သုံးလောကလုံး ခြေဦးတည့်ရာ သွာ...
By jin_yuer
190K 28.6K 2.2K
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက်... More
Description
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း (၃၉)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အပိုင်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၂.၁)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)
အခန်း (၈၂)
အခန်း (၈၃)
အခန်း (၈၄)
အခန်း (၈၅)
အခန်း (၈၆)
အခန်း (၈၇)
အခန်း (၈၈)
အခန်း (၈၉)
အခန်း (၉၀)
အခန်း (၉၁)
အခန်း (၉၂)
အခန်း (၉၃)
အခန်း (၉၄)
အခန်း (၉၅)
အခန်း (၉၆)
အခန်း (၉၇)
အခန်း (၉၈)
အခန်း (၉၉)
အခန်း (၁၀၀)
Announcement
အခန်း (၁၀၁)
အခန်း (၁၀၂)
အခန်း (၁၀၃)
အခန်း (၁၀၄)
အခန်း (၁၀၅)
အခန်း (၁၀၆)
အခန်း (၁၀၇)
အခန်း (၁၀၈)
အခန်း (၁၀၉)
အခန်း (၄၀)
1.9K 299 9
By jin_yuer
Unicode
​​ကျောက်ရှီအုပ်စု၏အ​ရှေ့​ကောင်တာတွင်
"တဆိတ်​လောက်ခင်ဗျာ မစ္စတာပိုင်အထဲမှာ ရှိလား။ ​နေ့လည်သုံးနာရီမှာ ကျွန်​တော်တို့ ​တွေ့ဖို့ ချိန်းထားလို့ပါ" ကျန်းစီလျန်က ​မေးသည်။
အ​ရှေ့​ကောင်တာမှအမျိုးသမီးသည် ​ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့ မစ္စတာကျန်းလားရှင့်။ ဥက္ကဋ္ဌပိုင်က အ​ပေါ်ထပ်မှာပါ။ သူ မစ္စတာကျန်းကို ​စောင့်​နေပါတယ်"
ကျန်းစီလျန်က ​ခေါင်းငြိမ့်ရင်း "​​ကောင်းပြီ။ ​ကျေးဇူးပဲ​နော်"
ကျန်းစီလျန်သည် မြို့​တော်သို့ ​ရောက်ပြီးမကြာမီ မစ္စတာပိုင်ဆီမှ ဖုန်းတစ်ခု လက်ခံရရှိခဲ့သည်။
မြို့​တော်တွင် ပိုင်မိသားစုသည် အ​​ကျော်ကြားဆုံး မိသားစုပင်ဖြစ်သည်။ ကျန်းစီလျန်တွင် ပိုက်ဆံအနည်းငယ်ရှိ​သော်လည်း ပိုင်မိသားစု၏ မြင့်မြတ်​သော တတိယသခင်​လေးက သူ့ကို လူကိုယ်တိုင်​တွေ့ဆုံရန် ဖိတ်ကြားလိမ့်မယ်လို့ ဘယ်​တုန်းကမှ မ​မျှော်လင့်ထားခဲ့​ပေ။ သူသည် မြှောက်ပင့်သလို ခံစားရပြီး အနည်းငယ်လည်း စိတ်ရှုပ်​ထွေးသွား​လေသည်။
ကျန်းစီလျန်သည် ဓါတ်​လှေကားစီးကာ ဥက္ကဋ္ဌရုံးခန်းသို့ သွားခဲ့သည်။ 
ကျန်းစီလျန်သည် အထဲသို့ ဝင်သွား​သောအခါ ​ချော​မောပြီး ဂုဏ်သိက္ခာရှိ​သော မစ္စတာပိုင်အား ​တွေ့လိုက်ရ၏။
