အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
" သိပြီ အစ်မ ငါ့ဖုန်း အခု ကောင်းသွားပြီလား"
ရှန်ချန်သည် အခုလေးတင်လုပ်လိုက်သည့် သူ့အပြုအမူက အနည်းငယ်မိုက်ရူးရဲဆန်သွားသည်ကို ခံစားမိလိုက်ပြီး ရှက်သွားတော့သည်။
" မကောင်းသေးဘူး၊ အဲဒီလူက ဒီကိစ္စကို ဒီအတိုင်း အလွှတ်ပေးမှာ မဟုတ်လောက်ဘူး၊ အဲလိုပြောမှပဲ နင့်ဖုန်းမှာ တစ်ခုခုဖြစ်နေတာကို ဘာလို့ ငါ့ကိုလာမရှာတာလဲ၊ ဘာလို့ ကိုယ့်ဟာကို ဖြေရှင်းနေတာလဲ၊ နင်အင်တာနက်ပေါ်မှာ အားလုံးပေါ်သွားတော့မလို့" ရှန်ယွဲ့က အဖက်မလုပ်သလို ပြောလိုက်လေသည်။
ရှန်ချန်က ခေါင်းကို ကုပ်လိုက်ပြီး
" နင့်ကို မပြောတာကလေ ဒီနေ့ည နင် ကျောင်းအုပ်ကြီးနဲ့ တခြားလူတွေကြောင့် ဒေါသထွက်နေတယ်လို့ ထင်လို့ပါ၊ နင် ငါ့ကို ဒီကိစ္စနဲ့ ကူညီဖို့ စိတ်မပါလောက်ဘူး ထင်လို့၊ ဒါကြောင့် ငါ နင့်ကို မနှောင့်ယှက်ရဲဘူး၊ ပြီးတော့ ငါကိုယ်တိုင် ဖြေရှင်းနိုင်မယ်လို့ ထင်ခဲ့တာ၊ တစ်ဖက်လူက အဲလောက် တော်လိမ့်မယ်လို့ ထင်မထားဘူး...."
" ဟမ့် အဲဒီလူတွေကြောင့်တော့ ဒေါသထွက်မနေပါဘူး၊ မမြင်ရတော့ရင် စိတ်ထဲကို မရှိတော့တာ"
ရှန်ယွဲ့က နှာခေါင်းရှုံ့လိုက်ပြီး စခရင်ပေါ်တွင် ပေါ်လာသည့် အင်တာနက်လိပ်စာကို ကြည့်ရင်း သူမ၏မျက်ခုံးများက မြင့်တက်သွားတော့သည်။
" တစ်ဖက်လူရဲ့တည်နေရာက တကယ်တော့ ဖယ်ဒရယ် ဗဟိုမြို့တော်ကပဲ၊ သူတို့တွေက နင့်ဖုန်းကို ဟက်ဖို့ ဒီအထိတောင်ရောက်လာတယ်ဆိုတော့ အံ့ဩဖွယ်ရာပဲ"
ရှန်ချန်သည် ဖယ်ဒရယ် ဗဟိုမြို့တော်အကြောင်း ကြားလိုက်ချိန်၌ လင်ရှောင်းနှင့် ပရော်ဖက်ဆာဟောင်းတစ်ချို့က သူမကို ရှာနေသည့်အကြောင်းကို သတိရသွားတော့သည်။ သူက မြန်မြန် ပြောလိုက်၏။
" အစ်မ အဖြေလွှာပိုစ့်တင်တုန်းက ဒီဖုန်းနဲ့ တင်ခဲ့တာ၊ မြို့တော်တက္ကသိုလ်က အဲဒီလူတွေက နင့်အချက်အလက်ကို စုံစမ်းနေတာများလား"
YOU ARE READING
အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်
Romanceလုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတော့ အကောင်းဆုံးလုပ်ကြံရေးသမား ဂုဏ်ပုဒ်ကိုရခဲ့ပြီးတော့ လုပ်ကြံရေးသမားတွေကြားမှာ ပြိုင်ဘက်ကင်း legendတစ်ယောက်ဖြစ်လာခဲ့တယ်။ legendတစ်ယောက်ဖြစ်လာ...