သုံးလောကလုံး ခြေဦးတည့်ရာ သွာ...

By jin_yuer

194K 29.2K 2.2K

"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက်... More

Description
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း (၃၉)
အခန်း (၄၀)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အပိုင်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၂.၁)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)
အခန်း (၈၂)
အခန်း (၈၃)
အခန်း (၈၄)
အခန်း (၈၅)
အခန်း (၈၆)
အခန်း (၈၇)
အခန်း (၈၈)
အခန်း (၈၉)
အခန်း (၉၀)
အခန်း (၉၁)
အခန်း (၉၂)
အခန်း (၉၄)
အခန်း (၉၅)
အခန်း (၉၆)
အခန်း (၉၇)
အခန်း (၉၈)
အခန်း (၉၉)
အခန်း (၁၀၀)
Announcement
အခန်း (၁၀၁)
အခန်း (၁၀၂)
အခန်း (၁၀၃)
အခန်း (၁၀၄)
အခန်း (၁၀၅)
အခန်း (၁၀၆)
အခန်း (၁၀၇)
အခန်း (၁၀၈)
အခန်း (၁၀၉)
အခန်း (၁၁၀)
အခန်း (၁၁၁)
အခန်း (၁၁၂)

အခန်း (၉၃)

1.1K 212 23
By jin_yuer

Unicode

​ကျောက်ရှီကုမ္ပဏီ၌

"အမ နင်ဒီကို ဘာလာလုပ်တာလဲ" ပိုင်ယွင်ရှီက ​​မေးလိုက်သည်။

"ယဲဖန် ဒီမှာ မရှိဘူးလား" ပိုင်ယွင်​ဖေးသည် လှည့်ပတ်ကြည့်ကာ ​မေးလိုက်၏။

ပိုင်ယွင်ရှီက ​ခေါင်းခါလိုက်ပြီး "သူ အလုပ်တစ်ချို့သွားလုပ်​နေတယ်"

"နင် သူ့ကို တကယ်ယုံကြည်တာလား"

ပိုင်ယွင်ရှီက စိတ်ရှုပ်​ထွေးသွားကာ "ဘာလို့ ဒီလို​မေးတာလား"

ပိုင်ယွင်​ဖေးက နှာမှုတ်လိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် "သူနဲ့ ထန်ဝူရွမ်းတို့အ​ကြောင်းက ​ဖျော်​ဖြေ​ရေးသတင်း​တွေရဲ့ ​ခေါင်းစီးပိုင်း​တွေမှာ ပြည့်နှက်​နေတာ။ ဒါကို နင်က ဒီမှာ ထိုင်နိုင်​​နေသေးတာလား"

"ဒါက အဆင်​ပြေပါတယ်။ ယဲဖန်နဲ့ ထန်ဝူရွမ်းက နင်ထင်​နေသလို မဟုတ်ပါဘူး။ အ​တွေးလွန်​နေတာပါ" ပိုင်ယွင်ရှီက တိုးတိုး​လေး ​ပြောလိုက်၏။

ပိုင်ယွင်​ဖေး "ငါ အ​တွေးလွန်​နေတာမဟုတ်ဘူး။ အဲ့ဒီယဲဖန်က ကာမစိတ်ကုန်နေတာမဟုတ်ဘူးမလား။ ထန်ဝူရွမ်းရုပ်ရည်က နင့်ထက်​ မဆိုးဘူး။ ဒီ​ကောင်က အဲ့ဒီလိုအ​ကြောင်း​​တွေ တွေး​နေမလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ"

ပိုင်ယွင်ရှီ "....." ဒါဆို ယဲဖန်က သူ့ဆီမှာ ဘာ​တွေ ကိုမြင်ထားတာလဲ။ သူ့ရုပ်ရည်ကိုလား။ ဒီလိုသာဆိုရင် ဒီကမ္ဘာ​ပေါ်မှာ ကြည့်​ကောင်းတဲ့လူ​တွေ အများကြီးရှိတာပဲ​။ ဒါဆိုရင် သူက သူ့အချစ်​တွေကို တစ်ခြားလူဆီ​ပြောင်းသွားရင်လဲ မထူးဆန်း​တော့ပါဘူး။

.......

"ယွင်ရှီ ငါ ​ရောက်လာပြီ" ယဲဖန်သည် တံခါးကို ဖွင့်လိုက်ပြီး ​ခေါင်း​လေးထွက်လာခဲ့သည်။

ပိုင်ယွင်​ဖေးကို မြင်​တော့ အနည်းငယ် အံ့သြသင့်သွားပြီး "မင်းလဲ ဒီ​ရောက်​နေတာပဲ"

"နင် ဒီကို ဘယ်​နေရာက​နေ ​လာတာလဲ" ပိုင်ယွင်​ဖေးက ​မေးလိုက်၏။

"ထန်ဝူရွမ်း​နေရာက​နေ လာတာ​လေ"

"ဘာ။ ဘာလို့လဲ" ယဲဖန်၏ဝန်ခံချက်​ကြောင့် ပိုင်ယွင်​ဖေးနှလုံးသားသည် ခုန်​ပေါက်လာ၏။ ယဲဖန်က ​ဖော်ထုတ်ပြ​တော့မှာလား။

"မ​နေ့ညက သူ့နေရာမှာ ​နေခဲ့တာလေ။ ဒါ​ကြောင့် အဲ့ဒီက​နေ လာတာ​ပေါ့"

ပိုင်ယွင်​ဖေး "....."

ပိုင်ယွင်​ဖေး၏ရုပ်ဆိုး​သောအမူအရာကို မြင်​တော့ ပိုင်ယွင်ရှီသည် သက်ပြင်းချလိုက်ပြီး ယဲဖန်အား ​မေးလိုက်၏ "အဲ့ဒါကို ​ဖြေရှင်းပြီးပြီလား"

ယဲဖန်က ​ခေါင်းယမ်းလိုက်ပြီး "ဟင့်အင်း။ ငါ တစ်ညလုံး ​စောင့်ကြည့်​နေခဲ့​ပေမဲ့ ဘာသရဲမှ မ​တွေ့ခဲ့ဘူး။ ဒီတိုင်းသာ ဖြစ်​နေမယ်ဆိုရင် ငါ သူ့​နေရာမှာ ညတိုင်းသွား​နေရလိမ့်မယ်။ အဲ့ဒီလို မလုပ်နိုင်ဘူးလို့။ ငါ သူနဲ့ အမြဲတမ်းအချိန်မဖြုန်းနိုင်ပါဘူး"

"မလုပ်နိုင်ဘူးလား။ ဘာလို့လဲ။ သူ့အစောင့်အကြပ်ဖြစ်ရတာ နင့်နှလုံးသားက ​ပျော်ရွှင်​နေမယ်လို့ ငါ ထင်​နေတာ​လေ" ပိုင်ယွင်​ဖေးက ​လှောင်​ပြောင်လိုက်၏။

"ကျွန်​တော်က ဘာလို့ ဖြစ်ရမှာတုန်း" ယဲဖန်က စိတ်ရှုပ်​ထွေးစွာ ​မေးလိုက်သည်။

"အဲ့ဒီလို ရုပ်​ချော​ချော​လေးနဲ့ ​​အတူနေရတာ နင်မ​ပျော်ဘူးလား"

ယဲဖန်သည် မျက်​တောင်ခတ်ရင်း "သူက ရုပ်​ချောလို့လား"

"သူက ရုပ်မ​ချောဘူးလား"

"မသိဘူး​လေ။ အစ်မယွင်​ဖေး နင်က ထန်ဝူရွမ်းကို ရုပ်​ချောတယ်လို့ ထင်​နေတာလား။ နင် သူ့အ​​ပေါ်ကြွေ​နေတာဆို​တော့ ငါ သူ့ကို နင့်အ​ပေါ် စိတ်ဝင်စား​လားလို့ ​မေး​ပေးမယ်​လေ။ နင်တစ်​ယောက်​ယောက်အ​ပေါ် စိတ်ဝင်စား​နေတာဆိုရင် မင်းဘက်က​နေ အရင်အစပြုလုပ်သင့်တယ်။ နင်က ယွင်ရှီထက် အသက်နည်းနည်းပိုကြီးတယ်​လေ။ ငါ ယွင်ရှီနဲ့ လက်ထပ်လိုက်တဲ့အခါ မင်းက တစ်​ကိုယ်တည်းကျန်​နေခဲ့တယ်ဆိုပြီး ရှက်မ​နေနဲ့အုံး​နော်" ယဲဖန်က ကြင်ကြင်နာနာဖြင့် ​ပြောလိုက်သည်။

ပိုင်ယွင်​ဖေး "....."

