Ep 22 (U)

11.3K 1.8K 316
                                    

ရဲခေါင် လက်ထဲမှ စာအိတ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ မြင်းလှည်းသမားတစ်ဦးလာပို့သွားသော အညိုရောင်စာအိတ်ကလေးမှာ တွန့်ကြေလို့နေသည်။ စာအိတ်တွင်ရေးထိုးထားသော ရက်စွဲအရဆိုရင်ဖြင့် လွန်ခဲ့သော နှစ်ရက်ကရေးထားသောစာဖြစ်၏။

ရဲခေါင်၏နာမည်နှင့်အတူ တကောင်းဆောင်သို့ လိပ်မူထားသော ချစ်ရသူ၏ လက်ရေးကိုမြင်လိုက်ရုံနှင့် ရင်ထဲမှာလှိုက်၍ လွမ်းလာမိပြီး ဝေဒနာတို့က တိုး၍သာလာတော့၏။ စိတ်ကိုမနည်း တည်ငြိမ်အောင်ထား၍ ရဲခေါင် စာကိုဖွင့်ဖတ်ရ၏။

"ချစ်ရပါသော ကိုရဲခေါင်" ဟု အစချီထားသည်ကပင် ရဲခေါင်၏ရင်ကို လှုပ်ခတ်စေနိုင်လွန်းလှပါသည်။

ရဲခေါင် စိတ်ပူနေမှန်းသူသိသည်။ သူကတော့ ထုံးစံအတိုင်း ရဲခေါင်အား သာ၍ပင်ပူနေသေးတော့၏။ အိမ်ထဲ၌ အကျယ်ချုပ်ခံနေရသည့်အဖြစ်ကို သိရတော့ ရဲခေါင် အံကြိတ်ထားမိသည်။

အဆင်မပြေဘူး ဆိုသည့်စာကြောင်းလေးတစ်ကြောင်းက ရဲခေါင်၏ရင်ကို ကိုသက်လူထက် ဆယ်ဆပို၍မွန်းကျပ်စေရပါသည်။ မိထွေးဖြစ်သူ၏ မစာမနာထိုးနှက်မှုတွေအောက်မှာ စိတ်ပင်ပန်းနေပုံရပြီး ရဲခေါင်အား တိုင်တန်းထားသောစာကြောင်းလေး၌ ရဲခေါင်ရင်ဘတ်ထဲမှာ အောင့်တက်လာရတော့၏။ စိတ်အနှောက်ယှက်ပေးနေကြသူများ အားလုံးကို ရန်လုပ်ပြီး ယခုချက်ချင်း ကိုသက်လူအား ပြေး၍ထွေးပွေ့ပေးထားချင်မိသည်အထိပင်။

ဘိလပ်မသွားရဖို့အရေး... ရဲခေါင်ဆီပြန်လာရဖို့အရေး ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးစားနေသည်ဆိုတော့ စိတ်ပူပန်မိရသည်။ ဘယ်လိုနည်းလမ်းတွေနှင့်များ ကြိုးစားနေရပြီး ဘယ်လောက်တောင်စိတ်ပင်ပန်းနေလိုက်မလဲ တွေးမိပြန်တော့ သနားဂရုဏာသက်ရပြန်၏။ ပြန်လာခဲ့ပါဟု ပြောလိုက်မိသည်ကို နောင်တရလာသည်။ အဲ့သည်အစား ရောက်လေရာအရပ်ကို  မောင်လာခေါ်မည်ဟု ပြောလိုက်ဖို့ကောင်းသည်။ ရဲခေါင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် လက်သီးကိုကျစ်နေအောင် ဆုပ်ထားမိ၏။

သိပ်ကိုလွမ်းနေရပြီး ပြန်တွေ့ခွင့်ရတဲ့အခါ "ကျွန်တော်မောင့်ကို သိပ်ချစ်တာပါပဲ" ဟု ပြောဖြစ်အောင် ပြောပါဦးမည်တဲ့လား...

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now