Unicode
လေးရာသီဟိုတယ်၌
"သူဌေး၊ မကြာသေးခင်က ကျွန်တော့်ကို ရှာခိုင်းထားတဲ့ကိစ္စလေ တိုးတက်မှုတစ်ချို့ရှိတယ်။ ကျန်းစီလျန်နှင့် သူ့လက်ရှိဇနီးတို့ ရန်ပွဲကြီး ဖြစ်ခဲ့တယ်။ အခုသူတို့တွေ ကွာရှင်းပြတ်စဲလိုက်ကြပြီး ယွမ်ယီ့ဆွေမျိုးတွေဆီမှာ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်။ သူတို့တွေက ကားမတော်တဆမှုတစ်ခုမဟုတ်တစ်ခု ဖြစ်ခြင်း ဒါမှမဟုတ် သတင်းပို့ခံရပြီး ထောင်ချခြင်းတွေ ခံနေရတယ်။ အိုး ဟုတ်သားပဲ။ ကျန်းစီလျန်ဇနီးဟောင်းလဲ ပြန်ရောက်လာပြီး ယွမ်ယီကို စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်ပြီ"
ချန်စုန်ပင်သည် သူ့မေးစေ့ကို ထိကာ "ဒီလောက်မြန်မြန်ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး"
ထိုသူက လေယာဥ်ပေါ်တွင် ယဲဖန်ဘေး၌ ထိုင်ခဲ့သည့် လူအိုကြီးဖြစ်လေသည်။
"သူဌေးကျန်းက သူ့လက်ရှိဇနီးနဲ့ ကွဲလိမ့်မယ်ဆိုတာ သူဌေးက ဘယ်လိုလုပ်သိတာလဲ"
ချန်စုန်ပင်က ပြုံးကာ "ကျပန်း ခန့်မှန်းလိုက်ရုံတင်ပါပဲ။ လေယာဥ်ပေါ်မှာ အရည်အချင်းရှိတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျန်းစီလျန်သာ မညံ့ဘူးဆို မကြာခင် သူ့မိသားစုမှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ။ ဒီလူငယ်က တကယ်ကို တစ်ခုခုပဲဆိုတာ မထင်ထားခဲ့မိဘူး"
"ကျန်းစီလျန်ဇနီးဟောင်း ပြန်လာတဲ့ပုံပဲ။ သူတို့နှစ်ယောက်ကွာရှင်းခဲ့တုန်းက ရန်သူတွေဖြစ်သွားခဲ့ပေမဲ့ အခုကြည့်ရတာတော့ အဆင်ပြေနေတဲ့ပုံပဲ"
ချန်စုန်ပင်က မေးလိုက်၏ "မင်း ခရီးသည်တွေအချက်အလက်ရှာလို့ရခဲ့လား"
"သူဌေး လေယာဥ်ပေါ်မှာ သူဌေးဘေးမှာထိုင်တဲ့လူကို ယဲဖန်လို့ခေါ်တယ်။ သူ့နောက်ခံက နည်းနည်းတော့ ထူးဆန်းတယ်။ သူက စီမြို့တော် ယဲမိသားစုက ဖြစ်ပြီး အရှုပ်အရှင်းတစ်ခုကြောင့် မိသားစုကနေ နှင်ထုတ်ခံထားရတာ။ သူ့မိခင်ကတော့ ဝူမိသားစုကပဲ။ ပြီးတော့ ပိုင်မိသားစုက တတိယသခင်လေးနဲ့လဲ ရင်းနှီးတဲ့ပုံပဲ။ ဒီရက်ပိုင်းတွေမှာ မစ္စတာပိုင်ရဲ့ရုံးခန်းထဲကို မကြာမကြာဝင်ထွက်နေခဲ့တယ်"
ချန်စုန်ပင်က အနည်းငယ် တွေးကာ "ဒီကလေးက အရည်အချင်းတော်တော်ရှိတဲ့ပုံပဲ။ ပိုင်ယွင်ရှီနဲ့တောင် အဆက်အသွယ်ရှိတယ်"
.......
လမ်းမပေါ်၌ ယဲဖန်ရှေ့တွင် တစ်ယောက်ယောက်က လာရပ်လေသည်။
"သခင်လေးယဲ မတွေ့ရတာ ကြာပြီနော်" ယန်ဖေးက ပျော်ရွှင်စွာ ပြောလာသည်။
"ယန်ဖေး မင်းပဲ။ အခုတလော ဘယ်လိုနေတုန်း" ယဲဖန်က မေးလိုက်၏။
"တော်တော်လေး အဆင်ပြေတယ်။ ဒါပေမဲ့ ဆရာကြီးရှောက်ကတော့ မပြေဘူး" ယန်ဖေးက ပြော၏။ ဆရာကြီးရှောက်က ရှေးဟောင်း သင်္ချိုင်းက ပြန်လာပြီးနောက် ယဲဖန်အကြောင်း ပြောသည့်အချိန်တိုင်း အံ့ကြိတ်နေမိသည်။
ယဲဖန်က အလေးအနက်တွေးလိုက်ကာ "တကယ်လား။ ဒါဆို ကျွန်တော် သူ့ဆီသွားလည်ပြီး နှစ်သိမ့်ပေးလိုက်မယ်လေ။ သူ့အသက်အရွယ်နဲ့ကို ဘာလို့ အတွေးအခေါ်ပိုင်းဆိုင်ရာအတန်းကို မယူခဲ့ရတာလဲ"
ယန်ဖေး "....." သူ့ကို နှိမ့်သိမ့်ပေးမယ်တဲ့လား။ ဒါဆို သူ့အခြေအနေက ပိုတောင်ဆိုးသွားလိမ့်အုံးမယ်။
"သခင်လေးယဲ မင်းက ဘယ်သွားမလို့လဲ" ယန်ဖေးက မေး၏။
"ကျွန်တော် အိမ်ဝယ်မလို့လေ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့တစ်လုံးပေါ့"
ယန်ဖေးက မျက်မှောင်ကြုတ်ကာ "အိမ်တစ်လုံးဝယ်ရင် ပိုက်ဆံအများကြီးကုန်ကျလိမ့်မယ်"
"ဟုတ်တယ်။ မကြာသေးခင်က ကျွန်တော် စီးပွားရေးနှစ်ခုလုပ်ခဲ့ပြီး ယွမ်သန်းတစ်ရာကျော်လောက် ရခဲ့တယ်လေ။ ဒါကြောင့် ကျွန်တော် ဝယ်နိုင်မယ်လို့တော့ ထင်တယ်" ယဲဖန်က ဆို၏။
ယန်ဖေးက သူ့အား မနာလိုစွာ ကြည့်ကာ "သခင်လေးယဲ မင်းဘာစီးပွားရေးမျိုးလုပ်တာလဲ"
ယဲဖန် "တကယ်တော့ အကြီးကြီးမဟုတ်ပါဘူး။ လူနာတစ်ချို့ကို ကုသပေးရုံပါပဲ"
"သခင်လေးယဲ ကျွန်တော့်ကိုလဲဆေးပညာတစ်ချို့လောက် သင်ပေးရင်ရော ဘယ်လိုလဲ။ ကျွန်တော်လဲ ပိုက်ဆံလိုချင်တယ်" ယန်ဖေးက မျက်တောင်ခတ်ရင်း ဆို၏။
ယဲဖန်က ခေါင်းခါရင်း "မင်းကို သင်ပေးလိုက်ရင် ကျွန်တော်က ငတ်သွားမှာပေါ့။ ဒါကြောင့် မသင်ပေးနိုင်ဘူး"
ယန်ဖေးက သဘောမတူစွာ "သခင်လေးယဲ မင်းက အရမ်းတော်တယ်လေ။ ကျွန်တော် မင်းဆီကနေ တစ်ခု၊နှစ်ခုလောက်ပဲ သင်ယူနိုင်မှာလေ။ ဒါက မင်းရဲ့စီးပွားရေးကို မထိခိုက်နိုင်ပါဘူး"
ယဲဖန်က သူ့အား စိုက်ကြည့်ရင်း "မင်းက 'အ' တယ်ဆိုတော့ ငါက ဘာလို့ သင်ပေးရမှာလဲ"
ယန်ဖေး "....." ဒီကောင်က တကယ့်ကိုပဲ.....ဒီကောင်က သူကိုယ်တိုင်ကတောင် ကောလိပ်ကနေဘွဲ့မရသေးပဲ သူ့ဘာသာ ပညာရှိအဖြစ် တကယ်ပဲ ထင်နေတာလား။
"သူဌေးရေ မင်းအိမ်ဝယ်ချင်တယ်ဆို ကျွန်တော်တို့ရဲ့ တစ်ပတ်ရစ်အိမ်ခြံမြေရောင်းဝယ်ရေးစင်တာဆီ ဘာလို့သွားမကြည့်ရတာလဲ" ယန်ဖေးက အကြံပြုလာ၏။
ယဲဖန်က ခေါင်းငြိမ့်ကာ "ကောင်းပြီလေ"
.......
