အခုဆိုရင် သူလည်း အသက် ၁၀နှစ်ထဲရောက်လို့ ဂျီမင်လည်း ၆နှစ်ကျော်ဖြစ်လာသည်။ကလေးလေးဟာ သူတို့အိမ်မှာဘဲ အနေများသည်။ သူ့ကိုလည်း အရမ်းခင်တွယ်ကာ သူ့အနားဘဲ ကပ်နေတတ်သည်။
"သားတို့ရေ "
"ဗျာ မာမီ"
"ဗျာ မာမီ"
ကလေးပေါက်က သူထူးတဲ့အတိုင်း မာမီခေါ်တာကို လိုက်ထူးလို့ အသည်းယားစွား ပါးဖောင်းဖောင်းလေး ဆွဲလိုက်မိသည်။
"အ နာတယ်လေ ကိုကိုရယ်။သားပါးလေး ပေါက်ထွက်သွားရင် ကိုကိုလျော်ပေးနိုင်တာလဲ ဟုတ်ဖဲနဲ့"
သူဆွဲလိုက်တာ ခပ်ဖွဖွကို ကိုအကဲပိုလေးက ငြူစူသံလေးနှင့် မျက်စောင်းလှမ်းထိုးတာကို ခံလိုက်ရသေးသည်။
"ကဲတော်ပီ ညီကိုနှစ်ယောက်။ဂျီမင်နီးတို့ ဟိုဘက်ခြံမှာ အိမ်၀ယ်လိုက်တဲ့သူတွေ ပြောင်းလာပီ ။အဲ့တာ အခု အောက်မှာ လာနှုတ်ဆက်နေတာ ဂျီမင်းနီး မေမေရော ရောက်နေပီ ။ဆင်းလာခဲ့ကြအုံး"
"ဟုတ်ကဲ့ မာမီ"
"ဟုတ်ကဲ့ မာမီ"
သူပြောတဲ့တိုက်း လိုက်ပြောနေတဲ့ ပါးဖောင်းလေးကို အူယားလွန်းလို့ ကုတင်ပေါ်ကနေ ဆံပင်လေးကို ဆွဲဖွကာ အမြန်ပြေးဆင်းလာရသည်။ကိုယ်တော်ချောလေးကတော့ အနောက်မှာ အော်ကြောလန်နေရော.....
သူတို့အောက်ရောက်လာတော့ ဂျီမင်နဲ့အရွယ်တူ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ကြည့်ပါအုံး အရုပ်မျက်နှာလေးနဲ့ ဆံပင်ရှည် ကလေးမလေးဟာ သူ့မျက်စိထဲမှာ အရမ်းချစ်စရာ ကောင်းနေသဖြင့် ဂျောင်ကု မျက်တောင် မခပ်ဖဲ ကြည့်နေမိသည်။
ဂျီမင်ဟာလည်း ကိုကို ကြည့်နေသော ကောင်မလေးကို အလိုမကျစွာ ကြည့်နေမိသည်။
"ကဲ သားတို့ ထိုင်ကြ ....ဒီဘက်က ဦးတို့က ဂျီမင်နီတို့ရဲ့ ဟိုဘက်ခြမ်းက ခြံကို ပြောင်းလာကြတာ နှုတ်ဆက်လိုက်ကြအုံး နောက်ဆို တူတူဆော့ကြနော်"
ဒယ်ဒီမိတ်ဆက်ပေးတာကိုတောင် မကြားနိုင်လောက်အောင် သူ ငေးမောနေမိတော့ ကလေးပေါက်ရဲ့ အသံစူးစူးလေး ထွက်လာတော့သည်
"ကိုကို မိတ်ဆက်လိုက်အံုးလေ ဘာဖြစ်နေတာလဲ"
"အာ ဟုတ်ကဲ့ ။ မဂ်လာပါ ဦး သားနာမည်က Jeon Jungkook ပါဗျ ။အသက် ၇နှစ်ရှိပါပီ ..."
