ဒါဒါလေး အပိုင်းဆက်မှော်လောကဇာ...

By Swae_Nyoe

53.9K 5.3K 180

#ဘာသာပြန် မဟုတ်ပါ# ရေးသားဖန်တီးသူ - စွဲညို့ ဟယ်ရီပေါ်တာ၊ Halo..၊ Underworld..၊ ပြီးတော့ Marlin.. နောက်ထပ်... More

Unicode
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
တယ်လီဂရုလေး ရရှိပါကြောင်း...
အပိုင်း (၆)
အပိုင်း (၇)
အခန်း (၈)
အခန်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အခန်း (၁)
အခန်း (၂)
ဗယ်လင်တိုင်းဒေးပရိုမိုးရှင်း
အခန်း (၃)
အခန်း (၄)
ပရိုမိုးရှင်း
အခန်း (၅)
အခန်း (၆)
အပိုင်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
☘️သင်္ကြန်ပရိုမိုးရှင်း
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း (၂၆)
အခန်း (၂၇)
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️

အခန်း (၁၆)

51 4 0
By Swae_Nyoe

16 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၁၆)

နှေးကွေးသော ခြေလှမ်းတို့နှင့် အိပ်ဆောင်အနီးသို့ ရောက်လာတော့.. ဒါလေး ပုခုံးလေးအား.. လက်အေးအေးဖြင့် လှမ်းပုတ်လိုက်ကို ခံလိုက်ရ၏။

"ဘုတ်.. ဘုတ်.."

"အား!!.."

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒါလေး အသံကုန်အောင် အော်ပစ်လိုက်မိသည်။ သူ့ကို မလှပဘူးဟု ပြောဆိုခြင်းအား မနှစ်သက်သော သရဲမလေး ဒယ်ဇီ..၊ ဒါလေး ဒီဝိဉာဉ်မလေးနှင့် မရင်းနှီးပေ။ ထို့ပြင် သူ့ကို ကြောက်တတ်သေးသည့် အပြင်.. အခုလို လက်အေးနှင့် ထိတွေ့လာမှုက သွေးပျက်မတတ်ပင် ခံစားလိုက်ရသည်။

သို့သော် ဒါလေး ဖြစ်ပျက်သွားတာကို ဒယ်ဇီက နားမလည်ပဲ.. သူမဖာသာ ဝမ်းနည်းစွာ ငိုကြွေးဖို့ ဆိုင်းပြင်းနေသည်။ ဒါလေး ထိုဝိဉာဉ်မလေးကို ဘယ်လို ချော့ရမလဲ ဆိုသည့် အတွေးနှင့် ခေါင်းကုတ်လိုက်မိသည်။

"ဟိုင်း.. ဒယ်ဇီ.. ညအိပ်မပျော်လို့လား.."

အသံနှင့် အတူ ဆယ်ဆာဗန်၏ ရေတံခါးက ပွင့်သွားကာ.. ဒရက်က ရောက်လာ၏။ ဒရက် ရောက်လာပြီ ဆိုမှ ဒယ်ဇီက ဒါလေးကို တအံ့တသြဖြင့်..

"ငါမင်းကို ထိတွေ့လို့ ရတယ်.."

"ဟုတ်တယ် မင်းလက်တွေက အေးစက်နေတာလဲ.."

"အေးစက်နေမှာပေါ့ ငါက အမ်မာ.. ဒရယ်ဆန် ကျိန်စာနဲ့ သေဆုံးခဲ့တာကိုး.."

"အမ်မာ ဒရယ်ဆန်.. ဟုတ်လား.. မင်းကို သတ်တဲ့သူက ရက်စက်လိုက်တာ.."

အမ်မာ ဒရယ်ဆန် ဆိုတာက တစ်ကိုယ်လုံးရှိ အသွေးအသားများ အေးခဲ သွားစေပြီးနောက် ပေါက်ကွဲစေသည့် ကျိန်စာ ဖြစ်သဖြင့် ဒရက်က ထိုသို့ ဆိုသည်။ ဒရက် ပြောလိုက်ကာမှ သူမက ပိုပြီး ဝမ်းနည်းသွားဟန်ဖြင့် ငိုကြွေးလေတော့သည်။

"ဟုတ်တယ် ရက်စက်လိုက်တာ ငါ့ကို ဘယ်သူက အဲ့လို သတ်သွားလဲ ဆိုတာကို မသိလိုက်ရတဲ့ ငါက အရမ်းသနားဖို့ ကောင်းတာပဲ.."

