"ဘယ့်နှယ်ဖြစ်ရသလဲ မောင်ရဲခေါင်"
ဝါဒင်က စားပွဲ၌ထိုင်လျှက် အံ့သြစိတ်ပျက်ဟန်ဖြင့် ရဲခေါင်အား မော့ကြည့်ကာ မေးခွန်းထုတ်လာသည်။
"ဒီတစ်ခါမို့ ခွင့်လွှတ်ပေးစေချင်ပါတယ် ဝါဒင်"
"မောင်သက်လူ"
"ဟုတ်ကဲ့ နားထောင်နေပါတယ် ခင်ဗျ"
"မောင်ရင်ကရော အဆောင်ပြန်ဝင်တာ ဘာကြောင့် ဂိတ်မှာ လက်မှတ်မထိုးခဲ့ရသလဲ... နောက်ပြီးတော့ ဟောဒီယုန်ကရော"
ဝါဒင်၏စားပွဲပေါ်၌ နှီးခြင်းကြားထဲရှိ ယုန်ဖြူကလေးမှာ အပြစ်ကင်းစွာဖြင့် ဝပ်နေလေ၏။ ကိုသက်လူက မျက်နှာမကောင်းစွာဖြင့် ဝါဒင့်အားကြည့်လိုက်ပြီး...
"အိမ်မယ် စောင့်ရှောက်ပေးမဲ့သူ မရှိလို့ပါ ဝါဒင်"
"တယ်ခက်ကြတာပဲ မောင်ရင်တို့ တက္ကသိုလ်ကျောင်းသား ကောလိပ်ဂျီယမ် တွေဖြစ်နေပြီ ကလေးသူငယ်များလည်း မဟုတ်ပေတော့ဘူး ကျောင်းဆောင်မယ် တိရစ္ဆာန်မွေးခွင့်မရှိတာလည်း အသိသားပဲ မဟုတ်လား"
ကိုသက်လူက ခေါင်းငုံ့သွားသည်။ ရဲခေါင်မှာ မနေသာတော့...
"ဟို... ဝါဒင်ခင်ဗျ... ကျွန်တော်တို့ ကျောင်းဆောင်ပေါ်မှာ မထားပါဘူး... စားဖိုဆောင်က ဘွိုင်တစ်ယောက်ဆီမှာပဲဖြစ်ဖြစ် ကျောင်းဝန်းထဲကဂျာဒူးဆီမှာပဲဖြစ်ဖြစ် ခဏအပ်ထားပါရစေ"
ဝါဒင်မှာ ရဲခေါင်အား လိမ္မာသောကျောင်းသားတစ်ယောက်အနေဖြင့် ခင်မင်ရင်းစွဲရှိပြီး ပင်ကိုသဘောသကာရကောင်းသူဖြစ်ရကား တစ်ချက်မျှစဉ်းစားနေပြီး...
"ကောင်းပြီလေ ဂျာဒူးဆီမှာ အပ်ထားလိုက်တာပေါ့... မောင်သက်လူ အိမ်မှာစောင့်ရှောက်မယ့်သူရှိတာနဲ့ ချက်ချင်းတော့ပြန်ပို့လိုက်ပါ"
"ကျေးဇူးတင်ပါတယ် ဝါဒင်"
"နောက်တစ်ခုက မောင်ရဲခေါင်တို့ ကိုယ့်အပြစ်ကိုယ်သိသလား"
"သိပါတယ် ဝါဒင်"
"ကျောင်းဆောင်ထဲ အရက်သေစာသောက်စားပြီး အခန်းစစ်တော့လည်း လူမရှိဘဲတစ်ညလုံးပျောက်နေတာ... ကျောင်းဆောင်အပြင်မထွက်ဘူး ဆိုပေမယ့်လည်း ဒါစည်းကမ်းဖောက်ဖျက်တာပဲ... မောင်ရင်တို့နှစ်ယောက်လုံး ခံဝန်လက်မှတ်ထိုးရမယ်... နောက်တစ်ကြိမ်ဆို အိမ်ကိုတိုင်စာပို့ရလိမ့်မယ်"
ΔΙΑΒΑΖΕΙΣ
"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျ
Ρομαντική၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့ ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ...