Ep 26 (Z)

3.1K 141 17
                                    

ရဲခေါင် ထမင်းစားဆောင်မှ ကာဖီရေခါးခါးတစ်ခွက်နှင့် ကြက်ဥပူတင်းပူပူလေးအား လင်ဗန်းနှင့်သယ်လာစဉ် နောက်ပါးဆီမှ ကိုလှတင်၏ အသံဗြဲကြီးအား ကြားလိုက်ရ၏။

"အလို! ဟိုရှေ့နားဆီက စားတော်ပွဲတွေ သယ်ဆောင်ပြီး သုတ်ခြေတင်နေတဲ့သူက ကျွန်တော်မျိုးတို့ ဘဝရှင်မင်းတြားကြီး ဦးအောင်ဇေယျမှတ်တယ်"

"ကျစ်!"

ရဲခေါင် စိတ်ညစ်သွားရသည်။

"ရာဇအိနြေ္ဒ ချတော်မူလို့ ကိုယ်တော်တိုင် ဆင်းသယ်ယူလာပုံထောက်ရင်ဖြင့် ကြင်ယာတော်မင်းသားလေးများ နာဖျားနေရော့သလား ဘုရာ့"

"ကိုလှတင် တိုးတိုးနေစမ်းပါလား... ကိုသက်လူ အိပ်ပျော်နေသေးတယ် နိုးသွားမှဖြင့်"

"အို... ဒီအချိန်ထိ မထနိုင်သေးပုံထောက်တော့ ကိုယ်များနွမ်းနယ်နေရော့သလား... ညကလည်း အဆောင်က ခိုးထွက်ပြီး ဘယ်နေရာ ဘယ်စံနန်း မြန်းတော်မူနေကြသလဲ ဘုရာ့ကျွန်တော်မျိုးကို မိန့်တော်မူပါဦးဘုရား"

"ကိုလှတင်!!"

ရဲခေါင်မှာ ဘေးဘီကိုကြည့်၍ ကိုလှတင်အား ကိုသက်လူ၏ အခန်းတွင်းသို့ ဆွဲသွင်းပြီး တံခါးကိုအမြန်ပိတ်လိုက်ရသည်။

"တိုးတိုးပြောစမ်းပါ ကိုလှတင်ရယ်... တော်တော်ကြာ တခြားကျောင်းသားတွေ ကြားကုန်မှဖြင့် ဂွကျကုန်တော့မှာပဲ"

ရဲခေါင်တို့၏ အသံများကြောင့် ကိုသက်လူက နိုးလာပြီး ခုတင်ပေါ်တွင် ထထိုင်လိုက်သည်။

"ကိုသက်လူ နိုးသွားသလား... ကျောင်းချိန်မီသေးတာမို့ နည်းနည်းဆက်အိပ်ချင် ရသေးသားပဲ... ဒီလူက ဆူနေတာနဲ့ ဆွဲခေါ်လာရတာ"

ရဲခေါင်က နံနက်စာလင်ဗန်းကို ကိုသက်လူ၏ဘေးရှိ စားပွဲပေါ်တွင် တင်လိုက်သည်။

"ရေတစ်ခါတည်းချိုးချင်သလား ကိုသက်လူ... မနက်စာ အရင်စားချင်သလား... အခန်းထဲမှာပဲ ကိုယ်လက်သန့်စင်ပြီး စားချင်သလား... မောင် ရေသွားခပ်လိုက်မယ်... ဒီမျက်နှာသုတ်ပုဝါ ရေဆွတ်ခဲ့ရမလား"

ကိုလှတင်က စားပွဲရှိခုံမှာ ဝင်ထိုင်ပြီး ရဲခေါင်လုပ်သမျှကို ပါးစပ်အဟောင်းသားဖြင့် လိုက်ကြည့်နေသည်။ ကိုသက်လူက အနေရခက်စွာဖြင့် ရဲခေါင်အား တား၏။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now