"ဟုတ်တယ် ငါ့ကို သတ်သွားတဲ့ သူကို ငါမသိလိုက်ရဘူး.. ငါ့နားထဲမှာ အမ်မာ ဒရယ်ဆန် !!.. ဆိုတဲ့ ဆိုးရွားတဲ့ ကျိန်စာကို ကြားလိုက်ရပြီး ရုတ်တရက် သတိလစ်သွားခဲ့တယ်.. ငါ ပြန်သတိရလာတော့.. ငါ့ဝိဉာဉ်က ငါ့ခန္ဓာကိုယ်နဲ့ ကင်းကွာပြီး.. အခုလို ဖြစ်နေပြီ.. ငါ့ခန္ဓာကိုယ်ကိုတောင် အခုထိ ငါရှာမတွေ့သေးဘူး.. အီးဟီး.. ဟီး.."

"မင်းရဲ့ ခန္ဓာကိုယ်ကို တခြားသူတွေက ကောင်းကောင်း သဂြိုလ်ပေးမှာပါ မင်းစိတ်မပူပါနဲ့.."

"ငါဟာ ရုပ်ပျက် ဆင်းပျက် သေဆုံးခဲ့တာလား ဒါမှမဟုတ် လှလှပပ သေဆုံးခဲ့တာလား ဆိုတာကိုတောင် ငါမသိခဲ့ဘူး.."

"မင်းရဲ့ ရုပ်အလောင်း ထားတဲ့ နေရာကို မင်းက ဆရာကြီး ဘာဘဲလ်လာကို မမေးဘူးလား.."

"ငါသေတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆိုတော့ ဆရာကြီး ဘာဘဲလ်လာက ငါ့ရုပ်အလောင်းကို တွေ့ဖူးမှာ မဟုတ်တာ သေချာတယ်လေ မေးတော့ရော ဘာဖြစ်နိုင်မလဲ.."

"မင်း သေတာ အဲ့လောက်ကြာပြီလား.. မင်းက ဘယ်ကျောင်းအုပ် လက်ထပ်မှာ သေဆုံးတာလဲ.."

"ငါက ကျောင်းအုပ်ကြီး ဒီဂဲလ် လက်ထပ်မှာ သေဆုံးခဲ့တာ ငါသေတော့.. သူတို့ မောင်နှမတွေ အားလုံး သေဆုံး နှစ်နှစ်လောက်ထိ ငါက ဒီကျောင်းမှာ နေနေခဲ့တယ်.. နောက်တော့ ကျောင်းသားတွေကို ငါက စာသင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်.. အဲ့နေ့ ညမှာ ရုတ်တရက်ကြီး ငါက သေဆုံးခဲ့တယ်.."

"မှော်ဆရာကြီး ဒီဂဲလ် လက်ထပ်ကတည်းက ဆိုတော့ ကြာပြီပဲ.."

ထိုအခါ ဒယ်ဇီက အားနည်းစွာ ခေါင်းညိတ်ပြသည်။ ပြီးနောက်တွင်မှ..

"ဟုတ်တယ် ကြာနေပြီ.. နှစ်နဲ့ ရေတွက်ရင် ထောင်စုနှစ်နဲ့ တွက်ရမယ်.. ထောင်စုနှစ် ကိုးခု ဖြတ်ကျော်လာခဲ့ပြီးပြီ.."

"မင်း ဒီကျောင်းကလွဲပြီး တခြားကို မသွားဘူးလား.."

"မသွားပါဘူး ငါတို့က လောက မတူဘူးလေ.. ငါတောင်မှ ဒီကျောင်းမှာ မို့သာ.. နေခွင့်ရတာ ဆယ်ဆာဗန်က သဘောကောင်းတဲ့ မိန်းကလေးမို့လေ.. မဟုတ်ရင် ငါ့ကို လက်ခံမယ့်သူ ရှိမှာ မဟုတ်ဘူး.."

