၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့ ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ်ခြင်းတရားဟာ သူမြတ်နိုးရတဲ့ စတီဗင်သက်လူ ဆိုသည့် အမျိုးသားတစ်ယောက်အပေါ်မှာ ဘယ်လောက်ထိ စိတ်လုံခြုံမှုတွေ ပေးစွမ်းနိုင်ပါမလဲ...
"စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်" တဲ့...
ဒီ Fiction ကို ရေးဖို့ ပုံမှန်ထက်ပိုပြီး စိတ်လှုပ်ရှားရတယ်... ဘာလို့လဲဆိုတော့ DiDi တို့ ၁၉၃၀ ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မြေကို ပြန်ပြီးခြေချကြရမှာမို့ပါ... ဘလေဇာကုတ်တွေ ဘန်ကောက်လုံချည်တွေနဲ့ သူ့ခေတ်သူ့အခါအလိုက် လန်းခဲ့ကြတဲ့ ကိုကို ဘီအေ ကျောင်းသားတို့ကို မြင်ကြရဦးမှာ..
အဲ့ဒီခေတ် အဲ့ဒီပတ်ဝန်းကျင်အကြောင်းကို ရှေးဆရာကြီးတွေရေးကြတဲ့ စာအုပ်တွေဖတ်လိုက်ရတိုင်းမှာ DiDi တော့ လွမ်းလွမ်းဆွေးဆွေးနဲ့ ကိုယ်တိုင်ပြန်ရောက်သွားခဲ့ရသလို သက်ဝင်ခဲ့မိရတာချည်းပဲ... ငါဟာ သေချာပေါက် အဲ့ဒီခေတ်မှာ လူဖြစ်ခဲ့ဖူးသေးတယ်လို့ကို တစ်ထစ်ချယုံကြည်နေမိတဲ့အထိကိုပါပဲ...
အခွင့်အရေးများရခဲ့ရင်တော့ စစ်ကြိုခေတ်ကို တစ်ခါလောက်တော့ ပုံဖော်ဖြစ်ချင်ခဲ့သေးတာ... အခုတော့ DiDi နဲ့အမြဲတူတူရှိပေးကြတဲ့ အားဆေးလေးတွေရှိလာပြီမို့ စိတ်ကူးတွေကိုလက်တွေ့ အကောင်အထည်ဖော်ဖြစ်သွားခဲ့ပြီ...
ဇာတ်လမ်းအကြောင်းကို အများကြီးကြိုမပြောပြတော့ဘူး DiDi ထုံးစံအတိုင်း ခေတ်ဟောင်းက အမျိုးသားနှစ်ယောက်ရဲ့ မေတ္တာတရားတွေကို ကြိုးစားပြီး ဖော်ဆောင်ပါ့မယ်... ငြိမ့်ငြိမ့်သိမ့်သိမ့်လေး သွားကြမယ်...
ဒီဇာတ်လမ်းက DiDi မမှီလိုက်တဲ့ ရှေးခေတ်အနေအထားမို့ အဲ့ဒီကာလရဲ့ ပတ်ဝန်းကျင်အနေအထား စကားအသုံးအနှုန်းနဲ့ ကာလံဒေသံတွေကို ဖတ်ရှုမှတ်သားဖူးခဲ့တဲ့ စာအုပ်တွေထဲကနေ မှီငြမ်းပါမယ်...
လွဲချော်မှုလေးတွေရှိခဲ့ရင် အပြုသဘောနဲ့ ထောက်ပြဝေဖန်ပေးကြပါဦး.... ဇာတ်လမ်း ဇာတ်ကွက် plots တွေကတော့ DiDi ရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းအတိုင်းသွားပါမယ်...
တစ်ခုသတိချပ်ရမှာက ၁၉၃၀ ခုနှစ်တွေဟာ အင်္ဂလိပ်လက်အောက်မှာပဲရှိနေသေးတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေဟာ အင်္ဂလိပ်စကားပြော အင်မတန်မှ ကျွမ်းကျင်ကြတယ်ဆိုတာပါပဲ... ထိုခေတ်အခါက ကျောင်းသားလူငယ်တွေရဲ့ အမူအကျင့်တွေ...လူငယ်တွေရဲ့ ဗန်းစကားတွေကိုလည်း DiDi ဖတ်ထား လေ့လာထားသလောက် ထည့်ရေးသွားပါမယ်... နောက်ပြီး တက္ကသိုလ်ကျောင်းတွေရဲ့ ဖွဲ့စည်းပုံတွေ ကျောင်းသားတွေရဲ့ အဆောင်နေ အလေ့အထတွေကို ဆရာကြီးဇဝန ဆရာကြီး ဒဂုံတာရာ... ဆရာကြီး မန်းတင်တို့ရဲ့ စာပေတွေကနေ မှီငြမ်းပြီး ရေးသားပါမယ်...
