သုံးလောကလုံး ခြေဦးတည့်ရာ သွာ...

By jin_yuer

190K 28.5K 2.2K

"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက်... More

Description
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း (၃၉)
အခန်း (၄၀)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အပိုင်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၂.၁)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)
အခန်း (၈၂)
အခန်း (၈၃)
အခန်း (၈၄)
အခန်း (၈၅)
အခန်း (၈၆)
အခန်း (၈၇)
အခန်း (၈၈)
အခန်း (၈၉)
အခန်း (၉၀)
အခန်း (၉၁)
အခန်း (၉၂)
အခန်း (၉၃)
အခန်း (၉၄)
အခန်း (၉၅)
အခန်း (၉၆)
အခန်း (၉၇)
အခန်း (၉၈)
အခန်း (၉၉)
အခန်း (၁၀၀)
Announcement
အခန်း (၁၀၁)
အခန်း (၁၀၂)
အခန်း (၁၀၃)
အခန်း (၁၀၄)
အခန်း (၁၀၅)
အခန်း (၁၀၆)
အခန်း (၁၀၇)
အခန်း (၁၀၈)
အခန်း (၁၀၉)

အခန်း (၁၁)

1.8K 272 2
By jin_yuer

Unicode

ယဲမိသားစု၌

ယဲယင်လန်သည် ​ရောင်ကိုင်း​နေ​သော သူမမျက်နှာကို အုပ်ထားကာ မျက်လုံးများကလည်း နီရဲ​နေသည်။

"ယဲဖန်က မင်းကို ရိုက်လိုက်တာလား" ယဲတင်းဟုန်က ​မေးသည်။ 

ယဲယင်လန်က ​ခေါင်းငြိမ့်ပြီး "အွန်း" ဟု သနားစရာ​ကောင်း​အောင် ပြောလိုက်သည်။ ဝမ်​ရှောက်​ဖေးသည် ယဲယင်လန်၏ရုပ်ကို ကြည့်ရင်း သူမနှလုံးသားက နာကျင်လာသည်။ 

"အ​ဖေ အဲ့လူယုတ်မာက ပိုပိုပြီး လူရယ်စရာဖြစ်နေပြီ။  ပြီးခဲ့တဲ့တစ်​ခေါက်တုန်းက ကြီးကြီးကျယ်ကျယ်လုပ်လိုက်တယ်။ အခုကျ​တော့လဲ သူ့ညီမကို​တောင် ရိုက်လာပြီ" ယဲဟုန်ဝမ်သည် ​ဒေါသတကြီး ​ပြောသည်။

ယဲတင်းဟုန်သည် သူ့စီးကရက်​ငွေ့ကို မှုတ်ထုတ်ကာ ယဲယင်လန်ကို ​မေးလိုက်သည် "ယဲဖန်က မင်းကို ဘာလို့ရိုက်တာလဲ။ အ​ကြောင်းပြချက်​တော့ ရှိသင့်တယ်" 

"သူ့ကို ​ဆေးဆိုင်မှာ ​တွေ့လိုက်တယ်။ သူက ဂျင်ဆင်းတစ်ခုကို ယွမ်သုံးသန်းနဲ့ဝယ်လိုက်တာ​ကြောင့် ပိုက်ဆံဘယ်ကရလဲ​မေးတာကို သူက ရိုက်လိုက်တယ်" ယဲယင်လန်သည် ရှုံတွ​​နေ​သော အမူအရာဖြင့် ​ပြောလိုက်သည်။ 

ယဲဟုန်ဝမ်သည် အနည်းငယ် စိတ်ရှုပ်​ထွေးပြီး "ယွမ်သုံးသန်းလား။ သူ ဘယ်က ပိုက်ဆံရတာလဲ" ယဲဖန်က လက်ဗလာနဲ့ မိသားစုက​နေ နှင်ထုတ်ခံထားရတာ​လေ။

"​ကောင်းပြီ။ ဒါက ယွမ်သုံးသန်းပဲ​လေ။ ဝူမိသားစုက မကြာခဏ သူ့ကို အကူအညီ​ပေးတယ်လို့ ငါကြားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ယဲမိသားစုရဲ့ သားပဲ​လေ။ သူ့မှာ ယွမ်သန်းအနည်းငယ်​လောက် ရှိတာ ပုံမှန်ပဲ​လေ" ယဲတင်းဟုန်သည် ယဲယင်လန်ကို မ​ကျေမနပ်စိုက်ကြည့်ပြီး "ယဲဖန်က ငါတို့ကို ထားသွားခဲ့​ပေမဲ့ သူက မင်းရဲ့အကိုကြီး ဖြစ်​နေတုန်းပဲ။ ​နောက်တစ်ကြိမ် သူနဲ့​တွေ့ရင် ​ကောင်း​ကောင်းဆက်ဆံ" ဟု ​ပြောသည်။ 

ယဲတင်းဟုန်သည် ဝမ်​ရှောက်​ဖေးကို မကြိုက်​ပေ။ ယဲမိသားစုနှင့် ဝူမိသားစုကြားရှိ အိမ်​ထောင်​ရေးသည် မူလက ​ကောင်းမွန်​နေ​သော်လည်း ဝူယင်း​သည် ကံမ​ကောင်းစွာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ​သေဆုံးသွား​​သောကြောင့် ယဲဟုန်ဝမ်က ဝမ်​ရှောက်​ဖေးအား သ​ဘောကျသွားလေသည်။ နှစ်​ပေါင်းများစွာ ကြာလာ​သောအခါ ယဲမိသားစုနှင့်ဝူမိသားစုကြားရှိ ဆက်ဆံ​ရေးက ပိုမို​အေးစက်လာသည်။ ဝူမိသားစုသည် ယဲဖန်အ​ပေါ် သိပ်ဂရုမစိုက်​ပေမဲ့ တစ်ခါတစ်​လေ သူ့အား​ထောက်ပံ့​ပေး​လေသည်။ 

ယဲယင်လန်သည် မူလက သူမအဘိုးသည် သူမဘက်က​နေရပ်တည်ပေးလိမ့်မယ်ဟု ထင်ခဲ့သည်။ ဒါ​ပေမဲ့ ယဲတင်းဟုန်၏သ​ဘောထား​ကြောင့် သူမသည် အဘိုးအ​ပေါ် အားမကိုးနိုင်သည့်အတွက် ယဲဖန်အ​ပေါ် ပို၍ နာကျည်းမှု ပြင်းထန်လာသည်။ 

.....

ယဲဖန်သည် ​သွေးဂျင်ဆင်းကို ဂရုတစိုက် ဖြတ်​တောက်ကာ အရည်ကိုထုတ်ပြီး အပိုင်း​သေး ဆယ်ပိုင်း ခွဲခြားလိုက်၏။ ထို့​နောက်ကုတင်ပေါ်တွင် ထိုင်ကာ သူတို့ထဲမှ ဝိညာဥ်စွမ်အားများကို စုပ်ယူတော့သည်။ ဝိညာဥ်စွမ်အားများ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသောကြောင့် စိတ်မလှုပ်ရှားပဲ မ​နေ​နိုင်ပေ။ ​သွေးဂျင်ဆင်းတစ်ပိုင်း၏ ဝိညာဥ်စွမ်အားသည် ​ပုံမှန်အချိန်များတွင် လေး၊ငါးရက်စာ ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။ သူက ကျင့်ကြံခြင်း၌ နှစ်မြုပ်​နေသည့်အချိန်တွင် တစ်စုံတစ်​ယောက်က တံခါးလာ​ခေါက်​သော​ကြောင့် သူသည် ရပ်လိုက်ရသည်။ 

ယဲဖန်သည် တံခါးကို ဖွင့်ပြီး စိတ်မရှည်စွာ မျက်​မှောင်ကြုတ်လိုက်သည် "ဒီကို ဘာလာလုပ်တာလဲ"

