အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့

603 56 0
                                    

အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့

မနေ့က ကျန်းဟွမ် အလည်ရောက်လာသည့်အတွက် အိမ်၌ လုပ်ငန်းကိစ္စကိုင်တွယ်ရမည့် ကျိုးရွှမ်း၏အချိန်များသည် အများကြီး လျော့သွားခဲ့လေသည်။ နောက်ကျလွန်းသဖြင့် ဟယ်ရှန်က ကျိုးရွှမ်းအနားမယူရမည် စိုးသဖြင့် သူက ကျိုးရွှမ်းအတွက် နောက်ပိုင်းအချက်အလက်များကို ဦးစွာစစ်ဆေးပေးခဲ့ပြီး အချက်အလက်များကို USB Driveထဲ ပြောင်းထည့်ပေးလိုက်သည်။

ဟယ်ရှန့်က USB Driveကို ထွက်ယူနေသည်ကို မြင်လိုက်ရသဖြင့် ကျိုးရွှမ်းနှင့် အနည်းငယ်ဝေးရာတွင် ထိုင်နေသည့် ဝန်ထမ်းများက ချက်ချင်း တီးတိုးပြောဆိုနေကြလေသည်။

" ဥက္ကဋ္ဌကျိုးက နင့်အပေါ် အရမ်းတင်းကြပ်တာပဲနော်၊ စီမံဌာနက ရှောင်ချန်းပြောတာ ကြားလိုက်တယ်၊ ဥက္ကဋ္ဌကျိုးက အလုပ်အရမ်းများလွန်းလို့ နေ့လည်စာစားချိန်မှာတောင် ရုံးခန်းထဲမှာပဲ နေတာဆို"

" ဒါကြောင့် ငါက လူချမ်းသာတွေကို မနာလိုဖြစ်မိတာပေါ့၊ ဒါပေမယ့် ဥက္ကဋ္ဌကျိုးကိုတော့ မနာလိုမဖြစ်ပါဘူး၊ ကျိုးမိသားစုရဲ့ချမ်းသာမှုအားလုံးကို ဥက္ကဋ္ဌကျိုးက ရှာထားခဲ့တာလေ"

" ဥက္ကဋ္ဌကျိုးကို ကြည့်ရတာ သွေးအေးတဲ့လူနဲ့တူတယ်နော် ဒါပေမယ့် သူ အခုထိလည်း လက်မထပ်သေးဘူး၊ တစ်ယောက်ထဲနေပြီး ချမ်းသာတဲ့အမျိုးသမီးတွေက သူ့ကို လိုက်နေကြတာ၊ ဥက္ကဋ္ဌကျိုးက ဘာလို့ စိတ်လှုပ်ရှားတာမျိုးတောင် မဖြစ်တာလဲ"

" ဟုတ်ပါ့ဟယ် လက်ထပ်ဖို့မပြောနဲ့ ဥက္ကဋ္ဌကျိုး ချစ်သူရှိတယ်ဆိုတဲ့ သတင်းတောင် ငါတို့တစ်ခါမှမကြားခဲ့ဖူးဘူး"

အမျိုးသမီးဝန်ထမ်းတစ်ယောက် အဝေးတွင် ကွန်ပျူတာကို အလေးအနက်ကြည့်နေသည့် ကျိုးရွှမ်းကို သေသေချာချာ လှမ်းကြည့်လိုက်လေသည်။ သူမက အသံကိုနိမ့်လိုက်ပြီး အတင်းပြန်သည်။

" သူ့ဘေးမှာ ဘယ်မိန်းမမှ ပေါ်မလာခဲ့ဖူးဘူး၊ သူ့မှာ အမျိုးသမီးအတွင်းရေးမှူးတောင် မရှိဘူးနော်"

" ဒါက ငါတို့ရဲ့ဥက္ကဋ္ဌကျိုးက သန့်ရှင်းပြီး ငါတို့ယောက်ျားသားတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဟ" အင်္ကျီအကွက်အဆင်ဝတ်ထားသည့် အမျိုးသားဝန်ထမ်းက ဂုဏ်ယူစွာပြောလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now