Unicode
ယဲမိသားစု၌
ယဲကျီကျဲသည် ရုပ်ဆိုးသောမျက်နှာဖြင့် လျှောက်လာပြီး ဆိုဖာတွင် ထိုင်လိုက်သည်။
"အကို နင့်ကြည့်ရတာ စိတ်မပါသလိုပဲ။ ဘာတွေ ဖြစ်ခဲ့လို့လဲ"
ယဲကျီကျဲသည် ယဲယင်လန်ကို တချက်ကြည့်လိုက်ပြီး "ဘာမှမဖြစ်ဘူး"
သူသည် ယဲဖန်အား မကောင်းသတင်းဖြန့်မည့် လူတစ်စုကို ရှာတွေ့ခဲ့ပေမဲ့ ရလဒ်အားဖြင့် ထိုလူများသည် နောက်ဖေးလမ်းကြားထဲ အဆွဲခေါ်ခံလိုက်ရပြီး ညိုမည်းနေအောင် အရိုက်ခံလိုက်ရလေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ယဲဟုန်ဝမ်သည် ထန်ယုံကျင်းက စီမြို့တော်သို့ တိတ်တဆိတ် ရောက်လာသည့် သတင်းကို ကြားသိခဲ့ရသည်။ ယဲကျီကျဲသည် ထိုလူကြီးနှင့် သိကျွမ်းစေရန် အခွင့်အရေးများရှာခဲ့ပေမဲ့ ဘယ်သူကသိမှာလဲ။ သူအခွင့်အရေးရှာမတွေ့ခင် ယဲဖန်က ထန်ယုံကျင်းရှေ့တွင် မျက်နှာရပြီးနေပြီ ဖြစ်သည်။
သူသည် ဝူမိသားစုက ယဲဖန်အား ဗီလာတစ်ခုပေးခဲ့ကြောင်း သတင်းရခဲ့၏။ ဒါ့အပြင် ထန်ယုံကျင်းသည်လည်း ထိုဗီလာသို့ လူကိုယ်တိုင်သွားရောက်ကာ ကျောက်စိမ်းဆိုင်မှ အကြီးအကဲကျိုးနှင့်အတူ ယဲဖန်အား ထန်မိသားစုဗီလာဟောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းသည် ထန်ယုံကျင်း ဖြစ်ဖြစ် ကျိုးကျင်းကျီဖြစ်ဖြစ် သူတို့သည် ပုံရိပ်ကောင်းရှိကာ သူတို့အဖေတောင်မှ လေးစားမှုပြသရလေသည်။
ဝမ်ရှောင်ဖေး၏လွှမ်းမိုးမှုအောက်တွင် ယဲကျီကျဲသည် ယဲဖန်ကို ပြိုင်ဘက်အဖြစ် အမြဲသတ်မှတ်ခဲ့ရာ ယခုချိန်တွင် ဝူမိသားစုနောက်ခံရှိသော ယဲဖန်က သူ့အား မနာလိုဖြစ်စေလေသည်။
နောက်ဆုံးအကြိမ်တုန်းက သူသည် ယဲဖန်၏နာမည်ဂုဏ်သတင်း ပျက်စီးရန် ထောက်ချောက်တစ်ခု ဆင်ခဲ့ပြီး ထိုနည်းလမ်းကြောင့် လျောက်တင်းတင်း၏နှလုံးသားကို ရရှိခဲ့သည်။ သူမ၏နှလုံးသားကိုရရှိခြင်းသည် သူ့အား အရမ်းကျေနပ်သွားစေခဲ့သည်။ ဒါပေမဲ့ အခုတော့ ယဲဖန်ရုတ်တရက်ထိုးတက်လာသည်နှင့်အမျှ မလွယ်ကူမှုများသည် သူ့နှလုံးသားထဲ တိုးဝင်လာသည်။