ထိုအခါ ဒါလေး ပို၍ မျက်လုံး ပြူးသွား၏။

"မင်းက ဆယ်ဆာဗန်နဲ့လည်း ခင်မင်တယ်ပေါ့.."

"အင်းလေ.. တကယ်လို့ ဒီဗယ်ဖော့စ်သာ မသေဘူး ဆိုရင် ငါတို့က သမီးယောင်းမတွေ ဖြစ်လာမှာ.."

"ဘာ!!.."

"တကယ် ..!!.. အဲဒါ တကယ်ကြီးလား.."

ဒါလေးရော ဒရက်က တအံ့တသြ ဖြစ်သွားလျက်.. အသံပြိုင်တူ ထွက်သွားမိသည်။ ဒယ်ဇီက နောက်သို့ ရွေ့လျားသွားပြီးနောက်..

"ဟုတ်တယ် ငါ့ချစ်သူက တရားမျှတပြီး ကြင်နာတတ်တယ် စူးစမ်းလေ့လာတတ်တယ်.. ပြီးတော့.. စစ်မှန်တဲ့ မှော်သွေးသား ဖြစ်တယ်.. ပြီးတော့.. ပြီးတော့.. ပြောလို့ မရနိုင်တဲ့ စိတ်ရင်းကောင်းတွေ အများကြီး ရှိတယ် ဒါပေမယ့် သနားစရာ ကောင်လေးပါ.."

"ဒီဗယ်ဖော့စ်လား.."

16 02

"အင်း ဟုတ်တယ်.. သူမရှိတော့ပါဘူး.. သူမရှိတော့တာ ကြာပြီ.. သူမရှိတော့တာတောင် ငါက ဒီမှာ နေနေရတယ်.. အကြောင်းပြချက်လည်း မရှိပါကွယ်.."

ဒယ်ဇီက သူမဖာသာ ပြောချင်တာတွေဆို သေးငယ်သော အသံလေးဖြင့် သီချင်းလုပ်ကာ ဆိုပြီး အနားမှ လှည့်ထွက်သွားဖို့ ပြင်သည်။ ဒါလေး မေးချင်သေးတာ ရှိသေးတာမို့ အရဲစွန့်ကာ သူမပုခုံးအား လှမ်းကိုင်လိုက်တော့.. အေးစက်သော ရေခဲကဲ့သို့သော အထိအတွေ့ကို ခံစားလိုက်ရသည်။ ဒါလေး ကြောက်လန့်စွာ ပြန်နောက်ဆုတ်လိုက်တော့.. ဒယ်ဇီက တအံ့တသြ မျက်နှာဖြင့် ပြန်လှည့်လာပြီး..

"မင်းငါ့ကို ထိတွေ့လို့ ရတယ်.. မင်းက သေပြီးသားလား.."

"ဘာ!!.. ဒါလေး မသေသေးပါဘူး.."

"ထူးဆန်းစွာပဲ မင်းက ငါ့ကို ထိတွေ့လို့ ရတယ်တဲ့.. ဟိုးလွန်ခဲ့တဲ့ ထောင်စုနှစ်တွေ ကတည်းက.. ငါ့ကို ဘယ်သူမှ ထိတွေ့လို့ မရဘူး.. မြင်တွေ့နိုင်ပေမယ့် ထိတွေ့လို့ မရဘူး မင်းက ငါ့ကို ထိတွေ့လို့ ရတယ်.. ဒါက အိပ်မက်လား အိပ်မက်တော့ မဖြစ်နိုင်ပါဘူးလေ.. ငါက အိပ်ဖို့မှ မလိုတာ.. အိပ်လည်း မအိပ်ဘူး.."

"ဒါဆို မင်း မှော်ဆရာမ ဂီဂီကို မြင်ဖူးလား.."