"ထန်ဝူရွမ်းက အဲ့ဒီအရာက မကြာခဏပေါ်လာတာလို့ မ​ပြောခဲ့ဘူးလား" ပိုင်ယွင်ရှီက ​မေးလိုက်၏။

ယဲဖန် "အဲ့ဒီဟာက ငါ ရှိ​နေမှန်း သိ​နေ​လို့ မလာဘူးလို့ ဆုံးဖြတ်ထားတာ ဖြစ်လိမ့်မယ်၊ အချိန်က ​ငွေပဲ​လေ။ သူ ဒီ​နေ့မှ မ​ထွက်​ပေါ်လာ​သေးဘူးဆိုရင် ငါဘက်က​နေ အရင်တိုက်ခိုက်ဖို့အတွက် အစပျိုးလုပ်​ဆောင်ရလိမ့်မယ်"

ပိုင်ယွင်​ဖေးသည် ယဲဖန်အား ကြည့်လိုက်ပြီး​နောက် ပိုင်ယွင်ရှီဘက် ကြည့်လိုက်သည်။ သူမသည် သူတို့ဘာ​တွေ​ပြော​နေမှန်း တစ်လုံးမျှ နားမလည်နိုင်ခဲ့​ပေ။

ပိုင်ယွင်ရှီကို ကြည့်ပြီး​တော့ ယဲဖန်အား ပြန်ကြည့်လိုက်ကာ သူမသည် အမှန်တကယ် အ​တွေးလွန်​နေမှန်း ရှာ​တွေ့သွားခဲ့သည်။

"ငါအရင် ပြန်​တော့မယ်" ပိုင်ယွင်​ဖေးသည် သူမအိတ်အား ​ကောက်ကိုင်ပြီး ထွက်လာခဲ့သည်။

သူမထွက်သွားသည်ကို ကြည့်​နေရင်း ယဲဖန်က ​မေးလိုက်သည် "ယွင်ရှီ မင်းအစ်မက စိတ်အ​ခြေအ​နေ မ​ကောင်းတဲ့ပုံ​ပေါ်​နေတာကို မင်းသတိထားမိလိုက်လား"

"မင်းလဲ အဲ့တာကို တကယ်​တွေ့ခဲ့တာလား" ပိုင်ယွင်ရှီသည် အံ့သြသင့်စွာ ​မေးလိုက်၏။

"သိသာ​နေတာပဲကို။ မင်းအစ်မက သူမအချစ်ကို ဆုံးရှုံးသွားတာလား။ ဒါ​ကြောင့် အဲ့ဒီလို မျက်နှာမျိုး ဖြစ်နေတာ​ပေါ့။ မဟုတ်ပါဘူး။ သူမမှာက ​ကောင်​လေးတစ်​ယောက်​တောင် မရှိတာ အစွန်ပစ်ခံရတာ မဖြစ်နိုင်ပါဘူး။ သူမရာသီများ လာ​နေလို့လား" ယဲဖန်က ​မေးလိုက်သည်။

ပိုင်ယွင်ရှီ "....."

"မင်းရဲ့ တီဗီဇာတ်လမ်းတွဲထဲက အပိုင်းက​ရော ဘယ်လိုလဲ" ပိုင်ယွင်ရှီက ​ခေါင်းစဥ်ကို ​ပြောင်းလဲဖို့ ကြိုးစားလိုက်၏။

"ဒါရိုက်တာက ငါ့အ​ပေါ် သ​ဘောကျပြီး ငါ့အတွက် ဇာတ်ကွက်တစ်ချို့ ထပ်ထည့်​ပေးထားတယ်။ ငါ့လို ဥာဏ်ကြီးရှင်တစ်​ယောက်က ဘာပဲလုပ်ရလုပ်ရ ကိစ္စမရှိပါဘူး မကြာခင်မှာပဲ ထူးချွန်​ပြောင်​မြောက်လာလိမ့်မယ်" ယဲဖန်က ဂုဏ်ယူစွာ ​ပြောလိုက်၏။

ပိုင်ယွင်ရှီ "....." ယဲဖန်က ကိုယ့်ကိုကိုယ် ဘယ်လိုနှိမ့်ချရမလဲဆိုတာ တကယ့်ကို မသိတာပဲ။

.......

မြို့​တော်ရှိ ပျက်စီးယိုယွင်း​နေ​သော တည်းခိုခန်းတစ်ခုထဲတွင် စုံတွဲတစ်တွဲ ရှိ​နေခဲ့သည်။

"ဒီလိုအရာမျိုး ပြုလုပ်ဖို့ ကျွန်မတို့​တွေ သင့်​တော်ပါ့မလား" ကျုန်းကျွမ်က စိုးရိမ်တကြီး ​မေးလိုက်သည်။

"ဘာမှားလို့လဲ၊ အဲ့ဒီ မျက်လုံးဖြူဝံပု​လွေ​ကောင်က သ​ဘောထားအရမ်းသေးသိမ်တာ။ ငါတို့​​တွေဆီမှာ ဘာ​ရွေးချယ်စရာများရှိ​နေလို့တုန်း" ​​ကောက်ဖင်းက ညည်းညူလိုက်သည်။

"ထန်ဝူရွမ်းက တကယ်ပဲ ကျွန်မတို့သားလား"

​ကောက်ဖင်းက ကျိုး​ကြောင်းဆီ​လျော်စွာဖြင့် "ဒါ​ပေါ့။ သူသာ ငါတို့သားမဟုတ်ဘူးဆိုရင် သူတို့​တွေက ငါတို့ကို ဘာလို့ရှာ​နေမှာလဲ"

"ဒါပေမဲ့ တစ်ခုခုက မှား​ယွင်းနေတယ်လို့ ကျွန်မအမြဲတမ်းခံစားနေရတယ်။ အဲ့ဒီတစ္ဆေမင်္ဂလာပွဲက နိမိတ်မ​ကောင်းသလိုပဲ​နော်"

"အဲ့​ဒီ​​ကောင်က သူကိုယ်တိုင်​တောင်းဆိုခဲ့တာ​လေ။ သူ့မှာ ဝင်​ငွေ​တွေအများကြီးရှိပြီး သူ့ကိုယ်ပိုင်ဗီလာတစ်လုံးမှာ ​နေထိုင်​နေ​ခဲ့ပေမဲ့ ငါက သူ့အကိုကြီးအတွက် အိပ်ခန်းသုံးခန်းပါ အိမ်တစ်လုံး ဝယ်ပေးဖို့ ​တောင်းဆိုခဲ့တာကို သူက တိုက်ရိုက် ငြင်းပယ်ခဲ့တယ်​လေ။ သူသာ ဝယ်​ပေးခဲ့မယ်ဆို​ရင် ငါတို့​တွေက သူ့ကို ဘာလို့ သရဲဆီ ​ရောင်းစား​နေအုံးမှာလဲ။ ဘာလဲ။ မင်းက သူ့အတွက် သနား​နေတာလား" ​ကောက်ဖင်းက ​မေးလာ၏။

ကျုန်းကျွမ်က မျက်​မှောင်ကြုတ်ရင်း "မဟုတ်ပါဘူး။ ကျွန်မက ​ကြောက်​​လို့ပါ။ ကြည့်​လေ ဒီ​ကောင်က အခု ကြယ်ပွင့်တစ်ဦးဖြစ်​နေပြီ။ ကျွန်မတို့​တွေ သူ့ကို ကြံစည်​နေမှန်းသာ သိသွားခဲ့ရင် သူက ကျွန်မတို့​တွေအ​ပေါ် ကလဲ့စားလာ​ချေ​လောက်မလား​ပဲနော်။ ကျွန်မတို့​တွေ သူ့အတွက် တစ္ဆေမင်္ဂလာပွဲတစ်ခုပြုလုပ်​ထားမှန်း သိသွားခဲ့ရင် ကျွန်မတို့​တွေအ​ပေါ် ကျိန်စာတိုက်ဖို့ နတ်ဆရာတစ်​ယောက် ရှာ​တွေ့ထားမလားပဲ"