ဘာလို့လဲ။ ယဲကျီကျဲသည် ၎င်းကို လုံးဝလက်မခံနိုင်ပေ။ ယဲဖန်ကို ရွှံထဲရောက်အောင် နောက်ဆုံးခြေလှမ်းအတွက် များစွာ အားထုတ်ခဲ့ရပေမဲ့ ဒီကောင်က မြန်မြန် ရုန်းထွက်နိုင်ခဲ့သည်။ ဝူမိသားစုရှိလူများသည် တကယ်ကို သဘောထားကြီးပြီး ယဲဖန်ကို ဗီလာတစ်လုံးတောင် တိုက်ရိုက်ပေးအပ်ခဲ့သေးသည်။
ထိုအချိန်တွင် ယဲဟုန်ဝမ်သည် ဝင်လာခဲ့သည်။ ယဲယင်လန်က မေးလိုက်၏ "အဖေ နင့်ကြည့်ရတာ အခြေအနေမကောင်းတဲ့ပုံပဲ။ တစ်ခုခု ဖြစ်လာလို့လား"
"မင်းအဘိုးက စောနတုန်းက ဖုန်းခေါ်ပြီး စိတ်ရှုပ်စရာတွေ ပြောလိုက်လို့" ယဲဟုန်ဝမ်သည် စိတ်မရှည်စွာ ပြောလေသည်။
"သူ ဘာပြောလိုက်လို့လဲ"
"အဲ့ဒီမျိုးမစစ်ယဲဖန်က ယခင်က ရုတ်တရက် အကြီးအကဲကျိုးမျက်နှာသာရခဲ့ပြီး အခုကျတော့ ထန်ယုံကျင်းရဲ့ အသိအမှတ်ပြုခြင်းကိုပါ ရရှိခဲ့တယ်လို့ ပြောတယ်။ ဝူမိသားစုက ထန်အုပ်စုနှင့်ပူးပေါင်းဖို့ အခွင့်အရေးရတာကလဲ အဲ့ကောင်ကြောင့်လို့ ပြောသေးတယ်။ သူက ယဲဖန်ကို ပြန်လာဖို့ မေးခိုင်းနေတာ။ မင်းအဘိုးက အသက်ကြီးလွန်းနေပြီ။ ယဲဖန်မှာ အဲ့ဒီလိုစွမ်းရည်မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ" ယဲဟုန်ဝမ်က အထင်အမြင်သေးစွာ ဆိုလေသည်။
"ဟုတ်တယ်။ အဘိုးက မှားသွားပြီ။ သမီးတို့မိသားစုဂုဏ်သတင်းပျက်စီးအောင်လုပ်ရုံကလွဲပြီး အဲ့ကောင်က ဘာလုပ်နိုင်လို့တုန်း" ယဲယင်လန်က အမြန် ပြောလိုက်၏။
ယဲယင်လန်သည် ယဲဖန်အကြောင်းတွေးသောအခါ သူမ၏မျက်နှာ နာကျင်လာသလို ခံစားလိုက်ရသည်။ ယဲယင်လန်သည် ယဲဖန်ကို ပြဿနာရှာရန် နှစ်ကြိမ်တိုင်တိုင်သွားခဲ့ပေမဲ့ နှစ်ကြိမ်လုံး သူမ၏မျက်နှာပဲ အရိုက်ခံလာခဲ့ရသည်။ သူမသည် ၎င်းကို ဝန်မခံချင်သော်လည်း ယဲဖန်ကို သူမ၏စိတ်ထဲကနေပါ ကြောက်လန့်နေမိသည်။
ယဲဟုန်ဝမ်သည် ယဲကျီကျဲကို ကြည့်ကာ "အားကျီ မင်းနဲ့ လျောက်တင်းတင်းကကော ဘယ်လိုတုန်း။ လျောက်မိသားစုနှင့် ထန်အုပ်စုကြားက ပူးပေါင်းမှုက သေချာတဲ့အရာလို့ မင်းမပြောခဲ့ဘူးလား။ မင်း သူမကို ဘာတွေဖြစ်နေတာလဲဆိုတာ မေးပြီးပြီလား"
ယဲကျီကျဲက မျက်မှောင်ကြုတ်ကာ "မင်းသိပါတယ် ကျွန်တော် အခုတလော အလုပ်ရှုပ်နေတာမို့ ကျွန်တော်တို့တွေ သေချာမတွေ့ရသေးဘူး"
