7years Secret Love ( ဘာသာပြန်...

By ANyein_26

44.5K 4.3K 120

Title - Seventh Year of My Secret Love for You / 暗恋你的第七年 Chapter - 63+11 Extras ( chapters are divided ; 164... More

Description
About Paid Gp ( Completed )
Chapter-1.1
Chapter-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-12.1
Chapter-12.2
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Chapter-17.1
Chapter-17.2
Chapter-18.1
Chapter-18.2
Chapter-19.2
Chapter-20.1
Chapter - 20.2
Chapter - 21.1
Chapter - 21.2
Chapter - 22.1
Chapter - 22.2
Chapter - 23.1
Chapter - 23.2
Chapter - 24.1
Chapter - 24.2
Chapter - 25.1
Chapter - 25.2
Chapter - 25.3
Chapter - 26.1
Chapter - 26.2
Chapter - 26.3
Chapter - 27.1
Chapter - 27.2
Chapter - 28.1
Chapter - 28.2
Chapter - 28.3
Chapter - 29.1
Chapter - 29.2
Chapter - 29.3
Chapter - 30.1
Chapter - 30.2
Chapter - 30.3
Chapter - 31.1
Chapter - 31.2
Chapter - 31.3
Chapter - 32.1
Chapter - 32.2
Chapter - 32.3
Chapter - 32.4
Chapter - 33.1
Chapter -33.2
Chapter - 33.3
Chapter - 34.1
Chapter - 34.2
Chapter - 34.3
Chapter - 35.1
Chapter - 35.2
Chapter - 35.3
Chapter - 35.4
Chapter - 36.1
Chapter - 36.2
Chapter - 36.3
Chapter - 36.4
Chapter - 37.1
Chapter - 37.2
Chapter - 37.3
Chapter - 38.1
Chapter - 38.2
Paid ဈေးနှုန်းပြောင်း

Chapter-19.1

460 54 1
By ANyein_26





စတင်မစားသောက်ခင်တွင် ရှောင်ကျန်းသည် ညှပ်တစ်စုံကို ယူလိုက်ပြီး လော့ချီ၏ညစာပန်းကန်ထဲမှ သိုးသားတစ်ခုကိုယူပြီး နောက်ထပ်နှစ်ခုကို ကျန်းရှန်းဟယ်၏ပန်းကန်ပေါ်တွင် ထည့်ပေးလိုက်သည်။ လော့ချီအား ပြဿနာကို သဘာဝအတိုင်း ကူညီဖြေရှင်းပေးလိုက်သည်။ လော့ချီက ကျေးဇူးတင်လာ၏။

"ကျေးဇူးတင်ပါတယ်"

ရှောင်ကျန်းက သူမကို ပြုံးပြပြီး

"ကျွန်တော့်မှာ စားဖို့ သိုးသားအတုံးတွေ ပိုများသွားတာလေ ဒါကြောင့် အစ်မကို ကျေးဇူးတင်တဲ့သူက ကျွန်တော်ပဲဖြစ်သင့်တာပါ"

ကျန်းရှန်းဟယ်က ယခင်အတိုင်း တိတ်ဆိတ်နေခဲ့သည်။

လော့ချီက ၎င်းကို နေသားကျနေပြီ ၊ သူမ၏အမြင်တွင် သူက လိမ္မာပါးနပ်ပြီး စကားလုံးများကို ရွှေလိုတန်ဖိုးထားသည်။ သူတို့ ထမင်းစားနေစဉ် ရှောင်ကျန်းသည် အတွင်းရေးမှူးကျွီဆီက ဖုန်းဝင်လာ၏။ သူမက သူ့အား ဒီနေ့ အလုပ်ရဲ့အနှစ်ချုပ်ကို ဘယ်အချိန် အီးမေးလ်ပို့မှာလဲလို့ မေးနေသည်။

"အခုချက်ချင်းပို့ပေးပါမယ် ခဏလောက်စောင့်ပေးပါ"

အမှန်တော့ သူက အဲဒါကို ပြင်ဆင်ပြီးသွားပြီ၊ ဒါပေမဲ့ သူ မပို့ရသေးခင်မှာ လော့ချီက သူ့ကို ဘော့စ်နဲ့ထမင်းစားဖို့ လာခေါ်သွားခြင်းဖြစ်သည်။

အနှစ်ချုပ်သည် သူ့လက်ပ်တော့တွင်သာရှိပြီး ဖုန်းထဲတွင် အရန်ကူးထားခြင်းမရှိပါ။ အရင်ဆုံး ညစာစားပြီး နောက်မှ သူ့အခန်းထဲပြန်ရောက်တာနဲ့ အစီရင်ခံစာပို့နိုင်ပေမဲ့ ဒီလိုတရားဝင်အကြောင်းပြချက်ကို မသုံးဖို့ အကြောင်းပြချက်မရှိပါဘူး။ သူက ညစာစားနေရင်း တစ်ဝက်လောက်မှာ ထထွက်သွားရင် ဘော့စ်က လော့ချီနဲ့ တစ်ယောက်တည်း နေခွင့်ရလိမ့်မယ်။

"ဥက္ကဌကျန်း အတွင်းရေးမှူးကျွီက အရေးကြီးတဲ့ အချက်အလက်တွေ လိုအပ်နေပါတယ် ကျွန်တော့်အခန်းကို အရင်ပြန်ပြီး ပို့လိုက်ပါအုံးမယ် ကျွန်တော် ဆယ်မိနစ်အတွင်း ပြန်လာခဲ့ပါ့မယ် အရင်စားထားနှင့်ကြပါ ကျွန်တော့်ကိုမစောင့်ပါနဲ့"

ကျန်းရှန်းဟယ်က အေးဆေးတည်ငြိမ်နေပုံရကာ

"သွားနှင့်ပါ"

ရှောင်ကျန်းက သူ၏တူချောင်းများကို ချလိုက်ပြီး ဟိုတယ်သို့ အမြန်ပြန်သွားခဲ့သည်။ လော့ချီနှင့်ကျန်းရှန်းဟယ်တို့သာ ကမ်းခြေတွင် ကျန်နေခဲ့တော့၏။ မသိတဲ့သူတွေက သူတို့ကို ချစ်သူတွေလို့ ထင်ကြလိမ့်မယ်။

"နောက်ဆုံးအစည်းအဝေးမှာ ရွေ့ဖူဆေးဘက်ဆိုင်ရာနဲ့ တုန်ပေါ်ဆေးဘက်ဆိုင်ရာကို ပြောခဲ့တယ် မင်းဘယ်လိုထင်လဲ"

ကျန်းရှန်းဟယ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

စားပွဲဝိုင်းမှာ သူတို့နှစ်ယောက်သာရှိလျှင်တောင် ဆွေးနွေးစရာ အလုပ်ကိစ္စရှိနေပါက အာရုံထွေပြားခြင်း ရှိနေမှာမဟုတ် ၊ လော့ချီက သိုးသားအတုံးတစ်တုံးကို ယူလိုက်ပြီး စားခါနီးတွင် ပြန်ချထားလိုက်သည်။

"ဒါက အစည်းအဝေးမဟုတ်ဘူး စားသောက်ရင်း စကားပြောရုံပါပဲ"

သူက ညှပ်တွေကို ကောက်ကိုင်လိုက်ပြီး သိုးသားကိုယူကာ သူမပန်းကန်ထဲ ပြန်ထည့်ပေး၏။

"သီးသန့်စားသောက်တဲ့အချိန်ကျရင် စည်းကမ်းအများကြီး မလိုဘူးလို့ ကိုယ် မင်းကို ဘယ်နှစ်ခါပြောရမလဲ"

"ကျေးဇူးတင်ပါတယ် ဥက္ကဌကျန်း"

