အပိုင်း (၁၀၄) ယွမ် နှစ်သိန်း

516 47 0
                                    


 အပိုင်း (၁၀၄) ယွမ် နှစ်သိန်း

"အား____"

သည်တစ်ကြိမ်တွင် ကျန်းရန်သည် နာကျင်မှုကြောင့် သူ့မျက်လုံးများကို အပေါ်သို့ လှန်တက်သွားတော့သည်။ သူသည် တစ်ခါလောက်သာ အော်ဟစ်လိုက်ပြီးနောက် ပြန်လဲကျသွားတော့သည်။ အင်မတန်နာကျင်မှုနှင့် ထိတ်လန့်မှုတစ်ခု၏ လှုံ့ဆော်မှုအောက်တွင် သူသည် သတိလစ်မေ့မျောသွားလေသည်။

" ခ-ခွေးမ"

ကျန်းရန် သတိလစ်သွားသည်ကို တွေ့လိုက်ရသည့် ချောင်ဖန်းမှာ ဆက်သည်းမခံနိုင်တော့ပေ။ သူမ၏ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး သူမ၏မျက်လုံးများသည် အမုန်းများဖြင့် ပြည့်နက်နေကာ စကားကို ညစ်ထုတ်ပြီး ပြောလိုက်လေသည်။

ရှန်ယွဲ့က သူမကို ဂရုမစိုက်သလို လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာက တည်တည်ငြိမ်ငြိမ်ဖြင့်

" နှစ်သိန်း"

ကျန်းရန်ရဲ့ လက်ချောင်းတွေထဲက နှစ်ချောင်းကို ထုခြေလိုက်ပြီးပြီဆိုတော့ ဒါက ယွမ် နှစ်သိန်းလေ။ ချောင်ဖန်း ရှန်ချန်ဆီက တောင်းထားတဲ့ ယွမ်တစ်သန်းပြည့်ဖို့ နောက်ထပ် လက်ရှစ်ချောင်းကျန်သေးတယ်။

အကြောင်းတစ်ချို့ကြောင့် ရှန်ယွဲ့သည် ကျန်းရန်ကို စတင်တိုက်ခိုက်ကတည်းက သူမ၏ခန္ဓာကိုယ်ထဲက ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ဖွင့်ထုတ်လိုက်သည်ဟု ခံစားမိလိုက်သည်။ သည်အခိုက်တွင် သူမသည် သူ့ကို ဆက်ပြီးသာ နှိပ်စက်ချင်နေတော့သည်။ မျက်လုံးတစ်လုံးအတွက်မျက်လုံး။ သွေးတွေနဲ့ နာကျင်နေတာကို ပိုပြီး ကြည့်နေချင်တယ်။

ရှန်ယွဲ့က သူမ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ့လက်ချောင်းများကို ဆက်ပြီးထုခြေဖို့ ဆုံးဖြတ်လိုက်ပြီး ကျန်းရန်ကို နာကျင်မှုများထဲက နိုးလိုက်တော့သည်။ ဒါကပဲ သူ့ကို နိုးလာအောင်လုပ်ဖို့ ဒုက္ခမများတော့မှာလေ။

"အစ်မ ဒေါသမထွက်ပါနဲ့တော့"

ရှန်ယွဲ့မှာ အနည်းငယ် အထိန်းအကွပ်မဲ့နေသည်ကို ခံစားမိလိုက်သည့် ရှန်ချန်က မနေနိုင်တော့ဘဲ သူမ၏အင်္ကျီကို ဆွဲထားလိုက်ပြီး ရှန်ယွဲ့က တတိယအကြိမ် တူဖြင့်မထုလိုက်ခင်မှာပင် သူက စိုးရိမ်တကြီးပြောလိုက်သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now