ယဲဟုန်ဝမ်၏စကားများသည် ယဲကျီကျဲကို ကြီးမားသော ရိုက်နှက်ချက်ဖြစ်ခဲ့သည်။ ယဲတင်းဟုန်သည် မြေခွေးအိုတစ်ယောက်ဖြစ်ရာ သူ့တွင် တိကျတဲ့သက်သေမရှိဘဲ မည်သည့်အရာမှ ပြောလိမ့်မည် မဟုတ်ပေ။ ဒါဆိုရင် ဒီတစ်ခါတော့ အဲ့ငါးဆားနူးကောင်ယဲဖန်က တကယ်ပဲ လှုပ်ရှားနေခဲ့တာပေါ့။
ဒီရက်ပိုင်းတွင် ယဲကျီကျဲက လျောက်တင်းတင်းသည် ယခင်ကကဲ့သို့ သူ့အပေါ် ထောက်ထားညှာတာပြီး နူးညံ့သိမ်မွေ့ခြင်းတို့မရှိတော့သလို အနည်းငယ်ခံစားခဲ့ရသည်။ သူသည် သူမကို အကြိမ်ကြိမ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခြင်းသာ ခံခဲ့ရသည်။ ယဲကျီကျဲက သူမ၏သဘောထားပြောင်းလဲလာမှုများသည် ယဲဖန်နှင့်ဆက်စပ်နိုင်ကြောင်း သံသယဝင်မိသည်။
ယဲဟုန်ဝမ်သည် မျက်မှောင်ကြုတ်ကာ "စီးပွားရေးက အရေးကြီးပေမဲ့ မင်းရဲ့အိမ်ထောင်ရေးကလဲ အရမ်းအရေးကြီးတယ်။ လျောက်တင်းတင်းလို မိန်းကလေးမျိုးရှာဖို့က မလွယ်ဘူး"
ယဲကျီကျဲက အတင်းပြုံးပြီး "ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် သူမကို တစ်ရက်လောက်ကျမှ မေးကြည့်လိုက်ပါမယ်"
.......
ပိုင်မိသားစုတွင်
"အဘိုး မင်းကို ဒေါသထွက်အောင် ဘယ်သူလုပ်လိုက်တာလဲ" ပိုင်ယွင်ရှီက အထဲဝင်လာတော့ ပိုင်ရှစ်ယွမ်က လက်နောက်ပစ်ကာ ဒယ်အိုးပူပေါ်ရှိပုရွက်ဆိတ်များကဲ့သို့ အရှေ့အနောက် လမ်းလျှောက်နေ၏။
သူ့ကို တွေ့သောအခါ မည်းမှောင်နေသောပိုင်ရှစ်ယွမ်၏မျက်နှာသည် အနည်းငယ် မှိန်ဖျော့သွားကာ "ယွင်ရှီ မင်းပြန်ရောက်လာပြီပေါ့"
ပိုင်ယွင်ရှီက စားပွဲပေါ်ရှိ စာတစ်စောင်ကို တစ်ချက်ကြည့်လိုက်ပြီး "ယဲဖန်ဆီက စာလား"
ပိုင်ရှစ်ယွမ်က အတင်းပြုံးကာ "အဲ့ကောင်က တကယ့်ကို မျိုးမစစ်ကောင်ပဲ။ သူ့ရဲ့ပေါက်ကရစကားတွေကို လျစ်လျူရှုထားလိုက်"
ပိုင်ယွင်ရှီသည် ပြုံးကာ စာကို ဖယ်ရှားလိုက်သည်။
ပိုင်ရှစ်ယွမ်သည် သူ့ကို ကြည့်ပြီး "ယွင်ရှီ မင်း ဒေါသမထွက်ဘူးလား" သူသည် စာကို မီးရှို့ရမယ့်အစား တကယ်ဖယ်ရှားလိုက်တာလား။
ပိုင်ယွင်ရှီသည် ပြုံး၍ "သူက အဲ့လိုလူပဲလေ။ သူ့အပေါ် ဒေါသထွက်လဲ အသုံးမဝင်ဘူး"
ပိုင်ရှစ်ယွမ် "....."