"မင်းအရမ်း​အတွေးလွန်နေပြီ။ ဒီကမ္ဘာ​ပေါ်မှာ သရဲတစ္ဆေ​တွေရှိတာ မယုံပါဘူး၊ ဒါ​ကြောင့် တစ္ဆေမင်္ဂလာပွဲဆိုတာက အဓိပ္ပါယ်မရှိပါဘူး။ ဒါက တစ်​နေ့လုံး ဘာမှလုပ်စရာမရှိတဲ့ သူ​ဌေး​​တွေ ပြုလုပ်တဲ့အရာမျိုး​တွေပါကွာ။ သူတို့က သူတို့​ငွေ​တွေဖြုန်းတီးဖို့ ​နေရာမရှိ​တာ​ကြောင့် ဒီလို​ပေါက်ကရမျိုး​တွေ ပြုလုပ်​နေကြတာ။ သူတို့​တွေကို ​မွေး​သက္ကရာဇ်တစ်ခု​ပေးလိုက်ခြင်းဖြင့် ငါတို့တွေက မင်္ဂလာခန်းဝင်ပစ္စည်း​တွေ ရနိုင်တယ်​လေ။ ဒါ​တွေထက် ပိုလွယ်တဲ့ ​ငွေရှာနည်း ရှိ​သေးလို့လား" ​ကောက်ဖင်းက ​ပြောလိုက်၏။

ကျုန်းကျွမ်က ​ခေါင်းငြိမ့်လိုက်ပြီး သူမအသားအ​ရေသည်လည်း အနည်းငယ်​ပျော့​ပျောင်းလာသည် "တစ်ဖက်လူ​တွေက ငါတို့​တွေကို ပိုက်ဆံဘယ်​တော့​ပေးမှာတဲ့လဲ"

​ကောက်​ဖင်းက မျက်​မှောင်ကြုတ်လိုက်ပြီး "မကြာခင်​​လောက်ပေါ့"

"အဲ့ဒီလူ​တွေက အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်လွန်း​နေတာပဲ၊ သူတို့​တွေက သူတို့ကိုယ်သူတို့ မ​ထုတ်​ဖော်ပြဘူး။ သူတို့​တွေများ ​နောင်တ​ရ​နေတာ ဖြစ်နိုင်​လောက်လား" ကျုန်းကျွမ်က ​မေးလိုက်သည်။

"မင်းဘာ​တွေ​ပြော​နေတာလဲ။ သူတို့​တွေက အရမ်းချမ်းသာတာကွ။ ဒီလို ပိုက်ဆံနည်းနည်း​လောက်​လေးနဲ့ သူတို့စကား​တွေကို ဘယ်လိုလုပ်ပြီး ပြန်ရုတ်သိမ်းနိုင်မှာလဲ"

"အ​ဖေ၊ အ​​မေ" ထိုအချိန်တွင် ​ကောက်မန်ကျင်းက ဝင်လာပြီး "အ​ဖေ အ​မေ ပိုက်ဆံက ဘယ်​တော့ရမှာတဲ့လဲ။ သား​ကောင်မ​လေးက သားကို တိုက်တွန်း​နေပြီ။ သူမ ကိုယ်ဝန်ရှိ​နေပြီ၊ ဒါ​ကြောင့် အချိန်ဆွဲထားလို့မရ​တော့ဘူး"

"ငါ နင့်ကို ခန်းဝင်ပစ္စည်း​​တွေအားလုံး ​ပေးလိုက်ပြီ မဟုတ်ဘူးလား"ကျုန်းကျွမ်က ​မေးလိုက်သည်။

​ကောက်မန်ကျင်းက မ​ပျော်မရွှင်ဖြင့် "အဲ့ဒါက ဘယ်​လောက်များရှိလို့တုန်း။ ပြီး​တော့ အဲ့ဒီတစ်ဝက်က ​ကြေးဒင်္ဂါးပြား​တွေ​လေ။ အ​ဖေတို့နှစ်​ယောက်လုံး သတင်း​ထောက်ဆီတည့်တည့် သွားပြီး ထန်ဝူရွမ်းက မင်းတို့ကို မ​ထောက်ပံ့​ပေးပါဘူးလို့သာ ​ပြောဖို့ သားအကြံပြုထားတာ​လေ။ အဲ့ဒီအနုပညာရှင်​တွေဆိုတာ သူတို့မျက်နှာ​တွေကိုပဲ အရမ်းဂရုစိုက်ကြတာ။ အ​ဖေတို့သာ သူ့ကို ဒုက္ခ​ပေး​နေမယ်ဆိုရင်​​လေ ထန်ဝူရွမ်းက လုံးဝတင်းမခံနိုင်​တော့ပဲ လက်နက်ချလာလိမ့်မယ်"

"သူငယ်ငယ်​လေးကတည်းက ငါတို့က ​ရောင်းစားထားပြီးသားကွ။ ပြီးတော့ သူက သူ့မျိုးရိုးကို​တောင် ​ပြောင်းလဲထားပြီးပြီ။ သူသာ ဝန်မခံဘူးဆိုရင် ငါတို့လဲ ဘာမှ မလုပ်နိုင်ဘူး" ​ကောက်ဖင်းက ​ပြောလိုက်သည်။ သူသည် အတိတ်တုန်းက မီဒီယာတွေ​ပေါ်မှာ ​လူသိရှင်ကြား ပြုလုပ်ချင်ခဲ့​ပေမဲ့ သူတို့တွေက ​ငွေ​ကြောင့် ရူးသွပ်​သွားပြီလို့ ​တွေးကာ သူတို့အား တိုက်ရိုက်ပင် လျစ်လျူရှုနိုင်​လောက်​ပေသည်။

​ကောက်မန်ကျင်းက ​အေးစက်စွာ ပြုံးပြလိုက်ပြီး "သူ့မှာ ​ရွေးချယ်စရာမရှိပါဘူး။ ​သွေးသား​တော်စပ်မှု စစ်​ဆေးချက် ရှိတယ်​။ သူက အလိုမရှိဘူးဆိုရင်​တောင် ငြင်းပယ်လို့ ရမှာ မဟုတ်ဘူး​လေ"

​ကောက်မန်ကျင်းသည် ထန်ဝူရွမ်းအား အလွန်မနာလို ဖြစ်မိ​လေသည်။ သူတို့​တွေက မိဘ​တွေ အတူတူ ဖြစ်ကြ​ပေမဲ့ သူက ဘာလို့ နိုင်ငံခြားမှာ ​​ကျောင်းတက်နိုင်ရတာလဲ။ ဗီလာတစ်လုံးမှာ ဘာလို့ ​နေထိုင်​နိုင်ရတာလဲ။ ဘာလို့ ဇိမ်ခံကား​တွေ ​မောင်းနိုင်ရတာလဲ။ သိသိသာသာကိုပင် သူ့​မွေးသက္ကရာဇ်က သူတို့မိသားစုအတွက် ဆိုးရွားလှတာကို သူက ဘာလို့ အခု အဆင်​​ပြေ​​​ပြေ​နေနိုင်ရတာလဲ။

.......

ထန်ဝူရွမ်းသည် ထိုလင်မယားကြားရှိ စကားဝိုင်းအား ကြားလိုက်​တော့ သူ့အမူအရာသည် ဆိုးရွားသွားခဲ့သည်။

"သူတို့ကြည့်ရတာ ဘာမှသိပ်မသိတဲ့ပုံပဲ" ယဲဖန်သည် သူ့​မေး​စေ့ကို ပွတ်သပ်ရင်း တီးတိုး​ရေရွတ်​နေမိ၏။

ထန်ဝူရွမ်းက သူ့လက်သီး​တွေကို ကျစ်ကျစ်ဆုပ်ထားပြီး သူ့နှလုံးသားထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်​နေ​လေသည်။ သူ့မှာ ဒီလိုမိဘမျိုးရှိရ​လောက်အောင် သူက ဘယ်လိုလုပ်ပြီး ကံအရမ်းဆိုး​နေရတာလဲ။

"သခင်​လေးယဲ ကျွန်​တော်တို့အခု ဘာဆက်လုပ်ကြမလဲ" ထန်ဝူရွမ်းက ​မေးလိုက်သည်။

ယဲဖန်က မျက်​မှောင်ကြုတ်လိုက်ပြီး "ငါ တစ်ဖက်ကလူကို ရှာပြီး တစ်ခြားတစ်​ယောက်နဲ့ ​ပြောင်းလဲ​ပေးဖို့ ​တောင်းဆိုကြည့်လိုက်မယ်"

ထန်ဝူရွမ်းက ​ခေါင်းငြိမ့်လိုက်ပြီး "​ကောင်းပြီ​လေ။ ပြီး​တော့ မင်းကို ဒုက္ခ​ပေးရတဲ့အတွက် ​တောင်းပန်ပါတယ်"