ထိုအခါ ဒယ်ဇီက ထိတ်လန့်မှု လွန်ကဲနေသော မျက်နှာထားသို့ ပြောင်းသွား၏။ ပြီးနောက်တွင် ဒါလေးအနားမှ ထိတ်လန့်စွာ ရွေ့လျားသွားနေရင်း..

"သေးငယ်တဲ့ သွားတွေ.. တောက်ပပြီး အစိမ်းရောင်မျက်လုံးတွေ ချွန်ထက်နေတဲ့ နှာခေါင်းရယ် ပါးလျလျ နှုတ်ခမ်းတွေ.. ကော့တက်လာတော့မလို မေးစေ့တွေက ရုပ်ဆိုးတယ်.. ဒါပေမယ့် သူမက သူ့အမေလေ.. ငါသူ့ကို ကြောက်တယ်.. ကြောက်ခဲ့တယ်.. ကျိန်စာ တစ်ခု ရွတ်ဆိုတိုင်းမှာ ငါတို့ ဒီမွန်းမျိုးနွယ်က လူတွေ တဖြုတ်ဖြုတ် သေဆုံးကြရတယ်.. သူမက ဒီမွန်းမျိုးနွယ် မဟုတ်ပဲနဲ့ အသွေးကို စားသုံးတယ်.. စူးရှတဲ့ အသံကို ကြားလိုက်ရပြီး နောက်ရက်ဆို သေဆုံးမှုတွေ ဖြစ်ပေါ်လာတတ်တယ်.. ငါကြောက်တယ် ငါကြောက်တယ် သွားပြီ သွားပြီ.. သေကုန်ပြီ သေကုန်ပြီ.."

ဒယ်ဇီက အော်ဟစ်ကာ ပြေးလွှားသွားလိုက်တော့၏။ ဒါလေး စိတ်ညစ်သလို ဖြစ်သွားတာကို ဒရက်က..

"ငါတို့ အိပ်ကြစို့လေ.. ဒုတိယနှစ် အထပ်က ဘယ်သူမှ မရှိဘူး.."

"ငါ အဖြေတစ်ခုခုတော့ ဒယ်ဇီ ဆီကနေ ရနိုင်မယ် ထင်တယ်.."

"ကောင်းပြီ ငါတို့ နောက်မှ ဖြည်းဖြည်း ရှာဖွေတာပေါ့.. အိပ်စို့.."

ဒရက် နောက်ကနေ လိုက်ဝင်လာပြီး အိပ်ရာပေါ်သို့ ရောက်တဲ့ အထိ ဒါလေး မအိပ်နိုင်ပဲ မိုးလင်းသွားခဲ့သည်။ မနက်သို့ ရောက်တော့ မှင်စာ ရွာမှ ပြန်လာသော ကျောင်းသားများက ဆူဆူညံညံဖြင့် ဆယ်ဆာဗန် အတွင်းသို့ ဝင်လာခဲ့သည်။ ထိုနေ့က အတန်းတွေ ပိတ်ထားတာမို့ ဒါလေး ဒရက်နှင့် နယ်လီတို့ အတန်းတက်ရန် မလိုပဲ အားလပ်နေသည်။

နယ်လီက ဒါလေးကို တွေ့လိုက်သည်နှင့် အနားသို့ ပြေးဝင်လာပြီး..

"ဒါလေး မင်းသိလား.. မင်းပြန်သွားပြီးတာနဲ့ မိစ္ဆာအုပ်စုက လမ်းကြောင်းလွဲပြီး ရောက်လာတယ်.. ဒါပေမယ့် ရွာတောင်ပိုင်းမှာက မိစ္ဆာနှင်ပင်တွေ စိုက်ထားတော့ မထိခိုက်ဘူး.. ရွာမြောက်ပိုင်းကတော့.. ထိခိုက်သွားတယ်.. အိမ်တွေ အကုန် ပျက်စီးသွားတယ်.."

"ဟုတ်လား.."