ဧည့်ဝတ်ကျေပွန်မှုကို မခံနိုင်တော့ဘဲ လော့ချီက အလူမီနီယံသတ္တုပြား*ကို ကိုက်လိုက်သည်။ သူမစိတ်ထဲတွင် ဘော့စ်၏မေးခွန်းအပေါ် လုံးလုံးလျားလျား အာရုံစိုက်နေပြီဖြစ်သည်။ ပြန်မဖြေခင်မှာ သူမက တစ်စုံတစ်ရာကို အရင်ဆုံး အတည်ပြု၏။

( * သိုးသားကို ခဲပတ်နဲ့ထုပ်ပိုးထားတာဖြစ်မယ် )

"ကုမ္ပဏီက ရွေ့ဖူဆေးဘက်ဆိုင်ရာကို ၀ယ်ဖို့ ဆုံးဖြတ်ပြီးပြီလား"

ကျန်းရှန်းဟယ်လည်း သိုးသားတစ်ခုကိုယူပြီး ဖြည်းဖြည်းချင်းစားနေရင်း ပြန်ဖြေသည်။

"လီရွေ့မှာ ဒီအစီအစဉ်ရှိပါတယ်"

လော့ချီက ဘော့စ်ကို တစ်ချက်ကြည့်နေကာ သူမအကြည့်တွေက သူ့မျက်ခုံးများကြားမှ ထိုနေရာကို စိုက်ကြည့်ပြီးနောက် သူ့လက်ထဲရှိ သိုးသားကိုကြည့်၏။

"ရွေ့ဖူဆေးဘက်ဆိုင်ရာကို ဝယ်ယူခြင်းက ကျွန်မတို့ရဲ့ ယွမ်ဝေဆေးဘက်ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ပြီး ကျွန်မတို့ရဲ့ချို့ယွင်းချက်အချို့ကို ဖြည့်ဆည်းပေးနိုင်တယ်"

တုန်ပေါ်ဆေးဘက်ဆိုင်ရာအတွက် သူမ ဘာပြောသင့်သလဲ? ဖေရှစ်ရှောင်းသည် လွန်ခဲ့သောနှစ်အနည်းငယ်က ၎င်းကို ရင်းနှီးမြှုပ်နှံခဲ့သည်။ ရင်းနှီးမြုပ်နှံမှုတွေအတွက် သူ့မှာ တကယ်ကောင်းတဲ့အမြင်ရှိတယ်လို့ ဆိုရမှာပေါ့။ ယခုအခါတွင် တုန်ပေါ်ဆေးဘက်ဆိုင်ရာက အရှိန်အဟုန်ဖြင့် တိုးတက်နေလေသည်။

တုန်ပေါ်ဆေးဘက်ဆိုင်ရာကို ဆည်းပူးထိုက်သည်ဟု သူမ ပြောလိုက်ပါက သူမက ဖေရှစ်ရှောင်းကို မျက်နှာသာပေးသည်ဟု သံသယဖြစ်လိမ့်မည်။ ယွမ်ဝေက ၎င်းကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်နှင့် ဖေရှစ်ရှောင်းအနေဖြင့် သူ၏ရှယ်ယာများကို ရောင်းချခြင်းမှ သန်းရာနှင့်ချီ၍ ရရှိမည်ဖြစ်သည်။ သူမမှာ ဖေရှစ်ရှောင်းအပေါ် ခံစားချက်ရှိနေဆဲဖြစ်ပြီး လမ်းခွဲပြီးနောက်တွင်ပင် သူ့ကို ကူညီနေသေးသည်ဟု မသိနားမလည်သူများက ယူဆနိုင်ပေသည်။

တုန်ပေါ်ဆေးဘက်ဆိုင်ရာသည် အပြိုင်အဆိုင် ခြိမ်းခြောက်မှုမပြုဘဲ ရယူရန် မလိုအပ်ဟု သူမက ပြောလိုက်မည်ဆိုလျှင် သူမက ဖေရှစ်ရှောင်း၏သစ္စာဖောက်ခြင်းကို လက်စားချေရန် ကုမ္ပဏီ၏အကျိုးစီးပွားကို ဥပက္ခာပြုထားကြောင်း လူအများက ထင်မြင်စေနိုင်သည်။

"တုန်ပေါ်ဆေးဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကျွန်မ မှတ်ချက်မပေးပါဘူး ရည်းစားဟောင်းရဲ့ကုမ္ပဏီက ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်လို့ ဘက်လိုက်သလိုဖြစ်လိမ့်မယ်"

"ဟွမ်ဟန့်ရင်းနှီးမြှုပ်နှံရေးက တုန်ပေါ်ဆေးဘက်ဆိုင်ရာမှာ ရင်းနှီးမြှုပ်နှံခဲ့တာလား"

"ဟုတ်ပါတယ်"

ကျန်းရှန်းဟယ်သည် တုန်ပေါ်ဆေးဘက်ဆိုင်ရာ ရှယ်ယာရှင်များကို ယခင်က ဂရုမစိုက်ခဲ့လေဘူး။

"တောင်းပန်ပါတယ် ကိုယ် မပြောသင့်တဲ့လူကို ပြောခဲ့မိတယ်"

လော့ချီ၏အပြုံးမှာ ပရော်ဖက်ရှင်နယ်ဆန်၏။

"အဆင်ပြေပါတယ် ကျွန်မတို့က လမ်းခွဲလိုက်ပြီဆိုတော့ ရှင်မသိဘူးဆိုတာ ပုံမှန်ပါပဲ"
  
သူက သူမကိုကြည့်ကာ လမ်းခွဲကြောင်းကို ယခုလေးတင်မှ သိလိုက်သလို ဟန်ဆောင်လျက်

"ဒါကြောင့် အဲဒီနေ့က မင်း ငိုနေခဲ့တာလား"

"......"

ဤအရာသည် နောက်တစ်ကြိမ် ထပ်မပြောသင့်သော အကြောင်းအရာများ အောက်တွင် ကျရောက်နေပြန်ပါသည်။ ထိုအချိန်တွင် သူမ၏မျက်လုံးများဟာ သစ်ကြားသီးများကဲ့သို့ ဖူးရောင်နေပြီး ကြည့်ရသည်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ အနာဂတ်တွင် သူမ ယွမ်ဝေအဖွဲ့အစည်းအတွက် ပင်မစီမံခန့်ခွဲမှုအဆင့်အထိ ဆက်လက်လုပ်ဆောင်ချင်နေပါသေးသည်။ သူမက အကြောင်းမဲ့ငိုတတ်သော ကလေးတစ်ယောက်ဖြစ်ကြောင်း ဘော့စ်က ထင်မြင်လာပါက ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပေလိမ့်မည်။

လော့ချီက သူမရဲ့ပုံရိပ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါ၏။

"ကျွန်မတို့ နှစ်ပေါင်းများစွာ အတူလက်တွဲခဲ့ပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ် ကျွန်မတို့လမ်းခွဲတုန်းက ကျွန်မခံစားချက်တွေကို မချုပ်တည်းထားနိုင်ခဲ့ဘူး"

သူမ မသိသောအရာမှာ သူမ၏ပုံရိပ်ကို ပြုပြင်ရန် သူမပြောသော စကားအနည်းငယ်မှာ ကျန်းရှန်းဟယ် နာကျင်သည့်နေရာသို့ အမှတ်မထင် ထိုးဖောက်ဝင်ရောက်သွားခြင်းပင်ဖြစ်သည်။ ကျန်းရှန်းဟယ်မှာ အလယ်မှ စကားစုကိုသာ အာရုံစိုက်ခဲ့ပြီး သူ့ကိုယ်သူ စိတ်ထိခိုက်လာရသည်။

သူတို့မှာ နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိခဲ့တယ်...