"သားသား နာမည်က ပတ်ဂျီမင်ပါဗျ အသက် ၆နှစ်ပါဗျ"
"တွေ့ရတာ ၀မ်းသာပါတယ် ကလေးလေးတို့ရေ။ဦးတို့သားဖနှစ်ယောက်က ခုမှ ဩစတြေးလျကနေ ပြောင်းလာကြတာ။ ဦးသမီးလေးကလည်း တစ်ယောက်ထဲဆိုတော့ သားတို့နဲ့ ခေါ်ဆော့ေပးအုံးနော်။ ညီမလေးက တစ်ဦးထဲသောသမီးလေး မိတဆိုးလေးဆိုတော့ နဲနဲဆိုးတယ်ကွယ်။ သမီးလေးက ဂျီမင်လေးထက် အသက်နဲနဲ ကြီးမယ်ထင်တယ်။နောက်လဆို ၇နှစ်ပြည့်တော့မှာ။ သမီး မိတ်ဆက်လိုက်ပါအုံး"
"Hi မဂ်လာပါ Lee Lora လို့ ခေါ်ပါတယ်။နောက်လည်း ခင်ပေးပါအုံးနော်။ ကိုကိုလို့ဘဲ ခေါ်မယ်နော်"
ကလေးမလေးဟာ ရုပ်လေးလည်း ချစ်ဖို့ကောင်းသလို စကားပြောတာလဲ အသွက်ကလေးမို့ လူကြီးတွေနဲ့ သူကတော့ ချစ်စနိုးဖြင့် စနေကြသည်။
မစနိုင်တာ ဒီဘက်ခြမ်းက ပတ်ဂျီမင်။သူ့နေရာကို တစ်ယောက်ယောက်က ယူတော့မလိုဆိုတဲ့ ခံစားချက်မျိုးဖြင့် မပြုံးနိုင် မပျော်နိုင်ခဲ့...
"ရတာပေါ့ loraလေးရဲ့ ကိုကိုလို့ ခေါ်နော်"
"အဲ့ဆို နောက် သမီးလေးလည်း ဆော့ချင်ရင် ဒီဘက်က ကိုကိုတို့နဲ့ လာဆော့နော် "
"ဟုတ်ကဲ့ ဒယ်ဒီ"
^^^^^^^^^^^^^^^^^^
တစ်ဖြည်းဖြည်းနဲ့ ရက်သတ္တပတ်တွေ ကုန်လာတော့ ဂျီမင်လေးတို့လည်း ၈နှစ်ဆိုတဲ့ အရွယ်ကို ရောက်လာကာ ကျောင်းတတ်တဲ့အရွယ်ကိုရောက်လာပိး Jungkook လည်း ၁၂နှစ်ထဲ ရောက်လာသည်။
ဂျီမင်လေးဟာ ကြီးလာလေ ပါးလေးဖောင်းလေ မျက်လုံးလေးဟာလည်း တစ်ဖြည်းဖြည်း မျက်ပေတုံးလေး ဖြစ်လာသည်။
"သားငယ်လေး အခုနောက်ပိုင်း ဟိုဘက်က တီတီတို့ဆီ သွားမလည်တော့ပါလား ....ဘာဖြစ်လို့လဲ"
အရင်ကဆို ဆိုရာတစ်ယောက် သူမ ဆိုင်ပိတ်ရက်တွေဆို သားလေးနဲ့ တူတူ အချိန်ဖြုန်းပေးချင်ပေမယ့် ကလေးလေးက Mrs.Jeonတို့ကိုဘဲ ခင်တွယ်ကာ အမြဲ သွားလညိနေတတ်သည်။ ဒါပေမယ့် အခုနောက်ပိုင်းတွင်တော့ အဲ့လို မဟုတ်တော့....
