အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း

908 94 0
                                    

"ဒီအမျိုးအစားတွေက အရမ်းရှုပ်ထွေးတယ်မလား"

ရှန်ချန်သည် ဇဝေဇဝါဖြင့် ခေါင်းကုတ်ကာ ရှန်ရွဲ့၏ရည်ရွယ်ချက်ကို နားမလည်အောင် ဖြစ်နေတော့သည်။

နှစ်ယောက်သားသည် ကွန်ပျူတာစီးတီးကို ဆယ်မိနစ်လောက် ပတ်လိုက်၏။ နောက်ဆုံးတွင် ရှန်ယွဲ့သည် အလွန်ရှုပ်ပွနေသည့် ပစ္စည်းများနှင့် ကွန်ပျူတာဆိုင်သေးသေးလေးတစ်ဆိုင်ရှေ့တွင် ရပ်လိုက်လေသည်။

ရှန်ယွဲ့ ဆိုင်နာမည်ကို ထပ်အတည်ပြုလိုက်ပြီး ကျေနပ်သွားကာ ခေါင်းညိတ်လိုက်၏။

ဆံပင်ရှုပ်ပွနေကာ နှုတ်ခမ်းမွေးများ မရိတ်ထားသည့် လူငယ်တစ်ယောက် စျေးဝယ်သူကို တွေ့လိုက်သည်နှင့်ချက်ချင်း ကတ်ထူးပုံးပုံနောက်မှ တွားသွားကာ ထွက်လာ၏။ သူ့မျက်လုံးများကို ကျဥ်းထားလိုက်ပြီး မောင်နှမနှစ်ယောက်ကို အကဲခတ်ကာ သွားဖြီးပြလိုက်လေသည်။

" မင်းတို့တွေ ကွန်ပျူတာဝယ်မလို့လား၊ ငါ့ဆိုင်က စုတ်ပြတ်နေတယ်လို့ထင်ရပေမယ့် စျေးမပေါဘူးနော်"

ထိုလူ၏စကားကို ကြားလိုက်သည်တွင် ရှန်ချန် အနည်းငယ်ရှက်သွားတော့သည်။ သူသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ရှန်ယွဲ့ကို နားချတော့သည်။

"အမ ဒီလူကြည့်ရတာ စီးပွားရေးတကယ်လုပ်နေတဲ့ပုံလဲမပေါ်ဘူး၊ ဆိုင်လဲ ပျက်နေသေးတယ်၊ ငါတို့တွေ တခြားဆိုင်မှာ သွားဝယ်ကြရအောင်လေ"

ရှန်ချန်၏အသံသည် မကျယ်သော်လည်း ဘေးက ဆိုင်ရှင်လူငယ် ကြားနိုင်သေးသည်။ သူသည် နှခေါင်းရှုံ့လိုက်ပြီး

" မင်းတို့ ကွန်ပျူတာဝယ်ချင်တာဆိုရင် အလိမ်မခံရစေနဲ့၊ ရှေ့ဆက်သွားလိုက်၊ ထောင့်မှာရှိတဲ့ ဆိုင်နှစ်ဆိုင်က ကုန်ကျစားရိတ်လည်းသက်သာပြီး ဝယ်ရတာတန်တယ်၊ မင်းတို့လိုချင်နဲ့ ရလိမ့်မယ်"

ထိုလေသံသည် ရှန်ယွဲ့နှင့် သူမ၏မောင်လေးကို ငွေများများစားစားမရှိဘဲ သက်သာရာလိုက်နေသည့် ဆင်းရဲသားကျောင်းသားများကို ဆက်ဆံသလို ဖြစ်နေလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now