လော့ချီက သူမ၏သူဌေးအား စိတ်ချလက်ချ ရှိစေပါ၏။

"စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲတာက အခု ပြီးလုနီးပါးဖြစ်နေပြီမလို့ အလုပ်အပေါ် သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး"

ကျန်းရှန်းဟယ်က သူနားလည်ကြောင်း အမူအရာပြသည်။

"ကိစ္စမရှိပါဘူး ခဏတာ ထိန်းညှိလို့မရတာက ပုံမှန်ပါပဲ ကိုယ်လဲ အရင်က ထိန်းမနိုင်သိမ်းမနိုင်တဲ့ ခံစားချက်တွေကြောင့် အခက်တွေ့ခဲ့ရပြီး ချိန်ညှိဖို့ အချိန်အတော်ကြာခဲ့ပါတယ်"

လော့ချီ အံ့ဩသွားသည်။ ကျန်းရှန်းဟယ်က စိတ်ပိုင်းဆိုင်ရာ မကျေနပ်မှုဒဏ်ကို ခံရနိုင်သည်ဟု သူမ မယုံနိုင်ပေ။ သူမ အံ့အားသင့်သွားသော်လည်း သူမအပေါ် ထောက်ထားစာနာမှုနှင့် သနားကြင်နာမှုပြခြင်းအတွက် ဘော့စ်ကို ကျေးဇူးတင်ခဲ့ပါသည်။

ရှောင်ကျန်းသည် ဆယ့်ငါးမိနစ်ခန့် ချီတုံချတုံဖြစ်ပြီးနောက် ပြန်ရောက်လာခဲ့၏။ အချိန်အကြာကြီးထွက်သွားခြင်းက လော့ချီ၏သံသယအား နှိုးဆော်သွားလိမ့်မည်ကို သူ စိုးရိမ်နေမိပါသည်။

ကျန်းရှန်းဟယ်က စားပွဲထိုးကို သိုးသားအတုံးလေးတွေ ထပ်ပြီး အပူပေးဖို့ တောင်းဆိုသည်။ သူ နာရီကိုကြည့်လိုက်တော့ ဆယ်နာရီမထိုးသေးတာကို တွေ့လိုက်ရ၏။ သူမ ညစာစားပြီးတော့ ဆယ်နာရီထိုးတော့မည်။ အစောပိုင်းက လော့ချီမှာ ကမ်းခြေတွင် အကြာကြီး မလှုပ်မယှက် ရပ်နေခဲ့သည်။

နောက်ဆုံး သူမပြန်ရောက်လာတော့ သူ့ကို မမြင်မိလုနီးပါး အာရုံပျံ့လွင့်နေခဲ့သည်။ ညစာစားပြီးနောက် သူမအခန်းထဲကို တစ်ယောက်တည်းပြန်သွားတော့လည်း အာရုံပြန်မစိုက်နိုင် ဖြစ်လိမ့်မည်။

"ကိုယ် နောက်မှ ဟိုတယ်ကို ကမ်းခြေမှာ ရုပ်ရှင်ပြဖို့ပြောလိုက်မယ် မင်းတို့စိတ်ဝင်စားတယ်ဆိုရင် စောင့်ကြည့်ရုံပါပဲ"

ရှောင်ကျန်းက ကြားဖြတ်ပြောပြီး မေးခွန်းကိုဖြေဖို့ ဆုံးဖြတ်လိုက်သည်။ ဒီညတွင် သူက ပထမဆုံးအကြိမ် လိမ်ညာခြင်းဖြစ်ရာ ၎င်းက ဘော့စ်အရှေ့တွင် ဖြစ်ပေ၏။ ဘော့စ်သည် ယခင်က ကမ်းခြေတွင် ရုပ်ရှင်မပြဖူးသော်လည်း လော့ချီအား ဤအရာသည် သာမန်ဖြစ်ရပ်ဖြစ်ပြီး သူမအတွက်သာ အထူးပြသသည်မဟုတ်ကြောင်း လှည့်စားချင်နေပါသေးသည်။ ထို့ကြောင့် သူက မေးလိုက်၏။

"ဥက္ကဌကျန်း ဒီတစ်ခါ ဘယ်ဇာတ်ကားကို ပြမှာလဲ"

လော့ချီသည် 'ဒီတစ်ခါ' ဟူသော အဓိကစကားစုကို ကြားလိုက်ရသည်။ ကျန်းရှန်းဟယ်က ဟိုင်ချန်သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်ပြီး ကမ်းခြေတွင် ရုပ်ရှင်တစ်ကားလည်း ပြသခဲ့ပုံရသည်။ ကျန်းရှန်းဟယ်က ရှောင်ကျန်းကို ပြန်ဖြေ၏။

"ကုစားခြင်း မိသားစုရုပ်ရှင်"

ရှောင်ကျန်းက ခေါင်းညိတ်ပြီး

"ဒါဆို ကျွန်တော်ကြည့်မယ်"

ကုစားခြင်းရုပ်ရှင်များမှာ လော့ချီ၏အနှစ်သက်ဆုံးဖြစ်သောကြောင့် သူမလည်း ဆက်လက်ကြည့်ရှုရန် စီစဉ်ခဲ့သည်။ သူမအတွက် ကမ်းခြေမှာ ရုပ်ရှင်ကြည့်တာ ဒါပထမဆုံးအကြိမ်ပင် ၊ ကျန်းရှန်းဟယ်က ဟိုတယ်မန်နေဂျာကို ဖုန်းဆက်ပြီး တစ်စုံတစ်ယောက်ကို စီစဉ်ပေးဖို့ ချက်ချင်းတောင်းဆိုခဲ့သည်။ နာရီဝက်လောက်ကြာတော့ သူတို့ရှေ့မှာ ရုပ်ရှင်ကန့်လန့်ကာ ပေါ်လာလေသည်။

ရက်အနည်းငယ်အတွင်းမှာပဲ လော့ချီ အပြင်မှာ ရုပ်ရှင်ကို နှစ်ကြိမ်ကြည့်ဖြစ်သည်။ ပိုက်ဆံရှိတာ အရမ်းကောင်းတာပဲလို့ သူမ ညည်းညူမိ၏။ အဒေါ်နှင့်တူဖြစ်သူမှာ ဝါသနာတူသည်ဟု တွေးရင်း သူမသက်ပြင်းချလိုက်မိကာ နှစ်ယောက်စလုံး အပြင်မှာ ရုပ်ရှင်ကြည့်ရခြင်းကို နှစ်သက်ကြသည်။

လွန်ခဲ့သောရက်အနည်းငယ်က ကျန်းယွဲ့ရူ၏ခြံဝင်းအတွင်း ရုပ်ရှင်ကြည့်ခြင်းအတွေ့အကြုံသည် ကမ်းခြေတွင်ကြည့်ရှုခြင်းကဲ့သို့ မကောင်းလှပါ။ ဟိုတယ်က သစ်သီးအဆာပြေနှင့် အချိုရည်မျိုးစုံကိုလည်း ပို့ပေး၏။

ကျန်းရှန်းဟယ်သည် ရှောင်ကျန်းမှ လော့ချီနှင့်ဝေးကွာသော အစွန်အဖျားတွင် တမင်တကာ ထိုင်နေခဲ့သည်။ အကယ်၍ သူသာ သူမနှင့်ပိုဝေးနေမည်ဆိုပါက ရုပ်ရှင်ကြည့်နေချိန်တွင် သူမက ပိုပြီး စိတ်အနားယူနိုင်ပေသည်။

သို့သော်လည်း သူထိုင်နေသောနေရာမှတစ်ဆင့် ရှောင်ကျန်းက သူမအား ကွယ်ထားသောကြောင့် သူ သူမကို မမြင်နိုင်လေဘူး။ ခဏအကြာတွင် ကျန်းရှန်းဟယ် မတ်တပ်ထရပ်ပြီး သူ့ထိုင်ခုံကို ကောက်ယူကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ လော့ချီက ယခု သူ့ရှေ့တွင် ထောင့်ဖြတ်ရှိနေပြီး ဘေးကို တစ်ချက်ကြည့်လိုက်ပါက သူမကို မြင်နိုင်ပေသည်။

လော့ချီက ဖရဲစေ့ထုပ်ငယ်ကိုဖွင့်ပြီး ရုပ်ရှင်စဖွင့်မည့်အချိန်ကို စောင့်မျှော်ရင်း ပင်လယ်လေညင်းဆီသို့ မျက်နှာကို မော့ကြည့်လိုက်သည်။

ကန့်လန့်ကာမှာ လင်းလာသည်...

