Unicode
ချန်ယွီသည် ခရိုင်ဟောင်းတစ်ခုသို့ လမ်းတစ်လျှောက် မောင်းလာခဲ့သည်။
"ကောင်းပြီ ငါ ဒီမှာပဲ ဆင်းလိုက်တော့မယ်။ မင်းရဲ့ကားက နည်းနည်း မျက်စိဖမ်းစားလွန်းနေတယ်" ယဲဖန်က ပြောသည်။
ချန်ယွီသည် သူ့ကို ကြည့်ကာ တစ်ခဏတုံ့ဆိုင်းပြီးနောက် "သခင်လေးယဲ ငါမင်းနဲ့ လိုက်လာလို့ရမလား"
ယဲဖန်သည် ခေါင်းငြိမ့်လိုက်ကာ "ကောင်းပြီလေ"
ထို့နောက် သူတို့သည် စွန့်ပစ်ထားသည့်စက်ရုံအတွင်းသို့ ဝင်သွားခဲ့ရာ ဝူဟောက်ချန်ကို ကုလားထိုင်တစ်လုံးတွင် ကြိုးတုပ်ထားပြီး ပါးစပ်ပိတ်ထားခြင်းခံထားရသည်ကို တွေ့လိုက်ရသည်။
"သူဌေး ဝူမိသားစုက ယွမ်သန်းနှစ်ရာက များလွန်းတယ်လို့ ပြောတယ်။ သူတို့ငွေအားလုံးကို လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာကြောင့် ပြန်ရွေးငွေယွမ်သန်းနှစ်ရာရဖို့ သူတို့ကုမ္ပဏီကို ရောင်းဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကုမ္ပဏီတွေကို ရောင်းဖို့က အချိန်လိုအပ်တယ်ဆိုတာ မင်းသိပါတယ်"
"ခွေးကောင် သူတို့တွေက အချိန်ဆွဲဖို့ ကြိုးစားနေတာ သေချာတယ်"
"သူဌေး သူတို့တွေ မပြောရဲလောက်ဘူးလို့ ကျွန်တော် ထင်တယ်။ ဝူတစ်မိသားစုလုံးမှာ ဒီမြေးတစ်ယောက်တည်း ရှိတာလေ"
"ဒီကိစ္စက အချိန်အကြာကြီး ဆွဲလေ တစ်ခုခု ဖြစ်သွားမှာ ငါကြောက်လေပဲ"
"ငါတို့တွေ နည်းနည်းလောက် လျော့တောင်းလိုက်ရင်ကော ဘယ်လိုလဲ"
"မရဘူး။ ယွမ်သန်းနှစ်ရာပဲ"
သူတို့သူဌေးသည် အနည်းငယ် ရက်စက်သော မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။
"သူဌေး ဒီကောင်ကို အစာနည်းနည်းလောက် ပေးလိုက်ရင် ဘယ်လိုလဲ။ သူ့မှာ တစ်ခုခုဖြစ်သွားရင် ဝူမိသားစုက ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"
"မလိုဘူး။ တစ်ရက်တည်းပဲ။ သူမသေနိုင်ဘူး"
ချန်ယွီသည် ဝူဟောက်ချန်ကို ချောင်းကြည့်ရင်း သူ့စိတ်ထဲတွင် 'သနားစရာပဲ။ သူက တစ်နေ့လုံး ဘာမှမစားရသေးဘူး။ အဲ့ဒါက ဝူမိသားစုရဲ့ အဖိုးတန်ဆုံး မြေးလေ'
ယဲဖန်သည် ဝါးပြွန်တစ်ခုကို ထုတ်လာကာ ကုန်လောင်ရုံအတွင်းသို့ လျင်မြန်စွာ လူစုကွဲစေရန် မီးခိုးများ မှုတ်ထုတ်လိုက်သည်။ အထဲရှိ လူများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားလေ၏။ ချန်ယွီလည်း မေးအောက်ကျသွားလေသည်။ တီဗီဇာတ်လမ်းတွဲရိုက်တာနဲ့ ဘာကြောင့်တူနေရတာလဲ။ ဒါဆို လူတွေကို လဲကျသွားစေနိုင်တဲ့ မီးခိုးငွေ့တွေက တကယ်ရှိတာလား။
"သခင်လေးယဲ သူတို့အားလုံးက သတိလစ်သွားတာလား"
