အပိုင်း (၁၅၆) ကောင်းတဲ့သဘောထား
ထိုအခိုက်တွင် ကောဟူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးနေလေသည်။ ရှန်ယွဲ့မှာ အလွန်လုပ်စွမ်းရှိနေသည်ကို မယုံကြည်နိုင်ဖြစ်နေဆဲတွင် ဟန်ရဲ့က ဖုန်းခေါ်လာတော့သည်။
ရှန်ယွဲ့က ရှန်ချန်ဘက်လှည့်ပြီး ရယ်စရာပြောလိုက်လေသည်။
" graphics card ပို့လိုက်တဲ့လူကတော့ ရောက်လာပြီ"
"ဟယ်လို ကောဟူ၊ ငါ ဟန်ရဲ့ပါ၊ ငါ အဲဒီgraphic cardကို ထပ်မလိုတော့ဘူး၊ ငွေပြန်ပေးစရာမလိုဘူး၊ graphics cardကို မိန်းကလေးရှန်ယွဲ့ကိုပဲ တန်းပေးလိုက်ပါ၊ ပြီးတော့ နောက်ပိုင်း မိန်းကလေးရှန် မင်းဆီက ဘာပဲဝယ်ဝယ် ဒီအတိုင်းပေးလိုက်၊ ငွေကို နောက်မှ ငါ့ဆီလာတောင်း၊ မှတ်ထားနော် သဘောထားကြီးကြီးနဲ့ လုပ်ပေးလိုက်"
ကောဟူသည် ဟန်ရဲ့ နောက်ထပ်ပြောလိုက်သည့် စကားကို မကြားတော့ပေ။ သူ့စိတ်တို့သည် ဗလာအတိဖြစ်သွားတော့သည်။ ဒီမိန်းကလေးက မြို့တော်ဝန်ရဲ့သားကို အဲလောက်တလေးတစားဖြစ်အောင် လုပ်လိုက်မယ်လို့ ထင်တောင်မထားဘူး။ သူ အရင်က သူမကို တကယ်သတိမထားမိခဲ့ဘူး။ တော်ပါသေးရဲ့။ အဲဒီတုန်းက သူ ဒီမဟာကိုယ်တော်ကို ရန်သွားမစလိုက်မိလို့ပဲ။
!!
ကောဟူ၏မျက်လုံးများက ပြူးကျယ်နေသည်ကို မြင်လိုက်သည်တွင် ရှန်ယွဲ့က သူ့ရှေ့တွင် လက်ယမ်းပြလိုက်ပြီး တုံးတိပြောလိုက်တော့သည်။
" အခု နင် ငါ့ကို graphics cardပေးလို့ရပြီလား"
"အင်း အင်း အင်း၊ ငါ အခုပဲ စတိုကိုသွားပြီး နင့်အတွက် သွားယူလာပေးမယ်နော်၊ ဒီgraphics cardပဲမဟုတ်ဘူး၊ နောက်ပိုင်း မိန်ကလေးရှန် လိုချင်တာ ကျွန်တော့်ကို ပြောလို့ရတယ်၊ ဒါက သူဌေးဟန် မှာလိုက်တဲ့စကားပါ"
ကောဟူက လှုပ်ရှားလိုက်ရင်း ဟန်ရဲ့ပြောခဲ့သည့်စကားကို မြန်မြန်ပြန်ပြောလိုက်လေသည်။ သူ့သဘောထားမှာ အနည်းငယ်မြောက်တက်လာခဲ့တော့သည်။
" ကျွန်တော်နဲ့ စတိုခန်းကို လိုက်ခဲ့ပြီး စိတ်ဝင်စားစရာရှိမရှိ လိုက်ကြည့်ပါလား"
YOU ARE READING
အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်
Romanceလုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတော့ အကောင်းဆုံးလုပ်ကြံရေးသမား ဂုဏ်ပုဒ်ကိုရခဲ့ပြီးတော့ လုပ်ကြံရေးသမားတွေကြားမှာ ပြိုင်ဘက်ကင်း legendတစ်ယောက်ဖြစ်လာခဲ့တယ်။ legendတစ်ယောက်ဖြစ်လာ...