Intro

43.6K 2.1K 177
                                    

၁၉၃၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညတ်ချက်တွေကိုဆန့်ကျင်ရုန်းထွက်ပြီး ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့တယ်... တွန့်ဆုတ်ခြင်းကင်းစွာနဲ့  ထိုချစ်ခြင်းတရားကို ဖော်ဆောင်ခဲ့သူက ရဲခေါင် ဆိုသည့်အမျိုးသားတစ်ယောက်... ရဲခေါင်ရဲ့ ချစ်ခြင်းတရားဟာ သူမြတ်နိုးရတဲ့ စတီဗင်သက်လူ ဆိုသည့် အမျိုးသားတစ်ယောက်အပေါ်မှာ ဘယ်လောက်ထိ စိတ်လုံခြုံမှုတွေ ပေးစွမ်းနိုင်ပါမလဲ...

"စတီဗင်သက်လူ၏ ကာဖီရေတစ်ခွက်" တဲ့...

ဒီ Fiction ကို ရေးဖို့ ပုံမှန်ထက်ပိုပြီး စိတ်လှုပ်ရှားရတယ်... ဘာလို့လဲဆိုတော့ DiDi တို့ ၁၉၃၀ ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မြေကို ပြန်ပြီးခြေချကြရမှာမို့ပါ... ဘလေဇာကုတ်တွေ ဘန်ကောက်လုံချည်တွေနဲ့ သူ့ခေတ်သူ့အခါအလိုက် လန်းခဲ့ကြတဲ့ ကိုကို ဘီအေ ကျောင်းသားတို့ကို မြင်ကြရဦးမှာ..

အဲ့ဒီခေတ် အဲ့ဒီပတ်ဝန်းကျင်အကြောင်းကို ရှေးဆရာကြီးတွေရေးကြတဲ့ စာအုပ်တွေဖတ်လိုက်ရတိုင်းမှာ DiDi တော့ လွမ်းလွမ်းဆွေးဆွေးနဲ့ ကိုယ်တိုင်ပြန်ရောက်သွားခဲ့ရသလို သက်ဝင်ခဲ့မိရတာချည်းပဲ... ငါဟာ သေချာပေါက် အဲ့ဒီခေတ်မှာ လူဖြစ်ခဲ့ဖူးသေးတယ်လို့ကို တစ်ထစ်ချယုံကြည်နေမိတဲ့အထိကိုပါပဲ...

အခွင့်အရေးများရခဲ့ရင်တော့ စစ်ကြိုခေတ်ကို တစ်ခါလောက်တော့ ပုံဖော်ဖြစ်ချင်ခဲ့သေးတာ... အခုတော့ DiDi နဲ့အမြဲတူတူရှိပေးကြတဲ့ အားဆေးလေးတွေရှိလာပြီမို့ စိတ်ကူးတွေကိုလက်တွေ့ အကောင်အထည်ဖော်ဖြစ်သွားခဲ့ပြီ...

ဇာတ်လမ်းအကြောင်းကို အများကြီးကြိုမပြောပြတော့ဘူး DiDi ထုံးစံအတိုင်း ခေတ်ဟောင်းက အမျိုးသားနှစ်ယောက်ရဲ့ မေတ္တာတရားတွေကို ကြိုးစားပြီး ဖော်ဆောင်ပါ့မယ်... ငြိမ့်ငြိမ့်သိမ့်သိမ့်လေး သွားကြမယ်...

ဒီဇာတ်လမ်းက DiDi မမှီလိုက်တဲ့ ရှေးခေတ်အနေအထားမို့ အဲ့ဒီကာလရဲ့ ပတ်ဝန်းကျင်အနေအထား စကားအသုံးအနှုန်းနဲ့ ကာလံဒေသံတွေကို ဖတ်ရှုမှတ်သားဖူးခဲ့တဲ့ စာအုပ်တွေထဲကနေ မှီငြမ်းပါမယ်...
လွဲချော်မှုလေးတွေရှိခဲ့ရင် အပြုသဘောနဲ့ ထောက်ပြဝေဖန်ပေးကြပါဦး.... ဇာတ်လမ်း ဇာတ်ကွက် plots တွေကတော့ DiDi ရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းအတိုင်းသွားပါမယ်...

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျOpowieści tętniące życiem. Odkryj je teraz