ယဲဖန်သည် ခေါင်းငြိမ့်ကာ စိတ်မကောင်းသည့်လေသံဖြင့် "ဟုတ်တယ်။ ဒါက ငါ့ရဲ့ အလဲထိုးစေနိုင်တဲ့ဆေးပဲ။ ဒီလို နည်းနည်းလေးတောင် ငါ့ကို ယွမ်နှစ်သိန်းကုန်ကျစေတယ်။ သူတို့မှာက သေနတ်ရှိကြတယ်။ ငါတို့သာ သူတို့ကို ခက်ခဲအောင်တွန်းပို့လိုက်လို့ ဝက်ကလေးကို ပစ်လိုက်မှာကိုသာ မကြောက်ဘူးဆိုရင် သူတို့တွေအပေါ် ဒါကို ဖြုန်းတီးမှာ မဟုတ်ဘူး"
ချန်ယွီသည် လေးစားမှုများနှင့် အံ့သြသင့်စွာ ပြောလိုက်သည် "သခင်လေးယဲ အထင်ကြီးလောက်စရာပဲ"
ယဲဖန်က "ဒါက တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ဒါကို ယူလိုက်"
ယဲဖန်သည် ချန်ယွီကို အဆောင်တစ်ခု ပေးခဲ့ကာ ချန်ယွီသည် ဘာမှမမေးမြန်းဘဲ ၎င်းကို တိုက်ရိုက်ယူလိုက်သည်။ သူတို့သည် အထဲသို့ ဝင်သွားကာ ယဲဖန်က ပြန်ပေးဆွဲသူများကို ကန်လိုက်သည်။ ချန်ယွီသည် ယဲဖန် ကန်လိုက်တိုင်း သူတို့၏အရိုးများကျိုးသွားသည့်အသံများကိုပါ ကြားလိုက်ရသည်။ သူတို့၏လက်များနှင့် ခြေထောက်များသည်လည်း အဆစ်လွဲနေသည်ကို တွေ့လိုက်ရသည်။
ယဲဖန်သည် ဝူဟောက်ချန်ကို ကြိုးများဖြည့်ပေးပြီး "သွားကြရအောင်"
ချန်ယွီသည် ခေါင်းငြိမ့်လိုက်ကာ "အိုကေ"
ယဲဖန်သည် ဝူဟောက်ချန်ကို သယ်ဆောင်ကာ ထွက်လာခဲ့၏ "ငါ့ကို အဆောင်ပေး"
ချန်ယွီသည် လက်လွှဲပေးလိုက်သည်။ ၎င်းအပေါ်ရှိ ထူးထူးဆန်းဆန်း ထွင်းထားသည့်စာလုံးများက လင်းလက်သွားသည်ကို အံ့သြသင့်စွာ တွေ့လိုက်ရသည် "ဒီအဆောင်မှာက အကျိုးသက်ရောက်မှုအချို့ ကျန်ရှိနေသေးတယ်။ ဒါကို မဖြုန်းတီးနဲ့"
ထို့နောက် ယဲဖန်သည် ဝူဟောက်ချန်ကိုယ်ပေါ်သို့ တင်လိုက်ပြီး ၎င်းသည် ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းသွားသည်။ သို့သော် ဝူဟောက်ချန်သည် မနိုးလာသေးပေ။
ချန်ယွီသည် ထူးထူးဆန်းဆန်း မေးလိုက်၏ "သူက ဘာလို့ မနိုးသေးတာလဲ"
"ဘာလို့လဲဆိုတော့ သူလဲ မီးခိုးငွေ့တွေ ရှုမိလိုက်လို့"
"ဒါပေမဲ့ အဲ့ဒါက အဆောင်မဟုတ်ဘူးလား" ချန်ယွီက မေးသည်။
ယဲဖန်က ပုခုံးတွန့်လိုက်ကာ "အိုး။ အဲ့ဒါက ပြီးပြည့်စုံမှုမရှိဘူး။ မင်းက တစ်စိတ်တစ်ပိုင်းကို ဝါးမြိုသွားပြီလေ"
"ဒါဆို နောက်တစ်ခုကို သုံးမလား"
"မလိုဘူး။ သူ နောက်မှ နိုးလာလိမ့်မယ်။ မင်းကယ်ချင်ရင်တော့ ကယ်လေ" ယဲဖန်သည် လျစ်လျူရှုစွာ ပြောလိုက်သည်။
ချန်ယွီ "....." သခင်လေးယဲက အရမ်းခြိုးခြံချွေတာ တာပဲ။
"ဒီကောင်က တော်တော်လေးတာပဲ။ တစ်နေ့လုံး ဘာမှမစားရသေးတာတောင် လေးနေသေးတုန်းပဲ" ယဲဖန်သည် ညည်းညူလိုက်၏။
ချန်ယွီ "....."