"ဒါပေမယ့် လူတွေတော့ ဘာမှ မဖြစ်သွားဘူး.. မင်းရဲ့ အမေ မေမေမိုယာနဲ့ မေမေသော်တာက ညမှောင်တာနဲ့ မိစ္ဆာနှင်ပင် အခင်းထဲကို အားလုံးကို ဆင်းနေခိုင်းတာ ဆိုတော့ ငါတု့ိ အားလုံး ဘာမှ မဖြစ်သွားဘူး.."

"ဆိုးဝါးလိုက်တာ.. ဘယ်လို ဖြစ်ပြီးတော့ ရေခဲတံတိုင်းကို ကျော်ဝင်လာတာလဲ.."

"အခုတော့ လူကြီးတွေ ကျန်နေခဲ့တယ် သူတို့ ပြောတာကို ကြားရတာက ဘီဂတ်စ်တွေနဲ့ မိစ္ဆာအုပ်စုကို ထိန်းချုပ်သူတွေ ပူးပေါင်းသွားတာလို့ ကြားတယ် ငါတို့ကို မြန်မြန် ပြန်ခိုင်းခဲ့တာ ညတွင်းချင်း ငါတို့ ခရီးနှင်ခဲ့ရတာလေ.."

"မေမေမိုယာနဲ့ မေမေသော်တာကရော.."

16 03

"ဆရာ ဂီဆန်တဲ့ အတူတူ ကျန်နေခဲ့တယ်.. သူတို့ ဖြေရှင်းဖို့ ရှိတယ် ထင်တယ်.. ရွာက တစ်ဝက်လောက် ပျက်စီး သွားတာ.."

"ဒါနဲ့ မိစ္ဆာအုပ်စုရဲ့ ထိန်းချုပ်သူကို သိခဲ့လား.."

"သူတို့ တီးတိုးပြောနေကြတာကို ငါက ခရုလွတ်ပြီး နားထောင်ခိုင်းတာ.. ဒါပေမယ့် ငါ တစ်ခွန်းပဲ ကြားလိုက်ရတယ် ခရုတွေက နှေးတယ်လေ.."

"အရေးကြီး သတင်းကို ခရုလွတ်ပြီး နားထောင်ခိုင်းရသလား နယ်လီရယ်.."

"ငါလည်း.. နောက်မှ မှားသွားမှန်း သိလိုက်တာ.. သူတို့ ပြောနေတာက မိစ္ဆာအုပ်စုရဲ့ ထိန်းချုပ်သူက မှော်ဆရာ ဂိုးလ် ဖြစ်နိုင်တယ်တဲ့ သူက မှင်စာ ရွာနားမှာ တစ်ခုခုကို အသည်းအသန် လိုက်ရှာနေတာလို့ ကြားတယ်.."

"တစ်ခုခုကို ဟုတ်လား.."

"ဟုတ်တယ်.. အဲ့လိုပဲ ကြားလာတာ.. ဒါပေမယ့် သူရှာနေတာ ဘာမှန်း မကြားလိုက်ရဘူး.."

ဒါလေး အတွေး လက်ခနဲ ဖြစ်သွားပြီး.. ဒရက်ထံသို့ အကြည့် ရောက်သွား၏။

"သူ ရှာနေတာ သက်စောင့်ဂူ ဖြစ်နေရင် ဘယ်လို လုပ်မလဲ.."

ဒရက်က မျက်မှောင် တစ်ချက် ကုတ်သွားပြီနောက်..

"ငါလည်း အဲဒါကို တွေးနေတာ.."

"သူရှာနေတာ သက်စောင့်ဂူ ဆိုရင်.. သူဘာလုပ်မလို့လဲ.. ဆိုတာကို ငါတို့ သိထားဖို့ လိုတယ်.."

"မဟုတ်သေးဘူး.. တကယ်လို့ ဂိုးလ်က.. မင်းသာ သက်စောင့်ဂူကို စေခိုင်းနိုင်မှန်း သိသွားရင် မင်းအတွက် မလွယ်ဘူး ဒရက်.. ငါတို့ ဆရာကြီးကို ပြောပြသင့်တယ်.."

