Compatible Pheromones |TK|✓

By xinyin_wangqi

178K 18.5K 1.8K

မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလ... More

Story Prologue
Chapter 1 ( Vol 1 )
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Omegaverse
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
သုံးသပ်မေးခွန်း (၂၀)
Chapter 26 (Vol 2)
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38(Vol 3)
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45 (Final)
Special Episode
Hello
Extra 1

Extra -2

613 37 1
By xinyin_wangqi

ထိုင်နေကျ ကော်ဖီဆိုင်လေးအတွင်း၌ သောက်နေကျကော်ဖီတစ်ခွက်ကို ရှေ့ချကာအတွေးတို့အား အတိုင်းဆမရှိနယ်ချဲ့နေမိသည် ။ အထက်တန်းပြီးမြောက်သည့်နေ့က တွေ့လိုက်ရသည့် ဟီယူ၏မိတ်ဖက်ဆိုသူမျက်နှာကို ဟီဂျင်အခုထိမမေ့နိုင်သေး ။ နာမည်မတူညီသော်လည်း ခွဲမရအောင်ချွတ်စွပ်တူနေသည့်မျက်နှာက မပြောမဆိုနှင့်ပျောက်ကွယ်သွားသော သူမ၏ချစ်ရသူကိုပို၍လွမ်းဆွတ်လာစေသည် ။

ဦးတည်ရာမဲ့နေသည့် အတွေးတိမ်တိုက်တို့က အတိတ်ကအကြောင်းရာများဆီ၌သာ တဝဲလည်လည်နှင့် ။ မတော်တဆမှုအပြီး၌ လုံးဝပျောက်ဆုံးသည့် ယွမ်လိကောင်းက ယခုတိုင်ပုန်းကွယ်နေဆဲပင် ။ မကြာလိုက်ပါ ဆိုင်ထဲသို့ ယွမ်လိကောင်းနှင့်အလွန်ဆင်တူသည့် ဟီယူ၏မိတ်ဖက်ဖြစ်သူ ယွန်းဟာယောင်းဆိုသူဝင်လာသည် ။

မနှေးမမြန်နှင့်လျှောက်လာသည့် သူမခြေလှမ်းတို့က အဝေးကြီးမလျှောက်လိုက်ရပဲ ဟီဂျင်၏နံဘေးသို့ရောက်လာသည် ။ ထို့နောက် ဟီဂျင်၏ရှေ့မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည် ။ ယနေ့က ယွန်းဟာယောင်းဘက်မှ ဟီဂျင်အားပြောစရာရှိသည်ဟုဆိုကာ ချိန်းဆိုထားခြင်းပင် ။

“ အလုပ်လေးနည်းနည်းရှိနေလို့နောက်ကျသွားတယ်...အကြာကြီးစောင့်လိုက်ရလား ”

ယွန်းဟာယောင်းဘက်မှဦးစွာစကားစလာသည် ။ ဟီဂျင်က ခေါင်းအသာခါလိုက်ကာ

“ ညီမလည်းရောက်တာမကြာသေးပါဘူး ”

ထို့နောက် နှစ်ဦးသားကြားခေတ္တတိတ်ဆိတ်သွားသည် ။

“ ပြောစရာရှိတယ်ဆိုတာ ဘာများလဲ ”

ဟီဂျင်က စကားပြန်စသည် ။ ဟာယောင်းကတော့ တိတ်ဆိတ်နေဆဲ ။ ဝိတ်တာမှ ရေတစ်ဖန်ခွက်လာချပြီးမှသာ ဟာယောင်းက သက်ပြင်းအသာချလိုက်ပြီး စကားဆိုသည် ။

“ ယွမ်လိရန်...”