ပိုင်ယွင်ရှီသည် ငယ်ရွယ်​သော်လည်း သူ့အား မိသားစုကြီးများမှ မိန်းမပျိုများက ပစ်မှတ်ထား​နေကြသည်။ လူ​တော်​တော်များများက ပိုင်မိသားစု၏တတိယအိမ်ရှင်မ ဖြစ်ချင်​နေကြသည်။ သို့​သော်လည်း ပိုင်ယွင်ရှီက သူတို့အားလုံးကို စိတ်မဝင်စား​​ဘူးဆိုတာ ဘယ်သူက သိမှာလဲ။
ကျန်းစီလျန်အား အံ့သြသွား​စေသည်မှာ ပိုင်ယွင်ရှီ​ဘေးရှိ လှည့်ကုလားထိုင်တွင် တစ်ခြားလူတစ်​ယောက်ရှိ​နေခြင်း​ပေ။ ထိုလူက သူ့အား​ကျော​ပေးထားကာ သူ့​ခြေ​ထောက်က တစ်ခြားဖက်ရှိ စာအုပ်စင်​ပေါ်တင်ထားရင်း ​ရေခဲမုန့် စား​နေသည်။
ပိုင်မိသားစုလို မိသားစုကြီးမျိုးက အပြုအမူများကို အ​လေးထားကြသည်။ ပိုင်ယွင်ရှီ၏ရုံးခန်းတွင် အပြုအမူမဲ့သည့်လူအား​ တွေ့လိုက်ရ​သောအခါ ကျန်းစီလျန်က စိတ်ရှုပ်​ထွေးသွား​လေသည်။
"မစ္စတာပိုင် ကျွန်​တော့်ကို ရှာ​နေတာလား" ကျန်းစီလျန်က ​မေးလိုက်သည်။
ပိုင်ယွင်ရှီက ​ခေါင်းခါရင်း ပြုံးကာ သူ့​ဘေးရှိ တခြားလူအား ညွှန်ပြလိုက်သည် "တကယ်​တော့ အဲ့ဒါက ကျွန်​တော်​ခေါ်တာ မဟုတ်​ဘူး။ ဒါပေမဲ့ မင်းကို ရှာ​နေတာက​တော့ သူပါ။ သူ​ခေါ်ရင် မင်းက မလာနိုင်မှာဆိုးလို့ ကျွန်​တော်က ​ခေါ်လိုက်ရတာပါ"
"သူလား" ပိုင်ယွင်ရှီ၏စကားကို ကြားလိုက်​သောအခါ ကျန်းစီလျန်က ပို၍​တောင် စူးစမ်းချင်စိတ် ပြင်းပြသွားသည်။
"ဟုတ်တယ်။ အဲ့ဒါက ကျွန်​တော်ပါ" ယဲဖန်က ကုလားထိုင်အားလှည့်လိုက်သည်။
ကျန်းစီလျန်က သူ့အား ချက်ချင်း မှတ်မိသွားသည် "မင်း ... မင်းက ​လေယာဥ်​ပေါ်က လူပဲ"
​လေယာဥ်​ပေါ်တွင် ယဲဖန်နှင့် စကား​ပြောချင်​သော်လည်း ထို​နေရာတွင် ယွမ်ယီ ရှိ​​နေသော​ကြောင့် သူသည် ဘာမှမ​မေးနိုင်ခဲ့​ပေ။
ယွမ်ယီလဲ တစ်ခုခုအား သ​ဘော​ပေါက်သွားနိုင်သည်။ မကြာ​သေးမီက သူမက သူ့အား အနီးကပ် စိုက်ကြည့်​နေခဲ့သည်။ သူသည် လွန်ခဲ့သည့်ရက်က ယဲဖန်၏နံပါတ်ကို ရရှိခဲ့​သော်လည်း ဆက်သွယ်ဖို့ အခွင့်အ​ရေး မရရှိခဲ့​ပေ။
ပိုင်ယွင်ရှီက သူ့အားဖိတ်ကြားပြီး​နောက် ယွမ်ယီသည် သူ့အား မစ္စတာပိုင်ဖိတ်​ကြောင်း အကြိမ်ကြိမ်အတည်ပြုပြီးမှသာ သူ့အားသွားခွင့်ပြုခဲ့​လေသည်။
ကျန်းစီလျန်သည် ယဲဖန်က ပိုင်ယွင်ရှီနှင့် အမှန်တကယ် အဆက်အသွယ်ရှိလိမ့်မည်ဟု လုံးဝမ​မျှော်လင့်ထားခဲ့​ပေ။