ထန်ဝူရွမ်းသည် အစက ယဲဖန်၏ တစ္ဆေမင်္ဂလာပွဲအတွက် သူ့အကိုကြီးအား အစားထိုးခြင်းအတွက် အပြစ်ရှိသလိုခံစားခဲ့ရသည်။ ​ကောက်မန်ကျင်းစကားများကို ကြားပြီး​နောက် သူ့နှလုံးသားထဲရှိ အပြစ်ရှိစိတ်များက ချက်ချင်း​ပျောက်ကွယ်သွားခဲ့သည်။

"မင်း တစ်ဖက်လူ​တွေရဲ့ ​နောက်ခံကို သိလား" ယဲဖန်က ​မေးလိုက်သည်။

ထန်ဝူရွမ်းက ​ခေါင်းခါလိုက်ပြီး "မသိဘူး။ ဒါ​ပေမဲ့ စုန်လင်ဖုန်းနဲ့​တော့ ပတ်သတ်​နေလိမ့်မယ်လို့​တော့ ထင်တယ်"

သူနှင့် စုန်လင်ဖုန်းတို့ဟာ ​ခေါင်း​ဆောင်မင်းသား​နေရာအတွက် အကြိမ်​ပေါင်း​များစွာ တိုက်ခိုက်ခဲ့ရပြီး အကြိမ်တိုင်းလဲ စုန်လင်ဖုန်းက သူ့အား ရှုံးနိမ့်ခဲ့ရသည်။ ဒါ​ကြောင့် စုန်လင်ဖုန်းက သူ့အား အရိုးထဲက အထိပါ မုန်းတီး​နေခဲ့​ပေသည်။

ဒါ​ကြောင့် စုန်လင်ဖုန်းက ​ကျေးလက်က​နေ ထိုလင်မယားအား ​ခေါ်​ဆောင်လာခဲ့တာ ဖြစ်လိမ့်မည်။

"စုန်လင်ဖုန်း မျိုးရိုးစုန်လား။ စုန်ချီမင်နဲ့ သူနဲ့က ဘယ်လိုပတ်သတ်​နေတာလဲ" ယဲဖန်က ​မေးလိုက်သည်။

"သူတို့က ဝမ်းကွဲ​တွေ​လေ" ထန်ဝူရွမ်းက ​ပြောလိုက်သည်။

"စုန်မိသားစုက လူ​တွေအားလုံးက မျိုးမစစ်​​ကောင်​တွေပဲ" ယဲဖန်က ဆိုလိုက်သည်။

.......

ဗီလာထဲတွင်

"ဘာလို့ ကိစ္စ​တွေက မပြီးပြတ်​ရသေးတာလဲ" စုန်လင်ဖုန်းက မ​ပျော်မရွှင် ​ပြောလာခဲ့သည်။

"အဲ့ဒါ​တွေက ကိုင်တွယ်ရ မလွယ်ကူဘူး။ ထန်ဝူရွမ်းက ​​မှော်လက်နက်တစ်ခု ဝတ်ဆင်ထားတာ။ သရဲက သူ့ကို မ​ခြောက်လှန့်နိုင်ဘူး" ဝိညာဥ်ဆရာသခင်က ဆိုလာ၏။

စုန်လင်ဖုန်းက မ​ပျော်မရွှင်ဖြင့် "သူနဲ့ အဲ့သရဲတို့ လက်ထပ်ပြီးသွားရင် ​မှော်လက်နက်ရဲ့အစွမ်းလဲ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား"

ဝိညာဥ်ဆရာသခင်က ​ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်၊ ဒါ​ပေမဲ့ ထန်ဝူရွမ်းနဲ့ သရဲက ​သွေးစာချုပ်မချုပ်ရ​သေးဘူး။ ဒါ​ကြောင့် တစ္ဆေမင်္ဂလာပွဲဆိုတာက မပြီး​မြောက်​သေးဘူး​။ ဒါ့အပြင် ထန်ဝူရွမ်းက ​အစောင့်​အကြပ်အောက်မှာ ရှိ​နေတဲ့ပုံပဲ၊ သူက သူ့ကိုယ်သူ ကာကွယ်ဖို့ သက်​တော်​စောင့်လဲ အများကြီး ငှားရမ်းထားတယ်"

"ငါတို့​တွေ မြန်မြန်​လေး လုပ်ကြရ​​အောင်" စုန်လင်ဖုန်းက ဆို၏။

"သခင်​လေးစုန် အဲ့ဒီလင်မယားက ​ငါ့ကို နောက်ဆုံး​ပေး​ချေမှုအတွက် တိုက်တွန်း​နေပြီ"

"ထန်ဝူရွမ်းမှာ တကယ်​ကို ဒီလိုသိမ်ဖျင်းမိုက်မဲလွန်းတဲ့ ​မိဘ​အရင်းတွေ ရှိတာပဲ။ သူတို့​တွေကို လျစ်လျူရှုထားလိုက်။ သူတို့အားလုံးက ခန်းဝင်ပစ္စည်း​တွေ လက်ခံထားပြီးကြပြီ​လေ။ သူတို့​တွေက အဲ့ဒါ​တွေကို သုံးစွဲလိုက်ကြပြီလို့​တောင် ကြားတယ်။ ထန်ဝူရွမ်းက သူတို့​တွေကို ပြန်​ပေး​စေချင်ရင်​တောင် အခု​တော့ လုံးဝမဖြစ်နိုင်​လောက်​တော့ဘူး"

ဝိညာဥ်ဆရာသခင်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး "ထန်ဝူရွမ်းက သူ့​နောက်လိုက်ဖို့ ​တောက်ဆရာတစ်ဦးကို ငှားထားတဲ့ပုံပဲ။ ပြီး​တော့ သရဲကလဲ လုံးဝမချဥ်းကပ်ရဲဘူး ဖြစ်​နေတယ်"

စုန်လင်ဖုန်းက မျက်​မှောင်ကြုတ်လိုက်ပြီး ​တွေး​နေမိသည် 'ထန်ဝူရွမ်းက အဆက်အသွယ်အလွန်ကျယ်ပြန့်တာပဲ။ မကြာမီမှာပဲ သူက ​တောက်ဆရာတစ်ဦးကို​တောင် ရှာ​တွေ့ခဲ့တာလား'

"အဲ့ဒါက ဘယ်သူလဲ"

"ယဲဖန်လို့​ခေါ်တဲ့ လူငယ်​လေးတစ်ဦးပဲ"

စုန်လင်ဖုန်းမျက်နှာက ​ပြောင်းလဲသွားကာ "သူပဲ"

ယဲဖန်ဟာ ငယ်ရွယ်ကာ ​တောက်ဆရာ​တော်​တော်များများက သူ့အား သိပ်မသိကြ​ပေ။ သို့​သော်လည်း မြို့​တော်ရှိ အ​ကောင်အကြီးကြီး​တွေက​တော့ ယဲဖန်ကို ​စော်ကားရန် မတတ်နိုင်​ကြောင်း သိထားကြ​လေသည်။ သူသည် ရက်စက်​သော ဇာတ်​ကောင်တစ်ဦး ဖြစ်​လေသည်။ လက်ရှိ စုန်မိသားစု မလှုပ်မယှက်ဖြစ်​နေရတာ​တွေ အားလုံးက စုန်ဖင်ယွမ်​​သေဆုံးခြင်း​ကြောင့် ဖြစ်​၏။ စုန်ဖင်ယွမ်က သူ့လက်ထဲ၌ ​သေဆုံးသွားတယ်လို့လဲ ဆိုကြ​​​သေးသည်။

Thanks for your reading

------------------------------------------------------
Zawgyi

ေက်ာက္ရွီကုမၸဏီ၌

"အမ နင္ဒီကို ဘာလာလုပ္တာလဲ" ပိုင္ယြင္ရွီက ​​ေမးလိုက္သည္။

"ယဲဖန္ ဒီမွာ မရွိဘူးလား" ပိုင္ယြင္​ေဖးသည္ လွည့္ပတ္ၾကည့္ကာ ​ေမးလိုက္၏။

ပိုင္ယြင္ရွီက ​ေခါင္းခါလိုက္ၿပီး "သူ အလုပ္တစ္ခ်ိဳ႕သြားလုပ္​ေနတယ္"

"နင္ သူ႔ကို တကယ္ယုံၾကည္တာလား"

ပိုင္ယြင္ရွီက စိတ္ရွုပ္​ေထြးသြားကာ "ဘာလို႔ ဒီလို​ေမးတာလား"

ပိုင္ယြင္​ေဖးက ႏွာမွုတ္လိုက္ၿပီး မွုန္ကုပ္ကုပ္ျဖင့္ "သူနဲ႔ ထန္ဝူရြမ္းတို႔အ​ေၾကာင္းက ​ေဖ်ာ္​ေျဖ​ေရးသတင္း​ေတြရဲ့ ​ေခါင္းစီးပိုင္း​ေတြမွာ ျပည့္ႏွက္​ေနတာ။ ဒါကို နင္က ဒီမွာ ထိုင္နိုင္​​ေနေသးတာလား"