ယွမ်လိကောင်းဟူသည့်နာမည်ကိုကြားသည်နှင့် ကော်ဖီခွက်ကိုင်ထားသည့် လက်တို့ကတင်းကြပ်သွားသည် ။

“ ယွမ်လိရန်က အစ်မရဲ့အမြွှာအစ်မပဲ...သူရဲ့နောက်ထပ်နာမည်က ယွန်းဝူယောင်း ”

ယွန်းဝူယောင်းဆိုသည့်နာမည်ကိုကြားသည်နှင့် ဟီဂျင်၏စိတ်နှလုံးတို့ကတုန်လှုပ်သွားရသည် ။ ဤသည်မှာ သူမဘယ်တော့မှလက်မခံချင်ခဲ့သည့်အမှန်တရားဖြစ်သည် ။ သို့သော်လည်း ယခုတော့ဖြင့် သူမလက်မခံချင်လျှင်တောင် လက်ခံရမည့်အခြေနေဖြစ်လာပြီဖြစ်သည် ။

လွန်ခဲ့သည့် သုံးနှစ်ခန့်က ယွန်းဝူယောင်းဆိုသည်မှာ ‌ခြင်္သေ့နက်ကြေးစားဂိုဏ်း၏ရက်စက်လှသည့်ဆက်ခံသူဟုနာမည်ကျော်လှသည် ။ ထို့ပြင် အနှီဂိုဏ်းက ဟီဂျင်၊ထယ်ယောင်းနှင့်ထယ်ဟီးတို့ ပြန်ပေးဆွဲခံရမှုတွင် တစ်စိပ်တစ်ပိုင်းပါဝင်ပတ်သက်ခဲ့သည့်ဂိုဏ်းလည်းဖြစ်သည် ။

“ အခု သူဘယ်မှာလဲ ”

တုန်လှုပ်နေတာကြောင့် ဟီဂျင်၏စကားသံတို့ကလည်း အစီစဉ်မကျစွာလှုပ်ခါနေလျက် ။ ဟာယောင်းကတော့ သူမရှေ့တွင်ထိုင်နေသည့် အိုမီဂါငယ်လေးအား မျက်နှာသေဖြင့်သာကြည့်နေလျက် ။

“ အစ်မဝူ‌ေယာင်းကအခုဒီမှာမရှိဘူး...လွန်ခဲ့တဲ့ သုံးနှစ်ကိစ္စဖြစ်ပြီးကတည်းက မင်းကိုမျက်နှာချင်းဆိုင်ဖို့မဝံ့ရဲလို့ ဂိုဏ်းကိုအစ်မဆီလွှဲပေးခဲ့ပြီး မွေးရပ်မြေကိုပြန်သွားပြီ ”

“ ဟက်...အဲ့လောက်တောင်သူရဲဘောကြောင်တတ်မှန်းမသိခဲ့ဘူး ”

“သူမ မသိလိုက်ပဲဖြစ်သွားတဲ့ကိစ္စရပ်တွေအတွက် သူမခံစားရတဲ့ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်က အရမ်းကြီးလွန်းနေတယ်လေ...ဒါကိုညီမနားလည်လိမ့်မယ်ထင်ပါတယ် ”

ဟာယောင်းစကားဆုံးသည်နှင့် ဝိတ်တာကကော်ဖီပူပူတစ်ခွက်ကိုလာချပေးတာကြောင့် စကားစပြတ်သွားသည် ။ ဟီဂျင်ကတော့ခေါင်းငုံ့လျက်သားနှင့် ။ သူမ၏မျက်နှာအမူအရာအား ဟာယောင်းမမြင်နိုင် ။ ဟာယောင်းကလည်း သူမရှေ့၌ခေါင်းငုံ့၍ပုံ့ပုံ့ကလေးထိုင်နေသည့် ဟီဂျင်ကိုကြည့်၍ဘာမှဆက်မပြောပဲ ကော်ဖီသောက်လိုက်သည် ။ ကော်ဖီတစ်ခွက်ဖျော်စာအချိန်ကြာမှသာ ဟီဂျင်ကတုန်ရီနေသည့် အသံဖြင့်ဟာယောင်းကိုပြောလာသည် ။

“ သူ့ဖက်ကိုစဉ်းစားပေးရမယ်ဆို ညီမဖက်ကရော...ညီမဖက်ကိုကျတော့ သူကမစဉ်းစားပေးတော့ဘူးလား ”

“ သူမစဉ်းစားပေးပါတယ်...ဒါကြောင့်ပဲသူမထွက်သွားခဲ့တာလေ ”

“ မဟုတ်တာ...အဲ့ဒါညီမအတွက်စဉ်းစားပေးတာမဟုတ်ဘူး...ညီမကိုမျက်နှာချင်းမဆိုင်ရဲလို့ အရူးကွက်လုပ်သွားတာတွေ...သူ့အမှားမဟုတ်ခဲ့တာကိုဘာကြောင့် ညီမကိုဘာမှမပြောပဲထားခဲ့နိုင်ရတာလဲ ညီမရဲ့စိတ်ကိုသူမယုံတာလား ”