"ဒါဆို မင်းရဲ့ရုပ်ပိုင်းဆိုင်ရာအ​ခြေအ​နေအ​ကြောင်း ဘယ်​လောက်သိလဲ" ယဲဖန်က သာမန်ကာလျှံကာ​မေးလိုက်သည်။
ကျန်းစီလျန်သည် သူတို့က အရမ်းရင်းနှီး​ကြောင်း ​တွေ့လိုက်​​​သော​ကြောင့် သူ့စိတ်ထဲရှိ သံသယများ ချက်ချင်းလွင့်​စင်ပ​ပျောက်သွား​လေသည်။ မစ္စတာပိုင်၏ သူငယ်ချင်းက သူ့အား လှည့်စားလိမ့်မည် မဟုတ်​​လောက်ပေ။
ဒါ​ကြောင့် သူသည် ချက်ချင်း​ဖြေလိုက်သည် "ယွမ်ယီက ငါ့ရဲ့အတွင်း​ရေးမှူးတစ်​ယောက် ဖြစ်ပြီး ငါ့မိန်းမရဲ့ အတန်း​ဖော်လဲဖြစ်တယ်။ သူမက ကျွန်​တော့်ကို ​သွေး​ဆောင်ဖို့ ကြိုးစားခဲ့တာ​ကြောင့် သူမကို ထွက်သွား​ခိုင်းခဲ့တယ်။ ဒါ​ပေမဲ့ သူမက သနားစရာ​ကောင်းသလို လုပ်ပြီး ကျွန်​တော်နဲ့ ကျွန်​တော့်မိန်းမကို နှုတ်ဆက်ညစာစားပွဲတစ်ခု ဖိတ်ကြားခဲ့တယ်။ ရလဒ်က​တော့ ကျွန်​တော်တို့​တွေ အိပ်ရာပေါ်မှာ အဆုံးသတ်သွားခဲ့တယ်"
"အဲ့ဒီညစာစားပွဲပြီး​တော့ အရာရာတိုင်းက ထိန်းချုပ်မှုက လွှတ်ကုန်တာပဲ။ ကျွန်​တော် ကျိန်ဆိုရဲပါတယ်ဗျာ။ ကျွန်​တော် သူမအ​ပေါ် တကယ့်ကို ဘာခံစားချက်မှ မရှိပါဘူး။ ဒါ​ပေမဲ့ သူမ​ဘေးမှာရှိတဲ့အခါ ကျွန်​တော်က သူမအမိန့်​တွေကို မသိစိတ်က လိုက်နာ​နေမိတယ်"
"ငါတို့ကိစ္စကို သိသွားပြီး​နောက် ကျွန်​တော့်မိန်းမက ထွက်သွားခဲ့ပြီး သူမအတွက် အခွင့်အ​ရေးအကြီးကြီးရသွားခဲ့တယ်။ ရလဒ်က​တော့ ကျွန်​တော်က မိန်းမကို ​လှေကား​အောက်ထပ်ကို တွန်းချမိခဲ့တယ်။ ဒါ​ပေမဲ့ ကျွန်​တော် ဘာလုပ်ခဲ့လဲဆို​တာတော့ တကယ်ကို မသိဘူး။ အဲ့ဒါ​တွေဖြစ်ပြီး​တော့ တစ်​ယောက်​ယောက်က ကျွန်​တော့်ကို လာ​ပြောပြခဲ့တာကို ကျွန်​တော်မှာ မယုံကြည်နိုင်​သေးဘူး"
"ဒါ့အပြင်ကို တစ်ခုခုက ပိုပြီးဆန်းကြယ်တာဖြစ်သွား​သေးတယ်။ ကျွန်​တော်က ကျွန်​တော့်သားကို​တောင် သတ်မိလုနီးပါး ဖြစ်သွားခဲ့​သေးတယ်"
"ကျွန်​တော်က အချစ်မှာကျရှုံးခဲ့တယ်လို့ ကျွန်​တော့်မိန်းမကို ​ပြောခဲ့ပြီး ကွာရှင်းပြတ်စဲခဲ့တယ်"
သူတို့သည် ကွာရှင်းခဲ့​သောအခါ အ​ပေါ်ယံတွင် သူနှင့်သူ့ဇနီးသည် ရန်သူလို သရုပ်​ဆောင်ခဲ့​ပေမဲ့ အမှန်​တော့ သူ့ပိုင်ဆိုင်မှု၏ ၇၀%ကို သူ့သားအား လွှဲပြောင်း​ပေးခဲ့သည်။ သူသည် ​ဆေးရုံသို့ သွားကာ လျှိုဝှက်စွာ ခွဲစိတ်ကုသခဲ့သေးသည်။ ယွမ်ယီသည် အမြဲတမ်း က​လေးတစ်​ယောက်လိုချင်ခဲ့​ပြီး ရိုးရာ​ဆေးညွှန်းများစွာဖြင့် ကြိုးစားခဲ့​လေသည်။ သို့​သော် သူမတွင် ​ဆေးညွှန်းဘယ်​လောက်ပဲရှိရှိ သူမသည် ဘယ်​တော့မှ ကိုယ်ဝန်မရနိုင်​ကြောင်း​ကိုတော့ မသိ​ပေ။
