Ep 13 (U)

12.3K 1.8K 573
                                    

ရန်ကုန်တက္ကသိုလ်၏ ဌာနပေါင်းစုံ နှစ်ဝက်စာမေးပွဲကြီးစလေပြီ။

စာကြမ်းပိုးများနှင့် ပုံမှန်စာလုပ်သူများမှလွဲ၍ ကျောင်းသားများ အားလုံးလိုလိုသည် ယခုအခါမှ ဖုတ်ပူမီးတိုက် မှတ်စုကူးသူ မေးခွန်းလိုက်သူများဖြင့် ဝရုန်းသုန်းကား ဖြစ်လို့နေကြတော့၏။

"ကိုသက်လူ...ကိုသက်လူ"

နောက်ပါးဆီမှ ခေါ်သံကြောင့် သက်လူလှည့်ကြည့်လိုက်သည်။ ရွှေကိုင်းမျက်မှန်တဝင့်ဝင့်နှင့် သက်လူနောက်သို့ အမောတကောလိုက်လာသူက အတန်းထဲမှ ကိုကျော်ထွန်းဖြစ်နေ၏။

"ဘာများလဲ ကိုကျော်ထွန်း"

"ကိုသက်လူ အပန်းမကြီးရင် ကျွန်တော်ကို့ အရှေ့တိုင်းတွေးခေါ်ချက်များ မှတ်စုလေး ငှားစမ်းပါဗျာ... ခုမှ လိုက်ကူးနေရတယ် ဘယ်မှာမှ ငှားမရဘူး... ဂွကျနေတော့တာကလား"

"ခင်ဗျားဗျာ မိုးလွန်မှထွန်ချ... မနက်ဖြန်ခါပဲ ဖြေရတော့မယ် ခုမှစာအုပ်လိုက်ငှားနေရသလား... ကြည့်ချိန်ရှိပါဦးမလားဗျ"

"အကုန်တော့ကူးမနေပါဘူးဗျာ... အခန်း ၂ က နံပါတ် ၅ အပုဒ်ပဲ ကူးဖို့ပါပဲ... အဲ့ဒါ သေချာပေါက်ပါမှာ ကိုသက်လူ ... ခင်ဗျားလည်း ကြည့်သာထားပေတော့"

"ခင်ဗျားက ဘယ်လိုသေချာသလဲ... ကွက်ရှင်အောက်ပြီး မေးခွန်းပေါက်လာသလား"

"မေးခွန်းပေါက်တာထက်သေချာတယ်... ဒီမယ်... ညက ကျုပ်အိပ်မက်မက်သဗျ... အိပ်မက်ထဲမယ် ကျုပ်က မိန်းမနှစ်ယောက်ရတယ်တဲ့လေ"

"ဟင်... အဲ့ဒါနဲ့ အခန်း ၂ က နံပါတ်၅ ပုစ္ဆာက ဘာဆိုင်သလဲဗျ"

"ကိုသက်လူနှယ် ခင်ဗျား အတိတ်မကောက်တတ်ဘူးလားဗျ.... မိန်းမက ကြာသာပတေးနံ ဆိုတော့ ၅ ဗျာ... ဟော နှစ်ယောက်ရတယ်မဟုတ်လား... အဲ့ဒီတော့ အခန်း ၂ ပေါ့ဗျ "

"ဟင်"

"ကိုင်း...ပေးစမ်းပါ ခင်ဗျား မှတ်စု... ပြောနေကြာတယ်... အချိန်မတိမ်းစောင်းခင် ဗိန်းမောင်းတီးပြီး ကူးလိုက်စမ်းမယ်"

သက်လူက ကိုကျော်ထွန်းအား မှတ်စုစာအုပ်ထုတ်ပေးလိုက်တော့ ကျောင်းခန်းရှေ့ရှိ  အုတ်ခုံပေါ်တင်၍ အလျှင်စလိုကူးနေတော့၏။ မိနစ်အနည်းငယ်ကြာချိန်၌ ကိုကျော်ထွန်းမှာ ကူး၍ပြီးသွားသဖြင့် သက်လူ၏လက်ထဲသို့ စာအုပ်အားပြန်ထည့်ပေးလာကာ...

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now