"မင်းရဲ့ သ​ဘောထားက ဘာတုန်း"

ယဲဖန်သည် စိတ်မရှည်စွာဖြင့် "တစ်ခုခု ​ပြောစရာရှိရင်​ပြော၊ မရှိရင်လဲပြန်​တော့"

ယဲဟုန်ဝမ်သည် သူ့သ​ဘောထား​ကြောင့် ရူးသွပ်သလို ခံစားလိုက်ရသည် "မင်းညီမကို ဘာလို့ရိုက်ရတာလဲ။ သူမကို ရိုက်ဖို့ ဘယ်သူက ခွင့်ပြုလို့လဲ။ မင်းက တကယ်ကို ပိုပိုပြီး ရဲတင်းလွန်းနေပြီ"

"သူမက ငါ့လမ်းကို လာပိတ်ပြီး ပိုက်ဆံခိုးတယ်လို့ စွပ်စွဲလို့​လေ။ ဒါ​ပေါ့ ငါ သူ့ကို ရိုက်လိုက်တယ်။ သူမရဲ့ မ​ကောင်းတဲ့ ပါးစပ်​ကြောင့်​လေ။ ငါ သူမကို ရိုက်ချင်တယ်လို့ မင်းထင်လား။ အခု​တောင် ငါ့လက်က နာကျင်​နေတုန်းပဲ" ယဲဖန်က သူ့​မေး​စေ့ကို ကိုင်ရင်း​ဖြေလိုက်သည်။

ယဲဟုန်ဝမ်သည် သူ့ကို ကြည့်ပြီး "မင်း... မင်း အဲ့ယွမ်သုံးသန်းကို ဘယ်ကရလာတာလဲ"

ယဲဖန်သည် မျက်လုံးကို ကျဥ်းလိုက်ကာ "ဒါ မင်းပိုက်ဆံ​တွေ မဟုတ်ဘူး။ ဘာလို့ ဒီ​လောက်လာ​မေး​နေရတာလဲ။ တခြားမိန်းမနဲ့ လူယုတ်မာနှစ်​ယောက်ကို ပြုစုပျိုး​ထောင်ဖို့ ငါ့အ​မေရဲ့ အ​မွေ​တွေကို သုံးခဲ့ပြီး အခုမှ ငါ့ကို ဘာလို့ဂရုစိုက်​နေရတာလဲ"

"မင်းရဲ့ သ​ဘောထားက ဘာတုန်း။ ငါက မင်းရဲ့အ​ဖေကွ" ယဲဟုန်ဝမ်သည် စိတ်ရှုပ်​ထွေးသွားသည်။

"ကျွန်တော်သိတယ်လေ။ ကျွန်တော့်လို အရှက်မရှိတဲ့သားတစ်​ယောက် မင်းမှာ မရှိဘူးလို့ အရင်တုန်းကတစ်ကြိမ် ​ပြောဖူးတာ ကျွန်တော်မှတ်မိ​ပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လဲ မင်းလို အ​ဖေကို အလိုမရှိဘူး" ယဲဖန်က ဆိုဖာ​ပေါ် ​ခြေချိတ်ထိုင်ကာ သမ်း​ဝေလိုက်၏။

"မင်း..... မင်း ယုတ္တိမရှိလိုက်တာ" ယဲဟုန်ဝမ်သည် မူလက ယဲဖန်ကို သင်ခန်းစာတစ်ခုသင်​ပေးရန်​ ရောက်ရှိလာခဲ့​ပေမဲ့ ၎င်းအစား စိတ်ပျက်လက်ပျက်ဖြင့် "မင်း ဒီလို ဘယ်လို ဖြစ်လာတာလဲ"