"လွန်ခဲ့သည့်နှစ်အနည်းငယ်​လောက်တုန်းက ကျွန်​တော့်မိန်းမနဲ့ကျွန်​တော်တို့ အချင်းချင်းအဆက်သွယ်ရှိခဲ့ကြတယ်။ ကျွန်​တော့ဇနီးက တစ်​ယောက်​ယောက်က ကျွန်​တော်အ​ပေါ်​အောက်လမ်းနည်းသုံးခဲ့တယ်လို့ ထင်တာ​ကြောင့် သူမက ကုသဖို့ ဆရာသခင်​တွေကို ရှာပေးခဲ့တယ်"
"ယွမ်ယီက မ​တော်တဆ ရှာ​တွေ့ခဲ့ပြီး ရလဒ်က​တော့ ကျွန်​တော် ဖျားခဲ့တယ်။ ဒါ​ပေမဲ့ ဆရာဝန်​တွေက အ​ကြောင်းရင်းကို ရှာမ​တွေ့ခဲ့ဘူး။ ​နောက်ပိုင်း ကျွန်​တော့်ဇနီး ထွက်သွားပြီး ယွမ်ယီက ကျွန်​တော့်ဆီ အကြိမ်တစ်ချို့ လာလည်​တော့မှ ကျွန်​တော် သက်သာလာခဲ့တာ"
.......
ပိုင်ယွင်ရှီက စိတ်ဝင်တစား နား​ထောင်ပြီး ဆိုလိုက်သည် "မင်း​ရော ဘယ်လိုထင်တုန်း"
"ဒါက ​အောက်လမ်းနည်းတော့မဟုတ်​ပေမဲ့ အချစ်စစ်ကို ပြုစားတဲ့ ကပ်ပါးပိုး​ကောင်မျိုးပဲ" ယဲဖန်က ​ပြောသည်။
"အမျိုးအစားနှစ်မျိုး​တော့ရှိတယ်။ ပထမတစ်ခုက​တော့ အချစ်စစ်ကို ပြုစားတဲ့ သာတူညီမျှကပ်ပါး​ကောင်ပဲ။ ဒီတစ်ခုမှာက အားနည်းချက် နည်းနည်းရှိတယ်။ ချစ်သူနှစ်​ယောက်က အဲ့ဒါကို ယူ​ဆောင်ပြီးရင် သူတို့နှလုံးသား​တွေက အချင်းချင်း ဆက်သွယ်နိုင်တယ်။ တစ်ခြားလူ​တွေက တိုက်ခိုက်လာတဲ့အခါ သူတို့​တွေက ပိုပြီး ပူး​ပေါင်း​ဆောင်ရွက်လာတတ်ကြတယ်။ ဒါ​ပေမဲ့ တစ်ဖက်က တစ်ခုခု ဖြစ်သွားခဲ့ရင် ​နောက်တစ်ဖက်က နာကျင်မှုခံစားရလိမ့်မယ်"
"​နောက်တစ်မျိုးက​တော့ အချစ်စစ်ကို ပြုစားတဲ့ မိခင်နဲ့သားကပ်ပါး​ကောင်ပဲ။ ပြုစားတဲ့သားကပ်ပါး​ကောင်က ပြုစားတဲ့မိခင်ကပ်ပါး​ကောင်က​နေ ​မွေးဖွားခဲ့တာ​ကြောင့် ပြုစားတဲ့မိခင်ကပ်ပါး​ကောင်ကို လက်ခံထားတဲ့သူရဲ့ အမိန့်စကားကိုပဲ လုံးဝနား​ထောင်တယ်။ သူတို့ ပိုနီးကပ်လာ​လေ လက်ခံ​ကောင်ရဲ့ လွှမ်းမိုးနိုင်စွမ်းက ပိုကြီး​လေပဲ။ ဒါ​ကြောင့် မစ္စတာကျန်းက ယွမ်ယီအနားမှာရှိရင် မင်းရဲ့အသိဥာဏ်ကို ဆုံးရှုံးသွားပြီး သူမအနားမှာ မရှိရင် မင်းက ပုံမှန်အတိုင်းပဲ ပြုမူတယ်။ ကျွန်​တော်​ပြောတာဟုတ်တယ်မလား" ယဲဖန်က ​မေးသည်။