"ဘာမှမဖြစ်ပါဝူး မား ။ သားသားက မားနဲ့ နေချင်လို့ပါ"
"တကယ်နော် ။ တစ်ခုခုဆို မားကို ပြောနော်"
"ဟုတ်ကဲ့"
တကယ်တော့ ဂျီမင်တစ်ယောက် ကိုကိုတို့အိမ်ဘက်ကို မသွားချင်ပါ။ ကိုကိုဟာ သူ့ထက် နောက်မှ ပေါက်တဲ့ ရွှေကြာအပေါ်ကို ပိုခင်တွယ်နေတာကို မခံစားနိုင်။ကိုကိုဟာ သူ့ထက် Loraကို ပိုချစ်ပေးသလို သူ့ထက်လည်း အရေးပေးသည်။အရင်က ကိုကို့အနားမှာ သူဘဲ အမြဲကပ်ခဲ့ပေမယ့် အခုတွင်တော့ Lee Loraသာ အမြဲကပ်နေသည်။သူ့တွက် နေရာမရှိတော့ပီ....
ဟိုတစ်လောက ကိုကိုတို့အိမ်မှာ loraနဲ့ သူနဲ့ တူတူဆော့နေတုန်း Loraဟာ သူ့အား အနောက်သို့ အားနှင့် တွန်းလဲလိုက်သည်ကို စိတ်ဆိုး၍ ပြန်တွန်းမယ် လုပ်တော့ ကိုကိုဟာ သူတွန်းမယ်လုပ်သည့်ပုံကိုဘဲ မြင်၍ သူ့ကိုသာ ဆူခဲ့သည်။loraဟာ မျက်ရည်လေးစမ်းတမ်းနဲ့ ကိုကို့ရင်ခွင်ကို အပိုင်သိမ်းနိုင်ပေမယ့် သူ့ကိုတော့ လက်ထောက်လဲမိ၍ လက်ဖဝါးလေးပွန်းခဲ့တာကို ကိုကို မသိခဲ့ပါ....
^^^^^^^^^^^^^^^^^^
Jung kook တစ်ယောက် အခုတလော ပိတ်ရက်တွေဆို ဟိုဘက်အိမ်က ပါးဖောင်းကလေး လာမလည်တော့တာကို သတိထားမိနေသည်။ ဟိုတစ်လောက loraနဲ့ ရန်ဖြစ်တာကို မင်း ယောက်ျားလေးဖြစ်ပီး မိန်းကလေးကို လုပ်ရသလားဆိုပီး အော်ခဲ့မိလို့များလား။ဒါမှမဟုတ် အသက်အရွယ်ဟာ ၈နှစ်ဆိုတဲ့အတိုင်းအတာတွင် ယောက်ျားလေးဆိုတော့ ဘယ်သူ့ကိုမှ ကပ်မချွဲချင်တော့တာလား စဉ်းစားမိသည်။
စဉ်းစားကြည့်ရင် အဲ့လို မချွဲချင်တာလည်း မဖြစ်နိုင်ပေ ....ကလေးလေးဟာ အချိန်တိုင်းသူ့အနား ကပ်ချင်နေတာကို သူသတိထားမိသည်။
ဒါဆို စိတ်ကောက်နေလို့ များလား သူ့ထက် ချစ်ပီးပိုခင်ရမယ့်သူ တွေ့သွားလို့ များလား ....ဒီလိုဆိုရင်တော့ သူလက်မခံန်ိုင်ပါ...ပတ်ဂျီမင်က သူ့ကို ခင်နေတာဘဲ လိုချင်သည်။ ငယ်ငယ်ကလို မာမီလုပ်ကျွေးတဲ့ ကင်ချီထမင်းကြော်တွေကို တူတူလုစားချင်သေးသည်။
အခုဆို loraသာ အိမ်လာလည်နေပီး ကလေးပေါက်လေးကိုတော့ မတွေ့ရတာ နှစ်ပတ်ခဲ့ရှိပီ.... မာမီက အိမ်မလာလို့ ဟိုဘက်အိမ်သွားခေါ်တိုင်း အိပ်နေသည်ဟူ၍သာ အိမ်ဘက်ပါမလာခဲ့....
မာမီဟာလည်း ကလေးလေးလာမယ့်အချိန်ကို တမျှောမျှော။ ကျွန်တော်ကတော့ ဂျီမင့်ထက် loraလေးကို ပိုဦးစားပေးမိတာ ၀န်ခံပေမယ့် ဒယ်ဒီရယ် မာမီရယ်ကတော့ ကလေးလေးကိုသာ ပိုချစ်သလို...