......
ဝူမိသားစု၌
"အရာအားလုံး ဘယ်လိုလဲ" ထန်နင်သည် ဝူစီဟန်ကို ကြည့်ကာ မေးလိုက်သည်။
ဝူစီဟန်သည် မျက်မှောင်ကြုတ်ရင်း "ပြန်ပေးဆွဲတဲ့သူတွေရဲ့ ဖုန်းကို ဆက်လို့မရဘူး"
ထန်နင်က စတင်ငိုကြွေးလာသည် "သူတို့တွေ သူ့ကို သတ်ပစ်လိုက်တာ ဖြစ်နိုင်မလား"
ဝူထန်မင်သည် သူ့တုတ်ကောက်ဖြင့် မြေကြီးကို ခေါက်လိုက်ပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းကိုယ်မင်း မခြောက်လှန့်နဲ့"
ထန်နင်သည် ချက်ချင်းအငိုတိတ်သွားသည်။
ထိုအချိန်တွင် သူမ၏ဖုန်းမြည်လာကာ သူမသည် ချက်ချင်းကောက်ကိုင်လိုက်သည် "ဟဲလို"
"အန်တီနင် ရှောက်ချန်နဲ့ သမီး KFC ဆိုင်မှာ စားနေတယ်။ သမီးတို့ နောက်မှ ပြန်လာခဲ့မယ်" ထန်နျန်၏အသံကို ကြားလိုက်ရသည်။
"သမီးနဲ့ ရှောက်ချန်က KFC မှာ စားနေတာလား။ သမီးနဲ့ ရှောက်ချန်က KFC မှာ စားနေတာလား။ သမီးနဲ့ ရှောက်ချန်က KFC မှာ စားနေတယ် ဆိုတာ သေချာရဲ့လား" ထန်နင်သည် မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ဟုတ်တယ်။ရှောက်ချန်ကို ပြန်ပေးဆွဲတဲ့ အဲ့ခွေးကောင်တွေက အစာအဆိပ်သင့်ပြီး မေ့မျောသွားပြီ။ ဒါကြောင့် သူက ထွက်ပြေးလာနိုင်တာ"
ထန်နင် "....." အစာအဆိပ်သင့်တာလား။ "နျန်နျန် ရှောက်ချန်ကို ဖုန်းဖြေခိုင်းလိုက်ပါအုံး"
"မား ကျွန်တော် အဆင်ပြေပါတယ်။ wanda squareက KFC ဆိုင်မှာ။ ကျွန်တော် မကြာခင် ပြန်လာခဲ့မယ်။ စိတ်မပူပါနဲ့။ အဲ့ဒီ ပြန်ပေးဆွဲတဲ့လူတွေ အားလုံးမေ့လဲကုန်ပြီ။ ကျွန်တော် ရဲကိုလဲ ဖုန်းဆက်ပြီးသွားပြီ။ မား ဖုန်းက ဘက်ထရီကုန်တော့မှာမို့ ဖုန်းချလိုက်တော့မယ်" ဝူဟောက်ချန်က ဆိုလိုက်သည်။
"....." ထန်နင်က တစ်ခုခု ပြောချင်နေသေးသော်လည်း တစ်ဖက်က ဖုန်းချသွားသည်။
ဝူထန်မင်က သူမကို ကြည့်ကာ မေးလိုက်၏ "ဘယ်လိုလဲ"