"ဒီပုလင်းထဲမှာ ဆေးတစ်ချို့ ပါတာလား" ပိုင်ယွင်ရှီက မေးလိုက်၏။
ပိုင်ရှစ်ယွမ်က ခေါင်းငြိမ့်ရင်း "ဟုတ်တယ်။ ယဲဖန်ဆီကလေ၊ မင်းတစ်ရက်ကို တစ်လုံးသောက်ရမယ်လို့ ပြောတယ်။ ငါ အရင်ဆုံး တစ်လုံး စမ်းကြည့်ရအုံးမယ်"
ပိုင်ယွင်ရှီက ခေါင်းခါရင်း "မလိုဘူး။ ယဲဖန်က ပို့လိုက်ကတည်းက အဲ့ဒီမှာ ပြဿနာမရှိဘူး"
ပိုင်ရှစ်ယွမ်က ပိုင်ယွင်ရှီကို ကြည့်ရင်း ကိုးရိုးကားရား ပြုံးလိုက်ကာ "မင်းက အဲ့ကောင်ကို အရမ်းပဲ ယုံတာလား" သူ့မြေးမှာ ဘယ်လိုမကောင်းဆိုးဝါးများ ရှိနေတာလဲ။
"သူ့ဦးနှောက်နဲ့ ဘာများလုပ်နိုင်မှာလဲ" ပိုင်ယွင်ရှီက ပြောသည်။
ပိုင်ရှစ်ယွမ် "....." ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ယုံကြည့်နေတုန်းပဲလေ။
.......
ရှောက်ချီသည် သူ့ရုံးခန်းထဲတွင် လက်ဖက်ရည်သောက်နေရင်း တစ်ယောက်ယောက်က ဖုန်းခေါ်လာသည်။
"ဟဲလို ဘယ်သူလဲ"
"လူအိုကြီး ကျွန်တော်ပါ" ယဲဖန်၏အသံကျယ်ကြီးသည် တစ်ဖက်ခြမ်းမှ ထွက်လာခဲ့သည်။
ယဲဖန်မှန်း ကြားလိုက်ရသောအခါ ရှောက်ချီသည် ချက်ချင်းပင် စိတ်တိုလာကာ "ဘာကိစ္စရှိလို့တုန်း"
"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကျွန်တော် ယွင်ရှီရဲ့နံပါတ်တောင်းဖို့ မေ့သွားလို့ ကျွန်တော်ကို ပြောပြလို့ရမလား"
"ဟက် ငါက မင်းကို ဘာလို့ပေးရမှာလဲ။ နေပါအုံး။ မင်းက ငါ့နံပါတ်ကို ဘယ်က ရလာတာလဲ" ရှောက်ချီက မကျေမနပ်မျက်နှာနှင့် ပြောလိုက်သည်။
"မင်းက ကောလိပ်ပါမောက္ခမလား။ မင်းရဲ့ကောလိပ်ဝဘ်ဆိုဒ်မှာ ရှိတယ်လေ" ယဲဖန်သည် တဲ့တိုးပြောလိုက်သည်။
"ငါ့မှာ ယွင်ရှီ နံပါတ်မရှိဘူး" ရှောက်ချီက အေးစက်စွာ ပြောလိုက်၏။
"လူအိုကြီး သဘောထားမသေးစမ်းပါနဲ့။ ယွင်ရှီက ကျွန်တော့်ကို အချစ်သင်္ကေတတောင် ပို့ခဲ့သေးတာ။ မကြာခင် ကျွန်တော်က မြေးသမက်တောင်ဖြစ်တော့မယ်။ ပြီးတော့ ကျွန်တော်တို့က မိသားစု ဖြစ်လာတော့မှာ မင်းသိလား။ ကျွန်တော့်အပေါ် အရမ်းလျစ်လျူရှုထားရင် မင်းအတွက် မကောင်းဘူးနော်" ယဲဖန်က မကျေမနပ်ပြောလိုက်သည်။
ရှောက်ချီသည် အသက်အနည်းငယ် ကြီးကာ ကောင်းကောင်းမကြားရ၍ စပီကာဖွင့်ပြောသောကြောင့် ရလဒ်အားဖြင့် ရုံးတွင်းရှိ လူတိုင်းနီးပါး သူ့အသံကို ကြားလိုက်ရသည်။
ပတ်ပတ်လည်ရှိ သူ့လုပ်ဖော်ကိုင်ဖက်များအားလုံးသည် သူ့အား ကြည့်နေသည်ကို တွေ့လိုက်သောအခါ ရှောက်ချီသည် ရှက်ရွံ့သွားလေသည်။
သူသည် ဖုန်းကို အလျင်အမြန်ကာလိုက်ပေမဲ့ ယဲဖန်ကတော့ သိသိသာသာပဲ ရပ်ဖို့ မရည်ရွယ်ခဲ့ပေ။
"ဒီလိုဆိုရင်ကော ဘယ်လိုတုန်း လူအိုကြီး။ မင်းက ကျွန်တော့်ကို သူ့နံပါတ်ပေးရင် နောက်တစ်ခါ ကျွန်တော် Shi Quan Da Buဆေးပြားယူလာပေးမယ်လေ။ ဒါက မင်းလို လူအိုကြီးတွေအတွက် သင့်တော်ပြီး အရမ်းကောင်းတယ်ဆိုတာ သိလား။ မင်းဒါကို စားပြီးရင် မင်းက ဆယ်နှစ်လောက်တောင် ငယ်ရွယ်သွားပြီး လူငယ်တစ်ယောက်လိုမျိုး ခံစားရမယ်" ဟု ယဲဖန်က ပြောလိုက်သည်။
Shi Quan Da Bu
"မင်း မျိုးမစစ်ကောင်" ရှောက်ချီသည် ဒေါသတကြီး ဖုန်းချလိုက်သည်။
"ပါမောက္ခရှောက် မင်းအဆင်ပြေရဲ့လား" ရှောက်ချီဘေးရှိ သမိုင်းပါမောက္ခက စပ်စုစွာ မေးလိုက်သည်။
သူ၏အပြုံးတုကို ကြည့်လိုက်တော့ ရှောက်ချီသည် အရှက်တကွဲ ခံစားခဲ့ရသည်။
ရှောက်ချီသည် အတင်းပြုံးကာ "ဘာမှမဖြစ်ဘူး"
ထို့နောက် သူသည် မျက်လုံးလှိမ့်ရင်း သူ့ကိုယ်သူစိတ်ထဲတွင် ဆိုလိုက်၏ 'ဒါက ဘာတုန်း။ ဒီယဲဖန်က အရူးပဲကွ'
"ပါမောက္ခ မင်းတကယ်ရော အဆင်ပြေရဲ့လား။ မင်းကြည့်ရတာ မကောင်းသလိုပဲ။ ဘယ်သူဆက်တာတုန်း" သမိုင်းပါမောက္ခရှီက မေးလိုက်သည်။
ရှောက်ချီက အံ့ကြိတ်ရင်း "အရူးတစ်ယောက်"
ပါမောက္ခရှီက ပြုံးကာ "ပါမောက္ခရှောက် မင်းက တကယ် စိတ်ကောင်းရှိတာပဲ။ အရူးတစ်ယောက်ဆီက ဖုန်းရတာတောင် မင်းက တန်းမချပစ်ဘူး"
ရှောက်ချီ၏မျက်နှာသည် စိမ်းရာမှ ဖြူဖျော့လာကာ ယဲဖန်ကို စိတ်ထဲ၌ ကြိမ်ဖန်များစွာ ကျိန်ဆဲခဲ့သည် "အဲ့ကောင်လေးက စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိပေမဲ့လဲ သူ့မှာ လုပ်နိုင်စွမ်းရှိသေးတယ်လေ"
"ဟုတ်တာပေါ့။ သူက မင်းဆီက ပိုင်ယွင်ရှီနံပါတ်တောင်းဖို့တောင် ဖုန်းခေါ်ခဲ့သေးတာ။ သာမန်လူက ဒါမျိုးဘယ်လိုလုပ်နိုင်မှာလဲ။ သူနဲ့ ပိုင်ယွင်ရှီကြားက ဆက်ဆံရေးက ဘာလဲ။ သူပြောနေတာက မင်းရဲ့မြေးသမက်လို့ ပြောနေသလိုပဲ"
ရှောက်ချီ "..... လောင်ရှီ မင်းနားက တစ်ခုခု ဖြစ်နေပြီ။ မင်းနားကြားမှားနေတာ"
ပါမောက္ခရှီက သဘောမတွေ့သည့်ပုံစံဖြင့် "တကယ်လား"