တရှုံ့ရှုံ့ငိုနေသည့် ဟီဂျင်ကိုကြည့်ရင်း ဟာယောင်းခေါင်းကိုက်လာသည် ။ ပုံမှန်အားဖြင့် ဟာယောင်းကအလုပ်အလွန်များသူဖြစ်တာကြောင့် ကိုယ့်ကိစ္စမဟုတ်လျှင် မသိချင်ယောင်ဆောင်နေသည်ကများသည် ။ သို့သော် ယခုကိစ္စကအစ်မဖြစ်သူ၏အကြောင်းကိစ္စဖြစ်နေတာကြောင့် စိတ်ရှည်ပေးနေခြင်းပင် ။

“ အစ်မဝူယောင်းနဲ့မျက်နှာချင်းဆိုင်ဖြေရှင်းချင်လား ”

ဟာယောင်းစကားကြောင့် ဟီဂျင်ခေါင်းမော့လာပြီး ခေါင်းညိတ်လိုက်သည် ။  မျက်နှာချင်းဆိုင်ဖြေရှင်းလိုက်သည်ကပင် သူမတို့နှစ်ဦးအတွက်အကောင်းဆုံးဖြစ်လိမ့်မည် ။ ဤသို့ဖြင့် ဟီဂျင်တစ်ယောက် တရုတ်ပြည်သွားဖို့ရန်ဖြစ်လာသည် ။

----------------------

တရုတ်ပြည်မကြီး၏ ကွမ်တုံးဒေသသည် ဖုံးကွယ်ထားသည့်နဂါးပုန်းကွယ်နေသည့်ကျားတို့ဖြင့် ပြည့်နှက်နေသည့်ဒေသဖြစ်သည် ။ နားလည်ရခက်သည့် လေယူလေသိမ်းတို့ဖြင့် ကွမ်တုံးလူမျိုး‌တို့သည် စီးပွားရေးနှင့်ပတ်သက်လျှင် အင်မတန်ထက်မြက်သည့်လူမျိုးလည်းဖြစ်သည် ။

ဟီဂျင်ကဲ့သို့တရုတ်ပြည်မကြီးကိုအလည်ရောက်ဖူးသည့်သူတောင် ကွမ်တုံးသို့ရောက်သည့်အခါ၌အတော်လေးအခက်တွေ့လိုက်ရသေးသည် ။ တော်သေးသည်က ယွမ်လိရန်ရှိရာဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင်ပို့ပေးမည့်သူရှိနေ၍ပင် ။ ထိုသူက ယွန်းဟာယောင်းစီစဉ်ပေးလိုက်သည့် သူမ၏ညာလက်ရုံးပင်ဖြစ်သည် ။

‘အားချိန်’ ဟုခေါ်သည့် ညာလက်ရုံးကဘယ်ဘက်ပါးပြင်ပေါ်တွင် ဓားနှင့်ခြစ်ခံထားရသည့်အမာရွတ်ရှိသော်လည်း ထိုသူ၏ဉပဓိရုပ်က အတော်လေးကိုခန့်ညားနေသေးသည် ။

ယွမ်လိရန်နေထိုင်သည့်နေရာသို့ ဟီဂျင်ရောက်လာချိန်သည် နေ့လည်ခင်းသာလျှင်ရှိသေးသည် ။ အိုးဖုတ်ခြင်းကိုအစဉ်တစိုက်ပြုလုပ်နေသည့် ယွမ်လိရန်သည် သူမ၏လက်ထောက်နှောက်ယှက်ခြင်းကိုရုတ်တရက်ခံလိုက်ရသည် ။

“ သခင်မယွမ် အားချိန်ရောက်နေပါတယ် ”

လက်ထောက်ဖြစ်သူ၏စကားကြောင့် အချောသတ်နေသည့်ကိစ္စကိုခေတ္တရပ်လိုက်ပြီး လက်တွင်ပေနေသည့်ရွံ့များကို ရေဆေးလိုက်သည် ။

“ သူကဘာလာလုပ်တာလဲ ”

“ အဲ့တာကိုတော့မသိရပါဘူး...သူနဲ့အတူ မိန်းကလေးတစ်ယောက်ပါလာပါသေးတယ် ”