နောက်တစ်ခုက ထိုခေတ်အခါက တက္ကသိုလ်ဆိုတဲ့ အသုံးအနှုန်းထက် ကောလိပ်ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီးတွေ့ရပါတယ်... ရန်ကုန်ကောလိပ်... သူနဲ့ ခေတ်ပြိုင် ယုဒသန်ကောလိပ် စသည်ဖြင့်ခေါ်ဝေါ်ကြပါတယ်... ဒါပေမဲ့ ဒီ fiction ထဲမှာ ကျောင်းတော်ကြီးကို ပိုပြီးခမ်းနားစေချင်တာကြောင့် DiDi က ယူနီဗာစီတီ လို့ ခေါ်တဲ့ တက္ကသိုလ်လို့ပဲ သုံးနှုန်းပါ့မယ်နော်...
DiDi ရဲ့စိတ်ကူးတွေနဲ့ အဆုံးအထိ တူတူရှိနေပေးမယ့်သူလေးတွေကို ကြိုပြီးကျေးဇူးတင်ပါတယ်...
......
၁၉၃၀ ဝန္းက်င္ ဒုတိယကမၻာစစ္မျဖစ္မီကာလ ရန္ကုန္တကၠသိုလ္ႀကီးမွာ ပညတ္ခ်က္ေတြကိုဆန္႔က်င္႐ုန္းထြက္ၿပီး ခ်စ္ျခင္းတရားတစ္ခုေပါက္ဖြားလာခဲ့တယ္... တြန္႔ဆုတ္ျခင္းကင္းစြာနဲ႔ ထိုခ်စ္ျခင္းတရားကို ေဖာ္ေဆာင္ခဲ့သူက ရဲေခါင္ ဆိုသည့္အမ်ိဳးသားတစ္ေယာက္... ရဲေခါင္ရဲ့ ခ်စ္ျခင္းတရားဟာ သူျမတ္နိုးရတဲ့ စတီဗင္သက္လူ ဆိုသည့္ အမ်ိဳးသားတစ္ေယာက္အေပၚမွာ ဘယ္ေလာက္ထိ စိတ္လုံျခဳံမွုေတြ ေပးစြမ္းနိုင္ပါမလဲ...
"စတီဗင္သက္လူ၏ ကာဖီေရတစ္ခြက္" တဲ့...
ဒီ Fiction ကို ေရးဖို႔ ပုံမွန္ထက္ပိုၿပီး စိတ္လွုပ္ရွားရတယ္... ဘာလို႔လဲဆိုေတာ့ DiDi တို႔ ၁၉၃၀ ဝန္းက်င္က ရန္ကုန္တကၠသိုလ္ေျမကို ျပန္ၿပီးေျခခ်ၾကရမွာမို႔ပါ... ဘေလဇာကုတ္ေတြ ဘန္ေကာက္လုံခ်ည္ေတြနဲ႔ သူ႔ေခတ္သူ႔အခါအလိုက္ လန္းခဲ့ၾကတဲ့ ကိုကို ဘီေအ ေက်ာင္းသားတို႔ကို ျမင္ၾကရဦးမွာ..
အဲ့ဒီေခတ္ အဲ့ဒီပတ္ဝန္းက်င္အေၾကာင္းကို ေရွးဆရာႀကီးေတြေရးၾကတဲ့ စာအုပ္ေတြဖတ္လိုက္ရတိုင္းမွာ DiDi ေတာ့ လြမ္းလြမ္းေဆြးေဆြးနဲ႔ ကိုယ္တိုင္ျပန္ေရာက္သြားခဲ့ရသလို သက္ဝင္ခဲ့မိရတာခ်ည္းပဲ... ငါဟာ ေသခ်ာေပါက္ အဲ့ဒီေခတ္မွာ လူျဖစ္ခဲ့ဖူးေသးတယ္လို႔ကို တစ္ထစ္ခ်ယုံၾကည္ေနမိတဲ့အထိကိုပါပဲ...