ဖုန်းချသွားတော့ ယဲဖန်သည် သူ့ဖုန်းကို ကြည့်ရင်း ဝမ်းနည်းစွာဖြင့် "ဒီလူအိုကြီးက လုံးဝကို ဒေါသအိုးပဲ။ သူ့ကို လက်ဆောင်ကြီးပေးမယ်လို့ ပြောတာတောင် ငါ့ဖုန်းကို ချလိုက်သေးတယ်။"
ချန်ယွီသည် ယဲဖန်ကိုကြည့်ရင်း သူ့မျက်နှာသည် တွန့်သွားကာ သူ့စိတ်ထဲနောင်တများဖြင့်ပြည့်နှက်နေလေသည်။
ရှောက်ချီအလုပ်လုပ်သည့်ကောလိပ်ဝဘ်ဆိုဒ်ပေါ်တွင် ရှောက်ချီ၏ဆက်သွယ်ရန်အချက်အလက်များ ရှာလို့ရကြောင်း သူ့ကို ဘာကြောင့်များ ပြောလိုက်ရပါလိမ့်။
ယဲဖန်သည် သက်ပြင်းချကာ "ငါနောက်တစ်နည်းရှာရတော့မယ့်ပုံပဲ။ ငါ ကျောက်စိမ်းရောင်းသည့် အမြတ်ကြီးစားတဲ့သူဆီ ပိုင်ယွင်ရှီနံပါတ်တောင်းဖို့ သွားသင့်လား။ ပြီးတော့ ငါ ကျောက်စိမ်းပစ္စည်းတစ်ချို့ ဝယ်ဖို့ လိုအပ်နေသေးတယ်။ သေစမ်း။ ငါ ဘာလို့ နောက်ဆုံးအကြိမ်တုန်းက တောင်းဖို့မေ့ခဲ့ရတာလဲ"
ချန်ယွီ "....." သခင်လေးယဲ မင်းက သခင်လေးပိုင်နံပါတ်တောင်းလိုက်တာနဲ့ သူက မင်းကို ပေးလိမ့်မယ်ဆိုတာ သေချာလို့လား။
ယဲဖန်သည် မေးစေ့ကို ထိရင်း နောက်ဆုံးတွင် ချန်ယွီပေါ် သူ့အကြည့်များ လှည့်သွားခဲ့သည်။
"ငါ့ဆီက ဘာလိုချင်လို့တုန်း"
ချန်ယွီသည် သတိထားလျက် "သခင်လေးယဲ အဆောင်လေ သူတို့ကို ရောင်းသေးလား"
"အိုး မင်းက နောက်ဆုံးအကြိမ်တုန်းက အမှာတစ်ခု လုပ်ခဲ့ပေမဲ့ ငါ့အဆောင်တွေအားလုံးကို နတ်ဆရာတစ်ဦးက ဝယ်သွားခဲ့တယ်။ ဒါကြောင့် အခု ငါ့မှာ တစ်ခုမှ မရှိတော့ဘူး" ယဲဖန်က ပြောသည်။
ချန်ယွီသည် ဆွံအလျက် "..... နတ်ဆရာတစ်ဦးလား"
"နဂါးကျားတောင်က နတ်ဆရာကျန်းလေ တစ်ပိုင်းတစ်စလေ့လာလိုက်စားနေတဲ့သူလို့ ပြောလို့ရတယ်" ယဲဖန်သည် ခေါင်းခါရင်း ပြောလိုက်သည်။
ချန်ယွီသည် အံ့သြသင့်သွားကာ "နဂါးကျားတောင်က တောက်ဆရာကျန်း" နဂါးကျားတောင်သည် ရွှေစာလုံးများနှင့် ဆိုင်းဘုတ်တစ်ခုဖြစ်သည်။ ပြီးတော့ သခင်လေးယဲက အဲ့ဒီက လူတွေအပေါ်တောင် အထင်အမြင်သေးနေသလိုပဲ။
"မင်း သူ့အကြောင်း သိတာလား" ယဲဖန်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
ချန်ယွီသည် ခေါင်းငြိမ့်ရင်း "သေချာတာပေါ့"
"နတ်ဆရာက အတော်လေး ကျော်ကြားတဲ့ပုံပဲ" ယဲဖန်က ပြောသည်။
ချန်ယွီ "....."
