic ထဲထိ ကျွန်မရဲ့ကမ္ဘာငယ်လေးတွေဆီ ဆွဲခေါ်ချလာတယ်။
ဒါကြောင့် ကျွန်မ Fic ရေးတာ ကျွန်မရဲ့စိတ်ပျော်ရွှင်ကျေနပ်မှုရရှိဖို့နဲ့ ငယ်ရွယ်စဉ် ဘဝအမှတ်တရတွေရရှိဖို့ 50% ဦးစားပေးရေးတတ်သလို ကျန်တဲ့ 50 % က ကျွန်မရေးသမျှကို လာဖတ်ကြတဲ့ စာဖတ်ပရိသတ်အားလုံးကို ပျော်ရွှင်မှုတွေရစေချင်ရုံမက အနှစ်သာရပြည့်ဝတဲ့ message ကောင်းလေးတွေကိုပဲ ရသအပြည့်ပေးစွမ်းလိုတယ်။
အညှီအဟောက်တွေကိုတော့ နည်းနည်းပါးပါးပဲ ထည့်ဖို့စိတ်ကူးရှိပါတယ်။ ဖတ်တဲ့လူတွေထဲ အသက်မပြည့်တဲ့ ကလေးတွေကအများဆုံးမို့လို့ သူတို့ခေါင်းထဲမှာ တစ်ချိန်လုံး အညှီအဟောက်တွေချည်းပဲ ပြည့်သွားမှာစိုးရ။
ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစဖြစ် လာဖတ်တာနဲ့ စခွီပြည့်ရမယ်။ ပညာအစုံလည်းရရမယ်။ ရသအစုံလည်း ထိထိမိမိ ပေးစွမ်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်တွေနဲ့ "ကမ္ဘာအဆုံးအထိ မင်းရဲ့နယ်ရုပ်လေး" ကို အကောင်းဆုံး ဖန်တီးသွားမှာပါလို့🫶
R: သာသာရေးခဲ့သမျှထဲ ဒီ fic က သာသာ့အတွက် pressure အများဆုံးဖြစ်လာမလား။
A: Update အတွက် ပို pressure ဖြစ်ရမယ်။ ပြီးရင် လူကြိုက်များလာလေလေ၊ ပို pressure များလာလေလေပဲ။ လာဖတ်တုန်းကတော့ သဘောကျပြီး နောက်ပိုင်းကျ ဇာတ်လမ်းတွေ ဇာတ်ကောင်တွေမှာ ချို့ယွင်းချက်တွေရှိလာလို့ မျှော်လင့်ချက်ရိုက်ချိုးသလိုတွေဖြစ်မှာတော့ စိုးရိမ်မိသား။
အကောင်းဆုံးလုပ်နိုင်မယ်လို့တော့ ယုံကြည်ပါတယ် ဟဲဟဲ🤓
Continue Reading
You'll Also Like
3.6K 62 18
The finale of the Afton Curse quadrilogy. Two years have passed since Leo was introduced to the world as the fifth member of the Glamrock band. He en...
74.1K 7K 62
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
534K 33.7K 122
A girl named Drishti falls into the era of Mahabharata and everything in her life goes upside down. Read to find out about Drishti's adventures in t...
2.3K 135 3