အခြင့္အေရးမ်ားရခဲ့ရင္ေတာ့ စစ္ႀကိဳေခတ္ကို တစ္ခါေလာက္ေတာ့ ပုံေဖာ္ျဖစ္ခ်င္ခဲ့ေသးတာ... အခုေတာ့ DiDi နဲ႔အျမဲတူတူရွိေပးၾကတဲ့ အားေဆးေလးေတြရွိလာၿပီမို႔ စိတ္ကူးေတြကိုလက္ေတြ႕ အေကာင္အထည္ေဖာ္ျဖစ္သြားခဲ့ၿပီ...
ဇာတ္လမ္းအေၾကာင္းကို အမ်ားႀကီးႀကိဳမေျပာျပေတာ့ဘူး DiDi ထုံးစံအတိုင္း ေခတ္ေဟာင္းက အမ်ိဳးသားႏွစ္ေယာက္ရဲ့ ေမတၱာတရားေတြကို ႀကိဳးစားၿပီး ေဖာ္ေဆာင္ပါ့မယ္... ၿငိမ့္ၿငိမ့္သိမ့္သိမ့္ေလး သြားၾကမယ္...
ဒီဇာတ္လမ္းက DiDi မမွီလိုက္တဲ့ ေရွးေခတ္အေနအထားမို႔ အဲ့ဒီကာလရဲ့ ပတ္ဝန္းက်င္အေနအထား စကားအသုံးအႏွုန္းနဲ႔ ကာလံေဒသံေတြကို ဖတ္ရွုမွတ္သားဖူးခဲ့တဲ့ စာအုပ္ေတြထဲကေန မွီျငမ္းပါမယ္...
လြဲေခ်ာ္မွုေလးေတြရွိခဲ့ရင္ အျပဳသေဘာနဲ႔ ေထာက္ျပေဝဖန္ေပးၾကပါဦး.... ဇာတ္လမ္း ဇာတ္ကြက္ plots ေတြကေတာ့ DiDi ရဲ့ ကိုယ္ပိုင္စိတ္ကူးစိတ္သန္းအတိုင္းသြားပါမယ္...
တစ္ခုသတိခ်ပ္ရမွာက ၁၉၃၀ ခုႏွစ္ေတြဟာ အဂၤလိပ္လက္ေအာက္မွာပဲရွိေနေသးတဲ့အတြက္ တကၠသိုလ္ေက်ာင္းသားေတြဟာ အဂၤလိပ္စကားေျပာ အင္မတန္မွ ကၽြမ္းက်င္ၾကတယ္ဆိုတာပါပဲ... ထိုေခတ္အခါက ေက်ာင္းသားလူငယ္ေတြရဲ့ အမူအက်င့္ေတြ...လူငယ္ေတြရဲ့ ဗန္းစကားေတြကိုလည္း DiDi ဖတ္ထား ေလ့လာထားသေလာက္ ထည့္ေရးသြားပါမယ္... ေနာက္ၿပီး တကၠသိုလ္ေက်ာင္းေတြရဲ့ ဖြဲ႕စည္းပုံေတြ ေက်ာင္းသားေတြရဲ့ အေဆာင္ေန အေလ့အထေတြကို ဆရာႀကီးဇဝန ဆရာႀကီး ဒဂုံတာရာ... ဆရာႀကီး မန္းတင္တို႔ရဲ့ စာေပေတြကေန မွီျငမ္းၿပီး ေရးသားပါမယ္...
ေနာက္တစ္ခုက ထိုေခတ္အခါက တကၠသိုလ္ဆိုတဲ့ အသုံးအႏွုန္းထက္ ေကာလိပ္ဆိုတဲ့ အသုံးအႏွုန္းကို ပိုၿပီးေတြ႕ရပါတယ္... ရန္ကုန္ေကာလိပ္... သူနဲ႔ ေခတ္ၿပိဳင္ ယုဒသန္ေကာလိပ္ စသည္ျဖင့္ေခၚေဝၚၾကပါတယ္... ဒါေပမဲ့ ဒီ fiction ထဲမွာ ေက်ာင္းေတာ္ႀကီးကို ပိုၿပီးခမ္းနားေစခ်င္တာေၾကာင့္ DiDi က ယူနီဗာစီတီ လို႔ ေခၚတဲ့ တကၠသိုလ္လို႔ပဲ သုံးႏွုန္းပါ့မယ္ေနာ္...
DiDi ရဲ့စိတ္ကူးေတြနဲ႔ အဆုံးအထိ တူတူရွိေနေပးမယ့္သူေလးေတြကို ႀကိဳၿပီးေက်းဇူးတင္ပါတယ္...