"နေအုံး.. သူသိပြီးသား ဖြစ်လောက်တယ်.. သက်စောင့်ဂူ.. ဖန်တီးမှုကို သူနားလည်ပြီးသား ဆိုရင် သက်စောင့်ဂူထဲက ထွက်လာနိုင်တဲ့ အကြောင်းရင်းက ဂူရဲ့ အစောင့်အရှောက်ပဲ လုပ်နိုင်တာ ဆိုတာကို သူ သိနှင့်ပြီးသား ဖြစ်လောက်တယ်.."

"ငါတို့ ဘယ်လိုလုပ်မလဲ.. ဒရက် မင်းအန္တာရယ် ရှိနိုင်တယ်.."

"မင်းတို့ စိတ်မပူပါနဲ့.. သူက မှော်အုပ်ချုပ်သူ ဖြစ်တုန်းကတောင် ငါ့ကို ဘာမှမလုပ်နိုင်တာ အခုလည်း သူ ငါ့ကို တစ်ခုခု လုပ်နိုင်မှာ မဟုတ်ပါဘူး.."

"ဒါပေမယ့် မင်း မပေါ့သင့်ဘူး.. လာ ငါတို့ ဆရာကြီးကို သွားပြောကြမယ်.."

"နယ်လီ နေအုံး နယ်လီ.."

နယ်လီကို အော်ခေါ်လိုက်သော်လည်း.. နယ်လီကတော့ အလောတကြီး ပြေးထွက်သွားလေပြီ။

"ဆရာကြီး.. ဆရာကြီး!!.."

ဆရာကြီး ရှိနေနိုင်သော ကျောင်း၏ ပင်မ ရုံးခန်းပေါ်သို့ တောက်လျှောက် ပြေးတက်လာပြီးနောက်.. အော်ခေါ်လိုက်တော့ ဆရာကြီးက ရေနွေးခရား တစ်ခုကို ကိုင်လျက် အရှေ့သို့ ထွက်လာသည်။ ပြီးမှ..

"အရေးကြီး ကိစ္စရှိလည်း ဖြည်းဖြည်းလာလို့ ရပါတယ် မှင်စာလေး.."

"ဆရာကြီး ကိစ္စက အရေးတကြီး ဟုတ်ပါတယ်.."

"ဖြည်းဖြည်းပြော.."

ဆရာကြီးက နှစ်သိမ့်လိုသော အပြုံးနှင့်.. ဖြည်းဖြည်း ပြောရန် ဆိုသည်။ ပြီးနောက်တွင်..

"ပြီးတော့ ဘာလို့ ဒီလောက် လောကြီးဖို့ လိုလို့လား.."

"အင်း.. ဟုတ်ပါတယ် ဆရာကြီး လောကြီးဖို့ လိုပါတယ်.. ဆရာကြီး သိလား မှော်ဆရာဂိုးလ် လိုက်ရှာနေတဲ့ သက်စောင့်ဂူက.. ဒရက်က စောင့်ရှောက်ခွင့် ရထားတယ်.."

နယ်လီ၏ အလောတကြီး ပြောဆိုလိုက်သော စကားကို ဆရာကြီးက ငြင်သာစွာ တစ်ချက်ပြုံးသည်။ ထို့ကြောင့် ဒရက်က..

"ဆရာကြီး သိပြီးသားလား.."

ဆရာကြီးက ခေါင်းညိတ်သည်။ ပြီနောက်မှ ဒါလေးနှင့် ဒရက်တို့အား ကြည့်လိုက်ပြီးမှ..

"ဟုတ်တယ် အရင်ကတော့.. စိတ်ထင့်နေတာ ဒါဒါလေးများ လက်ခံ ရခဲ့တာလားလို့.. ဒါပေမယ့် ဒါလေးမဖြစ်နိုင်ဘူး ဆိုတာကို.. ပြန်တွေးလိုက်မိတာ.. မင်းတို့ စိတ်ပူနေသလိုမျိုး ရေပေါ်ကျောင်းက ကျောင်းသား တစ်ဦးကို အန္တာရာယ် ဖြစ်ခွင့် မပေးပါဘူး စိတ်ချပါ.."

16 04

"ဟုတ်.. ဆရာကြီး.."

