အပိုင်း (၃၇) သေမယ့်လမ်း

848 89 0
                                    

အားလုံးက ဝမ်းသာအားရ အောင်ပွဲခံနေစဥ်မှာပင် ရှန်ယွဲ့သည် ပြိုင်ကားတစ်စီးပေါ် သာမန်ကာလျှံကာ ထိုင်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ကားထဲက အစိတ်အပိုင်းအချို့ကို လေ့လာလိုက်လေသည်။

ရှန်ယွဲ့က အပျော်တမ်းကစားသမားတစ်ယောက်လို ပတ်ကြည့်နေသည်ကို မြင်လိုက်ရာ တုန်းယန်သည် အထင်သေးသွားတော့သည်။

" နင်က အခုမှ တက်သစ်စလေးပဲ ရှိသေးတာမလား၊ မင်း ထွက်ရမှာ ငါက မင်းကို အနိုင်ကျင့်တယ်မလို့ မပြောနဲ့နော်၊ ငါ မင်းကို စက္ကန့်၂၀ အကျောပေးမယ်၊ ဒီပြိုင်ပွဲကို မြန်မြန် အဆုံးသတ်လိုက်ကြတာပေါ့"

အမှန်တွင် ရှန်ယွဲ့သည် ပြိုင်ကားတစ်စီးကို မထိသည်မှာ ဆယ်နှစ်ကျော်နေပြီဖြစ်ပြီး နောက်ဆုံးမိနစ်အထိ လုပ်ဆောင်ချက်များကို ကိုယ်တိုင် ရင်းနှီးအောင် လုပ်နေရလေသည်။ အကြမ်းဖျဥ်း ကြည့်ရှုပြီးနောက် ပြိုင်ကားတစ်စီး မောင်းနှင်ပုံကို ပြန်စဥ်းစားလိုက်ကာ တည်တည် ငြိမ်ငြိမ် ပြန်ပြောလိုက်တော့သည်။

" မလိုပါဘူး၊ စ,ရအောင်"

တုန်းယန်က ရုတ်တရက်ရောက်လာသည့် သည်ဖက်တီးမနှင့် အမှန်တကယ် ပြိုင်တော့မည်ကို မြင်လိုက်ပြီးနောက် ဟန်ရဲ့သည် မတတ်သာတော့ဘဲ ကားနှစ်စီးကြားတွင်ရပ်ကာ တာလွှတ်ဒိုင် လုပ်လိုက်ရတော့သည်။ နှစ်ယောက်လုံး ကားထဲရောက်သွားပြီးနောက် ဟန်ရဲ့ အော်လိုက်တော့သည်။

" သုံး ၊ နှစ် ၊ တစ် ပြိုင်ပွဲ စပြီ"

ဟန်ရဲ့စကားဆုံးသည်နှင့် တပြိုက်နက် ရှန်ယွဲ့မောင်းသည့် ပြိုင်ကားသည် ချက်ချင်း အရှိန်နှင့် ထွက်သွားတော့သည်။ လေခွင်းသံကြောင့် အားလုံး လန့်ဖျတ်သွားတော့သည်။

တုန်းယန်သည် သူ့ဘေးလူများက ကြွားလုံးထုတ်နေသည်ကို နားထောင်ရင်း ကားထဲတွင် ထိုင်နေဆဲမှာပင် ရှန်ယွဲ့သည် အရှိန်ဖြင့် ပြေးထွက်သွားပြီးဖြစ်နေသည်။ သည်အခိုက်တွင် သူမသည် အကွေ့တစ်ခုကို ရောက်နှင့်နေပြီး ဖုန်းယဲ့တောင်ထိပ်သို့ ဦးတည်နေသည်။

သည်ကြောက်စရာကောင်းလွန်းသည့်အနေအထားသည် သူမက အတွေ့အကြုံရှိသည့် ပြိုင်းကားမောင်းသူဖြစ်မှန်း သိသာနေတော့သည်။ အနည်းဆုံးတော့ သူမသည် သူ့ကို လှည့်စားရန် ဘာမှမသိသလို ဟန်ဆောင်နေသည့် အကြောက်အလန့်မရှိတက်သစ်စလေးတစ်ယောက် ဖြစ်နိုင်သည်။ တုန်းယန် ခံစားချက် ဆိုးရွားသွားပြီး သူ့မျက်နှာမှာ မဲမှောင်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now