"ငါ မင်းအတွက် အဆောင်တစ်ချို့ ရေးဆွဲဖို့ အချိန်တစ်ခုရှာလိုက်အုံးမယ်။ ဒါပေမဲ့ အခုတော့ ငါ့မှာ တကယ်ကို တစ်ခုမှ မရှိတော့ဘူး" ချန်ယွီက အများကြီး မပေးသော်လည်း ခြင်ရဲ့ခြေထောက်တွင် အသားက ရှိနေသေးသည်။ မကြာသေးမီက သူသည် ပစ္စည်းကောင်းတစ်ချို့ ရရှိခဲ့သောကြောင့် ၎င်းတို့ကို ဆေးအဖြစ် ပြန်လည်သန့်စင်ကာ သူ့စွမ်းအားကို တိုးတက်အောင် ပြုလုပ်ရပေအုံးမည်။
ချန်ယွီသည် အမြန် ပြောလိုက်သည် "အလျင်မလိုပါဘူး။ အလျင်မလိုပါဘူး။ အရင်ဆုံး မင်းက မင်းအလုပ်နဲ့မင်း အလုပ်ရှုပ်နေတာလေ"
ယဲဖန်သည် ခေါင်းငြိမ့်ကာ "ကောင်းပြီလေ" သူသာ ချီလေ့ကျင့်ရေးတတိယအဆင့်ကို ရောက်တဲ့အခါ ကုသရေးအဆောင်တစ်ချို့ ရေးဆွဲရသည်မှာ ကိတ်မုန့်ဖဲ့သလို ဖြစ်သွားလိမ့်မည်။
"သခင်လေးယဲ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူဌေးထန်ရဲ့ နေရာကို ဘာအတွက် သွားတာလဲ" ချန်ယွီသည် မစပ်စုပဲ မနေနိုင်ပေ။
"ငါ သူ့ဖျားနာမှုကို တစ်ကြိမ်ကုသပေးဖူးတာကြောင့် သူ့ဆီကို အလည်လာဖို့ ဖိတ်တာလေ။ ပြီးတော့ အဲ့ဒီချမ်းသာတဲ့လူတွေဆီကနေ ပိုက်ဆံရှာရတာ အရမ်းလွယ်တာကိုပါ ရှာတွေ့ခဲ့တယ်။ ငါ အဲ့ဒီစိတ်နှလုံးကောင်းတဲ့ အိမ်ခြံမြေသူဌေးကြီးကို ကုသပေးပြီးတော့ ငါ့ကို ယွမ်သန်းငါးဆယ် ပေးလိုက်တယ်။ ဒါကြောင့် သူ့မှာ ပိုက်ဆံတွေအများကြီး ရှိတယ်ဆိုတာ ငါ ပြောနိုင်တယ်" ယဲဖန်က ပြောသည်။
ချန်ယွီသည် မျက်မှောင်ကြုတ်ကာ သူ့စိတ်ထဲတွေးလိုက်သည် 'ဒီတစ်ခါတော့ သခင်လေးယဲက ကောင်းကင်ပေါ် တက်သွားပြီ။ ဒါက ထန်ယုံကျင်းလေ၊ ထန်အုပ်စု၏လက်ရှိပြောင်းလဲမှုများသည် ယဲဖန်နှင့်ဆိုင်ပြီး ယဲမိသားစုမှ လူအိုကြီးနှင့် ဘာမှ မသက်ဆိုင်ဟု ထင်ရတယ်။ ယခုတော့ ယဲမိသားစုမှလူအိုကြီးသည် နောင်တရသင့်နေပြီ'
Thanks for your reading
---------------------------------------------------------------------
Zawgyi
ယဲမိသားစု၌
"သူ ဘာပြောလိုက်လို့လဲ"
.......
ပိုင်မိသားစုတွင်
ပိုင်ရှစ်ယွမ် "....."
.......
"ဟဲလို ဘယ်သူလဲ"