အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်

610 53 0
                                    

အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်

" အာ တစ်ဖက်လူရေးထားတဲ့ တန်ပြန်တိုက်စစ်ပရိုဂရမ်က လုံးဝအခြေခံ ပရိုဂရမ်ပဲ၊ ဒါက နည်းနည်းလေး အရမ်းကိုရိုးရှင်းမနေဘူးလား"

ဟယ်ရှန့်သည် ထူးဆန်းသည့်အမူအရာတစ်ခုဖြင့် ပြောလိုက်လေသည်။

သည် တန်ပြန်တိုက်စစ်ပရိုဂရမ်မှာ အလွန်ရိုးရှင်းလွန်းရာ တစ်ချက်ကြည့်ရုံနှင့်ပင် သိနိုင်လေသည်။ ဟက်ကာစကေေးထဲတွင် မူလတန်းအဆင့် သင်ရိုးလာက်သာ ရှိသည်။ အခုလေးတင် ဟယ်ရှန့်တိုက်ခိုက်ခဲ့သည့် တင်းကြပ်လှသည့် firewallနှင့် ယှဥ်ကြည့်လျှင် ကွာခြားချက်က အလွန်ကြီးမားနေသည်။ သည်အတိုင်းပင် အံ့ဩစရာဖြစ်နေတော့သည်။

ဟယ်ရှန့်သည် အားစိုက်ထုတ်စရာမလိုပဲ တစ်ဖက်လူ၏ တန်ပြန်တိုက်စစ်ကို အနိုင်ယူလိုက်ပြီး တစ်ဖက်လူ firewall၏ ကျန်နေသည့် အရေးကြီးအစိတ်အပိုင်းများကို စတင်တိုက်ခိုက်တော့သည်။ ဧကန္တ တစ်ဖက်လူက ဒီလိုဟာကွက်တွေ တမင်လုပ်ပြီး သူ့ကို လှောင်နေတာလား။ ဟယ်ရှန့်သည် ချက်ချင်းပင် အနည်းငယ် ရှုပ်ထွေးသွားတော့သည်။

....

ဖုန်းသည် မသင်္ကာဖွယ် ဗိုင်းရက်စ်တစ်ကောင် ကူးစက်ခံလိုက်ရပြီး ဘာမှလုပ်လို့မရဘဲ သံသရာလည်နေသည်ကို တွေ့လိုက်သည်နှင့် ရှန်ချန်က ဖုန်းကို ကွန်ပျူတာနှင့် မြန်မြန်ချိတ်လိုက်ကာ ရှန်ယွဲ့သင်ပေးထားသည့် ဟက်ကာဗဟုသုတများနှင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်တော့သည်။

သို့သော်ငြား သူသည် အဆင့်နှစ်ခုပင် မပြီးလိုက်ခင်မှာပင် ပရိုဂရမ်ဗိုင်းရက်စ်က ချက်ချင်း တိုးဝင်လာတော့သည်။ သူသည် ချက်ချင်းပြန်မဖြုတ်လိုက်လျှင် ကွန်ပျူတာထဲက ဒေတာများပင် ပျက်စီးသွားလောက်သည်။

" ငါ ဘာလုပ်ရမလဲ"

ရှန်ချန်သည် ချွေးအေးများကို သုတ်လိုက်ပြီး ရေရွတ်လိုက်၏။ ဒါသည် သူ ဟက်ကာ ပညာကို စတင် လေ့လာကတည်း အမည်မသိဗိုင်းရက်စ်တစ်ခု၏ ပထမဆုံးတိုက်ခိုက်ခံရခြင်းဖြစ်လေသည်။ သူသည် အလွန်ပျာယာခတ်သွားသဖြင့် ပရိုဂရမ်အမှားများစွာ လုပ်မိသွားရင်း ပိုပြီး ပျာယာခတ်လာတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now