“ အိုကေ ”

ပေါ့ပေါ့ပါးပါးပြန်ဖြေလာသည့် သခင်မကြောင့် လက်ထောက်ဖြစ်သူကလည်း အနှီအားချိန်နှင့်ပါလာသည့်မိန်းကလေးက တစ်ချိန်ကသခင်မ,ချစ်ဖူးသူမိန်းကလေးဖြစ်ကြောင်းကို မပြောဖြစ်လိုက်ပါ။လက်ထောက်လေးအတွေးလွန်နေစဉ်၌ပင် ယွမ်လိရန်ကလက်သုတ်၍ ဧည့်ခန်းသို့သွားလိုက်ပြီဖြစ်သည် ။

အိမ်ထိန်းချပေးသည့်ကော်ဖီပူတစ်ခွက်ကိုသောက်ရင်း ခေတ္တအနားယူနေသည့် ဟီဂျင်ကအလွန့်အလွန်ကိုတည်ငြိမ်နေသည် ။ သို့သော်အပြင်ပိုင်းတွင်တည်ငြိမ်နေသလောက် စိတ်ထဲတွင်ကမ္ဘာပျက်မတတ်စိတ်လှုပ်ရှားနေသည်ကိုတော့ သူမကိုယ်တိုင်သာလျှင်အသိဆုံးဖြစ်သည် ။

ယွမ်လိရန် ဧည့်ခန်းထဲသို့စဝင်လိုက်သည်နှင့် တွေ့လိုက်ရသည်က လွန်ခဲ့သည့်သုံးနှစ်ကထက်ပိုမိုရင့်ကျက်သည့်သဏ္ဍာန်နှင့် လှပစွာကြီးပြင်းလာသည့် အိုဟီဂျင်ကိုပင်ဖြစ်သည် ။ နှစ်ဦးသားမျက်နှာချင်းဆိုင်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိအရာအားလုံးကရပ်တန့်သွားသကဲ့သို့ပင် ခံစားလိုက်ရသည် ။ ဆိုဖာပေါ်တွင်ထိုင်နေသည့် ဟီဂျင်သည်ပင် သောက်လက်စကော်ဖီခွက်တို့ရပ်တန့်သွားကာ ကိုယ်တိုင်မသိလိုက်ခင်မှာပင် မတ်တပ်ထရပ်မိသည် ။

စောစောကပင်နံဘေးတွင်ရှိနေသေးသည့် အားချိန်နှင့်အိမ်ထိန်းတို့သည် ယခုတွင်တော့ မည်သို့ပင်ပျောက်သွားသည်မသိ ။ ဧည့်ခန်းထဲတွင် သူမတို့နှစ်ဦးသာလျှင်ကျန်ရှိတော့သည် ။ ဧည့်ခန်းပြတင်းများဖွင့်ထားတာကြောင့် တဖြူးဖြူးတိုက်နေသည့်လေ‌ပြည်များကြား ဇာဖြူခန်းစီးစတို့က တလွင့်လွင့်နှင့် ။ နေရခက်နေသည့် လေထုကြား ဟီဂျင်ကပင်စကားစလိုက်သည် ။

“ ဒီနားကိုလာခဲ့လေ ”

ဟီဂျင်၏စကားတို့က ယွမ်လိရန်အတွက်အမိန့်တစ်ခုအလား ဟီဂျင်စကားဆုံးသည်နှင့် ရပ်တန့်မိနေရာမှ ဟီဂျင်၏မျက်နှာချင်းဆိုင်ဆိုဖာတစ်ဖက်တွင်ရောက်နေပြီဖြစ်သည် ။ ယွမ်လိရန်အနားကိုရောက်လာတော့ ဟီဂျင်ကဆိုဖာပေါ်တွင်ပြန်ထိုင်လိုက်သည် ။ ထိုအခါမှ ယွမ်လိရန်သည်လည်း သံပတ်ပေးထားသည့်အရုပ်အလားဆိုဖာပေါ်တွင်ထိုင်ချလိုက်သည် ။

“ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ ”

“ ထွက်ပြေးသွားတဲ့ငကြောက်ကိုပြန်လာဖမ်းတာ ”

