အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

Oleh ChihiroLily7

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... Lebih Banyak

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)

အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း

772 62 0
Oleh ChihiroLily7


အရင်က အဖွဲ့အစည်းက ငါလေးကို ပြာဖြစ်သွားအောင်လုပ်ခဲ့တယ်လေ။ ဒီတော့ လက်စားချေဖို့အတွက် မြို့တော်တက္ကသိုလ်မှာရှိတဲ့ အဖွဲ့အစည်းရဲ့ဌာနခွဲကို ချက်ချင်း အပြတ်ရှင်းလိုက်သင့်တာပေါ့ ဟုတ်တယ်မလား။ ဒါမှမဟုတ် ဖောက်ခွဲရေးပစ္စည်းအပြည့်နဲ့ ကုန်တင်ကားတစ်စီးလောက်ပို့လိုက်ပြီး သူတို့အားလုံး ပေါက်ကွဲသွားအောင်လုပ်ရင် ပိုကောင်းမလား။

လွတ်လွတ်လပ်လပ် လက်စားချေမည့်အတွေးနှင့် စိတ်ကူးကြည့်ရင်း ရှန်ယွဲ့သည် မုန်းတီးသည့်အပြုံးတစ်ခုကို ချက်ချင်း ထုတ်ပြလိုက်လေသည်။

ရှန်ချန်က သူမသည် မြို့တော်တက္ကသိုလ်တက်မည့်အရေးကြောင်း ဆွဲဆောင်ခံလိုက်ရသည်ဟု ထင်ကာ မြန်မြန် အစပျိုးလိုက်၏။

" လင်ရှောင်းက မြို့တော်တက္ကသိုလ်ရဲ့ သင်္ချာဌာနကလေ၊ သူ အင်တာနက်ပေါ်မှာတောင် ပြောထားသေးတယ်၊ မြို့တော်တက္ကသိုလ်ရဲ့ ပညာသင်ပေးတဲ့ပုံစံက ထူးထူးခြားခြားကို အားကောင်းတာတဲ့ ပရော်ဖက်ဆာတွေ အားလုံးကလည်း အရမ်းကို ဖော်ဖော်ရွေရွေရှိတယ်တဲ့၊ သူတို့တွေက ကျောင်းသားတွေမေးလာတဲ့ မေးခွန်းအားလုံးကို သေသေချာချာ ဖြေပေးကြတယ်တဲ့၊ သူတို့တွေက အရည်အချင်းရှိတဲ့ ကျောင်းသားတွေကိုလည်း မကြာမကြာခေါ်တတ်ပြီးတော့ ပညာရေးလမ်းကြောင်းကို စူးစမ်းလေ့လာဖို့ သူတို့တွေကို တပည့်တော်ဖို့ စောင့်နေကြတာတဲ့"

" ဟုတ်လား၊ ဒါက နင်နဲ့ သင့်တော်မယ်ပုံပဲ၊ ငါကတော့ တော်ပါပြီ၊ ငါ ဒီလိုကိစ္စတွေကို စိတ်မဝင်စားဘူး"

ရှန်ယွဲ့က ပြုံးလိုက်၏။ သူမသည် အမှန်ပင် သာမန်အထက်တန်းကျောင်းသူ တစ်ယောက်ဖြစ်ခဲ့လျှင်တော့ ထိုအရာများကို သူမ၏ တစ်သက်စာအနေဖြင့် အမှန်ပင် လက်ခံမိလိမ့်မည်။ ကံအကြောင်းမသင့်တော့ သူမသည် လင်ယွဲ့ ဟုခေါ်သည့် ကမ္ဘနံပါတ်တစ် လူသ-တ်သမားတစ်ယောက် ဖြစ်ခဲ့ပြီး သူမတွင် ပိုအရေးကြီးသည့် လုပ်စရာများ ရှိနေသည်။

သည်အခိုက်တွင် ရှန်ချန်သည် လင်ရှောင်း၏ပိုစ့်များ မရှဲတော့သည်မှာ ကြာပြီဖြစ်ကြောင်း သတိထားမိသွားတော့သည်။ ရှန်ယွဲ့က ကီးဘုတ်နှင့် စာရိုက်ရင်း အလုပ်ရှုပ်နေသည်ကို မြင်လိုက်သဖြင့် သူ့ဖုန်းကို ထုတ်ကာ အင်တာနက် ကြည့်နေလိုက်၏။

ခဏအကြာတွင် ရှန်ချန်သည် အမှတ်တမဲ့ ထပြောလိုက်တော့သည်။

ရှန်ယွဲ့က သိလိုစိတ်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် ရှန်ချန်သည် သူ့ဖုန်းကို သူမထံ လှမ်းပေးလိုက်လေသည်။