ရင်းနှီးပြီးသား ခေါင်းစဉ်တစ်ခု ပေါ်လာ၏။ လော့ချီ ဒီဇာတ်ကားကို အရင်ကကြည့်ဖူးပြီး အရမ်းကောင်းတာကို သိပြီးသားဖြစ်သည်။ သူမ စိတ်​မ​ကောင်းဖြစ်​ပြီး စိတ်​ဖိစီး​နေချိန်​မှာ ဒါကိုကြည့်​လေ့ရှိသည်။

သူတို့နှင့်မနီးမဝေးတွင် လူငယ် ခုနစ်ယောက်၊ ရှစ်ယောက် - လူငယ်စုံတွဲများနှင့် သူငယ်ချင်းအုပ်စုများရှိသည်။ သူတို့သည်လည်း ရုပ်ရှင်ကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရ၏။ အနီးနားတွင် ထိုင်ခုံများရှိသော်လည်း ၎င်းတို့ပေါ်တွင် မထိုင်ဘဲ သဲပေါ်တွင်သာ လှဲနေလိုက်ကြသည်။

စားပွဲပေါ်တွင် အဆာပြေစားစရာများစွာရှိနေသဖြင့် ၎င်းတို့အားလုံးကို သူမတစ်ယောက်တည်း မကုန်နိုင်ပေ။ ကျန်းရှန်းဟယ်က ပန်းကန်ပြားတစ်ချပ်ကိုယူပြီး သူ့ဘေးနားက လူငယ်စုံတွဲကို ပေးလိုက်သည်။ ဟိုတယ်ပိုင်ရှင်က ၎င်းကို သူ့အတွက် အထူးပြင်ဆင်ထားကြောင်း မပြောတော့ဘဲ 'ဟိုတယ်ကပေးထားတာ'ဟုသာ ပြောခဲ့လေသည်။

ကောင်လေးက သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားပြောပြီး သူ့ကောင်မလေးကို ပေးလိုက်ပြီး သူတို့ဘေးနားက အမည်မသိမိန်းကလေးကို ထပ်ပေးလိုက်သည်။

"ဟိုတယ်ကပေးတာလို့ သူတို့က ပြောတယ်"

"ကျေးဇူးတင်ပါတယ်"

အရင်က တစ်ခါမှမဆုံတွေ့ဖူးသော အုပ်စုတော်တော်များများက အဆာပြေ အသီးအနှံတွေကို ဝေမျှပြီး အတူတူ ရုပ်ရှင်ကြည့်ကြသည်။

သိပ်မဝေးတော့သောနေရာမှ ကမ်းစပ်ကို ရိုက်ခတ်လာသော လှိုင်းလုံးများ...

ရုပ်ရှင်ပြီးဆုံးချိန်က သန်းခေါင်ကျော်နေပြီ။ လော့ချီက ၎င်းကိုကြည့်ရန် အလွန်စိတ်အားထက်သန်နေသဖြင့် သူမ စိတ်ပျက်စရာများအားလုံးကို ခေတ္တမေ့သွားခဲ့သည်။ ရုပ်ရှင်တွင်ပါဝင်သူများ၏ အမည်စာရင်းများ ပြသလာချိန်မှာတော့ သူမဟာ လက်တွေ့ဘဝထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါ၏။ ကျန်းရှန်းဟယ်က ထွက်သွားဖို့ ရည်ရွယ်ချက်မရှိဘဲ အဲဒီမှာထိုင်ပြီး သူတို့ကို ပြောသည်။

"မင်းတို့ပြန်တော့လေ ငါ ကတ်ကစားဖို့ ချိန်းထားတာရှိတယ်"

လော့ချီ သူမအခန်းသို့ ပြန်လာခဲ့သည်။ ရေချိုးပြီးသည့်တိုင် သူမ အိပ်မပျော်သေး ၊ သူမပုခုံးမှာ ပတ်ရန်အတွက် စောင်တစ်ထည်ကို ရှာတွေ့ပြီး အချိန်ကုန်လွန်ဖို့ လှေကားထစ်ကို သွားလိုက်သည်။

ခုနက သူတို့ရုပ်ရှင်ကြည့်ခဲ့တဲ့နေရာဖြစ်သော ကမ်းခြေရဲ့အပိုင်းကို သူမမြင်နေရသည်။ ယခုအချိန်တွင် စားပွဲဝိုင်းတွင် ထိုင်နေသူများရှိရာ ကျန်းရှန်းဟယ်က သူ့သူငယ်ချင်းများနှင့် ကတ်ကစားနေပုံရသည်။ အလုပ်ပြင်ပတွင် သူ့ဘဝဟာ သူမထင်ထားတာထက်ကို ပိုချမ်းသာ၏။

ထိုကမ်းခြေသည် သူ့အတွက် အထူးအဓိပ္ပာယ်ရှိသင့်သည်။ အဲဒီနေရာမှာ သူဖုန်းပြောတယ်၊ အဲဒီမှာပဲ ညစာစားတယ်၊ အဲဒီမှာပဲ ရုပ်ရှင်ကြည့်ပြီး ကတ်ကစားတယ်။

သူပြောခဲ့တာတွေကို သူမတွေးမိသွားသည် - သူ့ခံစားချက်တွေကြောင့် အခက်တွေ့ခဲ့ရပြီး အချိန်အတော်ကြာအောင် ထိန်းညှိခဲ့ရတယ်တဲ့။ သူ့အချစ်တွေကို ငြင်းဆန်ရအောင် ဘယ်လိုအမျိုးသမီးကများ ခံနိုင်ရည်ရှိလဲလို့ သူမ သိချင်မိပါသည်။

 
__________________________






စတင္မစားေသာက္ခင္တြင္ ေရွာင္က်န္းသည္ ညွပ္တစ္စုံကို ယူလိုက္ၿပီး ေလာ့ခ်ီ၏ညစာပန္းကန္ထဲမွ သိုးသားတစ္ခုကိုယူၿပီး ေနာက္ထပ္ႏွစ္ခုကို က်န္းရွန္းဟယ္၏ပန္းကန္ေပၚတြင္ ထည့္ေပးလိုက္သည္။ ေလာ့ခ်ီအား ျပႆနာကို သဘာဝအတိုင္း ကူညီေျဖရွင္းေပးလိုက္သည္။ ေလာ့ခ်ီက ေက်းဇူးတင္လာ၏။

"ေက်းဇူးတင္ပါတယ္"

ေရွာင္က်န္းက သူမကို ၿပဳံးျပၿပီး

"ကြၽန္ေတာ့္မွာ စားဖို႔ သိုးသားအတုံးေတြ ပိုမ်ားသြားတာေလ ဒါေၾကာင့္ အစ္မကို ေက်းဇူးတင္တဲ့သူက ကြၽန္ေတာ္ပဲျဖစ္သင့္တာပါ"