"မင်းရဲ့ လူယုတ်မာသားက ငါ့ကို ဒီလိုဖြစ်​အောင် လုပ်​လိုက်တာပဲ။ သူ့ကြောင့် ငါ့ဂုဏ်သိက္ခာလဲ ပျက်စီးသွားပြီ။ ​နောက်ဆုံး​တော့ သူနှင့် ​လျောင်တင်းတင်းလဲ လက်ထပ်နိုင်ပြီ​လေ။ သူများမယားခိုးသူနှင့် မိန်းမပျက် ဘယ်လို​တောင်ပြီးပြည့်စုံလိုက်တဲ့စုံတွဲလဲ" ယဲဖန်သည် ​အေးစက်စွာ ကျိန်ဆိုလိုက်သည်။ 

ဘာပဲဖြစ်ဖြစ် ယဲဖန်က သူနှင့် ဆယ်နှစ်​ကျော်​လောက် ​နေထိုင်ဖူး​သော​ကြောင့် ယဲဟုန်ဝမ်သည် သူ့အ​ကြောင်း ​ကောင်း​ကောင်းသိလေသည်။ ယဲဟုန်ဝမ်သည် ယဲဖန်က တခြားလူများကို အနိုင်ကျင့်ရန် သတ္တိမရှိ​ကြောင်း ​ယောင်ဝါးဝါး ခန်မှန်းမိ​သော်လည်း လုပ်သင့်​သည်ကိုသာ လုပ်ကာ ယဲဟုန်ဝမ်ကလည် သူ့အတွက် ၎င်းကို မရှင်းပြခဲ့​ပေ။ ယဲကျီကျဲသည် ယဲဖန်၏​ကောလဟာလက​နေ အကျိုးအမြတ် အများဆုံးခံစားရသူ ဖြစ်သည်။ ယဲဖန်နှင့်ယှဥ်လျှင် ယဲဟုန်ဝမ်က သူ၏အခြားသားယဲကျီကျဲကို ပိုသ​ဘောကျသည်။

Thanks for your reading

------------------------------------------------------------

Zawgyi

ယဲမိသားစု၌

ယဲယင္လန္သည္ ​ေရာင္ကိုင္း​ေန​ေသာ သူမမ်က္ႏွာကို အုပ္ထားကာ မ်က္လုံးမ်ားကလည္း နီရဲ​ေနသည္။"ယဲဖန္က မင္းကို ရိုက္လိုက္တာလား" ယဲတင္းဟုန္က ​ေမးသည္။

ယဲယင္လန္က ​ေခါင္းၿငိမ့္ၿပီး "အြန္း" ဟု သနားစရာ​ေကာင္း​ေအာင္ ေျပာလိုက္သည္။ ဝမ္​ေရွာက္​ေဖးသည္ ယဲယင္လန္၏႐ုပ္ကို ၾကည့္ရင္း သူမႏွလုံးသားက နာက်င္လာသည္။

"အ​ေဖ အဲ့လူယုတ္မာက ပိုပိုၿပီး လူရယ္စရာျဖစ္ေနၿပီ။ ၿပီးခဲ့တဲ့တစ္​ေခါက္တုန္းက ႀကီးႀကီးက်ယ္က်ယ္လုပ္လိုက္တယ္။ အခုက်​ေတာ့လဲ သူ႔ညီမကို​ေတာင္ ရိုက္လာၿပီ" ယဲဟုန္ဝမ္သည္ ​ေဒါသတႀကီး ​ေျပာသည္။

ယဲတင္းဟုန္သည္ သူ႔စီးကရက္​ေငြ႕ကို မွုတ္ထုတ္ကာ ယဲယင္လန္ကို ​ေမးလိုက္သည္ "ယဲဖန္က မင္းကို ဘာလို႔ရိုက္တာလဲ။ အ​ေၾကာင္းျပခ်က္​ေတာ့ ရွိသင့္တယ္"

"သူ႔ကို ​ေဆးဆိုင္မွာ ​ေတြ႕လိုက္တယ္။ သူက ဂ်င္ဆင္းတစ္ခုကို ယြမ္သုံးသန္းနဲ႔ဝယ္လိုက္တာ​ေၾကာင့္ ပိုက္ဆံဘယ္ကရလဲ​ေမးတာကို သူက ရိုက္လိုက္တယ္" ယဲယင္လန္သည္ ရွုံတြ​​ေန​ေသာ အမူအရာျဖင့္ ​ေျပာလိုက္သည္။