ဒီနေ့တော့ အဲ့ဘက်အိမ်ကို သွားပီး ပါးဖောင်းလေးကို ရအောင်ခေါ်ခဲ့အုံးမယ် ကြည့်နေ.....
^^^^^^^^^^^^^^^^^^^
"အန်တီပတ်ခ်ရေ"
"ဟယ် သားJungkook၊ အိမ်လာလည်တာလား"
"ဟုတ်တယ် အန်တီသားလည်း ပိတ်ရက်ဆိုတော့ ကလေးပေါက်လေးကို တွေ့ချင်လို့ အခုတစ်လော အိမ်လာမလည်တာ ကြာတော့ မာမိရော ဒယ်ဒီရောက ပေါက်စလေးကို တွေ့ချင်နေတာ"
"ဟုတ်တယ် သားရေ ။ကလေးငယ်က ဘာဖြစ်တာလဲ မေးတော့လည်း မဖြေ ကျောင်းကပြန်လာတော့လည်း အိမ်စာပါတယ်ဆိုပိး ဘယ်မှ မထွက်တော့ဝူး"
"ဟုတ် ဟုတ် အဲ့ဆို ပေါက်စ အပေါ်မှာလား ၊သားခေါ်သွားလိုက်အုံးမယ် ။မာမီက ကင်မ်ချီထမင်ကြော်ထားတယ်ဆိုလို့"
"အေး သားလေး သွားခေါ်ချည် ၊အန်တီလည်း ဆိုင်က စာရင်းလေးတွေ လုပ်လိုက်အုံးမယ်"
Jung kook အပေါ်ရောက်တော့ ကလေးပေါက် အခန်းတခါးလေး ခေါက်လိုက်သည်...
"ဒေါက် ဒေါက်"
"ချပ်"
တံခါးကို ချက်ချင်းလာဖွင့်ပီး ကျွန်တော့်ကိုတွေ့တော့ အံ့ဩသွားပုံပင်...
"ကိုကို ဘာလာလုပ်တာလဲ"
"ပေါက်စကို လာခေါ်တာ ။မာမီက ပေါက်စကြိုက်တဲ့ ဟင်းချက်ထားတယ်တဲ့ ။ကိုကိုနဲ့ လိုက်ခဲ့နော်"
"သား မလိုက်တော့ပါဝူး ကိုကို သားအိမ်စာရေးရအုံးမယ်"
ကိုကိုခေါ်တာ မလိုက်ချင်ပါဝူး....ပီးရင် သူ့ရှေ့မှာ loraကို တစ်ပွေ့ပွေ့နဲ့ ကဲသဲပြအုံးမယ်...
"ကလေးလေးကလည်းကွာ အဲ့လောက် မကြိုးစားပါနဲ့ လိုက်ခဲ့ပါ။ မာမီ့ကို မသနားဝူးလား ကလေးလေးစားဖို့ ချက်ထားတာလေ..."
ဟုတ်သားဘဲ သူ့ကို ကိုကို့အဖေနဲ့ အမေက အရမ်းချစ်တာ ...ဒီလိုကြီး ပစ်ထားလိုက်လို့လဲ မကောင်းဝူးဟု ထင်မိသည်။...
"အဲ့ဆို အိမ်မှာ ဦးဖေရော မာမီရော ရှိလား"
"ရှိတာပေါကွာ လိုက်မှာဖြင့် လိုက်ခဲ့စမ်းပါကွာ မင်းဟာကလည်း ဈေးကိုင်လိုက်တာ..."
"ပီးရော သွားမယ် ဟွန့်"
သူ့ကို မျက်စောင်းထိုးကာ အရင်ထွက်သွားသော ဖင်ကောက်လေး...။တကယ်ဆို Loraက မိန်းကလေးပေမယ့် ဂျီမင့်ထက် အရမ်းထွားသည်။ ဂျီမင်သာ သေးသေးလုံးလုံး ပါးဖောင်းလေးနဲ့ ဖြစ်နေတာ။
အောက်ရောက်တော့
"မားရေ သား ဦးဖေတို့ဘက် သွားလိုက်အုံးမယ်။ထမင်းကို ကိုကိုတို့အိမ်ကဘဲ စားလိုက်တော့မယ်နော်"
"အေးအေး သားငယ်လေး "
^^^^^^^^^^^^^^^^^^^
"မာမီရေသားလာတယ်"
"အယ် မာမိ့သားလေး လာလာ လွမ်းနေတာ ။ကြည့်ပါအုံး ပါးလေး ဖောင်းလာလိုက်တာ ကလေးလေးက"
"ချစ်ဖို့ကောင်းဝူးလား"
"ဘယ်နားလေး ကောင်းနေလို့လဲ ဖင်ကောက်"
"ကိုကို့"
သူ့ကို စပီး ပြေးတော့ အနောက်ကနေ လိုက်ရိုက်နေတဲ့ ကလေးပေါက် ။ထမင်းစားခန်းထဲ ၀င်ပြေးလိုက်တော့ ထမင်းစားစားပွဲတွင် loraက ကင်မ်ချီထမင်းကြော်တောင် စားနေလေပီ....
သူတို့နှစ်ယောက်လုံး လှုပ်ရှားမှုတွေ ရပ်တန့်သွားကာ ကလေးပေါက်လည်း ငြိမ်ကြသွားသည်။
ထိုချိန် မာမီ ထမင်းစားခန်းထဲ ၀င်လာပီး...
"ကလေးလေးရော စားတော့မှာလား"
"ဟုတ်ကဲ့ မာမီ"
သူရယ် ကိုကိုရယ် Loraရယ် သုံးယောက်သား ထမင်းစားပီး ကိုကိုကတော့ သူ့အခန်းထဲ ပြန်၀င်သွားသည်။
သူရယ် Loraရယ်ကတော့ မာမီနဲ့ တူတူ ခြံထဲက ပန်းပင်ရှေ့တွင် ဆော့နေကြသည်။
ထိုစဉ် ခြံရှေ့တွင် ရေခဲမုန့် တွန်းလှည်းသံလေး ကြားတော့....
"အန်တီ lora ရေခဲမုန့်စားချင်တယ်"
"သမီးလေးက စားချင်လို့လား ကလေးလေးရော စားချင်လား"
"ဟုတ် မာမီ"
"လာလာ မာမီတို့ သွား၀ယ်ကြမယ်"
တံခါးဖွင့်ပီး ခြံရှေ့ ထွက်လိုက်ချိန်တွင်
Loraမှ ဟိုဘက်ခြမ်းရှိ ရေခဲမုန့်သည်ဆီ အပြေးလေး လမ်းကူချိန်တွင်...
တစ်ဖက် လမ်းကွေ့မှ ပြိုင်ကားဟာလည်း အရှိန်မလျော့ဘဲ မောင်းလာတာအား...
Mrs.Jeonတွေ့ပီး Loraအား တွန်းထုတ်ကာ ကားရှေ့တွင် အရှိန်နှင့် အတိုက်ခံလိုက်ရတော့သည်...
"ဒိန်း...."
"မာမီ"
"အန်တီ"
"ကယ်ကြပါအုံး မာမီ့ကို ကယ်ကြပါအုံး"
ဂျီမင်တစ်ယောက် သွေးအလိမ်းလိမ်းနှင့် မာမီ့အား ဖက်ကာ အကူအညီတောင်းနေတော့သည်။
ထိုစဉ် ခြံထဲမှ ဂျီမင့်အမေရယ် Jungkoomရယ် Jungkook ဒယ်ဒီရယ် ထွက်လာပီး လမ်းမထက်က အခြေအနေများကို မယုံကြည်နိုင်စွာ ကြောင်အနေကြသည်။
Mr.Jeonက သူ့မိန်းမရဲခန္တာကိုယ်အား စမ်းကြည့်ကာ
"အသက်မရှိတောဝူး သားလေး ။သားလေးမေမေ အသက်မရှိတော့ဝူး"
Jungkookနှင့် သူ့အဖေ ၀မ်းနည်းစွာ ငိုကြေါးနေသည်နှင့် ထပ်တူ ဂျီမင်ဟာလည်း သတိမေ့မျောမတတ် ငိုကြွေးနေခဲ့သည်။
ထိုစဉ် အဖြစ်အပျက် အစအဆုံးအား ကြောင်အစွာ ကြည့်နေသော Loraထံမှ
"အန်တီ အန်တီ သေရတာ သူ့ကြောင့်"
Loraအသံကြားတော့ အားလုံးရဲ့ မျက်လုံးတွေဟာ လက်ညိုးအထိုးခံထားရသော ဂျီမင့်ထံတွင်သာ
"သူကားလမ်းကို မဆင်မခြင်ကူးလို့ သူ့ကို ကယ်ရင်း အန်တီသေရတာ ...သူ့ကြောင့်"
Loraဟာ ကလေးပီပီ သူအဆူခံရမှာဆိုးသောကြောင့် သူ့အပစ်တွေ အားလုံးအား ဂျီမင့်ထံတွင် လွှဲချခဲ့သည်...