"ဒါက အဆင္​ေျပပါတယ္။ ယဲဖန္နဲ႔ ထန္ဝူရြမ္းက နင္ထင္​ေနသလို မဟုတ္ပါဘူး။ အ​ေတြးလြန္​ေနတာပါ" ပိုင္ယြင္ရွီက တိုးတိုး​ေလး ​ေျပာလိုက္၏။

ပိုင္ယြင္​ေဖး "ငါ အ​ေတြးလြန္​ေနတာမဟုတ္ဘူး။ အဲ့ဒီယဲဖန္က ကာမစိတ္ကုန္ေနတာမဟုတ္ဘူးမလား။ ထန္ဝူရြမ္း႐ုပ္ရည္က နင့္ထက္​ မဆိုးဘူး။ ဒီ​ေကာင္က အဲ့ဒီလိုအ​ေၾကာင္း​​ေတြ ေတြး​ေနမလားဆိုတာ ဘယ္သူကသိနိုင္မွာလဲ"

ပိုင္ယြင္ရွီ "....." ဒါဆို ယဲဖန္က သူ႔ဆီမွာ ဘာ​ေတြ ကိုျမင္ထားတာလဲ။ သူ႔႐ုပ္ရည္ကိုလား။ ဒီလိုသာဆိုရင္ ဒီကမၻာ​ေပၚမွာ ၾကည့္​ေကာင္းတဲ့လူ​ေတြ အမ်ားႀကီးရွိတာပဲ​။ ဒါဆိုရင္ သူက သူ႔အခ်စ္​ေတြကို တစ္ျခားလူဆီ​ေျပာင္းသြားရင္လဲ မထူးဆန္း​ေတာ့ပါဘူး။

.......

"ယြင္ရွီ ငါ ​ေရာက္လာၿပီ" ယဲဖန္သည္ တံခါးကို ဖြင့္လိုက္ၿပီး ​ေခါင္း​ေလးထြက္လာခဲ့သည္။

ပိုင္ယြင္​ေဖးကို ျမင္​ေတာ့ အနည္းငယ္ အံ့ၾသသင့္သြားၿပီး "မင္းလဲ ဒီ​ေရာက္​ေနတာပဲ"

"နင္ ဒီကို ဘယ္​ေနရာက​ေန ​လာတာလဲ" ပိုင္ယြင္​ေဖးက ​ေမးလိုက္၏။

"ထန္ဝူရြမ္း​ေနရာက​ေန လာတာ​ေလ"

"ဘာ။ ဘာလို႔လဲ" ယဲဖန္၏ဝန္ခံခ်က္​ေၾကာင့္ ပိုင္ယြင္​ေဖးႏွလုံးသားသည္ ခုန္​ေပါက္လာ၏။ ယဲဖန္က ​ေဖာ္ထုတ္ျပ​ေတာ့မွာလား။

"မ​ေန႔ညက သူ႔ေနရာမွာ ​ေနခဲ့တာေလ။ ဒါ​ေၾကာင့္ အဲ့ဒီက​ေန လာတာ​ေပါ့"

ပိုင္ယြင္​ေဖး "....."

ပိုင္ယြင္​ေဖး၏႐ုပ္ဆိုး​ေသာအမူအရာကို ျမင္​ေတာ့ ပိုင္ယြင္ရွီသည္ သက္ျပင္းခ်လိုက္ၿပီး ယဲဖန္အား ​ေမးလိုက္၏ "အဲ့ဒါကို ​ေျဖရွင္းၿပီးၿပီလား"

ယဲဖန္က ​ေခါင္းယမ္းလိုက္ၿပီး "ဟင့္အင္း။ ငါ တစ္ညလုံး ​ေစာင့္ၾကည့္​ေနခဲ့​ေပမဲ့ ဘာသရဲမွ မ​ေတြ႕ခဲ့ဘူး။ ဒီတိုင္းသာ ျဖစ္​ေနမယ္ဆိုရင္ ငါ သူ႔​ေနရာမွာ ညတိုင္းသြား​ေနရလိမ့္မယ္။ အဲ့ဒီလို မလုပ္နိုင္ဘူးလို႔။ ငါ သူနဲ႔ အျမဲတမ္းအခ်ိန္မျဖဳန္းနိုင္ပါဘူး"

"မလုပ္နိုင္ဘူးလား။ ဘာလို႔လဲ။ သူ႔အေစာင့္အၾကပ္ျဖစ္ရတာ နင့္ႏွလုံးသားက ​ေပ်ာ္ရႊင္​ေနမယ္လို႔ ငါ ထင္​ေနတာ​ေလ" ပိုင္ယြင္​ေဖးက ​ေလွာင္​ေျပာင္လိုက္၏။

"ကၽြန္​ေတာ္က ဘာလို႔ ျဖစ္ရမွာတုန္း" ယဲဖန္က စိတ္ရွုပ္​ေထြးစြာ ​ေမးလိုက္သည္။

"အဲ့ဒီလို ႐ုပ္​ေခ်ာ​ေခ်ာ​ေလးနဲ႔ ​​အတူေနရတာ နင္မ​ေပ်ာ္ဘူးလား"

ယဲဖန္သည္ မ်က္​ေတာင္ခတ္ရင္း "သူက ႐ုပ္​ေခ်ာလို႔လား"

"သူက ႐ုပ္မ​ေခ်ာဘူးလား"

"မသိဘူး​ေလ။ အစ္မယြင္​ေဖး နင္က ထန္ဝူရြမ္းကို ႐ုပ္​ေခ်ာတယ္လို႔ ထင္​ေနတာလား။ နင္ သူ႔အ​​ေပၚေႂကြ​ေနတာဆို​ေတာ့ ငါ သူ႔ကို နင့္အ​ေပၚ စိတ္ဝင္စား​လားလို႔ ​ေမး​ေပးမယ္​ေလ။ နင္တစ္​ေယာက္​ေယာက္အ​ေပၚ စိတ္ဝင္စား​ေနတာဆိုရင္ မင္းဘက္က​ေန အရင္အစျပဳလုပ္သင့္တယ္။ နင္က ယြင္ရွီထက္ အသက္နည္းနည္းပိုႀကီးတယ္​ေလ။ ငါ ယြင္ရွီနဲ႔ လက္ထပ္လိုက္တဲ့အခါ မင္းက တစ္​ကိုယ္တည္းက်န္​ေနခဲ့တယ္ဆိုၿပီး ရွက္မ​ေနနဲ႔အုံး​ေနာ္" ယဲဖန္က ၾကင္ၾကင္နာနာျဖင့္ ​ေျပာလိုက္သည္။

ပိုင္ယြင္​ေဖး "....."

"ထန္ဝူရြမ္းက အဲ့ဒီအရာက မၾကာခဏေပၚလာတာလို႔ မ​ေျပာခဲ့ဘူးလား" ပိုင္ယြင္ရွီက ​ေမးလိုက္၏။

ယဲဖန္ "အဲ့ဒီဟာက ငါ ရွိ​ေနမွန္း သိ​ေန​လို႔ မလာဘူးလို႔ ဆုံးျဖတ္ထားတာ ျဖစ္လိမ့္မယ္၊ အခ်ိန္က ​ေငြပဲ​ေလ။ သူ ဒီ​ေန႔မွ မ​ထြက္​ေပၚလာ​ေသးဘူးဆိုရင္ ငါဘက္က​ေန အရင္တိုက္ခိုက္ဖို႔အတြက္ အစပ်ိဳးလုပ္​ေဆာင္ရလိမ့္မယ္"

ပိုင္ယြင္​ေဖးသည္ ယဲဖန္အား ၾကည့္လိုက္ၿပီး​ေနာက္ ပိုင္ယြင္ရွီဘက္ ၾကည့္လိုက္သည္။ သူမသည္ သူတို႔ဘာ​ေတြ​ေျပာ​ေနမွန္း တစ္လုံးမၽွ နားမလည္နိုင္ခဲ့​ေပ။

ပိုင္ယြင္ရွီကို ၾကည့္ၿပီး​ေတာ့ ယဲဖန္အား ျပန္ၾကည့္လိုက္ကာ သူမသည္ အမွန္တကယ္ အ​ေတြးလြန္​ေနမွန္း ရွာ​ေတြ႕သြားခဲ့သည္။

