Ep 1 (Z)

6.8K 227 5
                                    

ခရစ်နှစ် ၁၉၃၇ ခုနှစ်-
မြန်မာနိုင်ငံအား ဗြိတိသျှလက်အောက်ခံ အိန္ဒိယအင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ထားခဲ့ရာမှ အိန္ဒိယမှ ခွဲထွက်ခွင့်ပြုကာ ၉၁ ဌာနအုပ်ချုပ်ရေးကို ပေးအပ်ခဲ့ချိန်ဖြစ်သည်။

"တကောင်း ကျောင်းဆောင်"

ဆင်ဝင်ရှေ့ရှိ ဆိုင်းဘုတ်ကို ခေါင်းမော့ဖတ်ရင်း ရဲခေါင် တစ်ယောက် ကျေနပ်စွာပြုံးမိလိုက်သည်။ ရဲခေါင်၏ ဒုတိယအိမ်ဟု ဆိုရလောက်အောင်ပင် ရင်နီးကျွမ်းဝင်နေခဲ့ရသည့် သည်နေရာက ရဲခေါင်ကဲ့သို့ အဆောင်နေကျောင်းသားများ၏ တစ်နှစ်တာပတ်လုံး ခိုကိုးရာတစ်ခုပင်။

ပျင်းရိငြီးငွေ့ဖွယ် နွေရာသီကျောင်းပိတ်ရက်များကို ကျော်လွန်ဖြတ်သန်းခဲ့ပြီးသည့်နောက်မှာတော့ အမိတက္ကသိုလ်ကြီးက ရဲခေါင်တို့လို ကျောင်းသားကျောင်းသူများအတွက် ရင်ခွင်တံခါးကြီးအား တစ်ဖန်ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြန်ပေပြီ။

ယခုနှစ်က ရဲခေါင်၏ ဒုတိယမြောက်စာသင်နှစ်ဖြစ်သော်လည်း အစ ပထမနှစ်ကဲ့သိုပင် စိတ်လှုပ်ရှား ရင်ခုန်နေမိရပြန်ပါသည်။ တက္ကသိုလ်မြေသည် နုသစ်လှစွာသော စိတ်ခံစားချက်များကို ပေးနိုင်လွန်းလှချေ၏။

တကောင်းကျောင်းဆောင်အောက်ထပ် ဆင်ဝင်ဘေးတွင် အိပ်ရာလိပ်၊ သံသေတ္တာနှင့် အထုပ်ပိုးများကို အငှါးယာဉ်ပေါ်မှ ဆွဲချလိုက်ပြီး ပုံထားလိုက်သည်။ ထို့နောက် ထမင်းစားဟောလ် ဘေးမှ ဝါဒင်ဟုခေါ်သော အဆောင်မူးနေထိုင်ရာရုံးခန်းဘက်သို့ ခြေဦးလှည့်ရ၏။

"ဟော ဘယ့်နှယ်လဲ... ကိုရဲခေါင်... ဒီနှစ် အဆောင်ဝင် တယ်နောက်ကျလှချည့်လားဗျ...ကျုပ်ဖြင့် ခင်ဗျားဆီ စာတောင် ပို့တော့မလို့ ကြံနေပြီ"

"ဪ... ကိုဘမြင့်"

ဝါဒင်၏ ရုံးခန်းအပေါက်ဝတွင် အခန်းတွင်းမှ ထွက်လာသော အတန်းဖော် ကိုဘမြင့်နှင့် တွေ့နေသဖြင့် နှုတ်ဆက်ရသည်။ ကိုဘမြင့်က သူ့ထုံးစံအတိုင်း ဘိုကေဆီရွှဲလျက် အဆောင်ရောက်ခါစမို့ အပေါင်ဆိုင် မရောက်သေးသော ပိုးပုဆိုးတရွှမ်းရွှမ်းနှင့် မြို့ထဲသွားပွေရန် အဆင်သင့်ဖြစ်နေပုံ။ ဒီနှစ် ရဲခေါင်က အဆောင်ဝင် နောက်ကျနေသဖြင့် ကိုဘမြင့်တို့က အခန်းပင် ရပြီးနေကြပြီ။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now