" လင်ရှောင်းက ပြီးခဲ့တဲ့လတုန်းက အင်တာနက်ပေါ်မှာ မေးခွန်းတစ်ခု တင်ထားခဲ့တယ်၊ ကြည့်ရတာ ပရော်ဖက်တွေအများကြီး ရေးထားတာထင်တယ်၊ အင်တာနက်ပေါ်လက လူထောင်ချီကလည်း အဖြေတွေ ကြိုးစားဖြေထားကြတယ်၊ ဒါပေမယ့် ဒီလောက်အကြာကြီးရှိနေတာတောင် ဘယ်သူက ပြီးတဲ့အထိ မဖြေရှင်းနိုင်သေးဘူးတဲ့၊ အင်တာနက်ပေါ်က နာမည်ကြီး သင်္ချာနတ်ဘုရားတွေ တော်တော်များများလည်း အစပိုင်းသေးသေးလေးကိုပဲ ဖြေရှင်းနိုင်တယ်"

ရှန်ယွဲ့က မေးခွန်းကို သေသေချာချာ ကြည့်နေဟန်မြင်လိုက်တော့ ရှန်ချန်သည် ချက်ချင်း မျှော်လင့်တကြီးဖြစ်သွားတော့သည်။

" အစ်မ စမ်းကြည့်ပါလား၊ နင် တစ်ဝက်လောက်လုပ်နိုင်ရင် ဒါကို ကြွားဖို့ ငါလိုင်းပေါ် တင်လို့ရပြီ၊ နင်က အဲဒီ သင်္ချာနတ်ဘုရားလို့ ခေါ်တဲ့သူတွေထက် အများကြီးပိုတော်တယ်လေ"

ထို့အပြင် လင်ရှောင်းကလည်း မြို့တော်တက္ကသိုလ်မှ နာမည်ကြီးပရော်ဖက်ဆာအချို့၏ ညွှန်ကြားမှုအောက်တွင် ပိုစ့်၏အောက်ဆုံး၌ မေးခွန်းများကို ဖြေရှင်းပြီးနောက် ဆုစာရင်းနှင့် ဦးစားပေးအခွင့်အရေးကို စာရင်းပြုစုထားလေသည်။ သည်မေးခွန်းသည် ကမ္ဘာတစ်ခုလုံးကို စိန်ခေါ်သည့် မေးခွန်းတင်မဟုတ်ဘဲ သာလွန်သည့်ပညာရေး အသိုင်းအဝိုင်းသို့ ဝင်လာရန် ဖိတ်ကြားချက်တစ်ခုဟု ဆိုနိုင်လေသည်။

" ငါ စမ်းကြည့်မယ်"

ရှန်ချန်က အလွန်စိတ်လှုပ်ရှားနေသည်ကိုမြင်လိုက်ရသဖြင့် ရှန်ယွဲ့သည် သူ့စိတ်အားထက်သန်မှုကို ပျက်စီးသွားအောင် မလုပ်နိုင်ပေ။ သူမတွင် စမ်းကြည့်လိုသည့် စိတ်လည်း ဖြစ်နေသည်။ မေးခွန်းများကို မြန်မြန်ဆန်ဆန် ဖတ်လိုက်ပြီးနောက် သူမ၏စိတ်ထဲတွင် ဉာဏ်ကွန့်မြူးလာတော့သည်။

ရှန်ယွဲ့က အကြမ်းစာအုပ်တစ်အုပ်ကို ယူလိုက်ပြီး ခဏလောက်စဥ်းစားလိုက်ပြီးနောက် စတင်ချရေးလိုက်တော့သည်။ သူမက စာကို ချရေးလေလေ သူမ၏အတွေးများက ပိုရှင်းလာလေလေ ဖြစ်နေလေသည်။ နောက်ဆုံးတွင် ရှန်ယွဲ့သည် စာမျက်နှာလေးခုကို ချောချောမောမော ရေးခဲ့လေသည်။ ထို့နောက် သူမ၏ဘောပင်ကို ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

" ဒါက အဖြေဖြစ်လောက်တယ်"

ရှန်ချန်သည် အကြမ်းစာရွက်လေးခုကို ယူလိုက်ပြီးနောက် သူတို့ထဲက ဘယ်သင်္ကေတကိုမှ နားမလည်နိုင်သလို ခံစားရလိုက်ရတော့သည်။ ဒါသည် သူနားမလည်နိုင်သည့် နယ်ပယ်တစ်ခုကို ရောက်နေပြီမှန်း သိလိုက်လေသည်။ သူသည် ရှန်ယွဲ့က မေးခွန်းများကို ဘယ်အတိုင်းအတာအထိ ရေးခဲ့သည်ကိုပင် မပြောနိုင်တော့ချေ။

သို့သော် ရှန်ချန်သည် အချိန်တိုအတွင်း စာမျက်နှာ လေးမျက်နှာချရေးနိုင်သည့် သူ့အမ၏အရည်အချင်းကို အလွန်ဂုဏ်ယူသွားတော့သည်။ သူသည် ဖြေရှင်းထားသည့် အဆင့်များကို ဓာတ်ပုံရိုက်လိုက်ပြီးနောက် ဘာစာမှမရေးဘဲ အွန်လိုင်းပေါ်တွင် တင်လိုက်တော့သည်။

" ထမင်းစားမယ်"

ဆွန်းလင်သည် ခေါင်းပြူကြည့်လိုက်၏။ ရှန်ယွဲ့အား ရှန်ချန်၏အခန်းထဲတွင် ထပ်တွေ့လိုက်ရသောအခါ ချက်ချင်းပင် မပျော်နိုင်ဖြစ်သွားတော့သည်။ နှစ်ယောက်သားသည် အိမ်စာလုပ်ရမည့်အစား ကွန်ပျူတာရှေ့တွင် ထိုင်နေကြသည်။

" ရှန်ယွဲ့ နင်အခု ဘာလုပ်နေတာလဲ..."

ဆွန်းလင်၏ ဒေါသ မြင့်တက်လာသည်နှင့်တပြိုင်နက် သူမ၏အကျင့်ဟောင်းက ပြန်ရောက်လာတော့သည်။ သူမသည် ရှန်ယွဲ့ကို လက်ညိုးငေါက်ငေါက်ထိုးကာ ထပ်ပြီး ဆူဆဲချင်နေတော့သည်။

ရှန်ချန်က သူမကို မြန်မြန်တားလိုက်၏။

" အမေ အစ်မက ကျွန်တော့်ကို ပရိုဂရမ်ရေးနည်း သင်ပေးနေတာပါ၊ သူက အရမ်းတော်တာ၊ ပိုက်ဆံကိုလည်း ပရိုဂရမ်ရေးပြီး ရှာနေတာ"

ရှန်ယွဲ့၏ပိုက်ဆံများကို ကွန်ပျူတာပေါ်က အချက်အလက်များမှ ရှာထားသည့်ဟု ကြားလိုက်ချိန်၌ ဆွန်းလင်သည် တံတွေးသီးသွားတော့သည်။ နောက်ဆုံးတွင် သူမသည် လောဆော်ရန်သာ တတ်နိုင်တော့သည်။

" ထမင်းစားမယ် , နင်တို့နှစ်ယောက် မြန်မြန်ထွက်ခဲ့"

ရှန်ယွဲ့က ကွန်ပျူတာကို ပိတ်လိုက်ပြီး ထရပ်လိုက်ကာ လက်ဆေးရန် အရင်ထွက်သွားလိုက်လေသည်။ ဆွန်းလင်နှင့် ရှန်ချန်တို့က ရှေ့ဆင့် နောက်ဆင့် လျှောက်နေကြ၏။ အရင်ကထပ် သိသိသာသာ အများကြီးပိန်သွားသည့် ရှန်ယွဲ့၏ နောက်ကျောကို ကြည့်လိုက်ပြီး ဆွန်းလင်က ရှန်ချန်ကို လှမ်းဆွဲလိုက်တော့သည်။

" နင်အခု ရှန်ယွဲ့နဲ့ တည့်နေတာမလား"

ရှန်ချန်သည် မေးခွန်းကြောင့် ဇဝေဇဝါဖြစ်သွားပြီး ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်လေသည်။

"အင်း အစ်မက ကျွန်တော့်အပေါ် အရမ်းကောင်းတယ်"

....

Paid group မှာ တစ်ရက် ၂ပိုင်းနှုန်းတင်ပါတယ်။ Freeမစောင့်ချင်ရင် အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် FB pageမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။

Gp1 ( 1-250) Kpay/Wavepay -2500

....

ဒီဟာလေးကို Story Glory

https://mmstoryglory.com

မှာ တစ်ပတ် ၅ပိုင်း၊ တစ်ပိုင်း 5coin နှုန်းနဲ့ တင်ပေးနေပါတယ်။ coin ကိုလည်း ကြော်ငြာလေးကြည့်ပြီး စုလို့ရပါတယ်နော်။

...

Zawgyi















" ငါ စမ်းကြည့်မယ်"



" ဒါက အဖြေဖြစ်လောက်တယ်"



" ထမင်းစားမယ်"












....



....




...

Lanjutkan Membaca

Kamu Akan Menyukai Ini

260K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
24.1K 1.8K 62
Not mine. Just Translation. Credit to original author(s) and English translator(s). ☆☆☆☆☆ [အေးအေးလူလူရှိပြီး မျက်နှာနှစ်ဖက်ရှိတဲ့ ချမ်းသာတဲ့ ML vs နက...