"ငါအရင္ ျပန္​ေတာ့မယ္" ပိုင္ယြင္​ေဖးသည္ သူမအိတ္အား ​ေကာက္ကိုင္ၿပီး ထြက္လာခဲ့သည္။

သူမထြက္သြားသည္ကို ၾကည့္​ေနရင္း ယဲဖန္က ​ေမးလိုက္သည္ "ယြင္ရွီ မင္းအစ္မက စိတ္အ​ေျခအ​ေန မ​ေကာင္းတဲ့ပုံ​ေပၚ​ေနတာကို မင္းသတိထားမိလိုက္လား"

"မင္းလဲ အဲ့တာကို တကယ္​ေတြ႕ခဲ့တာလား" ပိုင္ယြင္ရွီသည္ အံ့ၾသသင့္စြာ ​ေမးလိုက္၏။

"သိသာ​ေနတာပဲကို။ မင္းအစ္မက သူမအခ်စ္ကို ဆုံးရွုံးသြားတာလား။ ဒါ​ေၾကာင့္ အဲ့ဒီလို မ်က္ႏွာမ်ိဳး ျဖစ္ေနတာ​ေပါ့။ မဟုတ္ပါဘူး။ သူမမွာက ​ေကာင္​ေလးတစ္​ေယာက္​ေတာင္ မရွိတာ အစြန္ပစ္ခံရတာ မျဖစ္နိုင္ပါဘူး။ သူမရာသီမ်ား လာ​ေနလို႔လား" ယဲဖန္က ​ေမးလိုက္သည္။

ပိုင္ယြင္ရွီ "....."

"မင္းရဲ့ တီဗီဇာတ္လမ္းတြဲထဲက အပိုင္းက​ေရာ ဘယ္လိုလဲ" ပိုင္ယြင္ရွီက ​ေခါင္းစဥ္ကို ​ေျပာင္းလဲဖို႔ ႀကိဳးစားလိုက္၏။

"ဒါရိုက္တာက ငါ့အ​ေပၚ သ​ေဘာက်ၿပီး ငါ့အတြက္ ဇာတ္ကြက္တစ္ခ်ိဳ႕ ထပ္ထည့္​ေပးထားတယ္။ ငါ့လို ဥာဏ္ႀကီးရွင္တစ္​ေယာက္က ဘာပဲလုပ္ရလုပ္ရ ကိစၥမရွိပါဘူး မၾကာခင္မွာပဲ ထူးခၽြန္​ေျပာင္​ေျမာက္လာလိမ့္မယ္" ယဲဖန္က ဂုဏ္ယူစြာ ​ေျပာလိုက္၏။

ပိုင္ယြင္ရွီ "....." ယဲဖန္က ကိုယ့္ကိုကိုယ္ ဘယ္လိုႏွိမ့္ခ်ရမလဲဆိုတာ တကယ့္ကို မသိတာပဲ။

.......

ၿမိဳ႕​ေတာ္ရွိ ပ်က္စီးယိုယြင္း​ေန​ေသာ တည္းခိုခန္းတစ္ခုထဲတြင္ စုံတြဲတစ္တြဲ ရွိ​ေနခဲ့သည္။

"ဒီလိုအရာမ်ိဳး ျပဳလုပ္ဖို႔ ကၽြန္မတို႔​ေတြ သင့္​ေတာ္ပါ့မလား" က်ဳန္းကၽြမ္က စိုးရိမ္တႀကီး ​ေမးလိုက္သည္။

"ဘာမွားလို႔လဲ၊ အဲ့ဒီ မ်က္လုံးျဖဴဝံပု​ေလြ​ေကာင္က သ​ေဘာထားအရမ္းေသးသိမ္တာ။ ငါတို႔​​ေတြဆီမွာ ဘာ​ေရြးခ်ယ္စရာမ်ားရွိ​ေနလို႔တုန္း" ​​ေကာက္ဖင္းက ညည္းညဴလိုက္သည္။

"ထန္ဝူရြမ္းက တကယ္ပဲ ကၽြန္မတို႔သားလား"

​ေကာက္ဖင္းက က်ိဳး​ေၾကာင္းဆီ​ေလ်ာ္စြာျဖင့္ "ဒါ​ေပါ့။ သူသာ ငါတို႔သားမဟုတ္ဘူးဆိုရင္ သူတို႔​ေတြက ငါတို႔ကို ဘာလို႔ရွာ​ေနမွာလဲ"

"ဒါေပမဲ့ တစ္ခုခုက မွား​ယြင္းေနတယ္လို႔ ကၽြန္မအျမဲတမ္းခံစားေနရတယ္။ အဲ့ဒီတေစၧမဂၤလာပြဲက နိမိတ္မ​ေကာင္းသလိုပဲ​ေနာ္"

"အဲ့​ဒီ​​ေကာင္က သူကိုယ္တိုင္​ေတာင္းဆိုခဲ့တာ​ေလ။ သူ႔မွာ ဝင္​ေငြ​ေတြအမ်ားႀကီးရွိၿပီး သူ႔ကိုယ္ပိုင္ဗီလာတစ္လုံးမွာ ​ေနထိုင္​ေန​ခဲ့ေပမဲ့ ငါက သူ႔အကိုႀကီးအတြက္ အိပ္ခန္းသုံးခန္းပါ အိမ္တစ္လုံး ဝယ္ေပးဖို႔ ​ေတာင္းဆိုခဲ့တာကို သူက တိုက္ရိုက္ ျငင္းပယ္ခဲ့တယ္​ေလ။ သူသာ ဝယ္​ေပးခဲ့မယ္ဆို​ရင္ ငါတို႔​ေတြက သူ႔ကို ဘာလို႔ သရဲဆီ ​ေရာင္းစား​ေနအုံးမွာလဲ။ ဘာလဲ။ မင္းက သူ႔အတြက္ သနား​ေနတာလား" ​ေကာက္ဖင္းက ​ေမးလာ၏။

က်ဳန္းကၽြမ္က မ်က္​ေမွာင္ၾကဳတ္ရင္း "မဟုတ္ပါဘူး။ ကၽြန္မက ​ေၾကာက္​​လို႔ပါ။ ၾကည့္​ေလ ဒီ​ေကာင္က အခု ၾကယ္ပြင့္တစ္ဦးျဖစ္​ေနၿပီ။ ကၽြန္မတို႔​ေတြ သူ႔ကို ႀကံစည္​ေနမွန္းသာ သိသြားခဲ့ရင္ သူက ကၽြန္မတို႔​ေတြအ​ေပၚ ကလဲ့စားလာ​ေခ်​ေလာက္မလား​ပဲေနာ္။ ကၽြန္မတို႔​ေတြ သူ႔အတြက္ တေစၧမဂၤလာပြဲတစ္ခုျပဳလုပ္​ထားမွန္း သိသြားခဲ့ရင္ ကၽြန္မတို႔​ေတြအ​ေပၚ က်ိန္စာတိုက္ဖို႔ နတ္ဆရာတစ္​ေယာက္ ရွာ​ေတြ႕ထားမလားပဲ"

"မင္းအရမ္း​အေတြးလြန္ေနၿပီ။ ဒီကမၻာ​ေပၚမွာ သရဲတေစၧ​ေတြရွိတာ မယုံပါဘူး၊ ဒါ​ေၾကာင့္ တေစၧမဂၤလာပြဲဆိုတာက အဓိပၸါယ္မရွိပါဘူး။ ဒါက တစ္​ေန႔လုံး ဘာမွလုပ္စရာမရွိတဲ့ သူ​ေဌး​​ေတြ ျပဳလုပ္တဲ့အရာမ်ိဳး​ေတြပါကြာ။ သူတို႔က သူတို႔​ေငြ​ေတြျဖဳန္းတီးဖို႔ ​ေနရာမရွိ​တာ​ေၾကာင့္ ဒီလို​ေပါက္ကရမ်ိဳး​ေတြ ျပဳလုပ္​ေနၾကတာ။ သူတို႔​ေတြကို ​ေမြး​သကၠရာဇ္တစ္ခု​ေပးလိုက္ျခင္းျဖင့္ ငါတို႔ေတြက မဂၤလာခန္းဝင္ပစၥည္း​ေတြ ရနိုင္တယ္​ေလ။ ဒါ​ေတြထက္ ပိုလြယ္တဲ့ ​ေငြရွာနည္း ရွိ​ေသးလို႔လား" ​ေကာက္ဖင္းက ​ေျပာလိုက္၏။

က်ဳန္းကၽြမ္က ​ေခါင္းၿငိမ့္လိုက္ၿပီး သူမအသားအ​ေရသည္လည္း အနည္းငယ္​ေပ်ာ့​ေပ်ာင္းလာသည္ "တစ္ဖက္လူ​ေတြက ငါတို႔​ေတြကို ပိုက္ဆံဘယ္​ေတာ့​ေပးမွာတဲ့လဲ"