ဟီဂျင်ရည်ညွှန်းသည့်ငကြောက်က သူမကိုယ်တိုင်ဖြစ်တာကြောင့် ယွမ်လိရန်စိတ်မလုံစွာတိတ်ဆိတ်သွားသည် ။ ဟီဂျင်ကတော့အထက်စီးဆန်သည့်ပုံစံနှင့် ခြေနှစ်ဖက်ကိုထပ်ထိုင်ကာ လက်ကိုလည်းပိတ်ထားသေးသည် ။

“ အရင်တုန်းက ကိစ္စတွေအကုန်လုံးကိုသိထားပြီးသားပါ...ကျွန်မကအစကတည်းကဉာဏ်ကောင်းတာကိုသိတယ်မလား....တစ်ထစ်ချမပြောနိုင်ရင်တောင် ထင်မြင်ချက်ကတော့ရှိနေပြီးသားပဲ ”

“ သိပါတယ်...မင်းကိုတစ်သက်လုံးဖုံးကွယ်ထားလို့မရတာကို ”

“ ဒါဆို သိနေရက်နဲ့ဘာလို့ရှောင်ပြေးလဲ...”

“ စိတ်နာသွားမယ်ထင်ခဲ့တာ...ညီမဝမ်းကွဲကလုံးဝကိုကုသမရဘူးဖြစ်သွားခဲ့တယ်မလား...အဲ့ဒီအချိန်တုန်းက မင်းကိုမျက်နှာချင်းမဆိုင်ရဲသလို မင်းရဲ့ဝမ်းကွဲတွေနဲ့မင်းရဲ့ဦးလေးအပေါ်မှာလည်း အပြစ်ရှိနေစိတ်ကမသေးခဲ့ဘူး ”

ဟီဂျင်နားလည်ပါသည် ။ ယွမ်လိရန်၏ မိမိကိုယ်ကိုယ်အပြစ်တင်စိတ်ကသေးငယ်မနေတာကြောင့် မိမိတို့နှစ်ဦး၏ဆက်ဆံရေးက ရှေ့ဆက်ရန်ခက်လှ၏ ။ သို့သော် ဟီဂျင်လက်မလျှော့ချင် ။

“ ပြန်လိုက်ပါတော့...တို့နှစ်ယောက်ကဘယ်လိုမှမဖြစ်နိုင်တော့ဘူး ”

ယွမ်လိရန်က ဟီဂျင်ကိုကြာကြာဆက်ပြီးကြည့်နေမိလျှင် ဆွဲထားမိတော့မည်ဖြစ်သဖြင့် အမြန်နှင်လွှတ်သည် ။ ထို့ကြောင့် သူမ၏စကားဆုံးသည်နှင့် ဟီဂျင်ဆီမှအကြည့်လွှဲကာ ဆိုဖာပေါ်မှထသွားလေသည် ။

ဟီဂျင်က ဤသို့ခက်ခဲစွာတွေ့ခွင့်ရသည့်အခွင့်အရေးကိုအဆုံးရှုံးခံမည်တဲ့လား ။ ယွမ်လိရန်ထသွားသည်နှင့် ဟီဂျင်လည်းဆိုဖာမှအမြန်ထကာ သူမထက်အရပ်ပိုရှည်သည့် အယ်လ်ဖာခါးကိုပြေးဖက်သည် ။

“ မနှင်ထုတ်လိုက်ပါနဲ့....ဒီလိုပြန်တွေ့ရဖို့ကိုအကြာကြီးစောင့်ခဲ့ရတာမလို့ အဝေးရောက်အောင်ထပ်ပြီးမတွန်းထုတ်ပါနဲ့တော့ ”

အချိန်အဝောာ်ကြာထိန်းချုပ်ထားသည့်မျက်ရည်တို့က ယွမ်လိရန်၏ကျောပြင်ထက်တွင်ကျဆင်းလျက် ။ အောင့်အီးထားသည့် ငိုငြီးသံတို့ကလည်း ခပ်တိုးတိုးနှင့် ဧည့်ခန်းမအလယ်တွင်ထွက်ပေါ်လျက်ရှိသည် ။

“ လိရန်...လိရန်လည်း ညီမကိုမခွဲနိုင်မှန်းသိပါတယ်...ညီမကလေ ဘဝတစ်လျှောက်လုံးလိမ္မာခဲ့တာမလို့ ဒီတစ်ခါတော့မိုက်ရူးရဲဆန်ကြည့်ချင်တယ်...ထယ်ဟီးနဲ့အားလုံးကိုအားနာမိပေမဲ့ လိရန်နဲ့သူစိမ်းတွေမဖြစ်ချင်ဘူး ”