ထို့နောက် ယန်ဖေးသည် သူ့အား တစ်ပတ်ရစ်အိမ်ခြံမြေရောင်းဝယ်ရေးစင်တာသို့ ခေါ်ဆောင်သွားကာ "သခင်လေးယဲ အိမ်အတွက် အထူးလိုအပ်ချက်များ ရှိသေးလား"
"ပထမဆုံး ယွင်ရှီကုမ္ပဏီနှင့် နီးရမယ်။ ဒါမှ အဲ့ဒီကို ကျွန်တော် မကြာမကြာ သွားလို့ရမှာ"
ယန်ဖေး "....." ဘာလို့လဲ။ မင်းက အဲ့ဒီမှာ အလုပ်မှမလုပ်တာ။
"ဒုတိယအချက်အနေဖြင့် စျေးမကြီးရဘူး။ မကြာသေးခင်က အိမ်စျေးက အရမ်းမြင့်လာတော့လေ"
ယန်ဖေး "....." လုပ်စမ်းပါ။ ဒါက မြို့တော်ကွ။ မကြာသေးမီနှစ်များအတွင်း ကုန်စည်စျေးနှုန်းတွေတောင် အလျင်အမြန် မြင့်တက်လာတာ။ အိမ်စျေးဆို ပြောမနေနဲ့တော့ကွ။
"တတိယအချက်အနေနဲ့ တိတ်ဆိတ်ရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မှော်လက်နက်တွေနဲ့ ဆေးတွေ ပြန်လည်သန့်စင်ဖို့ စီစဥ်ထားလို့လေ။ ဒီမှာ မတော်တဆတစ်ခုခု ဖြစ်ခဲ့ရင် လှုပ်ရှားမှုအကြီးကြီး ဖြစ်သွားလိမ့်မယ်"
ယန်ဖေး "....." ဒါက ဘယ်လိုငရဲတုန်းကွ။
"သခင်လေးယဲ မင်းရဲ့အခြေအနေသုံးချက်လုံးက ကျေနပ်မှုရဖို့ ခက်လိမ့်မယ်"
မြို့တော်ရှိ မြေစျေးတွေက မြင့်တက်လာနေသည်။ ပိုင်ယွင်ရှီကုမ္ပဏီတည်နေရာက မဆိုးပေ။ အနီးအနားရှိ အိမ်စျေးဆို ဘယ်လိုလုပ်စျေးပေါနိုင်မှာလဲ။ ပြီးတော့ သူက တိတ်ဆိတ်တဲ့နေရာလဲ လိုချင်သေးတယ်မလား။
ယဲဖန်က ခေါင်းငြိမ့်ကာ "ကောင်းပြီလေ။ ဆန္ဒသာရှိမယ်ဆို နည်းလမ်းကတော့ရှိလာမှာပဲ။ ကျွန်တော် တစ်လုံးတော့ရှာတွေ့မှာပါ"
ယန်ဖေး "....."
ယဲဖန်က လက်ကမ်းစာစောင်ကို လှန်ကြည့်ရင်း "ဒီတစ်ခုရဲ့စျေးက အဆင်ပြေသားပဲ။ ယွမ်သိန်းသုံးဆယ်ပဲ လိုအပ်တဲ့ ဗီလာတစ်လုံးလေ။ စတုရန်းမီတာ ၅၀၀/၆၀၀လောက် ရှိတယ်။ ပြဿနာတစ်ခုခု ရှိနေတာလား။ ဘာလို့ စျေးပေါနေရတာလဲ။ မြို့တော်မှာတောင် အရွယ်အစားတူပြီး ရပ်ကွက်တူတဲ့ နေရာက ဗီလာကိုတောင် ယွမ်သိန်းသုံးဆယ်နဲ့ ဝယ်လို့မရတာ။ ဒီတစ်ခုက အလကားနီးပါးရနေသလိုပဲ"
ယန်ဖေး၏အပြုအမူက ပြောင်းလဲသွားကာ "ကျွန်တော်သိတယ်။ ဒါက သရဲခြောက်တဲ့အိမ်လေ"
"သရဲခြောက်တဲ့အိမ်လား" ယဲဖန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်။ ဒီအိမ်ရဲ့ အရင်က ပိုင်ရှင်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလေ။ သူ့မှာ နောက်ခံကောင်းတဲ့သားမက်တစ်ယောက်ရှိတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့သားမက်ရဲ့မိဘနှစ်ဦးလုံးက မတော်တဆမှုတစ်ခုကြောင့် မမျှော်လင့်ပဲ သေဆုံးသွားကြတာ။ အဲ့ကတည်းက သူ့သားမက်မိသားစုက ဒုက္ခတွေ့တော့တာပဲ"
"ကုလားအုတ်ပိန်တစ်ကောင်က မြင်းထက်တော့ ပိုကြီးသလိုမျိုးပဲ ဒုတိယမျိုးဆက်သူဌေးသားက ပိုက်ဆံတွေအများကြီးနဲ့ ယွဲ့မိသားစုဆီသွားခဲ့တယ်။ အစပိုင်းတော့ ယွဲ့မိသားစုက သူ့ကို ကောင်းကောင်းဆက်ဆံကြတော့ အဲ့သားမက်ကလဲ သူတို့အပေါ်လုံးဝယုံကြည်သွားတယ်။ နောက်ဆုံးကွာ သူ့ယောက္ခထီး ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး သူ့ပိုက်ဆံအားလုံးကိုပါ ချေးပေးခဲ့တယ်"