ယဲဟုန္ဝမ္သည္ အနည္းငယ္ စိတ္ရွုပ္​ေထြးၿပီး "ယြမ္သုံးသန္းလား။ သူ ဘယ္က ပိုက္ဆံရတာလဲ" ယဲဖန္က လက္ဗလာနဲ႔ မိသားစုက​ေန ႏွင္ထုတ္ခံထားရတာ​ေလ။

"​ေကာင္းၿပီ။ ဒါက ယြမ္သုံးသန္းပဲ​ေလ။ ဝူမိသားစုက မၾကာခဏ သူ႔ကို အကူအညီ​ေပးတယ္လို႔ ငါၾကားတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူက ငါတို႔ယဲမိသားစုရဲ့ သားပဲ​ေလ။ သူ႔မွာ ယြမ္သန္းအနည္းငယ္​ေလာက္ ရွိတာ ပုံမွန္ပဲ​ေလ" ယဲတင္းဟုန္သည္ ယဲယင္လန္ကို မ​ေက်မနပ္စိုက္ၾကည့္ၿပီး "ယဲဖန္က ငါတို႔ကို ထားသြားခဲ့​ေပမဲ့ သူက မင္းရဲ့အကိုႀကီး ျဖစ္​ေနတုန္းပဲ။ ​ေနာက္တစ္ႀကိမ္ သူနဲ႔​ေတြ႕ရင္ ​ေကာင္း​ေကာင္းဆက္ဆံ" ဟု ​ေျပာသည္။

ယဲတင္းဟုန္သည္ ဝမ္​ေရွာက္​ေဖးကို မႀကိဳက္​ေပ။ ယဲမိသားစုႏွင့္ ဝူမိသားစုၾကားရွိ အိမ္​ေထာင္​ေရးသည္ မူလက ​ေကာင္းမြန္​ေန​ေသာ္လည္း ဝူယင္း​သည္ ကံမ​ေကာင္းစြာ ငယ္ငယ္ရြယ္ရြယ္ျဖင့္ ​ေသဆုံးသြား​​ေသာေၾကာင့္ ယဲဟုန္ဝမ္က ဝမ္​ေရွာက္​ေဖးအား သ​ေဘာက်သြားေလသည္။ ႏွစ္​ေပါင္းမ်ားစြာ ၾကာလာ​ေသာအခါ ယဲမိသားစုႏွင့္ဝူမိသားစုၾကားရွိ ဆက္ဆံ​ေရးက ပိုမို​ေအးစက္လာသည္။ ဝူမိသားစုသည္ ယဲဖန္အ​ေပၚ သိပ္ဂ႐ုမစိုက္​ေပမဲ့ တစ္ခါတစ္​ေလ သူ႔အား​ေထာက္ပံ့​ေပး​ေလသည္။

ယဲယင္လန္သည္ မူလက သူမအဘိုးသည္ သူမဘက္က​ေနရပ္တည္ေပးလိမ့္မယ္ဟု ထင္ခဲ့သည္။ ဒါ​ေပမဲ့ ယဲတင္းဟုန္၏သ​ေဘာထား​ေၾကာင့္ သူမသည္ အဘိုးအ​ေပၚ အားမကိုးနိုင္သည့္အတြက္ ယဲဖန္အ​ေပၚ ပို၍ နာက်ည္းမွု ျပင္းထန္လာသည္။

.....