​ေကာက္​ဖင္းက မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး "မၾကာခင္​​ေလာက္ေပါ့"

"အဲ့ဒီလူ​ေတြက အျမဲတမ္းလၽွို႔ဝွက္ဆန္းၾကယ္လြန္း​ေနတာပဲ၊ သူတို႔​ေတြက သူတို႔ကိုယ္သူတို႔ မ​ထုတ္​ေဖာ္ျပဘူး။ သူတို႔​ေတြမ်ား ​ေနာင္တ​ရ​ေနတာ ျဖစ္နိုင္​ေလာက္လား" က်ဳန္းကၽြမ္က ​ေမးလိုက္သည္။

"မင္းဘာ​ေတြ​ေျပာ​ေနတာလဲ။ သူတို႔​ေတြက အရမ္းခ်မ္းသာတာကြ။ ဒီလို ပိုက္ဆံနည္းနည္း​ေလာက္​ေလးနဲ႔ သူတို႔စကား​ေတြကို ဘယ္လိုလုပ္ၿပီး ျပန္႐ုတ္သိမ္းနိုင္မွာလဲ"

"အ​ေဖ၊ အ​​ေမ" ထိုအခ်ိန္တြင္ ​ေကာက္မန္က်င္းက ဝင္လာၿပီး "အ​ေဖ အ​ေမ ပိုက္ဆံက ဘယ္​ေတာ့ရမွာတဲ့လဲ။ သား​ေကာင္မ​ေလးက သားကို တိုက္တြန္း​ေနၿပီ။ သူမ ကိုယ္ဝန္ရွိ​ေနၿပီ၊ ဒါ​ေၾကာင့္ အခ်ိန္ဆြဲထားလို႔မရ​ေတာ့ဘူး"

"ငါ နင့္ကို ခန္းဝင္ပစၥည္း​​ေတြအားလုံး ​ေပးလိုက္ၿပီ မဟုတ္ဘူးလား"က်ဳန္းကၽြမ္က ​ေမးလိုက္သည္။

​ေကာက္မန္က်င္းက မ​ေပ်ာ္မရႊင္ျဖင့္ "အဲ့ဒါက ဘယ္​ေလာက္မ်ားရွိလို႔တုန္း။ ၿပီး​ေတာ့ အဲ့ဒီတစ္ဝက္က ​ေၾကးဒဂၤါးျပား​ေတြ​ေလ။ အ​ေဖတို႔ႏွစ္​ေယာက္လုံး သတင္း​ေထာက္ဆီတည့္တည့္ သြားၿပီး ထန္ဝူရြမ္းက မင္းတို႔ကို မ​ေထာက္ပံ့​ေပးပါဘူးလို႔သာ ​ေျပာဖို႔ သားအႀကံျပဳထားတာ​ေလ။ အဲ့ဒီအႏုပညာရွင္​ေတြဆိုတာ သူတို႔မ်က္ႏွာ​ေတြကိုပဲ အရမ္းဂ႐ုစိုက္ၾကတာ။ အ​ေဖတို႔သာ သူ႔ကို ဒုကၡ​ေပး​ေနမယ္ဆိုရင္​​ေလ ထန္ဝူရြမ္းက လုံးဝတင္းမခံနိုင္​ေတာ့ပဲ လက္နက္ခ်လာလိမ့္မယ္"

"သူငယ္ငယ္​ေလးကတည္းက ငါတို႔က ​ေရာင္းစားထားၿပီးသားကြ။ ၿပီးေတာ့ သူက သူ႔မ်ိဳးရိုးကို​ေတာင္ ​ေျပာင္းလဲထားၿပီးၿပီ။ သူသာ ဝန္မခံဘူးဆိုရင္ ငါတို႔လဲ ဘာမွ မလုပ္နိုင္ဘူး" ​ေကာက္ဖင္းက ​ေျပာလိုက္သည္။ သူသည္ အတိတ္တုန္းက မီဒီယာေတြ​ေပၚမွာ ​လူသိရွင္ၾကား ျပဳလုပ္ခ်င္ခဲ့​ေပမဲ့ သူတို႔ေတြက ​ေငြ​ေၾကာင့္ ႐ူးသြပ္​သြားၿပီလို႔ ​ေတြးကာ သူတို႔အား တိုက္ရိုက္ပင္ လ်စ္လ်ဴရွုနိုင္​ေလာက္​ေပသည္။

​ေကာက္မန္က်င္းက ​ေအးစက္စြာ ျပဳံးျပလိုက္ၿပီး "သူ႔မွာ ​ေရြးခ်ယ္စရာမရွိပါဘူး။ ​ေသြးသား​ေတာ္စပ္မွု စစ္​ေဆးခ်က္ ရွိတယ္​။ သူက အလိုမရွိဘူးဆိုရင္​ေတာင္ ျငင္းပယ္လို႔ ရမွာ မဟုတ္ဘူး​ေလ"

​ေကာက္မန္က်င္းသည္ ထန္ဝူရြမ္းအား အလြန္မနာလို ျဖစ္မိ​ေလသည္။ သူတို႔​ေတြက မိဘ​ေတြ အတူတူ ျဖစ္ၾက​ေပမဲ့ သူက ဘာလို႔ နိုင္ငံျခားမွာ ​​ေက်ာင္းတက္နိုင္ရတာလဲ။ ဗီလာတစ္လုံးမွာ ဘာလို႔ ​ေနထိုင္​နိုင္ရတာလဲ။ ဘာလို႔ ဇိမ္ခံကား​ေတြ ​ေမာင္းနိုင္ရတာလဲ။ သိသိသာသာကိုပင္ သူ႔​ေမြးသကၠရာဇ္က သူတို႔မိသားစုအတြက္ ဆိုးရြားလွတာကို သူက ဘာလို႔ အခု အဆင္​​ေျပ​​​ေျပ​ေနနိုင္ရတာလဲ။

.......

ထန္ဝူရြမ္းသည္ ထိုလင္မယားၾကားရွိ စကားဝိုင္းအား ၾကားလိုက္​ေတာ့ သူ႔အမူအရာသည္ ဆိုးရြားသြားခဲ့သည္။

"သူတို႔ၾကည့္ရတာ ဘာမွသိပ္မသိတဲ့ပုံပဲ" ယဲဖန္သည္ သူ႔​ေမး​ေစ့ကို ပြတ္သပ္ရင္း တီးတိုး​ေရရြတ္​ေနမိ၏။

ထန္ဝူရြမ္းက သူ႔လက္သီး​ေတြကို က်စ္က်စ္ဆုပ္ထားၿပီး သူ႔ႏွလုံးသားထဲတြင္ အမုန္းတရားမ်ားျဖင့္ ျပည့္ႏွက္​ေန​ေလသည္။ သူ႔မွာ ဒီလိုမိဘမ်ိဳးရွိရ​ေလာက္ေအာင္ သူက ဘယ္လိုလုပ္ၿပီး ကံအရမ္းဆိုး​ေနရတာလဲ။

"သခင္​ေလးယဲ ကၽြန္​ေတာ္တို႔အခု ဘာဆက္လုပ္ၾကမလဲ" ထန္ဝူရြမ္းက ​ေမးလိုက္သည္။

ယဲဖန္က မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး "ငါ တစ္ဖက္ကလူကို ရွာၿပီး တစ္ျခားတစ္​ေယာက္နဲ႔ ​ေျပာင္းလဲ​ေပးဖို႔ ​ေတာင္းဆိုၾကည့္လိုက္မယ္"

ထန္ဝူရြမ္းက ​ေခါင္းၿငိမ့္လိုက္ၿပီး "​ေကာင္းၿပီ​ေလ။ ၿပီး​ေတာ့ မင္းကို ဒုကၡ​ေပးရတဲ့အတြက္ ​ေတာင္းပန္ပါတယ္"

ထန္ဝူရြမ္းသည္ အစက ယဲဖန္၏ တေစၧမဂၤလာပြဲအတြက္ သူ႔အကိုႀကီးအား အစားထိုးျခင္းအတြက္ အျပစ္ရွိသလိုခံစားခဲ့ရသည္။ ​ေကာက္မန္က်င္းစကားမ်ားကို ၾကားၿပီး​ေနာက္ သူ႔ႏွလုံးသားထဲရွိ အျပစ္ရွိစိတ္မ်ားက ခ်က္ခ်င္း​ေပ်ာက္ကြယ္သြားခဲ့သည္။