"သူ့သားမက်ဆီက ပိုက်ဆံတွေ ကုန်သွားတော့ ယောက္ခထီးက အတွေးနောက်တစ်မျိုး ထပ်တွေးလာတယ်။ သူ့သမီးကို ကွာရှင်းခိုင်းပြီး နောက်သူဌေးသားတစ်ဦးကို ရှာပြီး လက်ထပ်ခိုင်းတယ်ကွာ"
"သူ့သားမက်က အဲ့ဒီအကြောင်းကို မတော်တဆ ကြားသွားခဲ့တယ်။ သူက ဘာမှမပြောပဲ မိသားစုဧည့်ခံပွဲတစ်ခုမှာ သူတို့အစားအစာတွေထဲ အဆိပ်ခတ်ပြီး အကုန်လုံးကို သတ်ပစ်လိုက်တယ်"
"နောက်တော့ သားမက်ကလဲ ထောင်ထဲမှာ ဝန်ခံခဲ့ပြီး အဆုံးစီရင်သွားတယ်"
"အဲ့ဒီအရာတွေ ပြီးတော့ ဗီလာကိုလဲ အရောင်းတင်လိုက်တယ်။ နောက်ပိုင်းမှာ မိသားစုတစ်ခုဆီ ရောင်းလိုက်ပြီး သူတို့လဲပြောင်းလာပြီး နေထိုင်ခဲ့ကြတယ်။ ညလယ်လောက်ရောက်ရင် တစ်ယောက်ယောက်ငိုသံတွေကြားရပြီး နံရံတစ်လျှောက်မှာလဲ အစိမ်းရောင်အရည်တွေ စီးကျတာကို တွေ့ခဲ့ရတယ်။ ရက်နည်းနည်းလောက်ကြာတော့ တစ်ယောက်ယောက်က ဖျားရော အဲ့ဒါနဲ့ သူတို့လဲ အမြန်ပြောင်းသွားကြတာပဲ"
"ဒီအိမ်က ပိုင်ရှင်အမျိုးမျိုးလက်ထဲရောက်သွားပေမဲ့ သဘာဝလွန်ဖြစ်ရပ်တွေကြောင့် ပိုင်ရှင်တိုင်းက ကြာကြာမနေနိုင်ပဲ ထွက်ပြေးသွားကြတယ်လို့ ပြောတာပဲ"
ယဲဖန်က တောက်ပစွာဖြင့် "သရဲခြောက်တဲ့အိမ်တဲ့လား။ စျေးပေါတာ မထူးဆန်းတော့ပါဘူး။ ကျွန်တော် ဒီဟာကို ဝယ်မယ်"
ယန်ဖေးက စိတ်ရှုပ်စွာကြည့်ရင်း "သခင်လေးယဲ မင်း တကယ်ပဲ စိတ်မရှိဘူးလား"
ယဲဖန်က ပြုံးကာ "ကျွန်တော့်ရဲ့ ဦးစားပေးက ပိုက်ဆံချွေတာရေးပဲ။ ပြီးတော့ အိမ်ရဲ့တည်နေရာကလဲ ကောင်းတယ်။ ပိုင်ယွင်ရှီကုမ္ပဏီနဲ့ နီးလဲနီးတယ်။ ဒါက သရဲခြောက်တဲ့အိမ်ဆိုတော့ နောက်ပိုင်း ကျွန်တော် ဆူညံသံတွေ လုပ်မိခဲ့ရင်လဲ ကျွန်တော့်ကို လူတွေက အပြစ်တင်မှာ မဟုတ်ဘူး။ အရေးကြီးဆုံးက ဒီအိမ်က ဆယ်စုနှစ်လောက်ပဲရှိအုံးမှာ။ အထဲမှာ သရဲတစ္ဆေရှိရင်တောင် သူတို့မှာ အစွမ်းထက်အုံးမှာလဲ မဟုတ်ဘူး။ ဒါက ရှေးဟောင်းသင်္ချိုင်းနဲ့တော့ ကွဲပြားပါတယ်။ အဲ့သင်္ချိုင်းပိုင်ရှင်ကတော့ နှစ်ပေါင်းနှစ်ထောင်လောက်ရှိမယ့် ဖုတ်ကောင်အိုတစ်ကောင်ပဲလေ"
ယန်ဖေးက အံ့သြသင့်လျက် "သခင်လေးယဲ မင်းက ရှေးဟောင်းသင်္ချိုင်းထဲမှာ ဖုတ်ကောင်တွေ ရှိတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ။ မင်းကိုယ်တိုင် မြင်ခဲ့ရတာလား"
ယဲဖန်က သူ့အား တစ်ချက်ကြည့်လိုက်ကာ "ဟုတ်တယ်"
"သခင်လေးယဲ မင်းသိလား။ ကျွန်တော်တို့တွေ ထွက်သွားပြီးတော့ မြို့တော်ကနေ အဖွဲ့တစ်ခု စေလွှတ်ခဲ့ပြီး နဂါးကျားတောင်က ဆရာသခင်တစ်ချို့လဲ စေလွှတ်ခံရတယ်လေ။ ဒါပေမဲ့ လူတော်တော်များများတော့ ပြန်မလာနိုင်ခဲ့ကြဘူး။ အထူးတပ်ဖွဲ့က ပြန်လာတဲ့လူတစ်ချို့တောင် မေ့မြောနေခဲ့တယ်လေ" ယန်ဖေးက ဆို၏။
ယဲဖန်က မျက်တောင်ခတ်ကာ မေးလိုက်၏ "တကယ်လား။ အဲ့ဒီမှာ တစ်ခုခုရှိတာလား။ ကျွန်တော်လဲ ရှင်းရှင်းလင်းလင်းမတွေ့ခဲ့ရဘူး"
ယန်ဖေး "....."
.......
ကျောက်ရှီကုမ္ပဏီ၌
"မင်းဘယ်တွေသွားနေတာလဲ။ မင်းပြန်လာတာ ဘာလို့အရမ်းနောက်ကျနေရတာလဲ" ပိုင်ယွင်ရှီက မေးလိုက်၏။
"ကျွန်တော့်ကို လွမ်းနေတာလား" ယဲဖန်က မေး၏။
ပိုင်ယွင်ရှီက အေးစက်စက်ပြုံးလိုက်ရင်း "မင်းတွေးတာ များနေပြီ။ မင်းနဲ့ဝေးနေတော့ ငါက အရမ်းပျော်နေခဲ့တာ"
"ကျွန်တော်က အိမ်တစ်လုံးလောက် သွားဝယ်တာ" ယဲဖန်က ပြောသည်။
ပိုင်ယွင်ရှီက တစ်ခဏလောက် ရပ်တန့်သွားပြီးနောက် ပြုံးကာ "ဟုတ်တာပေါ့။ မင်း တစ်လုံးလောက်ဝယ်သင့်တယ်။ မင်းကြိုက်တာရော တွေ့ခဲ့လား"
ယဲဖန်က ခေါင်းငြိမ့်ရင်း "တွေ့ခဲ့တယ်။ ကျွန်တော် အဲ့တာကို ဝယ်တောင်ဝယ်ပြီးသွားပြီ"
"မြို့တော်က အိမ်တွေက စျေးမပေါဘူး။ မင်းဘယ်လောက်နဲ့ဝယ်ခဲ့တာတုန်း" ပိုင်ယွင်ရှီက မေးသည်။
"ယွမ်သိန်းသုံးဆယ်" ယဲဖန်က ခပ်တိုးတိုးပြောလိုက်သည်။
ပိုင်ယွင်ရှီက မယုံကြည်နိုင်စွာ "ယွမ်သိန်းသုံးဆယ်လား။ အရွယ်အစားသေးတဲ့ တစ်လုံးလား"
ယဲဖန်က ခေါင်းခါရင်း "မဟုတ်ဘူး။ ဒါက ဗီလာတစ်လုံးပါ"
"ယွမ်သိန်းသုံးဆယ်လား။ ဗီလာတစ်လုံးအတွက်လား" ပိုင်ယွင်ရှီက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ယဲဖန်က ပြုံးကာ "ကျွန်တော်က အံ့သြစရာကောင်းတယ်နော်။ ကျွန်တော်က အရမ်းချွေတာပြီး လုံ့လဝီရိယရှိတာကြောင့် ပိုက်ဆံတွေကို လက်လွတ်စပယ် မသုံးပါဘူး။ ပြီးတော့ မင်းအနောက်ကို တစ်ယောက်ယောက်က လိုက်လာခဲ့ရင်လဲ ကျွန်တော်ဆီမှာ အနားယူလို့ရတယ်"
"အလကားရတဲ့နေ့လည်စာဆိုတာမရှိဘူး။ ဗီလာမှာ ပြဿနာတစ်ခုခုရှိရမယ်။ မင်းသေချာစစ်ဆေးပြီးပြီလား" ပိုင်ယွင်ရှီက ပြောသည်။
ယဲဖန်က ခေါင်းငြိမ့်လိုက်ကာ "ဟုတ်တယ်။ ပြဿနာတစ်ချို့တော့ရှိတယ်။ ဒါပေမဲ့ အသေးအဖွဲ့လေးပါ"
"အဲ့ဒါက ဘာလဲ" ပိုင်ယွင်ရှီက မေးသည်။
"တကယ်တော့ အကြီးကြီးမဟုတ်ပါဘူး။ သရဲခြောက်တာလေးပါ။ အရင်ကပိုင်ရှင်တွေက မနေနိုင်လွန်းလို့ ပြောင်းသွားကြတာလို့ ပြောတယ်" ယဲဖန်က ပြောသည်။
ပိုင်ယွင်ရှီက မျက်လုံးလှိမ့်လိုက်ရင်း "သရဲခြောက်တဲ့အိမ်တစ်လုံးကို ယွမ်သိန်းသုံးဆယ်တောင် ပေးရတာလား"
ယဲဖန်က မျက်တောင်ခတ်ကာ "ဗီလာက စတုရန်းမီတာ ၅၀၀လောက်ကျယ်တော့ ယွမ်သိန်းသုံးဆယ်က မများလောက်ပါဘူး။ ကျွန်တော် အခုပဲ စစ်ဆေးလာခဲ့တာ။ တည်နေရာကတော့ သိပ်မကောင်းဘူး။ ယင်ဓါတ်တွေကို သဘာဝအတိုင်းစုစည်းထားပြီး အနီးနားက သရဲတွေကို ဆွဲဆောင်နိုင်တဲ့ ဖွဲ့စည်းမှုလဲ ရှိနေတဲ့ပုံပဲ။ အဲ့အိမ်ထဲမှာဆို သရဲ အကောင် ၄၀/၅၀လောက် ရှိလောက်တယ်။ ကျွန်တော်နေမယ်ဆို သူတို့အားလုံးကို သတ်ပစ်ဖို့တော့ လိုအပ်တယ်၊ စတုရန်းမီတာ၅၀၀လောက် ဆိုရင်တောင် လူအုပ်က များနေသေးတယ်"
ပိုင်ယွင်ရှီ "....."
"မင်း အဲ့ဒီသရဲတွေကို သတ်ဖို့ ဘယ်တော့ စီစဥ်ထားလဲ" ပိုင်ယွင်ရှီက မေးသည်။
"ကျွန်တော် အရင်ဆုံး ဝိညာဥ်အလံတစ်ခု လုပ်ဖို့ စီစဥ်ထားတယ်" ယဲဖန်က ပြောသည်။
ဝိညာဥ်အလံဆိုတာက မကောင်းဆိုးဝါးကျင့်ကြံသူတွေ အသုံးပြုကြတဲ့ မှော်လက်နက်တစ်ခုပင်။ ဒါက မှော်လက်နက်ကြီးထွားလာမှုတစ်မျိုးလဲ ဖြစ်သည်။ သရဲ၏ချီစွမ်းအင်ကို စုပ်ယူကာ ပိုပိုပြီး စွမ်းအား ကြီးထွားလာလိမ့်မည်။ ချီစွမ်းအင် နည်းပါးလွန်းသည့် ဒီကမ္ဘာတွင် ၎င်းက နတ်ဆိုးပညာ သို့မဟုတ် မြင့်မြတ်သည့်ပညာဖြစ်ပါစေ အသုံးဝင်သရွေ့ ပညာကောင်းတစ်ခုသာ ဖြစ်ပေသည်။
"ဒါက နည်းနည်းလေးတော့ ပြဿနာ တစ်ချို့ ရှိနေသေးတယ်" ယဲဖန်က ပြောလိုက်သည်။
ပိုင်ယွင်ရှီက သိချင်စိတ်ဖြင့် မေးလိုက်သည် "ဘာလို့လဲ"
"ပစ္စည်းကြောင့်ပါ။ အဲ့ဒါကို ပြုလုပ်တဲ့ ပစ္စည်းက စျေးကွက်ထဲမှာ ရှာဖို့ မလွယ်ဘူး" ယဲဖန်က ပြောသည်။
ပိုင်ယွင်ရှီက ခေါင်းငြိမ့်ကာ "အိုး ငါသိပြီ။ မင်း ရှေးဟောင်းပစ္စည်းဆိုင်ဘက်သွားပြီးတော့ စမ်းကြည့်ဖို့ ကြိုးစားကြည့်လေ"
ယဲဖန်က သဘောတူစွာ ခေါင်းငြိမ့်ပြီး "ကျွန်တော်လဲ အဲ့ဒီလို ထင်တယ်"
Thanks for your reading
---------------------------------------------------------------------
Zawgyi
ေလးရာသီဟိုတယ္၌