ယဲဖန္သည္ ​ေသြးဂ်င္ဆင္းကို ဂ႐ုတစိုက္ ျဖတ္​ေတာက္ကာ အရည္ကိုထုတ္ၿပီး အပိုင္း​ေသး ဆယ္ပိုင္း ခြဲျခားလိုက္၏။ ထို႔​ေနာက္ကုတင္ေပၚတြင္ ထိုင္ကာ သူတို႔ထဲမွ ဝိညာဥ္စြမ္အားမ်ားကို စုပ္ယူေတာ့သည္။ ဝိညာဥ္စြမ္အားမ်ား သူ႔ခႏၶာကိုယ္ထဲသို႔ တိုးဝင္လာေသာေၾကာင့္ စိတ္မလွုပ္ရွားပဲ မ​ေန​နိုင္ေပ။ ​ေသြးဂ်င္ဆင္းတစ္ပိုင္း၏ ဝိညာဥ္စြမ္အားသည္ ​ပုံမွန္အခ်ိန္မ်ားတြင္ ေလး၊ငါးရက္စာ က်င့္ႀကံျခင္းႏွင့္ ညီမၽွေပသည္။ သူက က်င့္ႀကံျခင္း၌ ႏွစ္ျမဳပ္​ေနသည့္အခ်ိန္တြင္ တစ္စုံတစ္​ေယာက္က တံခါးလာ​ေခါက္​ေသာ​ေၾကာင့္ သူသည္ ရပ္လိုက္ရသည္။

ယဲဖန္သည္ တံခါးကို ဖြင့္ၿပီး စိတ္မရွည္စြာ မ်က္​ေမွာင္ၾကဳတ္လိုက္သည္ "ဒီကို ဘာလာလုပ္တာလဲ"

"မင္းရဲ့ သ​ေဘာထားက ဘာတုန္း"

ယဲဖန္သည္ စိတ္မရွည္စြာျဖင့္ "တစ္ခုခု ​ေျပာစရာရွိရင္​ေျပာ၊ မရွိရင္လဲျပန္​ေတာ့"

ယဲဟုန္ဝမ္သည္ သူ႔သ​ေဘာထား​ေၾကာင့္ ႐ူးသြပ္သလို ခံစားလိုက္ရသည္ "မင္းညီမကို ဘာလို႔ရိုက္ရတာလဲ။ သူမကို ရိုက္ဖို႔ ဘယ္သူက ခြင့္ျပဳလို႔လဲ။ မင္းက တကယ္ကို ပိုပိုၿပီး ရဲတင္းလြန္းေနၿပီ"

"သူမက ငါ့လမ္းကို လာပိတ္ၿပီး ပိုက္ဆံခိုးတယ္လို႔ စြပ္စြဲလို႔​ေလ။ ဒါ​ေပါ့ ငါ သူ႔ကို ရိုက္လိုက္တယ္။ သူမရဲ့ မ​ေကာင္းတဲ့ ပါးစပ္​ေၾကာင့္​ေလ။ ငါ သူမကို ရိုက္ခ်င္တယ္လို႔ မင္းထင္လား။ အခု​ေတာင္ ငါ့လက္က နာက်င္​ေနတုန္းပဲ" ယဲဖန္က သူ႔​ေမး​ေစ့ကို ကိုင္ရင္း​ေျဖလိုက္သည္။

ယဲဟုန္ဝမ္သည္ သူ႔ကို ၾကည့္ၿပီး "မင္း... မင္း အဲ့ယြမ္သုံးသန္းကို ဘယ္ကရလာတာလဲ"

ယဲဖန္သည္ မ်က္လုံးကို က်ဥ္းလိုက္ကာ "ဒါ မင္းပိုက္ဆံ​ေတြ မဟုတ္ဘူး။ ဘာလို႔ ဒီ​ေလာက္လာ​ေမး​ေနရတာလဲ။ တျခားမိန္းမနဲ႔ လူယုတ္မာႏွစ္​ေယာက္ကို ျပဳစုပ်ိဳး​ေထာင္ဖို႔ ငါ့အ​ေမရဲ့ အ​ေမြ​ေတြကို သုံးခဲ့ၿပီး အခုမွ ငါ့ကို ဘာလို႔ဂ႐ုစိုက္​ေနရတာလဲ"