က်န္းရွန္းဟယ္က ယခင္အတိုင္း တိတ္ဆိတ္ေနခဲ့သည္။

ေလာ့ခ်ီက ၎ကို ေနသားက်ေနၿပီ ၊ သူမ၏အျမင္တြင္ သူက လိမၼာပါးနပ္ၿပီး စကားလုံးမ်ားကို ေ႐ႊလိုတန္ဖိုးထားသည္။ သူတို႔ ထမင္းစားေနစဥ္ ေရွာင္က်န္းသည္ အတြင္းေရးမႉးကြၽီဆီက ဖုန္းဝင္လာ၏။ သူမက သူ႕အား ဒီေန႕ အလုပ္ရဲ႕အႏွစ္ခ်ဳပ္ကို ဘယ္အခ်ိန္ အီးေမးလ္ပို႔မွာလဲလို႔ ေမးေနသည္။

"အခုခ်က္ခ်င္းပို႔ေပးပါမယ္ ခဏေလာက္ေစာင့္ေပးပါ"

အမွန္ေတာ့ သူက အဲဒါကို ျပင္ဆင္ၿပီးသြားၿပီ၊ ဒါေပမဲ့ သူ မပို႔ရေသးခင္မွာ ေလာ့ခ်ီက သူ႕ကို ေဘာ့စ္နဲ႕ထမင္းစားဖို႔ လာေခၚသြားျခင္းျဖစ္သည္။

အႏွစ္ခ်ဳပ္သည္ သူ႕လက္ပ္ေတာ့တြင္သာရွိၿပီး ဖုန္းထဲတြင္ အရန္ကူးထားျခင္းမရွိပါ။ အရင္ဆုံး ညစာစားၿပီး ေနာက္မွ သူ႕အခန္းထဲျပန္ေရာက္တာနဲ႕ အစီရင္ခံစာပို႔နိုင္ေပမဲ့ ဒီလိုတရားဝင္အေၾကာင္းျပခ်က္ကို မသုံးဖို႔ အေၾကာင္းျပခ်က္မရွိပါဘူး။ သူက ညစာစားေနရင္း တစ္ဝက္ေလာက္မွာ ထထြက္သြားရင္ ေဘာ့စ္က ေလာ့ခ်ီနဲ႕ တစ္ေယာက္တည္း ေနခြင့္ရလိမ့္မယ္။

"ဥကၠဌက်န္း အတြင္းေရးမႉးကြၽီက အေရးႀကီးတဲ့ အခ်က္အလက္ေတြ လိုအပ္ေနပါတယ္ ကြၽန္ေတာ့္အခန္းကို အရင္ျပန္ၿပီး ပို႔လိုက္ပါအုံးမယ္ ကြၽန္ေတာ္ ဆယ္မိနစ္အတြင္း ျပန္လာခဲ့ပါ့မယ္ အရင္စားထားႏွင့္ၾကပါ ကြၽန္ေတာ့္ကိုမေစာင့္ပါနဲ႕"

က်န္းရွန္းဟယ္က ေအးေဆးတည္ၿငိမ္ေနပုံရကာ

"သြားႏွင့္ပါ"

ေရွာင္က်န္းက သူ၏တူေခ်ာင္းမ်ားကို ခ်လိဳက္ၿပီး ဟိုတယ္သို႔ အျမန္ျပန္သြားခဲ့သည္။ ေလာ့ခ်ီႏွင့္က်န္းရွန္းဟယ္တို႔သာ ကမ္းေျခတြင္ က်န္ေနခဲ့ေတာ့၏။ မသိတဲ့သူေတြက သူတို႔ကို ခ်စ္သူေတြလို႔ ထင္ၾကလိမ့္မယ္။

"ေနာက္ဆုံးအစည္းအေဝးမွာ ေ႐ြ႕ဖူေဆးဘက္ဆိုင္ရာနဲ႕ တုန္ေပၚေဆးဘက္ဆိုင္ရာကို ေျပာခဲ့တယ္ မင္းဘယ္လိုထင္လဲ"

က်န္းရွန္းဟယ္က တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္။

စားပြဲဝိုင္းမွာ သူတို႔ႏွစ္ေယာက္သာရွိလွ်င္ေတာင္ ေဆြးေႏြးစရာ အလုပ္ကိစၥရွိေနပါက အာ႐ုံေထြျပားျခင္း ရွိေနမွာမဟုတ္ ၊ ေလာ့ခ်ီက သိုးသားအတုံးတစ္တုံးကို ယူလိုက္ၿပီး စားခါနီးတြင္ ျပန္ခ်ထားလိုက္သည္။

"ဒါက အစည္းအေဝးမဟုတ္ဘူး စားေသာက္ရင္း စကားေျပာ႐ုံပါပဲ"

သူက ညွပ္ေတြကို ေကာက္ကိုင္လိုက္ၿပီး သိုးသားကိုယူကာ သူမပန္းကန္ထဲ ျပန္ထည့္ေပး၏။

"သီးသန့္စားေသာက္တဲ့အခ်ိန္က်ရင္ စည္းကမ္းအမ်ားႀကီး မလိုဘူးလို႔ ကိုယ္ မင္းကို ဘယ္ႏွစ္ခါေျပာရမလဲ"

"ေက်းဇူးတင္ပါတယ္ ဥကၠဌက်န္း"

ဧည့္ဝတ္ေက်ပြန္မႈကို မခံနိုင္ေတာ့ဘဲ ေလာ့ခ်ီက အလူမီနီယံသတၱဳျပား*ကို ကိုက္လိုက္သည္။ သူမစိတ္ထဲတြင္ ေဘာ့စ္၏ေမးခြန္းအေပၚ လုံးလုံးလ်ားလ်ား အာ႐ုံစိုက္ေနၿပီျဖစ္သည္။ ျပန္မေျဖခင္မွာ သူမက တစ္စုံတစ္ရာကို အရင္ဆုံး အတည္ျပဳ၏။

( * သိုးသားကို ခဲပတ္နဲ႕ထုပ္ပိုးထားတာျဖစ္မယ္ )

"ကုမၸဏီက ေ႐ြ႕ဖူေဆးဘက္ဆိုင္ရာကို ၀ယ္ဖို႔ ဆုံးျဖတ္ၿပီးၿပီလား"

က်န္းရွန္းဟယ္လည္း သိုးသားတစ္ခုကိုယူၿပီး ျဖည္းျဖည္းခ်င္းစားေနရင္း ျပန္ေျဖသည္။

"လီေ႐ြ႕မွာ ဒီအစီအစဥ္ရွိပါတယ္"

ေလာ့ခ်ီက ေဘာ့စ္ကို တစ္ခ်က္ၾကည့္ေနကာ သူမအၾကည့္ေတြက သူ႕မ်က္ခုံးမ်ားၾကားမွ ထိုေနရာကို စိုက္ၾကည့္ၿပီးေနာက္ သူ႕လက္ထဲရွိ သိုးသားကိုၾကည့္၏။

"ေ႐ြ႕ဖူေဆးဘက္ဆိုင္ရာကို ဝယ္ယူျခင္းက ကြၽန္မတို႔ရဲ႕ ယြမ္ေဝေဆးဘက္ဆိုင္ရာ ယွဥ္ၿပိဳင္နိုင္စြမ္းကို ျမႇင့္တင္နိုင္ၿပီး ကြၽန္မတို႔ရဲ႕ခ်ိဳ႕ယြင္းခ်က္အခ်ိဳ႕ကို ျဖည့္ဆည္းေပးနိုင္တယ္"

တုန္ေပၚေဆးဘက္ဆိုင္ရာအတြက္ သူမ ဘာေျပာသင့္သလဲ? ေဖရွစ္ေရွာင္းသည္ လြန္ခဲ့ေသာႏွစ္အနည္းငယ္က ၎ကို ရင္းႏွီးျမႇုပ္ႏွံခဲ့သည္။ ရင္းႏွီးျမဳပ္ႏွံမႈေတြအတြက္ သူ႕မွာ တကယ္ေကာင္းတဲ့အျမင္ရွိတယ္လို႔ ဆိုရမွာေပါ့။ ယခုအခါတြင္ တုန္ေပၚေဆးဘက္ဆိုင္ရာက အရွိန္အဟုန္ျဖင့္ တိုးတက္ေနေလသည္။