"သူေဌး၊ မၾကာေသးခင္က ကၽြန္ေတာ့္ကို ရွာခိုင္းထားတဲ့ကိစၥေလ တိုးတက္မွုတစ္ခ်ိဳ႕ရွိတယ္။ က်န္းစီလ်န္ႏွင့္ သူ႔လက္ရွိဇနီးတို႔ ရန္ပြဲႀကီး ျဖစ္ခဲ့တယ္။ အခုသူတို႔ေတြ ကြာရွင္းျပတ္စဲလိုက္ၾကၿပီး ယြမ္ယီ့ေဆြမ်ိဳးေတြဆီမွာ မေတာ္တဆမွုေတြ ဆက္တိုက္ျဖစ္ပြားခဲ့တယ္။ သူတို႔ေတြက ကားမေတာ္တဆမွုတစ္ခုမဟုတ္တစ္ခု ျဖစ္ျခင္း ဒါမွမဟုတ္ သတင္းပို႔ခံရၿပီး ေထာင္ခ်ျခင္းေတြ ခံေနရတယ္။ အိုး ဟုတ္သားပဲ။ က်န္းစီလ်န္ဇနီးေဟာင္းလဲ ျပန္ေရာက္လာၿပီး ယြမ္ယီကို စိတ္က်န္းမာေရးေဆး႐ုံကို ပို႔လိုက္ၿပီ"
ခ်န္စုန္ပင္သည္ သူ႔ေမးေစ့ကို ထိကာ "ဒီေလာက္ျမန္ျမန္ျဖစ္လာလိမ့္မယ္လို႔ မထင္ထားမိဘူး"
ထိုသူက ေလယာဥ္ေပၚတြင္ ယဲဖန္ေဘး၌ ထိုင္ခဲ့သည့္ လူအိုႀကီးျဖစ္ေလသည္။
"သူေဌးက်န္းက သူ႔လက္ရွိဇနီးနဲ႔ ကြဲလိမ့္မယ္ဆိုတာ သူေဌးက ဘယ္လိုလုပ္သိတာလဲ"
ခ်န္စုန္ပင္က ျပဳံးကာ "က်ပန္း ခန္႔မွန္းလိုက္႐ုံတင္ပါပဲ။ ေလယာဥ္ေပၚမွာ အရည္အခ်င္းရွိတဲ့ လူတစ္ေယာက္နဲ႔ ေတြ႕ခဲ့တယ္။ က်န္းစီလ်န္သာ မညံ့ဘူးဆို မၾကာခင္ သူ႔မိသားစုမွာ ေျပာင္းလဲမွုႀကီးတစ္ခု ျဖစ္လိမ့္မယ္လို႔ ထင္ခဲ့တာ။ ဒီလူငယ္က တကယ္ကို တစ္ခုခုပဲဆိုတာ မထင္ထားခဲ့မိဘူး"
"က်န္းစီလ်န္ဇနီးေဟာင္း ျပန္လာတဲ့ပုံပဲ။ သူတို႔ႏွစ္ေယာက္ကြာရွင္းခဲ့တုန္းက ရန္သူေတြျဖစ္သြားခဲ့ေပမဲ့ အခုၾကည့္ရတာေတာ့ အဆင္ေျပေနတဲ့ပုံပဲ"
ခ်န္စုန္ပင္က ေမးလိုက္၏ "မင္း ခရီးသည္ေတြအခ်က္အလက္ရွာလို႔ရခဲ့လား"
"သူေဌး ေလယာဥ္ေပၚမွာ သူေဌးေဘးမွာထိုင္တဲ့လူကို ယဲဖန္လို႔ေခၚတယ္။ သူ႔ေနာက္ခံက နည္းနည္းေတာ့ ထူးဆန္းတယ္။ သူက စီၿမိဳ႕ေတာ္ ယဲမိသားစုက ျဖစ္ၿပီး အရွုပ္အရွင္းတစ္ခုေၾကာင့္ မိသားစုကေန ႏွင္ထုတ္ခံထားရတာ။ သူ႔မိခင္ကေတာ့ ဝူမိသားစုကပဲ။ ၿပီးေတာ့ ပိုင္မိသားစုက တတိယသခင္ေလးနဲ႔လဲ ရင္းႏွီးတဲ့ပုံပဲ။ ဒီရက္ပိုင္းေတြမွာ မစၥတာပိုင္ရဲ့႐ုံးခန္းထဲကို မၾကာမၾကာဝင္ထြက္ေနခဲ့တယ္"
ခ်န္စုန္ပင္က အနည္းငယ္ ေတြးကာ "ဒီကေလးက အရည္အခ်င္းေတာ္ေတာ္ရွိတဲ့ပုံပဲ။ ပိုင္ယြင္ရွီနဲ႔ေတာင္ အဆက္အသြယ္ရွိတယ္"
.......
လမ္းမေပၚ၌ ယဲဖန္ေရွ႕တြင္ တစ္ေယာက္ေယာက္က လာရပ္ေလသည္။
"သခင္ေလးယဲ မေတြ႕ရတာ ၾကာၿပီေနာ္" ယန္ေဖးက ေပ်ာ္ရႊင္စြာ ေျပာလာသည္။
"ယန္ေဖး မင္းပဲ။ အခုတေလာ ဘယ္လိုေနတုန္း" ယဲဖန္က ေမးလိုက္၏။
"ေတာ္ေတာ္ေလး အဆင္ေျပတယ္။ ဒါေပမဲ့ ဆရာႀကီးေရွာက္ကေတာ့ မေျပဘူး" ယန္ေဖးက ေျပာ၏။ ဆရာႀကီးေရွာက္က ေရွးေဟာင္း သခၤ်ိဳင္းက ျပန္လာၿပီးေနာက္ ယဲဖန္အေၾကာင္း ေျပာသည့္အခ်ိန္တိုင္း အံ့ႀကိတ္ေနမိသည္။
ယဲဖန္က အေလးအနက္ေတြးလိုက္ကာ "တကယ္လား။ ဒါဆို ကၽြန္ေတာ္ သူ႔ဆီသြားလည္ၿပီး ႏွစ္သိမ့္ေပးလိုက္မယ္ေလ။ သူ႔အသက္အရြယ္နဲ႔ကို ဘာလို႔ အေတြးအေခၚပိုင္းဆိုင္ရာအတန္းကို မယူခဲ့ရတာလဲ"
ယန္ေဖး "....." သူ႔ကို ႏွိမ့္သိမ့္ေပးမယ္တဲ့လား။ ဒါဆို သူ႔အေျခအေနက ပိုေတာင္ဆိုးသြားလိမ့္အုံးမယ္။
"သခင္ေလးယဲ မင္းက ဘယ္သြားမလို႔လဲ" ယန္ေဖးက ေမး၏။
"ကၽြန္ေတာ္ အိမ္ဝယ္မလို႔ေလ တိတ္တိတ္ဆိတ္ဆိတ္ရွိတဲ့တစ္လုံးေပါ့"
ယန္ေဖးက မ်က္ေမွာင္ၾကဳတ္ကာ "အိမ္တစ္လုံးဝယ္ရင္ ပိုက္ဆံအမ်ားႀကီးကုန္က်လိမ့္မယ္"
"ဟုတ္တယ္။ မၾကာေသးခင္က ကၽြန္ေတာ္ စီးပြားေရးႏွစ္ခုလုပ္ခဲ့ၿပီး ယြမ္သန္းတစ္ရာေက်ာ္ေလာက္ ရခဲ့တယ္ေလ။ ဒါေၾကာင့္ ကၽြန္ေတာ္ ဝယ္နိုင္မယ္လို႔ေတာ့ ထင္တယ္" ယဲဖန္က ဆို၏။
ယန္ေဖးက သူ႔အား မနာလိုစြာ ၾကည့္ကာ "သခင္ေလးယဲ မင္းဘာစီးပြားေရးမ်ိဳးလုပ္တာလဲ"
ယဲဖန္ "တကယ္ေတာ့ အႀကီးႀကီးမဟုတ္ပါဘူး။ လူနာတစ္ခ်ိဳ႕ကို ကုသေပး႐ုံပါပဲ"
"သခင္ေလးယဲ ကၽြန္ေတာ့္ကိုလဲေဆးပညာတစ္ခ်ိဳ႕ေလာက္ သင္ေပးရင္ေရာ ဘယ္လိုလဲ။ ကၽြန္ေတာ္လဲ ပိုက္ဆံလိုခ်င္တယ္" ယန္ေဖးက မ်က္ေတာင္ခတ္ရင္း ဆို၏။
ယဲဖန္က ေခါင္းခါရင္း "မင္းကို သင္ေပးလိုက္ရင္ ကၽြန္ေတာ္က ငတ္သြားမွာေပါ့။ ဒါေၾကာင့္ မသင္ေပးနိုင္ဘူး"
ယန္ေဖးက သေဘာမတူစြာ "သခင္ေလးယဲ မင္းက အရမ္းေတာ္တယ္ေလ။ ကၽြန္ေတာ္ မင္းဆီကေန တစ္ခု၊ႏွစ္ခုေလာက္ပဲ သင္ယူနိုင္မွာေလ။ ဒါက မင္းရဲ့စီးပြားေရးကို မထိခိုက္နိုင္ပါဘူး"
ယဲဖန္က သူ႔အား စိုက္ၾကည့္ရင္း "မင္းက 'အ' တယ္ဆိုေတာ့ ငါက ဘာလို႔ သင္ေပးရမွာလဲ"
ယန္ေဖး "....." ဒီေကာင္က တကယ့္ကိုပဲ.....ဒီေကာင္က သူကိုယ္တိုင္ကေတာင္ ေကာလိပ္ကေနဘြဲ႕မရေသးပဲ သူ႔ဘာသာ ပညာရွိအျဖစ္ တကယ္ပဲ ထင္ေနတာလား။
"သူေဌးေရ မင္းအိမ္ဝယ္ခ်င္တယ္ဆို ကၽြန္ေတာ္တို႔ရဲ့ တစ္ပတ္ရစ္အိမ္ၿခံေျမေရာင္းဝယ္ေရးစင္တာဆီ ဘာလို႔သြားမၾကည့္ရတာလဲ" ယန္ေဖးက အႀကံျပဳလာ၏။
ယဲဖန္က ေခါင္းၿငိမ့္ကာ "ေကာင္းၿပီေလ"
.......