ထန်နင်သည် မျက်တောင်ခတ်ကာ "နျန်နျန်က ရှောက်ချန်လွတ်လာပြီလို့ ဖုန်းဆက်ပြောတာ။ သူ အခု အဆင်ပြေတယ်တဲ့"
"ထန်နျန်လား။ သူမက ဘာလို့ ရှောက်ချန်နဲ့ အတူရှိနေရတာလဲ" ဝူထန်မင်က မေးသည်။
ထန်နင်က မှုန်ကုပ်ကုပ်မျက်နှာဖြင့် "မသိဘူး" ဟု ပြောသည်။
ထို့နောက် ဝူဟိုရွမ်သည် သက်ပြင်းချလိုက်ကာ "ဘယ်လိုပဲဖြစ်ဖြစ် ဒါက သတင်းကောင်းပဲလေ"
Thanks for your reading
----------------------------------------------------------
Zawgyi
ခ်န္ယြီသည္ ခရိုင္ေဟာင္းတစ္ခုသို႔ လမ္းတစ္ေလၽွာက္ ေမာင္းလာခဲ့သည္။
"ေကာင္းၿပီ ငါ ဒီမွာပဲ ဆင္းလိုက္ေတာ့မယ္။ မင္းရဲ့ကားက နည္းနည္း မ်က္စိဖမ္းစားလြန္းေနတယ္" ယဲဖန္က ေျပာသည္။
ခ်န္ယြီသည္ သူ႔ကို ၾကည့္ကာ တစ္ခဏတုံ႔ဆိုင္းၿပီးေနာက္ "သခင္ေလးယဲ ငါမင္းနဲ႔ လိုက္လာလို႔ရမလား"
ယဲဖန္သည္ ေခါင္းၿငိမ့္လိုက္ကာ "ေကာင္းၿပီေလ"
ထို႔ေနာက္ သူတို႔သည္ စြန္႔ပစ္ထားသည့္စက္႐ုံအတြင္းသို႔ ဝင္သြားခဲ့ရာ ဝူေဟာက္ခ်န္ကို ကုလားထိုင္တစ္လုံးတြင္ ႀကိဳးတုပ္ထားၿပီး ပါးစပ္ပိတ္ထားျခင္းခံထားရသည္ကို ေတြ႕လိုက္ရသည္။
"သူေဌး ဝူမိသားစုက ယြမ္သန္းႏွစ္ရာက မ်ားလြန္းတယ္လို႔ ေျပာတယ္။ သူတို႔ေငြအားလုံးကို လုပ္ငန္းေတြမွာ ရင္းႏွီးျမႇုပ္ႏွံထားတာေၾကာင့္ ျပန္ေရြးေငြယြမ္သန္းႏွစ္ရာရဖို႔ သူတို႔ကုမၸဏီကို ေရာင္းဖို႔ လိုအပ္တယ္။ ဒါေပမဲ့ ကုမၸဏီေတြကို ေရာင္းဖို႔က အခ်ိန္လိုအပ္တယ္ဆိုတာ မင္းသိပါတယ္"
"ေခြးေကာင္ သူတို႔ေတြက အခ်ိန္ဆြဲဖို႔ ႀကိဳးစားေနတာ ေသခ်ာတယ္"
"သူေဌး သူတို႔ေတြ မေျပာရဲေလာက္ဘူးလို႔ ကၽြန္ေတာ္ ထင္တယ္။ ဝူတစ္မိသားစုလုံးမွာ ဒီေျမးတစ္ေယာက္တည္း ရွိတာေလ"
"ဒီကိစၥက အခ်ိန္အၾကာႀကီး ဆြဲေလ တစ္ခုခု ျဖစ္သြားမွာ ငါေၾကာက္ေလပဲ"