"မင္းရဲ့ သ​ေဘာထားက ဘာတုန္း။ ငါက မင္းရဲ့အ​ေဖကြ" ယဲဟုန္ဝမ္သည္ စိတ္ရွုပ္​ေထြးသြားသည္။

"ကၽြန္ေတာ္သိတယ္ေလ။ ကၽြန္ေတာ့္လို အရွက္မရွိတဲ့သားတစ္​ေယာက္ မင္းမွာ မရွိဘူးလို႔ အရင္တုန္းကတစ္ႀကိမ္ ​ေျပာဖူးတာ ကၽြန္ေတာ္မွတ္မိ​ပါေသးတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ကၽြန္ေတာ္လဲ မင္းလို အ​ေဖကို အလိုမရွိဘူး" ယဲဖန္က ဆိုဖာ​ေပၚ ​ေျခခ်ိတ္ထိုင္ကာ သမ္း​ေဝလိုက္၏။

"မင္း..... မင္း ယုတၱိမရွိလိုက္တာ" ယဲဟုန္ဝမ္သည္ မူလက ယဲဖန္ကို သင္ခန္းစာတစ္ခုသင္​ေပးရန္​ ေရာက္ရွိလာခဲ့​ေပမဲ့ ၎အစား စိတ္ပ်က္လက္ပ်က္ျဖင့္ "မင္း ဒီလို ဘယ္လို ျဖစ္လာတာလဲ"

"မင္းရဲ့ လူယုတ္မာသားက ငါ့ကို ဒီလိုျဖစ္​ေအာင္ လုပ္​လိုက္တာပဲ။ သူ႔ေၾကာင့္ ငါ့ဂုဏ္သိကၡာလဲ ပ်က္စီးသြားၿပီ။ ​ေနာက္ဆုံး​ေတာ့ သူႏွင့္ ​ေလ်ာင္တင္းတင္းလဲ လက္ထပ္နိုင္ၿပီ​ေလ။ သူမ်ားမယားခိုးသူႏွင့္ မိန္းမပ်က္ ဘယ္လို​ေတာင္ၿပီးျပည့္စုံလိုက္တဲ့စုံတြဲလဲ" ယဲဖန္သည္ ​ေအးစက္စြာ က်ိန္ဆိုလိုက္သည္။

ဘာပဲျဖစ္ျဖစ္ ယဲဖန္က သူႏွင့္ ဆယ္ႏွစ္​ေက်ာ္​ေလာက္ ​ေနထိုင္ဖူး​ေသာ​ေၾကာင့္ ယဲဟုန္ဝမ္သည္ သူ႔အ​ေၾကာင္း ​ေကာင္း​ေကာင္းသိေလသည္။ ယဲဟုန္ဝမ္သည္ ယဲဖန္က တျခားလူမ်ားကို အနိုင္က်င့္ရန္ သတၱိမရွိ​ေၾကာင္း ​ေယာင္ဝါးဝါး ခန္မွန္းမိ​ေသာ္လည္း လုပ္သင့္​သည္ကိုသာ လုပ္ကာ ယဲဟုန္ဝမ္ကလည္ သူ႔အတြက္ ၎ကို မရွင္းျပခဲ့​ေပ။ ယဲက်ီက်ဲသည္ ယဲဖန္၏​ေကာလဟာလက​ေန အက်ိဳးအျမတ္ အမ်ားဆုံးခံစားရသူ ျဖစ္သည္။ ယဲဖန္ႏွင့္ယွဥ္လၽွင္ ယဲဟုန္ဝမ္က သူ၏အျခားသားယဲက်ီက်ဲကို ပိုသ​ေဘာက်သည္။

Thanks for your reading

------------------------------------------------------------

Continue Reading

You'll Also Like

58.2K 3K 88
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
65.6K 2K 24
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
590K 19.8K 84
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
30K 326 16
-Smut. 🔞 -Kidnapping. -Murder. -Drug Use. -Abuse. Chapters containing smut will be marked with this emoji: 🔞.