ထို႔ေနာက္ ယန္ေဖးသည္ သူ႔အား တစ္ပတ္ရစ္အိမ္ၿခံေျမေရာင္းဝယ္ေရးစင္တာသို႔ ေခၚေဆာင္သြားကာ "သခင္ေလးယဲ အိမ္အတြက္ အထူးလိုအပ္ခ်က္မ်ား ရွိေသးလား"
"ပထမဆုံး ယြင္ရွီကုမၸဏီႏွင့္ နီးရမယ္။ ဒါမွ အဲ့ဒီကို ကၽြန္ေတာ္ မၾကာမၾကာ သြားလို႔ရမွာ"
ယန္ေဖး "....." ဘာလို႔လဲ။ မင္းက အဲ့ဒီမွာ အလုပ္မွမလုပ္တာ။
"ဒုတိယအခ်က္အေနျဖင့္ ေစ်းမႀကီးရဘူး။ မၾကာေသးခင္က အိမ္ေစ်းက အရမ္းျမင့္လာေတာ့ေလ"
ယန္ေဖး "....." လုပ္စမ္းပါ။ ဒါက ၿမိဳ႕ေတာ္ကြ။ မၾကာေသးမီႏွစ္မ်ားအတြင္း ကုန္စည္ေစ်းႏွုန္းေတြေတာင္ အလ်င္အျမန္ ျမင့္တက္လာတာ။ အိမ္ေစ်းဆို ေျပာမေနနဲ႔ေတာ့ကြ။
"တတိယအခ်က္အေနနဲ႔ တိတ္ဆိတ္ရမယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္က ေမွာ္လက္နက္ေတြနဲ႔ ေဆးေတြ ျပန္လည္သန္႔စင္ဖို႔ စီစဥ္ထားလို႔ေလ။ ဒီမွာ မေတာ္တဆတစ္ခုခု ျဖစ္ခဲ့ရင္ လွုပ္ရွားမွုအႀကီးႀကီး ျဖစ္သြားလိမ့္မယ္"
ယန္ေဖး "....." ဒါက ဘယ္လိုငရဲတုန္းကြ။
"သခင္ေလးယဲ မင္းရဲ့အေျခအေနသုံးခ်က္လုံးက ေက်နပ္မွုရဖို႔ ခက္လိမ့္မယ္"
ၿမိဳ႕ေတာ္ရွိ ေျမေစ်းေတြက ျမင့္တက္လာေနသည္။ ပိုင္ယြင္ရွီကုမၸဏီတည္ေနရာက မဆိုးေပ။ အနီးအနားရွိ အိမ္ေစ်းဆို ဘယ္လိုလုပ္ေစ်းေပါနိုင္မွာလဲ။ ၿပီးေတာ့ သူက တိတ္ဆိတ္တဲ့ေနရာလဲ လိုခ်င္ေသးတယ္မလား။ယဲဖန္က ေခါင္းၿငိမ့္ကာ "ေကာင္းၿပီေလ။ ဆႏၵသာရွိမယ္ဆို နည္းလမ္းကေတာ့ရွိလာမွာပဲ။ ကၽြန္ေတာ္ တစ္လုံးေတာ့ရွာေတြ႕မွာပါ"
ယန္ေဖး "....."
ယဲဖန္က လက္ကမ္းစာေစာင္ကို လွန္ၾကည့္ရင္း "ဒီတစ္ခုရဲ့ေစ်းက အဆင္ေျပသားပဲ။ ယြမ္သိန္းသုံးဆယ္ပဲ လိုအပ္တဲ့ ဗီလာတစ္လုံးေလ။ စတုရန္းမီတာ ၅၀၀/၆၀၀ေလာက္ ရွိတယ္။ ျပႆနာတစ္ခုခု ရွိေနတာလား။ ဘာလို႔ ေစ်းေပါေနရတာလဲ။ ၿမိဳ႕ေတာ္မွာေတာင္ အရြယ္အစားတူၿပီး ရပ္ကြက္တူတဲ့ ေနရာက ဗီလာကိုေတာင္ ယြမ္သိန္းသုံးဆယ္နဲ႔ ဝယ္လို႔မရတာ။ ဒီတစ္ခုက အလကားနီးပါးရေနသလိုပဲ"
ယန္ေဖး၏အျပဳအမူက ေျပာင္းလဲသြားကာ "ကၽြန္ေတာ္သိတယ္။ ဒါက သရဲေျခာက္တဲ့အိမ္ေလ"
"သရဲေျခာက္တဲ့အိမ္လား" ယဲဖန္က သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
"ဟုတ္တယ္။ ဒီအိမ္ရဲ့ အရင္က ပိုင္ရွင္က စီးပြားေရးလုပ္ငန္းရွင္တစ္ဦးေလ။ သူ႔မွာ ေနာက္ခံေကာင္းတဲ့သားမက္တစ္ေယာက္ရွိတယ္။ ကံမေကာင္းစြာနဲ႔ပဲ သူ႔သားမက္ရဲ့မိဘႏွစ္ဦးလုံးက မေတာ္တဆမွုတစ္ခုေၾကာင့္ မေမၽွာ္လင့္ပဲ ေသဆုံးသြားၾကတာ။ အဲ့ကတည္းက သူ႔သားမက္မိသားစုက ဒုကၡေတြ႕ေတာ့တာပဲ"
"ကုလားအုတ္ပိန္တစ္ေကာင္ကျ မင္းထက္ေတာ့ ပိုႀကီးသလိုမ်ိဳးပဲ ဒုတိယမ်ိဳးဆက္သူေဌးသားက ပိုက္ဆံေတြအမ်ားႀကီးနဲ႔ ယြဲ႕မိသားစုဆီသြားခဲ့တယ္။ အစပိုင္းေတာ့ ယြဲ႕မိသားစုက သူ႔ကို ေကာင္းေကာင္းဆက္ဆံၾကေတာ့ အဲ့သားမက္ကလဲ သူတို႔အေပၚလုံးဝယုံၾကည္သြားတယ္။ ေနာက္ဆုံးကြာ သူ႔ေယာကၡထီး ရင္းႏွီးျမႇုပ္ႏွံဖို႔ဆိုၿပီး သူ႔ပိုက္ဆံအားလုံးကိုပါ ေခ်းေပးခဲ့တယ္"