တုန္ေပၚေဆးဘက္ဆိုင္ရာကို ဆည္းပူးထိုက္သည္ဟု သူမ ေျပာလိုက္ပါက သူမက ေဖရွစ္ေရွာင္းကို မ်က္ႏွာသာေပးသည္ဟု သံသယျဖစ္လိမ့္မည္။ ယြမ္ေဝက ၎ကို ဝယ္ယူရန္ ဆုံးျဖတ္လိုက္သည္ႏွင့္ ေဖရွစ္ေရွာင္းအေနျဖင့္ သူ၏ရွယ္ယာမ်ားကို ေရာင္းခ်ျခင္းမွ သန္းရာႏွင့္ခ်ီ၍ ရရွိမည္ျဖစ္သည္။ သူမမွာ ေဖရွစ္ေရွာင္းအေပၚ ခံစားခ်က္ရွိေနဆဲျဖစ္ၿပီး လမ္းခြဲၿပီးေနာက္တြင္ပင္ သူ႕ကို ကူညီေနေသးသည္ဟု မသိနားမလည္သူမ်ားက ယူဆနိုင္ေပသည္။

တုန္ေပၚေဆးဘက္ဆိုင္ရာသည္ အၿပိဳင္အဆိုင္ ၿခိမ္းေျခာက္မႈမျပဳဘဲ ရယူရန္ မလိုအပ္ဟု သူမက ေျပာလိုက္မည္ဆိုလွ်င္ သူမက ေဖရွစ္ေရွာင္း၏သစၥာေဖာက္ျခင္းကို လက္စားေခ်ရန္ ကုမၸဏီ၏အက်ိဳးစီးပြားကို ဥပကၡာျပဳထားေၾကာင္း လူအမ်ားက ထင္ျမင္ေစနိုင္သည္။

"တုန္ေပၚေဆးဘက္ဆိုင္ရာနဲ႕ ပတ္သက္ၿပီးေတာ့ ကြၽန္မ မွတ္ခ်က္မေပးပါဘူး ရည္းစားေဟာင္းရဲ႕ကုမၸဏီက ရင္းႏွီးျမဳပ္ႏွံထားတဲ့ ကုမၸဏီျဖစ္လို႔ ဘက္လိုက္သလိုျဖစ္လိမ့္မယ္"

"ဟြမ္ဟန့္ရင္းႏွီးျမႇုပ္ႏွံေရးက တုန္ေပၚေဆးဘက္ဆိုင္ရာမွာ ရင္းႏွီးျမႇုပ္ႏွံခဲ့တာလား"

"ဟုတ္ပါတယ္"

က်န္းရွန္းဟယ္သည္ တုန္ေပၚေဆးဘက္ဆိုင္ရာ ရွယ္ယာရွင္မ်ားကို ယခင္က ဂ႐ုမစိုက္ခဲ့ေလဘူး။

"ေတာင္းပန္ပါတယ္ ကိုယ္ မေျပာသင့္တဲ့လူကို ေျပာခဲ့မိတယ္"

ေလာ့ခ်ီ၏အၿပဳံးမွာ ပေရာ္ဖက္ရွင္နယ္ဆန္၏။

"အဆင္ေျပပါတယ္ ကြၽန္မတို႔က လမ္းခြဲလိုက္ၿပီဆိုေတာ့ ရွင္မသိဘူးဆိုတာ ပုံမွန္ပါပဲ"
  
သူက သူမကိုၾကည့္ကာ လမ္းခြဲေၾကာင္းကို ယခုေလးတင္မွ သိလိုက္သလို ဟန္ေဆာင္လ်က္

"ဒါေၾကာင့္ အဲဒီေန႕က မင္း ငိုေနခဲ့တာလား"

"......"

ဤအရာသည္ ေနာက္တစ္ႀကိမ္ ထပ္မေျပာသင့္ေသာ အေၾကာင္းအရာမ်ား ေအာက္တြင္ က်ေရာက္ေနျပန္ပါသည္။ ထိုအခ်ိန္တြင္ သူမ၏မ်က္လုံးမ်ားဟာ သစ္ၾကားသီးမ်ားကဲ့သို႔ ဖူးေရာင္ေနၿပီး ၾကည့္ရသည္မွာ အမွန္တကယ္ပင္ ေၾကာက္စရာေကာင္းလွသည္။ အနာဂတ္တြင္ သူမ ယြမ္ေဝအဖြဲ႕အစည္းအတြက္ ပင္မစီမံခန႔္ခြဲမႈအဆင့္အထိ ဆက္လက္လုပ္ေဆာင္ခ်င္ေနပါေသးသည္။ သူမက အေၾကာင္းမဲ့ငိုတတ္ေသာ ကေလးတစ္ေယာက္ျဖစ္ေၾကာင္း ေဘာ့စ္က ထင္ျမင္လာပါက ဆုံးရႈံးမႈႀကီးႀကီးမားမား ျဖစ္ေပလိမ့္မည္။

ေလာ့ခ်ီက သူမရဲ႕ပုံရိပ္ကို ျပဳျပင္ေျပာင္းလဲဖို႔ ႀကိဳးစားခဲ့ပါ၏။

"ကြၽန္မတို႔ ႏွစ္ေပါင္းမ်ားစြာ အတူလက္တြဲခဲ့ၿပီး နက္ရွိုင္းတဲ့ ဆက္ဆံေရးရွိခဲ့ပါတယ္ ကြၽန္မတို႔လမ္းခြဲတုန္းက ကြၽန္မခံစားခ်က္ေတြကို မခ်ဳပ္တည္းထားနိုင္ခဲ့ဘူး"

သူမ မသိေသာအရာမွာ သူမ၏ပုံရိပ္ကို ျပဳျပင္ရန္ သူမေျပာေသာ စကားအနည္းငယ္မွာ က်န္းရွန္းဟယ္ နာက်င္သည့္ေနရာသို႔ အမွတ္မထင္ ထိုးေဖာက္ဝင္ေရာက္သြားျခင္းပင္ျဖစ္သည္။ က်န္းရွန္းဟယ္မွာ အလယ္မွ စကားစုကိုသာ အာ႐ုံစိုက္ခဲ့ၿပီး သူ႕ကိုယ္သူ စိတ္ထိခိုက္လာရသည္။

သူတို႔မွာ နက္ရွိုင္းတဲ့ဆက္ဆံေရး ရွိခဲ့တယ္...

ေလာ့ခ်ီက သူမ၏သူေဌးအား စိတ္ခ်လက္ခ် ရွိေစပါ၏။

"စိတ္ပိုင္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲတာက အခု ၿပီးလုနီးပါးျဖစ္ေနၿပီမလို႔ အလုပ္အေပၚ သက္ေရာက္မႈ ရွိမွာမဟုတ္ပါဘူး"

က်န္းရွန္းဟယ္က သူနားလည္ေၾကာင္း အမူအရာျပသည္။

"ကိစၥမရွိပါဘူး ခဏတာ ထိန္းညွိလို႔မရတာက ပုံမွန္ပါပဲ ကိုယ္လဲ အရင္က ထိန္းမနိုင္သိမ္းမနိုင္တဲ့ ခံစားခ်က္ေတြေၾကာင့္ အခက္ေတြ႕ခဲ့ရၿပီး ခ်ိန္ညွိဖို႔ အခ်ိန္အေတာ္ၾကာခဲ့ပါတယ္"

ေလာ့ခ်ီ အံ့ဩသြားသည္။ က်န္းရွန္းဟယ္က စိတ္ပိုင္းဆိုင္ရာ မေက်နပ္မႈဒဏ္ကို ခံရနိုင္သည္ဟု သူမ မယုံနိုင္ေပ။ သူမ အံ့အားသင့္သြားေသာ္လည္း သူမအေပၚ ေထာက္ထားစာနာမႈႏွင့္ သနားၾကင္နာမႈျပျခင္းအတြက္ ေဘာ့စ္ကို ေက်းဇူးတင္ခဲ့ပါသည္။

