အပိုင်း (၁၃၆ + ၁၃၇)

461 27 4
                                    


အပိုင်း (၁၃၆) သူရဲကောင်းတို့လုပ်ရပ်

လူထွားကြီးက ထိုင်ခုံတစ်ခုစီကို လျှောက်လာတိုင်း ငွေများကို သိမ်းနေလေသည်။ အားလုံးက နာနာခံခံဖြင့် သူ့ကို ပိုက်ဆံပေးလိုက်ကြသည်။ ဘယ်သူကမှ မငြင်းကြပေ။ သူသည် ရှန်ယွဲ့တို့ ထိုင်ခုံနားရောက်လာသောအခါ ရှန်အန်းက သူ့အိတ်ထဲမှ ယွမ်၂၀၀ ထုတ်လိုက်ပြီး လူထွားကြီးကို ပေးလိုက်လေသည်။

"ဒါအကုန်ပဲလား"

လူထွားကြီးက လုံးဝမကျေနပ်သည်မှာ အထင်အရှားပင်။ သူတို့တွေ ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံးမှာ တခြားတွေဆို အနည်းဆုံး ယွမ် ၅၀၀- ၆၀၀ လောက်ပါကြတယ်လေ။ နောက်ဆုံး ဒီ သူထိုင်ခုံကိုရောက်လာမှပဲ ယွမ်၂၀၀ တဲ့လား။ အားလုံးကလည်း ငွေအကြွေစေ့တွေချည်းပဲ။

" ငါ မင်းကို ပြောလိုက်မယ်၊ အသိတရားရှိစမ်း၊ ကျေးဇူးကန်းချင်မနေနဲ့၊ ငွေက အရေးကြီးလား ၊ မင်းအသက်က ပိုအရေးကြီးလား"

အမှန်တွင်လည်း ရှန်အန်းတွင် ငွေအများဆုံးက သည်လောက်သာရှိလေသည်။။ အစပိုင်းက သူ့ကိုယ်ပေါ်တွင် ငွေတစ်ပြားမှ မရှိခဲ့ပေ။ ကောလိပ်စာမေးပွဲကြောင့် နောက်ဆုံးအချိန်ကျမှ တစ်ခုခုဖြစ်စိုးသဖြင့် သူက ဆွန်းလင်ထံမှ ယွမ်၂၀၀ တောင်းခဲ့ခြင်းပင်။ ထိုငွေကိုရဖို့ရာ သူ့အတွက် မလွယ်လှချေ။

ရှန်ချန်တွင်လည်း ရှန်ယွဲ့ သူ့ကို ပေးထားသည့် ငွေရှိသည်။ သို့သော် သူသည် ထိုငွေများကို တခြားသူများအား အလကားမပေးပစ်ချင်ပေ။ ထို့ကြောင့် သူက လျှောက်လမ်းဘေးတွင် ထိုင်နေလိုက်၏။

" ကျွန်တော့်မှာ ရှိတာ အကုန်ပါပဲ၊ ကျွန်တော်က ဆောက်လုပ်ရေးဆိုက်မှာ အလုပ်လုပ်တဲ့ လူတစ်ယောက်ပါ၊ ကျွန်တော့်မှာ အဲလောက်ငွေအများကြီး မရှိပါဘူး"

ရှန်အန်း၏အသံသည် အနည်းငယ်တုန်ယင်နေလေသည်။ သို့သော် ကလေးနှစ်ယောက်ကို ကာကွယ်ပေးရန် သူသည် တည်ငြိမ်ချင်ဟန်ဆောင်နေရသည်။

" အစ်ကိုကြီး ကျွန်တော့်မှာ ရှိသမျှအားလုံး ပေးပြီးပါပြီ၊ ကျွန်တော်တို့ကို အရင်သွားခွင့်ပေးပါလား၊ ဒီနေ့က ကောလိပ်စာမေးပွဲဖြေမယ့်နေ့လေ၊ ကျွန်တော့်ကလေး စာမေးပွဲဖြေရမှာမလို့ပါ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now