"သူ႔သားမက္ဆီက ပိုက္ဆံေတြ ကုန္သြားေတာ့ ေယာကၡထီးက အေတြးေနာက္တစ္မ်ိဳး ထပ္ေတြးလာတယ္။ သူ႔သမီးကို ကြာရွင္းခိုင္းၿပီး ေနာက္သူေဌးသားတစ္ဦးကို ရွာၿပီး လက္ထပ္ခိုင္းတယ္ကြာ"
"သူ႔သားမက္က အဲ့ဒီအေၾကာင္းကို မေတာ္တဆ ၾကားသြားခဲ့တယ္။ သူက ဘာမွမေျပာပဲ မိသားစုဧည့္ခံပြဲတစ္ခုမွာ သူတို႔အစားအစာေတြထဲ အဆိပ္ခတ္ၿပီး အကုန္လုံးကို သတ္ပစ္လိုက္တယ္"
"ေနာက္ေတာ့ သားမက္ကလဲ ေထာင္ထဲမွာ ဝန္ခံခဲ့ၿပီး အဆုံးစီရင္သြားတယ္"
"အဲ့ဒီအရာေတြ ၿပီးေတာ့ ဗီလာကိုလဲ အေရာင္းတင္လိုက္တယ္။ ေနာက္ပိုင္းမွာ မိသားစုတစ္ခုဆီ ေရာင္းလိုက္ၿပီး သူတို႔လဲေျပာင္းလာၿပီး ေနထိုင္ခဲ့ၾကတယ္။ ညလယ္ေလာက္ေရာက္ရင္ တစ္ေယာက္ေယာက္ငိုသံေတြၾကားရၿပီး နံရံတစ္ေလၽွာက္မွာလဲ အစိမ္းေရာင္အရည္ေတြ စီးက်တာကို ေတြ႕ခဲ့ရတယ္။ ရက္နည္းနည္းေလာက္ၾကာေတာ့ တစ္ေယာက္ေယာက္က ဖ်ားေရာ အဲ့ဒါနဲ႔ သူတို႔လဲ အျမန္ေျပာင္းသြားၾကတာပဲ"
"ဒီအိမ္က ပိုင္ရွင္အမ်ိဳးမ်ိဳးလက္ထဲေရာက္သြားေပမဲ့ သဘာဝလြန္ျဖစ္ရပ္ေတြေၾကာင့္ ပိုင္ရွင္တိုင္းက ၾကာၾကာမေနနိုင္ပဲ ထြက္ေျပးသြားၾကတယ္လို႔ ေျပာတာပဲ"
ယဲဖန္က ေတာက္ပစြာျဖင့္ "သရဲေျခာက္တဲ့အိမ္တဲ့လား။ ေစ်းေပါတာ မထူးဆန္းေတာ့ပါဘူး။ ကၽြန္ေတာ္ ဒီဟာကို ဝယ္မယ္"
ယန္ေဖးက စိတ္ရွုပ္စြာၾကည့္ရင္း "သခင္ေလးယဲ မင္း တကယ္ပဲ စိတ္မရွိဘူးလား"
ယဲဖန္က ျပဳံးကာ "ကၽြန္ေတာ့္ရဲ့ ဦးစားေပးက ပိုက္ဆံေခၽြတာေရးပဲ။ ၿပီးေတာ့ အိမ္ရဲ့တည္ေနရာကလဲ ေကာင္းတယ္။ ပိုင္ယြင္ရွီကုမၸဏီနဲ႔ နီးလဲနီးတယ္။ ဒါက သရဲေျခာက္တဲ့အိမ္ဆိုေတာ့ ေနာက္ပိုင္း ကၽြန္ေတာ္ ဆူညံသံေတြ လုပ္မိခဲ့ရင္လဲ ကၽြန္ေတာ့္ကို လူေတြက အျပစ္တင္မွာ မဟုတ္ဘူး။ အေရးႀကီးဆုံးက ဒီအိမ္က ဆယ္စုႏွစ္ေလာက္ပဲရွိအုံးမွာ။ အထဲမွာ သရဲတေစၧရွိရင္ေတာင္ သူတို႔မွာ အစြမ္းထက္အုံးမွာလဲ မဟုတ္ဘူး။ ဒါက ေရွးေဟာင္းသခၤ်ိဳင္းနဲ႔ေတာ့ ကြဲျပားပါတယ္။ အဲ့သခၤ်ိဳင္းပိုင္ရွင္ကေတာ့ ႏွစ္ေပါင္းႏွစ္ေထာင္ေလာက္ရွိမယ့္ ဖုတ္ေကာင္အိုတစ္ေကာင္ပဲေလ"
ယန္ေဖးက အံ့ၾသသင့္လ်က္ "သခင္ေလးယဲ မင္းက ေရွးေဟာင္းသခၤ်ိဳင္းထဲမွာ ဖုတ္ေကာင္ေတြ ရွိတယ္ဆိုတာ ဘယ္လိုလုပ္သိတာလဲ။ မင္းကိုယ္တိုင္ ျမင္ခဲ့ရတာလား"
ယဲဖန္က သူ႔အား တစ္ခ်က္ၾကည့္လိုက္ကာ "ဟုတ္တယ္"
"သခင္ေလးယဲ မင္းသိလား။ ကၽြန္ေတာ္တို႔ေတြ ထြက္သြားၿပီးေတာ့ ၿမိဳ႕ေတာ္ကေန အဖြဲ႕တစ္ခု ေစလႊတ္ခဲ့ၿပီး နဂါးက်ားေတာင္က ဆရာသခင္တစ္ခ်ိဳ႕လဲ ေစလႊတ္ခံရတယ္ေလ။ ဒါေပမဲ့ လူေတာ္ေတာ္မ်ားမ်ားေတာ့ ျပန္မလာနိုင္ခဲ့ၾကဘူး။ အထူးတပ္ဖြဲ႕က ျပန္လာတဲ့လူတစ္ခ်ိဳ႕ေတာင္ ေမ့ေျမာေနခဲ့တယ္ေလ" ယန္ေဖးက ဆို၏။
ယဲဖန္က မ်က္ေတာင္ခတ္ကာ ေမးလိုက္၏ "တကယ္လား။ အဲ့ဒီမွာ တစ္ခုခုရွိတာလား။ ကၽြန္ေတာ္လဲ ရွင္းရွင္းလင္းလင္းမေတြ႕ခဲ့ရဘူး"
ယန္ေဖး "....."
.......
