ရဲခေါင်တို့ အဖွဲ့တွေ တောင်အောက်သို့ ပြန်ဆင်းကြရတော့မည်။ အချိန်ခေတ္တ ခဏလေးသာ ဆိုသော်လည်း ဖြူစင်ရိုးရှင်းလွန်းလှသည့် တောင်ပေါ်တိုင်းရင်းသားများ၏ လူနေမှုဘဝတွင် ကျောင်းသား ကျောင်းသူအားလုံးလိုလို လျှင်မြန်စွာ အသားကျ၍ သံယောစဉ်အမြစ်တွယ်ခဲ့ကြရသည်။
ကိုသက်လူက တောင်ပေါ်ဒေသ တိုင်းရင်းသားများ စာတတ်မြောက်ရေး အတွက် စာတမ်းတစ်ခုပြုစုပြီး ပညာရေးဝန်ကြီးဌာနအား တင်ပြရန်ပြင်ဆင်ထားသလို မခင်လေးနှင့် ကျောင်းသူများကလည်း တောင်ပေါ်ဒေသ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် စာတမ်းတစ်ခုရေးကြသည်။ ရဲခေါင်နှင့် အခြားကျောင်းသားများက လိုအပ်သည့်အချက်အလက် အကြောင်းအရာများကို ကူညီပံ့ပိုးပေးကြရသည်။
ရဲခေါင်တို့နှင့်အတူ လိုက်ပါလာကြသော ဆရာ ဆရာမများက ခရီးစဉ်တစ်လျှောက် အဖွဲ့၏စည်းကမ်းသေဝပ်မှုနှင့် ရဲခေါင်၏ ဦးဆောင်နိုင်စွမ်းရည်ကိုလည်း ချီးကျူးထောမနာပြုကြသည်။
"ကဲ နေမမြင့်ခင် ဆင်းကြစို့... လူစုံရင် ရွာသားတွေကို နှုတ်ဆက်ကြပါ"
ဆရာက အသိပေးပြီး ရွာသူကြီးမိသားစုနှင့် ရွာသားများကို နှုတ်ဆက်ကြရသည်။ ရွာသူရွာသားများက ရွာဓလေ့အတိုင်း ရွာထွက် သဘာဝကောက်ပဲသီးနှံများနှင့် လက်မှုပစ္စည်းများအား တနင့်တပိုးလက်ဆောင်ပေးကြလေသည်။
"ကိုလှတင် ... ခင်ဗျား အဲ့ဒီထောင်ပိုကြီးနှစ်ခုက ဘယ်လိုသယ်ဖို့များ တွေးသတုန်း... အမှတ်တရ တစ်ခုဆို တော်သင့်ပြီမဟုတ်လား... မသန်းကြည်တို့ကရော ကောက်ပဲသီးနှံတွေက သိပ်လေးရဲ့မဟုတ်လား... တောင်အောင်ပြန်ဆင်းရဦးမှာနော် သတိလည်းချပ်ကြဦး"
ရဲခေါင်က အဖွဲ့ကိုလူစစ်ရင်း လက်ဆောင်ပစ္စည်းများ သယ်ပိုးရန်ပြင်နေကြသူများကို အမြင်မတော်သဖြင့် ပြောရသည်။ တောင်ဆင်းလမ်းဆိုပေမယ့် အဆင်းချည်းပဲလည်း မဟုတ်ပြန်။ တောင်ခြေရောက်သည်အထိ ဆင်းလိုက် တက်လိုက်ဖြင့် ခရီးနှင်ကြရဦးမည်သာ။
"တစ်ခုက ကျုပ်အတွက်... တစ်ခုက လက်ဆောင်ပေးဖို့များသယ်ရမလားလို့ပါဗျာ"
YOU ARE READING
"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျ
言情၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့ ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ...