အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်

817 68 0
                                    


အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်

ရေးကြီးခွင်ကျယ်လုပ်ကာ လှောင်ပြောင်နေသည့် ကျောက်ရွေ့ဘေးတွင် ယွီဟောက်သည် ထူးဆန်းသည့်အမူအရာတစ်ခုဖြင့် ရှိနေလေသည်။

အရင်က ရှန်ယွဲ့၏တုံးအပုံများက သူ့အား သေချောပေါက် ပျော်ရွှင်စေလေသည်။ သူသည်လည်း သူမကို ရွံရှာသလိုကြည့််လိုက်မည်ဖြစ်သော်လည်း သူ၏ ကျောင်းတော်လေးရဲ့မင်းသားလေး ပုံရိပ်ကို ကာကွယ်ချင်သဖြင့် သူမကို ဦးစွာလှောင်ပြောင်ခြင်းမျိုး မလုပ်ခဲ့ပေ။

သို့သော် အခုတော့ ရှန်ယွဲ့၏ရလာဒ်က တဖြည်းဖြည်း နိမ့်လာပြီး အဓိပ္ပါယ်မရှိ သုည ပါ ရလိုက်သည်ကို သိလိုက်ရပြီးနောက် သူ့စိတ်ထဲတွင် ရှင်းပြလို့မတတ်သည့် ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ပေါ်လာတော့သည်။ စာမေးပွဲတုန်းက ရှန်ယွဲ့ အဖြေလွှာတွေကို အတည်ပေါက်နဲ့ ဖြေနေတာ သေချာတွေ့ခဲ့ပါတယ်။ အဖြေတွေအားလုံးက မှားနေတယ်ဆိုရင်တောင် အနည်းဆုံး တစ်မှတ် နှစ်မှတ်တော့ ရမှာပဲလေ။ ဘယ်လိုဖြစ်ပြီး သုည တဲ့လဲ။

" ဒါမှားနေတာ မလား"

ယွီဟောက်က ရေရွတ်လိုက်လေသည်။

" မင်း ဘာပြောလိုက်တာလဲ"

ကျောက်ရွေ့သည် ဗိုက်နာသည်အထိ အော်ရယ်နေလေသည်။ သူသည် ယွီဟောက်စကားကို သေချာမကြားလိုက်ပဲ သာမန်ကာလျှံကာ မေးလိုက်၏။

" ရပါတယ်၊ ဒီလိုလူကိုတွေ့က အရမ်းစိတ်ပျက်ဖို့ကောင်းတယ်၊ သွားရအောင်"

ယွီဟောက်သည် ခေါင်းခါရင်း လှည့်ထွက်သွားတော့သည်။

သူသည် လူအုပ်ထဲမှ ပြန်ထွက်လာပြီး အတန်းထဲပြန်မည် ပြင်လိုက်စဥ် ဘေးချင်းယှဥ်လျှောက်လာသည့် ရှန်ယွဲ့၊ ရှန်ချန်တို့တွေ့ သွားတိုးလေသည်။ ယွီဟောက်သည် အပြုံးမျက်နှာလေးနှင့် ရှန်ချန်ကို စကားပြောနေသည့် ရှန်ယွဲ့အား အကဲခတ်လိုက်လေသည်။သူသည် မျက်မှောင်ကျုံ့လိုက်ပြီး ရောဂါသည်တစ်ယောက်ကို ရှောင်လိုက်သည့်နှယ် နောက်သို့ ခုန်ရှောင်လိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now