ေက်ာက္ရွီကုမၸဏီ၌
"မင္းဘယ္ေတြသြားေနတာလဲ။ မင္းျပန္လာတာ ဘာလို႔အရမ္းေနာက္က်ေနရတာလဲ" ပိုင္ယြင္ရွီက ေမးလိုက္၏။
"ကၽြန္ေတာ့္ကို လြမ္းေနတာလား" ယဲဖန္က ေမး၏။
ပိုင္ယြင္ရွီက ေအးစက္စက္ျပဳံးလိုက္ရင္း "မင္းေတြးတာ မ်ားေနၿပီ။ မင္းနဲ႔ေဝးေနေတာ့ ငါက အရမ္းေပ်ာ္ေနခဲ့တာ"
"ကၽြန္ေတာ္က အိမ္တစ္လုံးေလာက္ သြားဝယ္တာ" ယဲဖန္က ေျပာသည္။
ပိုင္ယြင္ရွီက တစ္ခဏေလာက္ ရပ္တန္႔သြားၿပီးေနာက္ ျပဳံးကာ "ဟုတ္တာေပါ့။ မင္း တစ္လုံးေလာက္ဝယ္သင့္တယ္။ မင္းႀကိဳက္တာေရာ ေတြ႕ခဲ့လား"
ယဲဖန္က ေခါင္းၿငိမ့္ရင္း "ေတြ႕ခဲ့တယ္။ ကၽြန္ေတာ္ အဲ့တာကို ဝယ္ေတာင္ဝယ္ၿပီးသြားၿပီ"
"ၿမိဳ႕ေတာ္က အိမ္ေတြက ေစ်းမေပါဘူး။ မင္းဘယ္ေလာက္နဲ႔ဝယ္ခဲ့တာတုန္း" ပိုင္ယြင္ရွီက ေမးသည္။
"ယြမ္သိန္းသုံးဆယ္" ယဲဖန္က ခပ္တိုးတိုးေျပာလိုက္သည္။
ပိုင္ယြင္ရွီက မယုံၾကည္နိုင္စြာ "ယြမ္သိန္းသုံးဆယ္လား။ အရြယ္အစားေသးတဲ့ တစ္လုံးလား"
ယဲဖန္က ေခါင္းခါရင္း "မဟုတ္ဘူး။ ဒါက ဗီလာတစ္လုံးပါ"
"ယြမ္သိန္းသုံးဆယ္လား။ ဗီလာတစ္လုံးအတြက္လား" ပိုင္ယြင္ရွီက စိတ္ရွုပ္ေထြးစြာျဖင့္ ေမးလိုက္သည္။
ယဲဖန္က ျပဳံးကာ "ကၽြန္ေတာ္က အံ့ၾသစရာေကာင္းတယ္ေနာ္။ ကၽြန္ေတာ္က အရမ္းေခၽြတာၿပီး လုံ႔လဝီရိယရွိတာေၾကာင့္ ပိုက္ဆံေတြကို လက္လြတ္စပယ္ မသုံးပါဘူး။ ၿပီးေတာ့ မင္းအေနာက္ကို တစ္ေယာက္ေယာက္က လိုက္လာခဲ့ရင္လဲ ကၽြန္ေတာ္ဆီမွာ အနားယူလို႔ရတယ္"
"အလကားရတဲ့ေန႔လည္စာဆိုတာမရွိဘူး။ ဗီလာမွာ ျပႆနာတစ္ခုခုရွိရမယ္။ မင္းေသခ်ာစစ္ေဆးၿပီးၿပီလား" ပိုင္ယြင္ရွီက ေျပာသည္။
ယဲဖန္က ေခါင္းၿငိမ့္လိုက္ကာ "ဟုတ္တယ္။ ျပႆနာတစ္ခ်ိဳ႕ေတာ့ရွိတယ္။ ဒါေပမဲ့ အေသးအဖြဲ႕ေလးပါ"
"အဲ့ဒါက ဘာလဲ" ပိုင္ယြင္ရွီက ေမးသည္။
"တကယ္ေတာ့ အႀကီးႀကီးမဟုတ္ပါဘူး။ သရဲေျခာက္တာေလးပါ။ အရင္ကပိုင္ရွင္ေတြက မေနနိုင္လြန္းလို႔ ေျပာင္းသြားၾကတာလို႔ ေျပာတယ္" ယဲဖန္က ေျပာသည္။
ပိုင္ယြင္ရွီက မ်က္လုံးလွိမ့္လိုက္ရင္း "သရဲေျခာက္တဲ့အိမ္တစ္လုံးကို ယြမ္သိန္းသုံးဆယ္ေတာင္ ေပးရတာလား"
ယဲဖန္က မ်က္ေတာင္ခတ္ကာ "ဗီလာက စတုရန္းမီတာ ၅၀၀ေလာက္က်ယ္ေတာ့ ယြမ္သိန္းသုံးဆယ္က မမ်ားေလာက္ပါဘူး။ ကၽြန္ေတာ္ အခုပဲ စစ္ေဆးလာခဲ့တာ။ တည္ေနရာကေတာ့ သိပ္မေကာင္းဘူး။ ယင္ဓါတ္ေတြကို သဘာဝအတိုင္းစုစည္းထားၿပီး အနီးနားက သရဲေတြကို ဆြဲေဆာင္နိုင္တဲ့ ဖြဲ႕စည္းမွုလဲ ရွိေနတဲ့ပုံပဲ။ အဲ့အိမ္ထဲမွာဆို သရဲ အေကာင္ ၄၀/၅၀ေလာက္ ရွိေလာက္တယ္။ ကၽြန္ေတာ္ေနမယ္ဆို သူတို႔အားလုံးကို သတ္ပစ္ဖို႔ေတာ့ လိုအပ္တယ္၊ စတုရန္းမီတာ၅၀၀ေလာက္ ဆိုရင္ေတာင္ လူအုပ္က မ်ားေနေသးတယ္"
ပိုင္ယြင္ရွီ "....."
"မင္း အဲ့ဒီသရဲေတြကို သတ္ဖို႔ ဘယ္ေတာ့ စီစဥ္ထားလဲ" ပိုင္ယြင္ရွီက ေမးသည္။
"ကၽြန္ေတာ္ အရင္ဆုံး ဝိညာဥ္အလံတစ္ခု လုပ္ဖို႔ စီစဥ္ထားတယ္" ယဲဖန္က ေျပာသည္။
ဝိညာဥ္အလံဆိုတာက မေကာင္းဆိုးဝါးက်င့္ႀကံသူေတြ အသုံးျပဳၾကတဲ့ ေမွာ္လက္နက္တစ္ခုပင္။ ဒါက ေမွာ္လက္နက္ႀကီးထြားလာမွုတစ္မ်ိဳးလဲ ျဖစ္သည္။ သရဲ၏ခ်ီစြမ္းအင္ကို စုပ္ယူကာ ပိုပိုၿပီး စြမ္းအား ႀကီးထြားလာလိမ့္မည္။ ခ်ီစြမ္းအင္ နည္းပါးလြန္းသည့္ ဒီကမၻာတြင္ ၎က နတ္ဆိုးပညာ သို႔မဟုတ္ ျမင့္ျမတ္သည့္ပညာျဖစ္ပါေစ အသုံးဝင္သေရြ႕ ပညာေကာင္းတစ္ခုသာ ျဖစ္ေပသည္။
"ဒါက နည္းနည္းေလးေတာ့ ျပႆနာ တစ္ခ်ိဳ႕ ရွိေနေသးတယ္" ယဲဖန္က ေျပာလိုက္သည္။
ပိုင္ယြင္ရွီက သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္ "ဘာလို႔လဲ"
"ပစၥည္းေၾကာင့္ပါ။ အဲ့ဒါကို ျပဳလုပ္တဲ့ ပစၥည္းက ေစ်းကြက္ထဲမွာ ရွာဖို႔ မလြယ္ဘူး" ယဲဖန္က ေျပာသည္။
ပိုင္ယြင္ရွီက ေခါင္းၿငိမ့္ကာ "အိုး ငါသိၿပီ။ မင္း ေရွးေဟာင္းပစၥည္းဆိုင္ဘက္သြားၿပီးေတာ့ စမ္းၾကည့္ဖို႔ ႀကိဳးစားၾကည့္ေလ"
ယဲဖန္က သေဘာတူစြာ ေခါင္းၿငိမ့္ၿပီး "ကၽြန္ေတာ္လဲ အဲ့ဒီလို ထင္တယ္"
Thanks for your reading
---------------------------------------------------------------------