"မင္း တစ္ဖက္လူ​ေတြရဲ့ ​ေနာက္ခံကို သိလား" ယဲဖန္က ​ေမးလိုက္သည္။

ထန္ဝူရြမ္းက ​ေခါင္းခါလိုက္ၿပီး "မသိဘူး။ ဒါ​ေပမဲ့ စုန္လင္ဖုန္းနဲ႔​ေတာ့ ပတ္သတ္​ေနလိမ့္မယ္လို႔​ေတာ့ ထင္တယ္"

သူႏွင့္ စုန္လင္ဖုန္းတို႔ဟာ ​ေခါင္း​ေဆာင္မင္းသား​ေနရာအတြက္ အႀကိမ္​ေပါင္း​မ်ားစြာ တိုက္ခိုက္ခဲ့ရၿပီး အႀကိမ္တိုင္းလဲ စုန္လင္ဖုန္းက သူ႔အား ရွုံးနိမ့္ခဲ့ရသည္။ ဒါ​ေၾကာင့္ စုန္လင္ဖုန္းက သူ႔အား အရိုးထဲက အထိပါ မုန္းတီး​ေနခဲ့​ေပသည္။

ဒါ​ေၾကာင့္ စုန္လင္ဖုန္းက ​ေက်းလက္က​ေန ထိုလင္မယားအား ​ေခၚ​ေဆာင္လာခဲ့တာ ျဖစ္လိမ့္မည္။

"စုန္လင္ဖုန္း မ်ိဳးရိုးစုန္လား။ စုန္ခ်ီမင္နဲ႔ သူနဲ႔က ဘယ္လိုပတ္သတ္​ေနတာလဲ" ယဲဖန္က ​ေမးလိုက္သည္။

"သူတို႔က ဝမ္းကြဲ​ေတြ​ေလ" ထန္ဝူရြမ္းက ​ေျပာလိုက္သည္။

"စုန္မိသားစုက လူ​ေတြအားလုံးက မ်ိဳးမစစ္​​ေကာင္​ေတြပဲ" ယဲဖန္က ဆိုလိုက္သည္။

.......

ဗီလာထဲတြင္

"ဘာလို႔ ကိစၥ​ေတြက မၿပီးျပတ္​ရေသးတာလဲ" စုန္လင္ဖုန္းက မ​ေပ်ာ္မရႊင္ ​ေျပာလာခဲ့သည္။

"အဲ့ဒါ​ေတြက ကိုင္တြယ္ရ မလြယ္ကူဘူး။ ထန္ဝူရြမ္းက ​​ေမွာ္လက္နက္တစ္ခု ဝတ္ဆင္ထားတာ။ သရဲက သူ႔ကို မ​ေျခာက္လွန္႔နိုင္ဘူး" ဝိညာဥ္ဆရာသခင္က ဆိုလာ၏။

စုန္လင္ဖုန္းက မ​ေပ်ာ္မရႊင္ျဖင့္ "သူနဲ႔ အဲ့သရဲတို႔ လက္ထပ္ၿပီးသြားရင္ ​ေမွာ္လက္နက္ရဲ့အစြမ္းလဲ ဆုံးရွုံးသြားမွာ မဟုတ္ဘူးလား"

ဝိညာဥ္ဆရာသခင္က ​ေခါင္းၿငိမ့္ျပလိုက္ၿပီး "ဟုတ္တယ္၊ ဒါ​ေပမဲ့ ထန္ဝူရြမ္းနဲ႔ သရဲက ​ေသြးစာခ်ဳပ္မခ်ဳပ္ရ​ေသးဘူး။ ဒါ​ေၾကာင့္ တေစၧမဂၤလာပြဲဆိုတာက မၿပီး​ေျမာက္​ေသးဘူး​။ ဒါ့အျပင္ ထန္ဝူရြမ္းက ​အေစာင့္​အၾကပ္ေအာက္မွာ ရွိ​ေနတဲ့ပုံပဲ၊ သူက သူ႔ကိုယ္သူ ကာကြယ္ဖို႔ သက္​ေတာ္​ေစာင့္လဲ အမ်ားႀကီး ငွားရမ္းထားတယ္"

"ငါတို႔​ေတြ ျမန္ျမန္​ေလး လုပ္ၾကရ​​ေအာင္" စုန္လင္ဖုန္းက ဆို၏။

"သခင္​ေလးစုန္ အဲ့ဒီလင္မယားက ​ငါ့ကို ေနာက္ဆုံး​ေပး​ေခ်မွုအတြက္ တိုက္တြန္း​ေနၿပီ"

"ထန္ဝူရြမ္းမွာ တကယ္​ကို ဒီလိုသိမ္ဖ်င္းမိုက္မဲလြန္းတဲ့ ​မိဘ​အရင္းေတြ ရွိတာပဲ။ သူတို႔​ေတြကို လ်စ္လ်ဴရွုထားလိုက္။ သူတို႔အားလုံးက ခန္းဝင္ပစၥည္း​ေတြ လက္ခံထားၿပီးၾကၿပီ​ေလ။ သူတို႔​ေတြက အဲ့ဒါ​ေတြကို သုံးစြဲလိုက္ၾကၿပီလို႔​ေတာင္ ၾကားတယ္။ ထန္ဝူရြမ္းက သူတို႔​ေတြကို ျပန္​ေပး​ေစခ်င္ရင္​ေတာင္ အခု​ေတာ့ လုံးဝမျဖစ္နိုင္​ေလာက္​ေတာ့ဘူး"

ဝိညာဥ္ဆရာသခင္သည္ အနည္းငယ္ တုံ႔ဆိုင္းသြားၿပီး "ထန္ဝူရြမ္းက သူ႔​ေနာက္လိုက္ဖို႔ ​ေတာက္ဆရာတစ္ဦးကို ငွားထားတဲ့ပုံပဲ။ ၿပီး​ေတာ့ သရဲကလဲ လုံးဝမခ်ဥ္းကပ္ရဲဘူး ျဖစ္​ေနတယ္"

စုန္လင္ဖုန္းက မ်က္​ေမွာင္ၾကဳတ္လိုက္ၿပီး ​ေတြး​ေနမိသည္ 'ထန္ဝူရြမ္းက အဆက္အသြယ္အလြန္က်ယ္ျပန္႔တာပဲ။ မၾကာမီမွာပဲ သူက ​ေတာက္ဆရာတစ္ဦးကို​ေတာင္ ရွာ​ေတြ႕ခဲ့တာလား'

"အဲ့ဒါက ဘယ္သူလဲ"

"ယဲဖန္လို႔​ေခၚတဲ့ လူငယ္​ေလးတစ္ဦးပဲ"

စုန္လင္ဖုန္းမ်က္ႏွာက ​ေျပာင္းလဲသြားကာ "သူပဲ"

ယဲဖန္ဟာ ငယ္ရြယ္ကာ ​ေတာက္ဆရာ​ေတာ္​ေတာ္မ်ားမ်ားက သူ႔အား သိပ္မသိၾက​ေပ။ သို႔​ေသာ္လည္း ၿမိဳ႕​ေတာ္ရွိ အ​ေကာင္အႀကီးႀကီး​ေတြက​ေတာ့ ယဲဖန္ကို ​ေစာ္ကားရန္ မတတ္နိုင္​ေၾကာင္း သိထားၾက​ေလသည္။ သူသည္ ရက္စက္​ေသာ ဇာတ္​ေကာင္တစ္ဦး ျဖစ္​ေလသည္။ လက္ရွိ စုန္မိသားစု မလွုပ္မယွက္ျဖစ္​ေနရတာ​ေတြ အားလုံးက စုန္ဖင္ယြမ္​​ေသဆုံးျခင္း​ေၾကာင့္ ျဖစ္​၏။ စုန္ဖင္ယြမ္က သူ႔လက္ထဲ၌ ​ေသဆုံးသြားတယ္လို႔လဲ ဆိုၾက​​​ေသးသည္။

Thanks for your reading
------------------------------------------------------

Continue Reading

You'll Also Like

9.2K 200 43
"Why did I use this cursed thread spell on you? Damn it!" Fang Duobing grumbled under his breath as he held his stomach in pain. "Because you can't r...
572K 14.1K 43
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
55K 9.2K 22
I've got permission to translate from English Translator! You can read English version here: https://travistranslations.com/novel/20024/after-transmi...
1.7K 193 7
Title: 对家让我家忙内怀孕了 English name:Who slept with my brother? Original Author: Sweet Grapefruit Tea (甜柚茶) Status: 39 Chapters (Completed) Zooလူငယ်အဖွဲ့ထဲ...