နယ်လီက ထိုသို့ ပြောလိုက်ပြီးနောက်တွင် နောက်သို့ ဆုတ်သွား၏။

"ဒရက် စိတ်ချ လက်ချ အိပ်လို့ ရတယ်.."

"ဟုတ်ကဲ့ပါ ဆရာကြီး.."

"ဒါနဲ့.. မင်းတို့ မှင်စာရွာက ကျောင်းသားတွေ စောင့်ရှောက်ခဲ့တဲ့.. အိမ်ရှင်တွေက.. အခု ရွာကို ပြန်ပြင်နေတဲ့ အချိန်မှာ.. ကျောင်းမှာ ခဏ တည်းခိုမှာ ဆိုတော့ မင်းတို့ သွားတွေ့ချင် ကျောင်းစိုက်ခင်းမှာ သွားတွေ့နိုင်တယ်.."

"တကယ်လား!!.."

တကယ်လား ဆိုပြီး ဝမ်းသာအားရဖြင့် ဒါလေး ကျောင်းစိုက်ခင်းသို့ ပြေးလာခဲ့မိသည်။ တကယ်က ရွာအတွင်းမှာ ဘယ်သူတွေ ထိခိုက်သွားမလဲဟု ပူပန်မိခြင်း ကြောင့်သာ ဖြစ်သည်။

ပြေးလွှားလာမိပြီးမှ မှင်စာတွေ ကျောင်းစိုက်ခင်းတွင် အလုပ်လုပ်နေကြတာကို တွေ့လိုက်မှ ဟင်းခနဲ သက်ပြင်းချလိုက်ပြီး.. နယ်လီ၏ အမေထံသို့ ပြေးသွားပြီး..

"အန်တီ တစ်ခုခု ဖြစ်သွားသေးလား.."

"မဖြစ်ဘူး.. တော်သေးတယ်.. သိလား.. မဟုတ်ရင်.. ငါတို့တွေ သေတော့မလို့.."

"အခုလို မြင်လိုက်ရတာ ဝမ်းသာလိုက်တာ.. ဒါလေး စိတ်ပူနေတာ.."

"ဘယ်သူမှ.. ဘာမှ မဖြစ်လိုက်ဘူး မှော်လောက အစောင့်အရှောက်တွေက.. သေချာ ဂရုစိုက်ပြီး.. နေရာရွေ့ပေးထားတယ်.."

"ဘယ်လိုပဲ ဖြစ်ဖြစ်.. ဘယ်သူမှ ဘာမှ မဖြစ်သွားတာ မဆိုးဘူးလို့ ပြောရမယ်.."

ဒရက်က အနားသို့ ရောက်လာတော့ မှင်စာတွေ အကုန်လုံးက တိတ်ဆိတ်သွားပြီး ဒရက်အား လှည့်ကြည့်ကြသည်။ ဒရက်က ခြေလှမ်းတွေ တုန့်သွားပြီးမှ..

"ကျွန်တော် နေရာမှားပြီး ရောက်လာတယ် ထင်တယ်.. ခွင့်ပြုပါအုံး.."

ဒရက်က ပြန်လှည့်ထွက်သွားခါနီးတွင်မှ အနားသို့ လျင်မြန်စွာ ရောက်လာသော လူတစ်ဦးကို တွေ့လိုက်ရသည်။ ဒါလေး တအံ့တသြဖြင့် ထိုသူအား လှည့်ကြည့် လိုက်မိသည်။ ပြီးနောက်တွင် ဒေါသတွေရော ပြီးတော့.. ဆို့နစ်မှုတွေပါ ခံစားလိုက်ရ၏။ ထိုသူက..

"ဒရက်.. ငါတို့ ဒါလေးကို တစ်နေရာရာမှာ ဖွက်ထားမှာ ဖြစ်မယ် မင်းပဲ လုပ်နိုင်မှာ.."

"ဘာ!!.."

@@@@@@@@@@@

Continue Reading

You'll Also Like

11.2K 1.3K 15
Horror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည...
813K 148K 163
Title - ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ Happy Ending Both Zawgyi & Unicod...
225K 47K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
57.4K 7.1K 172
sequel of (1394 to final)