ဂျီမင် အလန့်တကြား ဖြေရှင်းဖို့ ကိုကို့ကို ကြည့်လိုက်တဲ့ချိန် ကိုကို့ထံမှ သူ့အား သတ်ချင်နေသော မျက်လုံးတစ်စုံကို မြင်ခဲ့ရသည်...
"မဟုတ်ဖူး မဟုတ်ဖူး ဦးဖေနဲ့ ကိုကိုရယ်။သားကြောင့် မဟုတ်ဖူး"
"မင်းတော်တော့"
ကိုကို့ထံမှ ကျယ်လောင်သော အော်သံကြောင့် ဂျီမင့်ကိုယ်လေး တုန်တတ်သွားသည်...
"မင်းက မင်းအပစ်တွေကို ရှောင်လွှဲချင်တယ်ပေါ့ ။မင်းက ငါ့မာမီအချစ်နဲ့ မတန်ဝူး....မင်းကြောင့် ငါ့အမေသေရတာ မင်းကို မုန်းတယ် မင်းကို တစ်သက်လုံး မမြင်ချင်ဝူး"
ဂျီမင်ဟာလည်း ထိုနေ့မှ စ၍ ကိုကို့အမုန်းတွေအောက်မှာ ရှင်သန်ခဲ့ရတယ်။ဖြေရှင်းချက်လေးတောင် မပေးခဲ့ရဝူး ကိုကိုရယ်။ မုန်းရက်လိုက်တာ သားအပေါ်ကို....မာမီ့ရဲ့ ဈာပနာပွဲလည်း ဂျီမင်မသွားခဲ့ရပါ မားတစ်ယောက်ထဲသာ သွားရောက်လုပ်ကိုင်ခဲ့ရသည်...ထိုကိစ္စတွေဖြစ်ပီး နှစ်ပတ်လောက်နေတော့ ကိုကိုတို့သားအဖေဟာ Usကို ပြောင်းသွားကြသည်။ဂျီမင်ဟာလည်း ထိုအချိန်မှ စ၍ လန်းဆနး်တတ်ကြွတဲ့ ကလေးလေးအသွင်မှ တစ်မှိုင်မှုိင် တစ်ထွေထွေသာ ဖြစ်နေတတ်တော့သည်။
ကိုကိုနဲ့ သားကတော့ တစ်သက်လုံး ဝေးပီထင်ပါတယ် ကိုကိုရယ်......
▼▽▼▽▼▽▼▽▼▽▼▽▼▽
နာမည်ခေါ်တာတွေ ရှပ်နေမှာဆိုးလို့နော်
ဂျီမင်လေးက Jungkook ရဲ့ အမေကို Jungkook ခေါ်သလိုဘဲ မာမီလို့ ခေါ်တာနော်...
Jungkook အဖေကိုတော့ ဦးဖေလို့ ခေါ်ပါတယ်...
သူ့အမေကိုတော့ မားလို့ဘဲ ခေါ်တာနော် ...ရှုပ်ကုန်သွားမှာဆိုးလို့ပါ
ဆာဒါးငဲ🤍