ရှိုက်ငိုသံကြား ထွက်ပေါ်လာသည့်စကားလုံးတို့က ယွမ်လိရန်၏တင်းခံထားသည့်စိတ်တို့အားပြိုပျက်စေသည် ။ သူမရဲ့ကလေးလေး ဒီလောက်နာနာကျင်ကျင်ငိုနေတာ သူမနှလုံးသားကဒီထက်မာကျောနိုင်ပါတော့ဦးမလား ။ ခါးထက်၌တင်းကျပ်စွာဖက်တွယ်ထားသည့် လက်တစ်စုံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီးနောက် ယွမ်လိရန်တစ်ယောက် ဟီဂျင်ဖက်သို့ပြန်လှည့်ကာ ငိုနေသူလေးအားရင်ခွင်ထဲဆွဲသွင်းလိုက်သည် ။

“ ကောင်းပြီ...ခွင့်ပြုတယ်...ဟီဂျင်လေး ဘယ်လောက်မိုက်ရူးရဲဆန်နိုင်မလဲဆိုတာကို ကိုယ်ကြည့်နေမယ် ”

ယွမ်လိရန်၏ရင်ခွင်ထဲ၌သာမက ဖယ်ရိုမုန်းတို့နှင့်ပါထွေးပွေ့ခံထားရသည့် ဟီဂျင်ကတော့ စိတ်လှုပ်ရှားမှုများစွာဖြင့် “အင်း” တစ်လုံးမှလွဲ၍ အခြားစကားမဆိုနိုင်တော့ချေ ။ သူမ၏ပထမဆုံး heat ကာလကရောက်လာပြီဖြစ်နိုင်၏ ။ ယွမ်လိရန်၏ဖယ်ရိုမုန်းများကြား သူမ၏ပြင်းထန်လှသည့် ချိုမွှေးမွှေးဖယ်ရိုမုန်းရနံ့ကပေါက်ကွဲထွက်လာသည် ။ ဟီဂျင်၏ပြောင်းလဲမှုကိုခံစားသိရှိလိုက်သည့် ယွမ်လိရန်က ပျော့ခွေနေပြီဖြစ်သည့် ဟီဂျင်ကိုပွေ့ချီလိုက်ကာ တတိယထပ်သို့ခေါ်ဆောင်သွားသည် ။

ထိုနေ့မှစ၍ ခုနစ်ရက်ပြည့်သည့်တိုင် အိမ်ကြီး၏ရှင်သခင်ရော ၊ ဧည့်သည်အမျိုးသမီးလေးပါ အခန်းထဲမှထွက်မလာခဲ့ချေ ။ အိမ်တော်မှလုပ်သားများကတော့ သဘောပေါက်စွာနှင့်ပင် အနှီကိစ္စအားမမြင်သကဲ့သို့ပင်သဘောထားကြသည် ။

နောက်လာမည့်နေ့ရက်များကတော့ မိသားစုတွင်းအနည်းငယ်ဆူပူမှုဖြစ်သွားမည့်ကိစ္စများသာ ။ ဖီလာအားဖြင့် ၎င်းကဖြစ်ကိုဖြစ်လာနိုင်သည့်ကိစ္စရပ်ပင်ဖြစ်လေ၏ ။

-------------------

Side couple ဤတွင်ပြီး၏ ။ နောက်အပုဒ်တွေများမှာ SC မထည့်တော့ပါ ') SC အကြောင်းတွေရေးရင် အာရုံမရတော့လို့ အတော်လေးကိုကြာသွားတယ်ရှင် ။ ဒီအပိုင်းကိုလည်းအားမရပါဘူး ။ ပြီးတော့လေ feedback တွေကို reply ပြန်ချင်ပေမဲ့ ဖုန်းက error ဖြစ်တာထင်တယ် reply ပြန်လို့မရဘူးရှင့်

Continue Reading

You'll Also Like

10.2M 600K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
91K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
33.3K 5.2K 16
jeon jungkook x kim taehyung side couple - binhao (zb1) Started Date ~ Jan 6 , 2024 Ended Date ~