ေရွာင္က်န္းသည္ ဆယ့္ငါးမိနစ္ခန႔္ ခ်ီတုံခ်တဳံျဖစ္ၿပီးေနာက္ ျပန္ေရာက္လာခဲ့၏။ အခ်ိန္အၾကာႀကီးထြက္သြားျခင္းက ေလာ့ခ်ီ၏သံသယအား ႏွိုးေဆာ္သြားလိမ့္မည္ကို သူ စိုးရိမ္ေနမိပါသည္။

က်န္းရွန္းဟယ္က စားပြဲထိုးကို သိုးသားအတုံးေလးေတြ ထပ္ၿပီး အပူေပးဖို႔ ေတာင္းဆိုသည္။ သူ နာရီကိုၾကည့္လိုက္ေတာ့ ဆယ္နာရီမထိုးေသးတာကို ေတြ႕လိုက္ရ၏။ သူမ ညစာစားၿပီးေတာ့ ဆယ္နာရီထိုးေတာ့မည္။ အေစာပိုင္းက ေလာ့ခ်ီမွာ ကမ္းေျခတြင္ အၾကာႀကီး မလႈပ္မယွက္ ရပ္ေနခဲ့သည္။

ေနာက္ဆုံး သူမျပန္ေရာက္လာေတာ့ သူ႕ကို မျမင္မိလုနီးပါး အာ႐ုံပ်ံ့လြင့္ေနခဲ့သည္။ ညစာစားၿပီးေနာက္ သူမအခန္းထဲကို တစ္ေယာက္တည္းျပန္သြားေတာ့လည္း အာ႐ုံျပန္မစိုက္နိုင္ ျဖစ္လိမ့္မည္။

"ကိုယ္ ေနာက္မွ ဟိုတယ္ကို ကမ္းေျခမွာ ႐ုပ္ရွင္ျပဖို႔ေျပာလိုက္မယ္ မင္းတို႔စိတ္ဝင္စားတယ္ဆိုရင္ ေစာင့္ၾကည့္႐ုံပါပဲ"

ေရွာင္က်န္းက ၾကားျဖတ္ေျပာၿပီး ေမးခြန္းကိုေျဖဖို႔ ဆုံးျဖတ္လိုက္သည္။ ဒီညတြင္ သူက ပထမဆုံးအႀကိမ္ လိမ္ညာျခင္းျဖစ္ရာ ၎က ေဘာ့စ္အေရွ႕တြင္ ျဖစ္ေပ၏။ ေဘာ့စ္သည္ ယခင္က ကမ္းေျခတြင္ ႐ုပ္ရွင္မျပဖူးေသာ္လည္း ေလာ့ခ်ီအား ဤအရာသည္ သာမန္ျဖစ္ရပ္ျဖစ္ၿပီး သူမအတြက္သာ အထူးျပသသည္မဟုတ္ေၾကာင္း လွည့္စားခ်င္ေနပါေသးသည္။ ထို႔ေၾကာင့္ သူက ေမးလိုက္၏။

"ဥကၠဌက်န္း ဒီတစ္ခါ ဘယ္ဇာတ္ကားကို ျပမွာလဲ"

ေလာ့ခ်ီသည္ 'ဒီတစ္ခါ' ဟူေသာ အဓိကစကားစုကို ၾကားလိုက္ရသည္။ က်န္းရွန္းဟယ္က ဟိုင္ခ်န္သို႔ အလုပ္ကိစၥျဖင့္ ခရီးထြက္ၿပီး ကမ္းေျခတြင္ ႐ုပ္ရွင္တစ္ကားလည္း ျပသခဲ့ပုံရသည္။ က်န္းရွန္းဟယ္က ေရွာင္က်န္းကို ျပန္ေျဖ၏။

"ကုစားျခင္း မိသားစု႐ုပ္ရွင္"

ေရွာင္က်န္းက ေခါင္းညိတ္ၿပီး

"ဒါဆို ကြၽန္ေတာ္ၾကည့္မယ္"

ကုစားျခင္း႐ုပ္ရွင္မ်ားမွာ ေလာ့ခ်ီ၏အႏွစ္သက္ဆုံးျဖစ္ေသာေၾကာင့္ သူမလည္း ဆက္လက္ၾကည့္ရႈရန္ စီစဥ္ခဲ့သည္။ သူမအတြက္ ကမ္းေျခမွာ ႐ုပ္ရွင္ၾကည့္တာ ဒါပထမဆုံးအႀကိမ္ပင္ ၊ က်န္းရွန္းဟယ္က ဟိုတယ္မန္ေနဂ်ာကို ဖုန္းဆက္ၿပီး တစ္စုံတစ္ေယာက္ကို စီစဥ္ေပးဖို႔ ခ်က္ခ်င္းေတာင္းဆိုခဲ့သည္။ နာရီဝက္ေလာက္ၾကာေတာ့ သူတို႔ေရွ႕မွာ ႐ုပ္ရွင္ကန႔္လန႔္ကာ ေပၚလာေလသည္။

ရက္အနည္းငယ္အတြင္းမွာပဲ ေလာ့ခ်ီ အျပင္မွာ ႐ုပ္ရွင္ကို ႏွစ္ႀကိမ္ၾကည့္ျဖစ္သည္။ ပိုက္ဆံရွိတာ အရမ္းေကာင္းတာပဲလို႔ သူမ ညည္းၫူမိ၏။ အေဒၚႏွင့္တူျဖစ္သူမွာ ဝါသနာတူသည္ဟု ေတြးရင္း သူမသက္ျပင္းခ်လိဳက္မိကာ ႏွစ္ေယာက္စလုံး အျပင္မွာ ႐ုပ္ရွင္ၾကည့္ရျခင္းကို ႏွစ္သက္ၾကသည္။

လြန္ခဲ့ေသာရက္အနည္းငယ္က က်န္းယြဲ႕႐ူ၏ၿခံဝင္းအတြင္း ႐ုပ္ရွင္ၾကည့္ျခင္းအေတြ႕အႀကဳံသည္ ကမ္းေျခတြင္ၾကည့္ရႈျခင္းကဲ့သို႔ မေကာင္းလွပါ။ ဟိုတယ္က သစ္သီးအဆာေျပႏွင့္ အခ်ိဳရည္မ်ိဳးစုံကိုလည္း ပို႔ေပး၏။

က်န္းရွန္းဟယ္သည္ ေရွာင္က်န္းမွ ေလာ့ခ်ီႏွင့္ေဝးကြာေသာ အစြန္အဖ်ားတြင္ တမင္တကာ ထိုင္ေနခဲ့သည္။ အကယ္၍ သူသာ သူမႏွင့္ပိုေဝးေနမည္ဆိုပါက ႐ုပ္ရွင္ၾကည့္ေနခ်ိန္တြင္ သူမက ပိုၿပီး စိတ္အနားယူနိုင္ေပသည္။

သို႔ေသာ္လည္း သူထိုင္ေနေသာေနရာမွတစ္ဆင့္ ေရွာင္က်န္းက သူမအား ကြယ္ထားေသာေၾကာင့္ သူ သူမကို မျမင္နိုင္ေလဘူး။ ခဏအၾကာတြင္ က်န္းရွန္းဟယ္ မတ္တပ္ထရပ္ၿပီး သူ႕ထိုင္ခုံကို ေကာက္ယူကာ ေျခလွမ္းအနည္းငယ္ ေနာက္ျပန္ဆုတ္သြားခဲ့သည္။ ေလာ့ခ်ီက ယခု သူ႕ေရွ႕တြင္ ေထာင့္ျဖတ္ရွိေနၿပီး ေဘးကို တစ္ခ်က္ၾကည့္လိုက္ပါက သူမကို ျမင္နိုင္ေပသည္။

ေလာ့ခ်ီက ဖရဲေစ့ထုပ္ငယ္ကိုဖြင့္ၿပီး ႐ုပ္ရွင္စဖြင့္မည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ရင္း ပင္လယ္ေလညင္းဆီသို႔ မ်က္ႏွာကို ေမာ့ၾကည့္လိုက္သည္။

ကန့္လန့္ကာမွာ လင္းလာသည္...

