မီးရထား ဥဩဆွဲသံနှင့်အတူ လူသံသူသံ စျေးသည်တို့၏အော်ဟစ်သံများ ကြားရသဖြင့် သက်လူအိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ တွဲပေါ်မှစကားသံများအရ ရွှေတောင် ဘူတာသို့ဆိုက်ရောက်ကြောင်းသိလိုက်ရသည်။
သက်လူ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ရန်ပြင်လိုက်စဉ် ဘယ်ဘက်ပုခုံးတစ်ခုလုံး လေးလံထုံကျဉ်နေပြီး ညောင်းညာလို့နေသည်ကို သတိထားမိရသည်။ ထိုအခါမှ တစ်လမ်းလုံး သက်လူ၏ပခုံးအား သူ့အိမ်သူ့ယာကဲ့သို့ မှီအုံးလျက် အိပ်ပျော်လာသော ကိုရဲခေါင်အား သတိရသွားသဖြင့် ပြန်၍ငြိမ်နေလိုက်မိသည်။
သက်လူ၏ လှုပ်ရှားမှုကြောင့် ကိုရဲခေါင်က နိုးသွားသည်။ ပုခုံးပေါ်မှီအိပ်နေရာမှ ခေါင်းထောင်လာပြီး...
"ဟင်! ကျုပ် ခင်ဗျားပုခုံးကိုမှီပြီး အိပ်ပျော်မိသွားသလား ကိုသက်လူ"
သက်လူက ပြန်မဖြေဘဲ ထုံကျင်နေသောလက်ကို အသာလှုပ်ဖို့ကြိုးစားတော့ ကိုရဲခေါင်က ဆတ်ခနဲဆွဲကိုင်လာ၍ ပုခုံးနှင့် လက်မောင်းများအား နှိပ်နယ်ပေးသည်။
"ကျုပ်ကို နှိုးလိုက်ရော့ပေါ့ ကိုသက်လူရယ်"
"ရပါတယ်... နှိပ်ဖို့မလို..."
"အဖွဲ့ခေါင်းဆောင်"
သက်လူစကားမဆုံးသေးခင်မှာဘဲ အနားသို့ ကျောင်းသူတချို့ရောက်လာပြီး ကိုရဲခေါင်အားခေါ်လိုက်သည်။
"ခင်ဗျာ"
"ဟို... ကျွန်မတို့ ရထားရပ်တုန်း အညောင်းညာပြေအောက်ဆင်းပြီး သွားရည်စာလေးများ ဝယ်ရမလားလို့ ခွင့်တောင်းတာပါရှင်"
"ခုမှ ရွှေတောင်ပဲရှိသေးရဲ့ မဟုတ်လား... ရထားက ကြာကြာရပ်မယ်မထင်ဘူးခင်ဗျ... ပြည်ဘူတာကြီးရောက်မှ ဝယ်ကြစေချင်တယ်"
ကိုရဲခေါင်က ခွင့်မပြုတော့ ထိုကျောင်းသူက မျက်နှာကိုရှုံ့မဲ့လိုက်လျက်...
"ဒီလိုဖြင့်လည်း ကောင်းပါပြီရှင်... ဆက်သာနှိပ်နေပါတော့"
"ဟင်"
ကျောင်းသူများက မကျေမနပ်ဖြင့် ဘုတောကာထွက်သွားကြသည်။ သက်လူက ကိုရဲခေါင်၏လက်အတွင်းမှ ရုန်းထွက်လိုက်ပြီး...
ΔΙΑΒΑΖΕΙΣ
"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျ
Ρομαντική၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့ ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ...