Ep 24 (U)

14K 1.8K 468
                                    

တက္ကသိုလ်ဆေးခန်းရှိ ခုတင်ပေါ်တွင် လှဲလျောင်း၍ ဂလူးကိုစ့်ပုလင်းကြီးချိတ်ကာ အားဆေးသွင်းနေရသော ကိုသက်လူအားကြည့်၍ ရဲခေါင်ရင်နင့်နေရသည်။

အရေးပိုင်မင်းကြီးက ရန်ကုန်ဆေးရုံကြီးသို့ ခေါ်သွားရန်စီစဥ်သော်လည်း ထိုမျှအကွာအဝေးကိုပင် ရဲခေါင်မှာစောင့်စားနိုင်စွမ်းမရှိပါပေ။ ပွဲအပြီးတွင် တင်းထားသမျှသော စိတ်တို့ကိုလျှော့ချလိုက်ဟန်ဖြင့် ရဲခေါင်၏ရင်ခွင်ထဲ၌ သတိလစ်သွားခဲ့သော ကိုသက်လူအား ပွေ့ချီကာ ကျောင်းဆေးခန်းသို့ သွေးရူးသွေးတန်းပြေးခဲ့မိရ၏။

ဆေးထိုးအပ်မရှိသည့် ဘယ်ဘက်လက်မှ လက်ဖဝါးကလေးအား ဖွဖွဆုပ်ကိုင်လျက် ရဲခေါင်ရင်နာနေမိရသည်။ အစာမစားဘဲ ဆန္ဒပြရသတဲ့လား။ မောင်နဲ့ ထပ်တူချစ်ပေးလို့ ပျော်ရသလို အနားမှာရှိမနေပေးနိုင်ခဲ့သည့်အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ် မောင့်သက်လူရယ်။

ကိုသက်လူ၏ ဖြူသွယ်၍နူးညံ့သော လက်ဖဝါးအား ပွတ်သပ်ရင်း ရဲခေါင်ပါးနှင့်ကပ်ထားမိသည်။ ထို့နောက် နှုတ်ခမ်းဖြင့်လည်း ဖွဖွနမ်းမိ၏။ သည်လက်တွေ၏ အထိအတွေ့ကလေးကပင် ပါးပြင်ဆီမှတဆင့် နှလုံးအိမ်အထိပင် နွေးထွေးသွားလိုက်သည့်ဖြစ်ခြင်း။ ရဲခေါင် မျက်လုံးတို့ကို မှိတ်ထားမိစဥ် ခဏ၌....

"သဘောကျသလား ကိုရဲခေါင်"

"ဟင်"

ကိုသက်လူထံမှ ထွက်ပေါ်လာသည့် ခပ်တိုးတိုး အမေးစကားကြောင့် ရဲခေါင် မျက်လုံးတို့ကို အလျှင်စလိုဖွင့်ကြည့်မိလိုက်သည်။

"ကိုသက်လူ!... သတိရပြီလား"

"ကျွန်တော့လက်ကို သိပ်များသဘောကျနေသလား"

ရဲခေါင် ရှက်ပြုံး ပြုံးလိုက်မိသည်။ သတိမေ့နေသည့်သူအား အသားယူနေမိသလိုဖြစ်နေရပြီး လူမိသွားသည့်အဖြစ်။ ရဲခေါင်က ကိုသက်လူ၏ နဖူးပြင်အား လက်ဝါးနှင့်အုပ်ကာ အပူချိန်စမ်းကြည့်လိုက်ပြီး...

"လက်မှ မဟုတ်ပါဘူးလေ.... ကိုသက်လူ တစ်ကိုယ်လုံး သဘောမကျတဲ့နေရာရယ်လို့ကို မရှိပါဘူး... မောင် အားလုံးမြင်ဖူးထားပြီးသားပဲ မဟုတ်လား... တစ်ခါတောင် မကပါဘူးလေ"

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now