"ငါတို႔ေတြ နည္းနည္းေလာက္ ေလ်ာ့ေတာင္းလိုက္ရင္ေကာ ဘယ္လိုလဲ"
"မရဘူး။ ယြမ္သန္းႏွစ္ရာပဲ"
သူတို႔သူေဌးသည္ အနည္းငယ္ ရက္စက္ေသာ မ်က္လုံးေတြျဖင့္ ၾကည့္လိုက္သည္။
"သူေဌး ဒီေကာင္ကို အစာနည္းနည္းေလာက္ ေပးလိုက္ရင္ ဘယ္လိုလဲ။ သူ႔မွာ တစ္ခုခုျဖစ္သြားရင္ ဝူမိသားစုက ငါတို႔ကို အလြတ္ေပးမွာမဟုတ္ဘူး"
"မလိုဘူး။ တစ္ရက္တည္းပဲ။ သူမေသနိုင္ဘူး"
ခ်န္ယြီသည္ ဝူေဟာက္ခ်န္ကို ေခ်ာင္းၾကည့္ရင္း သူ႔စိတ္ထဲတြင္ 'သနားစရာပဲ။ သူက တစ္ေန႔လုံး ဘာမွမစားရေသးဘူး။ အဲ့ဒါက ဝူမိသားစုရဲ့ အဖိုးတန္ဆုံး ေျမးေလ'
ယဲဖန္သည္ ဝါးႁပြန္တစ္ခုကို ထုတ္လာကာ ကုန္ေလာင္႐ုံအတြင္းသို႔ လ်င္ျမန္စြာ လူစုကြဲေစရန္ မီးခိုးမ်ား မွုတ္ထုတ္လိုက္သည္။ အထဲရွိ လူမ်ားသည္ တစ္ေယာက္ၿပီးတစ္ေယာက္ လဲက်သြားေလ၏။ ခ်န္ယြီလည္း ေမးေအာက္က်သြားေလသည္။ တီဗီဇာတ္လမ္းတြဲရိုက္တာနဲ႔ ဘာေၾကာင့္တူေနရတာလဲ။ ဒါဆို လူေတြကို လဲက်သြားေစနိုင္တဲ့ မီးခိုးေငြ႕ေတြက တကယ္ရွိတာလား။
"သခင္ေလးယဲ သူတို႔အားလုံးက သတိလစ္သြားတာလား"
ယဲဖန္သည္ ေခါင္းၿငိမ့္ကာ စိတ္မေကာင္းသည့္ေလသံျဖင့္ "ဟုတ္တယ္။ ဒါက ငါ့ရဲ့ အလဲထိုးေစနိုင္တဲ့ေဆးပဲ။ ဒီလို နည္းနည္းေလးေတာင္ ငါ့ကို ယြမ္ႏွစ္သိန္းကုန္က်ေစတယ္။ သူတို႔မွာက ေသနတ္ရွိၾကတယ္။ ငါတို႔သာ သူတို႔ကို ခက္ခဲေအာင္တြန္းပို႔လိုက္လို႔ ဝက္ကေလးကို ပစ္လိုက္မွာကိုသာ မေၾကာက္ဘူးဆိုရင္ သူတို႔ေတြအေပၚ ဒါကို ျဖဳန္းတီးမွာ မဟုတ္ဘူး"
ခ်န္ယြီသည္ ေလးစားမွုမ်ားႏွင့္ အံ့ၾသသင့္စြာ ေျပာလိုက္သည္ "သခင္ေလးယဲ အထင္ႀကီးေလာက္စရာပဲ"ယဲဖန္က "ဒါက တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး။ ဒါကို ယူလိုက္"