ရင္းႏွီးၿပီးသား ေခါင္းစဥ္တစ္ခု ေပၚလာ၏။ ေလာ့ခ်ီ ဒီဇာတ္ကားကို အရင္ကၾကည့္ဖူးၿပီး အရမ္းေကာင္းတာကို သိၿပီးသားျဖစ္သည္။ သူမ စိတ္​မ​ေကာင္းျဖစ္​ၿပီး စိတ္​ဖိစီး​ေနခ်ိန္​မွာ ဒါကိုၾကည့္​ေလ့ရွိသည္။

သူတို႔ႏွင့္မနီးမေဝးတြင္ လူငယ္ ခုနစ္ေယာက္၊ ရွစ္ေယာက္ - လူငယ္စုံတြဲမ်ားႏွင့္ သူငယ္ခ်င္းအုပ္စုမ်ားရွိသည္။ သူတို႔သည္လည္း ႐ုပ္ရွင္ေၾကာင့္ ဆြဲေဆာင္ျခင္းခံလိုက္ရ၏။ အနီးနားတြင္ ထိုင္ခုံမ်ားရွိေသာ္လည္း ၎တို႔ေပၚတြင္ မထိုင္ဘဲ သဲေပၚတြင္သာ လွဲေနလိုက္ၾကသည္။

စားပြဲေပၚတြင္ အဆာေျပစားစရာမ်ားစြာရွိေနသျဖင့္ ၎တို႔အားလုံးကို သူမတစ္ေယာက္တည္း မကုန္နိုင္ေပ။ က်န္းရွန္းဟယ္က ပန္းကန္ျပားတစ္ခ်ပ္ကိုယူၿပီး သူ႕ေဘးနားက လူငယ္စုံတြဲကို ေပးလိုက္သည္။ ဟိုတယ္ပိုင္ရွင္က ၎ကို သူ႕အတြက္ အထူးျပင္ဆင္ထားေၾကာင္း မေျပာေတာ့ဘဲ 'ဟိုတယ္ကေပးထားတာ'ဟုသာ ေျပာခဲ့ေလသည္။

ေကာင္ေလးက သူ႕ကို ထပ္ခါတလဲလဲ ေက်းဇူးတင္စကားေျပာၿပီး သူ႕ေကာင္မေလးကို ေပးလိုက္ၿပီး သူတို႔ေဘးနားက အမည္မသိမိန္းကေလးကို ထပ္ေပးလိုက္သည္။

"ဟိုတယ္ကေပးတာလို႔ သူတို႔က ေျပာတယ္"

"ေက်းဇူးတင္ပါတယ္"

အရင္က တစ္ခါမွမဆုံေတြ႕ဖူးေသာ အုပ္စုေတာ္ေတာ္မ်ားမ်ားက အဆာေျပ အသီးအႏွံေတြကို ေဝမွ်ၿပီး အတူတူ ႐ုပ္ရွင္ၾကည့္ၾကသည္။

သိပ္မေဝးေတာ့ေသာေနရာမွ ကမ္းစပ္ကို ရိုက္ခတ္လာေသာ လွိုင္းလုံးမ်ား...

႐ုပ္ရွင္ၿပီးဆုံးခ်ိန္က သန္းေခါင္ေက်ာ္ေနၿပီ။ ေလာ့ခ်ီက ၎ကိုၾကည့္ရန္ အလြန္စိတ္အားထက္သန္ေနသျဖင့္ သူမ စိတ္ပ်က္စရာမ်ားအားလုံးကို ေခတၱေမ့သြားခဲ့သည္။ ႐ုပ္ရွင္တြင္ပါဝင္သူမ်ား၏ အမည္စာရင္းမ်ား ျပသလာခ်ိန္မွာေတာ့ သူမဟာ လက္ေတြ႕ဘဝထဲကို ျပန္လည္ေရာက္ရွိလာခဲ့ပါ၏။ က်န္းရွန္းဟယ္က ထြက္သြားဖို႔ ရည္႐ြယ္ခ်က္မရွိဘဲ အဲဒီမွာထိုင္ၿပီး သူတို႔ကို ေျပာသည္။

"မင္းတို႔ျပန္ေတာ့ေလ ငါ ကတ္ကစားဖို႔ ခ်ိန္းထားတာရွိတယ္"

ေလာ့ခ်ီ သူမအခန္းသို႔ ျပန္လာခဲ့သည္။ ေရခ်ိဳးၿပီးသည့္တိုင္ သူမ အိပ္မေပ်ာ္ေသး ၊ သူမပုခုံးမွာ ပတ္ရန္အတြက္ ေစာင္တစ္ထည္ကို ရွာေတြ႕ၿပီး အခ်ိန္ကုန္လြန္ဖို႔ ေလွကားထစ္ကို သြားလိုက္သည္။

ခုနက သူတို႔႐ုပ္ရွင္ၾကည့္ခဲ့တဲ့ေနရာျဖစ္ေသာ ကမ္းေျခရဲ႕အပိုင္းကို သူမျမင္ေနရသည္။ ယခုအခ်ိန္တြင္ စားပြဲဝိုင္းတြင္ ထိုင္ေနသူမ်ားရွိရာ က်န္းရွန္းဟယ္က သူ႕သူငယ္ခ်င္းမ်ားႏွင့္ ကတ္ကစားေနပုံရသည္။ အလုပ္ျပင္ပတြင္ သူ႕ဘဝဟာ သူမထင္ထားတာထက္ကို ပိုခ်မ္းသာ၏။

ထိုကမ္းေျခသည္ သူ႕အတြက္ အထူးအဓိပၸာယ္ရွိသင့္သည္။ အဲဒီေနရာမွာ သူဖုန္းေျပာတယ္၊ အဲဒီမွာပဲ ညစာစားတယ္၊ အဲဒီမွာပဲ ႐ုပ္ရွင္ၾကည့္ၿပီး ကတ္ကစားတယ္။

သူေျပာခဲ့တာေတြကို သူမေတြးမိသြားသည္ - သူ႕ခံစားခ်က္ေတြေၾကာင့္ အခက္ေတြ႕ခဲ့ရၿပီး အခ်ိန္အေတာ္ၾကာေအာင္ ထိန္းညွိခဲ့ရတယ္တဲ့။ သူ႕အခ်စ္ေတြကို ျငင္းဆန္ရေအာင္ ဘယ္လိုအမ်ိဳးသမီးကမ်ား ခံနိုင္ရည္ရွိလဲလို႔ သူမ သိခ်င္မိပါသည္။

 
__________________________

Continue Reading

You'll Also Like

708K 59.1K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
9.4K 811 10
နွေဦးမိုး၊ မက်မွန်ပန်းနှင့် လှပသောမိန်းမပျို လက်ထဲတွင်အနက်ရောင်ဝါးထီးတစ်လက်ကိုကိုင်ထားကာဤပန်းပင်အောက်၌ရပ်နေရင်း သူမ၏အပြုံးသည်နွေးထွေးပျော်ရွှင်နေသ...
25.4K 1.6K 37
Name - Hello, Mr. Zhou (Love and Marriage Anecdotes) Type - Web Novel (CN) Genre - Drama Mature Romance Slice of Life Tags - Absent Parents Acting Be...
1.3M 31.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...