ကျန်းစီလျန်က သ​ဘောတူစွာ ​ခေါင်းငြိမ့်ရင်း "မင်း​ပြောတာ လုံးဝကို အတိအကျပဲ" ယွမ်ယီသည် သူ့ဇနီးနှင့် ရန်ဖြစ်​သောအခါ သူက သူ့မိန်းမကို ကူညီချင်ခဲ့​ပေမဲ့ ရလဒ်က​တော့ သူ့မိန်းမကို ​လှေကား​ပေါ်မှ တွန်းချမိခဲ့သည်။
"ဒီလိုကိစ္စဖြစ်ခဲ့ရင် သူမဆီက​နေ ​​ဝေးဝေး​နေဖို့ ထွက်သွား​လေ" ပိုင်ယွင်ရှီက ​ပြောသည်။
ယဲဖန်သည် ​ခေါင်းခါရင်း "မရဘူး။ ပြုစားတဲ့သားကပ်ပါး​ကောင်က အာဟာရလိုအပ်တယ်။ ပြုစားတဲ့မိခင်ကပ်ပါး​ကောင်ရဲ့ အ​ဝေးမှာ ​နေတာအရမ်းကြာသွားရင် သားကပ်ပါး​ကောင်က လက်ခံသူကိုယ်ထဲမှာ လှိမ့်​နေပြီး မစ္စတာကျန်းလဲ သက်​တောင့်သက်သာမရှိ ခံစားနေရလိမ့်မယ်"
ကျန်းစီလျန်သည် ယဲဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ယဲဖန် ​ပြောသမျှအကုန်လုံးသည် လုံးဝမှန်ကန်​လေသည်။
ထိုအမျိုးသမီးက ထူးထူးဆန်းဆန်း ပြုမူကတည်းက သူသည် ထွက်ခွာသွားဖို့ မကြာခဏ ​တွေးမိခဲ့သည်။ သို့​သော်လည်း သူမ​ဘေးသို့ ပြန်သွားရန် သူ့အား တွန်းအား​ပေး​နေသည့် ဖိအားတစ်ခု​ရှိ​ကြောင်း ခံစားရ​လေသည်။ ဒါ​ကြောင့် သူသည် ​​ခေတ္တမျှသာ ​နေနိုင်ခဲ့သည်။
"အဲ့ဒီ ပြုစားတဲ့ကပ်ပါး​ကောင်​တွေကို ​မွေးမြူတာ အန္တရာယ်မရှိဘူးလား" ပိုင်ယွင်ရှီက ​မေး၏။
ယဲဖန်က ​ခေါင်းငြိမ့်ရင်း "နည်းနည်း​ပေါ့။ မိခင်ကပ်ပါး​ကောင်ကြီးထွားလာမှုအတွက် ချီစွမ်းအင်နဲ့ ​သွေး​တွေ လိုအပ်တယ်။ လက်ခံ​သူရဲ့ ခံနိုင်ရည်စွမ်းအားကို ဝါးမြိုပြီး တိကျတဲ့သတ်တမ်းအတိုင်းအတာတစ်ခုအထိ ထိ​ရောက်နိုင်လိမ့်မယ်"
 ကျင့်ကြံသူတစ်ချို့သည် ပြုစားသည့် ကပ်ပါး​ကောင်များကို ​မွေးမြူကြ​လေသည်။ ထိုအ​ကောင်များကို ​မွေးမြူရန် ထူးဆန်း​သောနည်းလမ်းများစွာရှိ​ပေမဲ့ တစ်​ယောက်​ယောက်ရဲ့ ချီစွမ်းအင်နှင့်​သွေးများ​ ထောက်ပံ့ရန်အတွက်လဲ နည်းလမ်းအ​တော်များများရှိ​ပေသည်။
"သားကပ်ပါး​ကောင်အတွက်က​ရော။ တစ်​ယောက်​ယောက်ရဲ့ သက်တမ်းကို ဝါးမြိုပစ်နိုင်လား"
"ဝါးမြိုနိုင်တယ်။ ဒါ​ပေမဲ့ နည်းနည်း​လောက်ပါပဲ။ မစ္စတာကျန်း အချက်အလက်အရဆို မင်းရထားတဲ့ အချစ်စစ်ကိုပြုစားတဲ့မိခင်နှင့်သားကပ်ပါး​ကောင်က တစ်ဝက်ပဲပြီး​ပြတ်သေးတဲ့ အမျိုးအစားမျိုးပဲ။ မိခင်နှင့်သားကပ်ပါး​ကောင်အစစ်ဆို သားကပ်ပါး​ကောင်ကို လက်ခံထားသူက မိခင်ကပ်ပါး​ကောင်ဆီက အမိန့်​တွေကို ဘယ်လိုမှ မဆန့်ကျင်နိုင်ဘူး။ တစ်ခါ​လေး သစ္စာ​ဖောက်လိုက်တာနဲ့ မင်းက ဆိုးရွားလှတဲ့​သေခြင်းမျိုးနဲ့ ​သေရလိမ့်မယ်။ သူကိုယ်တိုင်​တောင်မသိလိုက်ပဲ မိခင်ကပ်ပါး​ကောင်ရဲ့လက်ခံသူအ​ပေါ် တဖြည်းဖြည်းချင်း ချစ်မိသွားလိမ့်မယ်။ ဒါ​ပေမဲ့ ပြုစားတဲ့ကပ်ပါး​ကောင်အစစ်ဆိုလဲ ​​မွေးမြူဖို့က မလွယ်ကူဘူး" ယဲဖန်က ​အေးစက်စွာ ဆို၏။
ကျန်းစီလျန်က ခါးသီးစွာ ပြုံးလိုက်​ပြီး ယဲဖန်က သူ့ကိုယ်ထဲရှိ ကပ်ပါး​ကောင်အ​ပေါ် စက်ဆုပ်ရွံရှာပုံလဲ​ပေါ်​လေသည်။
"ဒါဆို ဆရာကြီး ကျွန်​တော့်ဆီမှာ ​မျှော်လင့်ချက်များရှိသေးလား" ကျန်းစီလျန်က မဝံ့မရဲ ​မေးလိုက်သည်။
ယဲဖန်က ​ခေါင်းငြိမ့်ရင်း "ဒါ​ပေါ့၊ ဒါမှမဟုတ်ရင် ခင်ဗျားကို ကျွန်​တော်က ဒီကို ​ဘာလို့ခေါ်လာရမှာလဲ။ ဒါ​ပေမဲ့ ကျွန်​တော်တို့​တွေ စရန်​ငွေအတွက် ကြိုရှင်းရအုံးမယ့် အရာတစ်ခု​တော့ရှိ​သေးတယ်။ ကျွန်​တော် ကပ်ပါး​ကောင်ကို ကူထုတ်​ပေးမယ်ဆို ခင်ဗျားက ကျွန်​တော်ကို ယွမ်သန်းငါးဆယ် ပေးဖို့ တကယ်ဆန္ဒရှိလား"
ကျန်းစီလျန်က အမြန်​ပြန်​ဖြေလိုက်သည် "​သေချာတာ​ပေါ့" ဒါက အ​ရေအတွက်အားဖြင့်မနည်းပေမဲ့ သူသာ ​ဖြေရှင်း​ပေးနိုင်လျှင် ဒါက ကိစ္စကြီး​တော့မဟုတ်​ပေ။
ယဲဖန်က ​ခေါင်းငြိမ့်ကာ "ဒါဆို ​ကောင်းပြီ​လေ"
ထို့​နောက် သူသည် သုံး​ချောင်း​ထောက်အိုး​သေး​လေးကို ထုတ်လာပြီး သူပြင်ဆင်လာသည့် ​ဆေးဖက်ဝင်အပင်များကို ကြိုချက်လိုက်​လေသည်။
"ဒီအနံ့က ဘာကြီးလဲ။ နံလိုက်တာ" ပိုင်ယွင်ရှီက မျက်​မှောင်ကြုတ်လိုက်သည်။
ယဲဖန်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "ဒါက နံလို့လား။ ပြုစားတဲ့ကပ်ပါး​ကောင်​တွေက ဒီလိုအနံ့မျိုးကို ကြိုက်ကြတယ်"
ထို့​နောက် ကျန်းစီလျန်ဘက် လှည့်ရင်း ပြုံးကာ "ခင်ဗျား ဒီအနံ့ကို ကြိုက်တယ်မလား"
ကျန်းစီလျန်က ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်" ဟုရိုးရိုးသားသားဆို၏။
ပိုင်ယွင်ရှီသည် ကျန်းစီလျန်ကို ကြည့်ကာ ဆွံအသွား​လေသည်။ သူ့အကြည့်​အောက်တွင် ကျန်းစီလျန်က အနည်းငယ် ကိုးရိုးကားရားနိုင်သလို ခံစားလိုက်ရသည်။
"ခင်ဗျားကိုယ်ထဲက ကပ်ပါး​ကောင်က ဒီအနံ့ကို ကြိုက်တာ​ကြောင့် ခင်ဗျားလဲ ကြိုက်​နေတာပါ" ယဲဖန်က ရှင်းပြသည်။
ကျန်းစီလျန် "....."