ယဲဖန္သည္ ခ်န္ယြီကို အေဆာင္တစ္ခု ေပးခဲ့ကာ ခ်န္ယြီသည္ ဘာမွမေမးျမန္းဘဲ ၎ကို တိုက္ရိုက္ယူလိုက္သည္။ သူတို႔သည္ အထဲသို႔ ဝင္သြားကာ ယဲဖန္က ျပန္ေပးဆြဲသူမ်ားကို ကန္လိုက္သည္။ ခ်န္ယြီသည္ ယဲဖန္ ကန္လိုက္တိုင္း သူတို႔၏အရိုးမ်ားက်ိဳးသြားသည့္အသံမ်ားကိုပါ ၾကားလိုက္ရသည္။ သူတို႔၏လက္မ်ားႏွင့္ ေျခေထာက္မ်ားသည္လည္း အဆစ္လြဲေနသည္ကို ေတြ႕လိုက္ရသည္။
ယဲဖန္သည္ ဝူေဟာက္ခ်န္ကို ႀကိဳးမ်ားျဖည့္ေပးၿပီး "သြားၾကရေအာင္"
ခ်န္ယြီသည္ ေခါင္းၿငိမ့္လိုက္ကာ "အိုေက"
ယဲဖန္သည္ ဝူေဟာက္ခ်န္ကို သယ္ေဆာင္ကာ ထြက္လာခဲ့၏ "ငါ့ကို အေဆာင္ေပး"
ခ်န္ယြီသည္ လက္လႊဲေပးလိုက္သည္။ ၎အေပၚရွိ ထူးထူးဆန္းဆန္း ထြင္းထားသည့္စာလုံးမ်ားက လင္းလက္သြားသည္ကို အံ့ၾသသင့္စြာ ေတြ႕လိုက္ရသည္ "ဒီအေဆာင္မွာက အက်ိဳးသက္ေရာက္မွုအခ်ိဳ႕ က်န္ရွိေနေသးတယ္။ ဒါကို မျဖဳန္းတီးနဲ႔"
ထို႔ေနာက္ ယဲဖန္သည္ ဝူေဟာက္ခ်န္ကိုယ္ေပၚသို႔ တင္လိုက္ၿပီး ၎သည္ ခ်က္ခ်င္းပင္ ျပာအျဖစ္သို႔ ေျပာင္းသြားသည္။ သို႔ေသာ္ ဝူေဟာက္ခ်န္သည္ မနိုးလာေသးေပ။
ခ်န္ယြီသည္ ထူးထူးဆန္းဆန္း ေမးလိုက္၏ "သူက ဘာလို႔ မနိုးေသးတာလဲ"
"ဘာလို႔လဲဆိုေတာ့ သူလဲ မီးခိုးေငြ႕ေတြ ရွုမိလိုက္လို႔"
"ဒါေပမဲ့ အဲ့ဒါက အေဆာင္မဟုတ္ဘူးလား" ခ်န္ယြီက ေမးသည္။
ယဲဖန္က ပုခုံးတြန္႔လိုက္ကာ "အိုး။ အဲ့ဒါက ၿပီးျပည့္စုံမွုမရွိဘူး။ မင္းက တစ္စိတ္တစ္ပိုင္းကို ဝါးၿမိဳသြားၿပီေလ"
"ဒါဆို ေနာက္တစ္ခုကို သုံးမလား"
"မလိုဘူး။ သူ ေနာက္မွ နိုးလာလိမ့္မယ္။ မင္းကယ္ခ်င္ရင္ေတာ့ ကယ္ေလ" ယဲဖန္သည္ လ်စ္လ်ဴရွုစြာ ေျပာလိုက္သည္။
ခ်န္ယြီ "....." သခင္ေလးယဲက အရမ္းၿခိဳးၿခံေခၽြတာ တာပဲ။
"ဒီေကာင္က ေတာ္ေတာ္ေလးတာပဲ။ တစ္ေန႔လုံး ဘာမွမစားရေသးတာေတာင္ ေလးေနေသးတုန္းပဲ" ယဲဖန္သည္ ညည္းညဴလိုက္၏။
ခ်န္ယြီ "....."
......
