အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့

957 91 0
                                    

ဘာသာပြန်သူ - ChihiroLily

" ရှန်ယွဲ့ နင် အာခံနေတာလား၊ နင်က အမကြီးလေ၊ နင့်ညီမလေးကို အလျှော့ပေးတာ ဘာမှားလို့လဲ၊ သူ နင့်ရဲ့ အစားအသောက်ဖိုးကို သုံးခဲ့တယ်ဆိုရင်တောင် မှန်တယ်"

ထင်ထားသည့်အတိုင်းပင် ရှန်ရှင်း၏လှုံ့ဆော်မှုကြောင့် ဆွန်းလင် ဒေါသပြန်ထွက်လာတော့သည်။

" ဘာပဲဖြစ်ဖြစ် ဒါက သမီးကိစ္စမဟုတ်ဘူး"

ရှန်ယွဲ့သည် ဆွန်းလင်၏စကားကို အလေးမထားသလို နေလိုက်လေသည်။ သူမသည် ဒေါသထွက်နေသည့် သားအမိကို ဆက်မကြည့်တော့ဘဲ အခန်းထဲသို့ အရင်ပြန်လာခဲ့လိုက်တော့သည်။

အမှန်တွင်တော့ ရှန်ယွဲ့သည် အိမ်တွင် အလုပ်အရမ်းများ၏။ သူမသည် ဝိတ်ချခြင်းအလုပ်နှင့် သူမခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးနည်းလမ်းများကို ရင်းနှီးအောင်လုပ်ရခြင်းများနှင့်ပင် အလုပ်များနေသည်။ ရှန်ယွဲ့လို အလွန်ဝသည့်လူတစ်ယောက်ကို ပေါ့ပါးသွက်လက်လာအောင်လုပ်ပြီး သူမ လုပ်ကြံသူတစ်ယောက်ဖြစ်စဥ်က သူမ၏ကျန်းမာသည့်ပုံရိပ်ပြန်ဖြစ်အောင် လေ့ကျင့်ပေးဖို့က မလွယ်ကူပေ။

ထို့ကြောင့် နောက်ရက်အနည်းငယ်တွင် ရှန်ယွဲ့သည် အားကစားဝတ်စုံကို ပြောင်းပြီး ညစာစားပြီးနောက် အပြင်ထွက် အပြေးလေ့ကျင့်တော့သည်။ သူမသည် ညဥ့်နက်မှ ပြန်လာပြီး သူမ၏မိသားစုနှင့် လုံးဝမတွေ့ဆုံခဲ့ချေ။

သည်နေ့တွင်တော့ ရှန်ယွဲ့သည် အားကစားရုံတွင် ပြေးခဲ့ပြီး ခါတိုင်းလိုပင် အိမ်ပြန်ချိန်၌ ရုတ်တရက် မိုးသဲလာတော့သည်။ သူမသည် ထီးမယူခဲ့ရာ အားကစားရုံတွင်သာ မိုးခိုနေလိုက်ပြီး မိုးတိတ်မှ အိမ်သို့ အပြေးပြန်မည်ဟု စဥ်းစားလိုက်၏။

သို့သော် ညနောက်ကျသွားသည်အထိ စောင့်လိုက်ရပြီး ရှန်ယွဲ့သည် အိမ်သို့ အပြေးပြန်လာချိန်တွင်တော့ လမ်းပေါ်တွင် လူများ ကားများပင် မရှိတော့ပေ။

မှိန်ပျပျ မီးရောင်အောက်တွင် ရှန်ယွဲ့သည် မိုးစိုနေသည့် လမ်းကြားလေးအတိုင်းလျှောက်လာလိုက်ပြီး လမ်းလျှောက်ရင်း ချွေးသုတ်လိုက်သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်On viuen les histories. Descobreix ara