"ခင်ဗျားလက် ကျွန်​တော့်ကို ​ပေးအုံး" ယဲဖန်က ဆို၏။
ကျန်းစီလျန်က သူ့လက်အား အမြန်ထုတ်​ပေးလာသည်။
"မစ္စတာကျန်း ခင်ဗျားလက်​မောင်းထဲမှာ တစ်ခုခု ​လှုပ်ရှား​နေတယ်" ပိုင်ယွင်ရှီက ဆို၏။
ယဲဖန်က သူ့ကို ပြုံးကာ "ပြုစားတဲ့ကပ်ပါး​ကောင်​တွေက များ​သောအားဖြင့် ပုန်း​နေတတ်ကြတယ်။ ဒါ​ပေမဲ့ တစ်ကြိမ်​လောက် နိုးဆွ​ပေးလိုက်တာနဲ့ သူတို့​တွေက ထွက်လာကြပြီ"
ပိုင်ယွင်ရှီလဲ ပြုံးလိုက်ကာ "စိတ်ဝင်စားစရာပဲ။"
သူတို့၏စကားဝိုင်းကို နား​ထောင်ပြီး​နောက် ကျန်းစီလျန်က ဆွံအသွား​မိသည်။ ဒီနှစ်​ယောက်က သူ့ကို အရုပ်လို့ထင်​နေတာလား။
သူက အမှန်​ကို သောက​ရောက်​နေ​ပေမဲ့ သူတို့ထဲက တစ်​ယောက်ကိုမျှ မ​စော်ကားရဲတာ​ကြောင့် စကားတစ်ခွန်းမှမ​ဟရဲ​ပေ။
ကျန်းစီလျန်၏လက်​မောင်းအတွင်း ကူးခတ်​နေသည့် ကပ်ပါး​ကောင်​ကြောင့် သူ့အ​ရေပြားက တရွရွခံစားနေ​ရသည်။
သူ့ကိုယ်ထဲတွင် တစ်ခုခုမှားယွင်း​နေ​ကြောင်း သူသိတာ ကြာ​ပေမဲ့ သူ့လက်​မောင်းအတွင်း လှုပ်ရှားမှုက ​ဖောင်းကားလာသည်ကို ​တွေ့လိုက်​ရသောအခါ ထိတ်လန့်သွား​လေသည်။
"ဆရာကြီး မင်း ဒါကို ဘယ်အချိန်မှ ထုတ်မှာလဲ" ကျန်းစီလျန်က ဂရုတစိုက် ​မေးလိုက်သည်။
ယဲဖန်က "အလျင်မလိုနဲ့။ အဲ့အရာ​တွေက ဒီအနံ့​ကို ကြိုက်တာ​ကြောင့် ပိုပြီး တက်ကြွလာလိမ့်မယ်။ ဒါ​ပေမဲ့ မင်းက ထုတ်ဖို့ အလျင်လိုလိုက်မယ်ဆိုရင် သူတို့​တွေက ​ထောက်ချက်မှန်း သိသွားပြီး ​နောက်ပြန်ဆုတ်သွားလိမ့်မယ်။ အကယ်၍ ​နောက်ပြန်ဆုတ်သွားမယ်ဆို ​နောက်တစ်ကြိမ် ထပ်ဆွဲ​ဆောင်ဖို့က မလွယ်​တော့ဘူး"
ပိုင်ယွင်ရှီက စူးစမ်းစွာ ​မေးလိုက်သည် "ပြုစားတဲ့ ကပ်ပါး​ကောင်​တွေက အရမ်းထက်မြက်တာပဲလား"
ယဲဖန်က ​ပြုံးကာ "ဘယ်သတ္တဝါပဲဖြစ်ဖြစ် ထိခိုက်နာကျင်တာကို ​ရှောင်ရှားဖို့ ပင်ကိုယ်ဗီဇ​တွေ ရှိကြတယ်။ ဒါက ငါးမျှားသလိုပဲ သိလား"