ဝူမိသားစု၌
"အရာအားလုံး ဘယ္လိုလဲ" ထန္နင္သည္ ဝူစီဟန္ကို ၾကည့္ကာ ေမးလိုက္သည္။
ဝူစီဟန္သည္ မ်က္ေမွာင္ၾကဳတ္ရင္း "ျပန္ေပးဆြဲတဲ့သူေတြရဲ့ ဖုန္းကို ဆက္လို႔မရဘူး"
ထန္နင္က စတင္ငိုေႂကြးလာသည္ "သူတို႔ေတြ သူ႔ကို သတ္ပစ္လိုက္တာ ျဖစ္နိုင္မလား"
ဝူထန္မင္သည္ သူ႔တုတ္ေကာက္ျဖင့္ ေျမႀကီးကို ေခါက္လိုက္ၿပီး "ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ။ မင္းကိုယ္မင္း မေျခာက္လွန္႔နဲ႔"
ထန္နင္သည္ ခ်က္ခ်င္းအငိုတိတ္သြားသည္။
ထိုအခ်ိန္တြင္ သူမ၏ဖုန္းျမည္လာကာ သူမသည္ ခ်က္ခ်င္းေကာက္ကိုင္လိုက္သည္ "ဟဲလို"
"အန္တီနင္ ေရွာက္ခ်န္နဲ႔ သမီး KFC ဆိုင္မွာ စားေနတယ္။ သမီးတို႔ ေနာက္မွ ျပန္လာခဲ့မယ္" ထန္န်န္၏အသံကို ၾကားလိုက္ရသည္။
"သမီးနဲ႔ ေရွာက္ခ်န္က KFC မွာ စားေနတာလား။ သမီးနဲ႔ ေရွာက္ခ်န္က KFC မွာ စားေနတာလား။ သမီးနဲ႔ ေရွာက္ခ်န္က KFC မွာ စားေနတယ္ ဆိုတာ ေသခ်ာရဲ့လား" ထန္နင္သည္ မယုံၾကည္နိုင္စြာ ေျပာလိုက္သည္။
"ဟုတ္တယ္။ေရွာက္ခ်န္ကို ျပန္ေပးဆြဲတဲ့ အဲ့ေခြးေကာင္ေတြက အစာအဆိပ္သင့္ၿပီး ေမ့ေမ်ာသြားၿပီ။ ဒါေၾကာင့္ သူက ထြက္ေျပးလာနိုင္တာ"
ထန္နင္ "....." အစာအဆိပ္သင့္တာလား။ "န်န္န်န္ ေရွာက္ခ်န္ကို ဖုန္းေျဖခိုင္းလိုက္ပါအုံး"
"မား ကၽြန္ေတာ္ အဆင္ေျပပါတယ္။ wanda squareက KFC ဆိုင္မွာ။ ကၽြန္ေတာ္ မၾကာခင္ ျပန္လာခဲ့မယ္။ စိတ္မပူပါနဲ႔။ အဲ့ဒီ ျပန္ေပးဆြဲတဲ့လူေတြ အားလုံးေမ့လဲကုန္ၿပီ။ ကၽြန္ေတာ္ ရဲကိုလဲ ဖုန္းဆက္ၿပီးသြားၿပီ။ မား ဖုန္းက ဘက္ထရီကုန္ေတာ့မွာမို႔ ဖုန္းခ်လိုက္ေတာ့မယ္" ဝူေဟာက္ခ်န္က ဆိုလိုက္သည္။
"....." ထန္နင္က တစ္ခုခု ေျပာခ်င္ေနေသးေသာ္လည္း တစ္ဖက္က ဖုန္းခ်သြားသည္။
ဝူထန္မင္က သူမကို ၾကည့္ကာ ေမးလိုက္၏ "ဘယ္လိုလဲ"
ထန္နင္သည္ မ်က္ေတာင္ခတ္ကာ "န်န္န်န္က ေရွာက္ခ်န္လြတ္လာၿပီလို႔ ဖုန္းဆက္ေျပာတာ။ သူ အခု အဆင္ေျပတယ္တဲ့"
"ထန္န်န္လား။ သူမက ဘာလို႔ ေရွာက္ခ်န္နဲ႔ အတူရွိေနရတာလဲ" ဝူထန္မင္က ေမးသည္။
ထန္နင္က မွုန္ကုပ္ကုပ္မ်က္ႏွာျဖင့္ "မသိဘူး" ဟု ေျပာသည္။
ထို႔ေနာက္ ဝူဟိုရြမ္သည္ သက္ျပင္းခ်လိုက္ကာ "ဘယ္လိုပဲျဖစ္ျဖစ္ ဒါက သတင္းေကာင္းပဲေလ"
Thanks for your reading
----------------------------------------------------------