ပိုင်ယွင်ရှီက ​ခေါင်းငြိမ့်ကာ "ဟုတ်ပြီ။ ငါနားလည်ပြီ"
အနံ့က ပိုပြင်းလာ​လေ ကပ်ပါး​ကောင်များက ပိုလှုပ်ရှားလာ​လေ ဖြစ်သည်။ ထို့​နောက် ယဲဖန်က ကျန်းစီလျန်၏လက်​မောင်းကို ဖြတ်ပြီး ဖွင့်လိုက်ရာ ​သွေးနီ​ရောင်ကပ်ပါး​ကောင်တစ်​ကောင်က ထွက်လာပြီး ​ဆေးဖက်ဝင်အပင်များ ပါရှိသည့် သုံး​ချောင်း​ထောက်အိုး​ဘေးသို့ ခုန်သွား​လေသည်။ ၎င်းသည် တစ်ဆယ်စင်တီမီတာ လက်​ချောင်းအထူ​ နီးပါးလောက်ရှိနိုင်တယ်။ ထိုအရာနှင့် နီးကပ်​နေသည့် ကျန်းစီလျန်က လဲကျသွား​လေသည်။
​ဆေးဖက်ဝင်အိုးထဲ ကူးခတ်​နေသည်ကို ကြည့်ရင်း သူသည် အသက်ရှုမဝလုနီးပါး ဖြစ်သွားသည်။
"အရမ်းနံလိုက်တာ" ကျန်းစီလျန်က ​ပြောသည်။
"အဲ့​ဒီအကောင်ထွက်သွားတာတာနဲ့ မင်းက ပုံမှန်လူတစ်​ယောက်အတိုင်း အနံ့ပြန်ရသွားတာ​ကြောင့် နံတယ်လို့ ထင်​နေရတာ" ယဲဖန်က ​ပြောသည်။
ကျန်းစီလျန် "....."
"ဆရာကြီး ဒီအ​ကောင်ကို ထုတ်ပြီးသွားပြီးဆို​တော့ ကျွန်​တော်​ရောအဆင်​ပြေရဲ့လား" ကျန်းစီလျန်က ​မေးသည်။
ယဲဖန်က ​ခေါင်းငြိမ့်ရင်း "အွန်း အဆင်ပြေ​လောက်မယ်လို့ထင်​ပေမဲ့ မင်း အနားယူဖို့​တော့ အခိုင်အမာ​သတိ​ပေးလိုက်မယ်"
ကျန်းစီလျန်က သက်ပြင်း တစ်ချက်ချက်ချလိုက်သည်။
"ကျွန်​တော့်ကို ပိုက်ဆံလွှဲ​ပေးဖို့ သတိရအုံး​နော်။ မင်းဆီမှာ ကပ်ပါး​ကောင် ​ထပ်​တွေ့ခဲ့ရင် ကျွန်​တော့်ကို ​လှမ်းခေါ်လို့ရတယ်။ မင်းက ​ဖောက်သည်​ဟောင်းတစ်ဦးဖြစ်တာကြောင့် ​လျော့​စျေး​နဲ့လုပ်ပေးမယ်" ယဲဖန်က ​ပြောသည်။
ကျန်းစီလျန် "....." ထပ်ပြီး ပြုစားတဲ့အ​ကောင်ပဲလား။ ဒီလိုအရာ​တွေက တစ်ကြိမ်ဆိုရင်​ကို လုံ​လောက်​နေပြီကွ။
Thanks for your reading
---------------------------------------------------------------------
Zawgyi