ကျေးငှက်တအသံလေးတွေနဲ့ သာယာနာပျော်ဖွယ် မနက်ခင်းလေး တစ်ခု စတင်ခဲ့လေပီ...
နွေဦးဖြစ်တဲ့ အတွက် မပူမအေး လေညှင်းလေးတို့ဖြင့် ဘူဆန်တဲ့ ရပ်ကွက်ငယ်လေးတစ်ခုက မနက်ခင်းမှာ နေလုံးကြီးနဲ့ အတူ အလှပြိုင်နေသလို...
အိမ်တစ်အိမ်ရဲ့ မာတာမိခင်ကြီးကတော့ သူ့သားငယ်လေးကို နှိုးဖို့ ပြင်ဆင်နေလေရဲ့...
"သားငယ်လေး ဂျီမင်နီး ...သားငယ်လေး ထပါဦး"
"ဝွန်း သားသား ထချင်ပါဝူးချိုနေမှ"
သားဖြစ်သူရဲ့ မပီကလာ ငြင်းဆန်သံလေးကြောင့် မိခင်ဖြစ်သူ ပတ်ဆိုနာ ပြုံးလိုက်မိသည်။သားငယ်လေးဟာ သူမ ဘ၀။ ပါးဖောင်းဖောင်း မျက်လုံးမှေးမှေးလေးနဲ့ ချစ်စရာကလေးလေး သူမရဲ့ အသဲအသက်။သားငယ်လေးရဲ့ အဖေဖြစ်သူဟာ လုပ်ငန်းကိစ္စနဲ့ ခရီးသွားရင်းမှ အက်စီးဒန့်တစ်ခုကြောင့် သေဆုံးခဲ့တာ သားငယ်လေး ၂နှစ်အရွယ်ထဲက ဆိုပါတော့။ အခုဆို သားငယ်လေးက ၃နှစ်ကျော် ၄နှစ်ထဲ ဖြစ်လာပီ....ယောကျာ်းဖြစ်သူ ထားခဲ့တဲ့ လက်ငုတ်လက်ရင်းလေးတွေကို ရောင်းချပီး သားငယ်နဲ့ သူမဟာ shopping mallတစ်ခုမှ လက်၀တ်ရတနာဆိုင်ခန်းလေးတစ်ခုဖွင့်ထားပီး စီးပွားရေးအဆင်ပြေခဲ့ပါတယ်....
သားငယ်လေးကို နှိုးရင်း သူမအတွေးတို့ ပြန့်ခဲ့ရပြန်သည်....
"ဂျီမင်းနီး သားသား ထရမယ်လေ။ဟိုဘက်ခြံအကျယ်ကြီးထဲမှာ လူသစ်တွေ အိမ်ပြောင်းလာတာ သားသား မသိချင်ဝူးလား"
သားငယ်လေးက သိပ်ချစ်ဖို့ကောင်းသလောက် စပ်စပ်စုစု နိုင်တဲ့သူလေးမို့ သူနိုးသွားစေမယ့် အချက်လေး ထည့်ပြောခဲ့သည်။ဘာလို့ဆို သူက ဟိုဘက်ခြံအကျယ်ကြီးကို အရမ်းစိတ်၀င်စားနေတဲ့ သူလေး မလား။အမြဲတမ်း အဲ့ဘက်ခြံက မာလကာသီးတွေ ခူးခူးစားချင်နေတဲ့ ကလေးလေး။ သူကြီးလာရင် သွားခူးမယ်ကြည့် ခြိမ်းခြောက်နေကြ...ထိုအခါမှသာ မျက်လုံးလေးကို လက်ဖောင်းပုတိုလေးတွေနဲ့ ပွတ်သတ်ရင်းး တအီအီငြီးလာတဲ့ သားငယ်လေး...
"မား ဒီမင်နီးကို မက်နာတစ်ပေး"
ကြည့်ပါအုံး သိပ်ချစ်စရာ။သားငယ်လေးဟာ အမြဲတမ်းသူ့ကို ဂျီမင်းနီးခေါ်လို့ သူ့ကိုယ်သူ ဒီမင်နီး ဒီမင်နီးနဲ့ ထည့်ထည့်ပြောနေကြ။ သူဟိုဘက်ခြံကို သွားစပ်စုချင်လို့ ဒီမအေကို လက်ကလေးနှစ်ဖကိဆန့်ပေးကာ ချီခိုင်းပီး မျက်နှာသစ်ခိုင်းလာခဲ့သည်...
"မား သားငယ်လေးကို သစ်ပေးမှာပေါ့...ပီးရင် မား ဒီနေ့ ဖက်ထုပ်လုပ်ထားတယ် ဂျီမင်နီးလေးစားပီး ဟိုဘက်အိမ်က တီတီတို့ဆီသွားပို့ပီး မိတ်ဆက်ရအောင်နော်..."
"ဟုတ်ကဲ့ မား ။ဒီမင်နီးကို ချစ်ဖို့ကောင်းအောင် လှလှလေး ၀တ်ပေးနော်။ သားသားက အားလုံးချစ်နေတာ လိုချင်တာ"
"အမယ်လေး မားသားပေါက်စလေးက ငပဲလေးဘဲ။ သားပေါက်က ရုပ်ဆိုးနေတာကို ဘယ်လို ချစ်ဖို့ကောင်းမှာလဲ"
သူမစလိုက်တော့ ခပ်ထူထူ နှုတ်ခမ်းလေးက မဲ့ကျသွားသည်။
"ဒီမင်းနီးက ချစ်ဖို့ကောင်းပါတယ်ချို"
"ဟုတ်ပါပီ စတာ စတာ လာခဲ့ ကိုယ်တော်ချော မျက်နှာသစ်ပီး အကျီလဲရအောင်"
သူမ သားငယ်ကို ချီကာ ဝေယာ၀ စ္စအကုန်လုပ်ပေးပီး မနက်စာကျွေးကာ ဒီနေ့ သားငယ်လေးကို အချိန်ပေးနေကြ ဆိုင်ပိတ်ရက်မလို့ အိမ်မှာ လုပ်ထားတဲ့ ဖက်ထုပ်အချို့ကို ချိုင့်လေးထဲ ထည့်ကာ အိမ်ပြောင်းလာသော တစ်ဖက်ခြံသို့ သားပေါက်လက်ကလေးဆွဲကာ လာခဲ့ကြသည်။...
"ဒင်.....ဒင်...."
ခြံပေါက်ရှိ လူခေါ်ဘဲလ်သံကို ကြားသဖြင့် Mrs.Jeon မနက်စာ စားဖို့ ပြင်ဆင်နေရင်း သားငယ်ကို တံခါးဖွင့်ဖို့ လှမ်းအော်လိုက်ရသည်။
"သားkookieရေ ခြံတံခါးလေး ဖွင့်လိုက်ပါအုံး ဘယ်သူလဲမသိဝူး မာမီ ဟင်းအိုးကြီး တန်းလန်းနဲ့မလို့ "
"ဟုတ်ကဲ့ မာမီ"
Jung kook တံခါးရှေ့အပြေးလေး သွားဖွင့်လိုက်တော့ ခြံရှေ့တွင် မာမီ့အရွယ် အန်တီတစ်ယောက်နှင့် နွား၀တ်စုံနှင့် ချစ်စရာ ကလေးလေးတစ်ယောက်...
"သားလေးရေ အန်တီတို့က ဟိုဘက်ခြံကပါ။ဒီဘက်မှာ လူသစ်တွေ ပြောင်းလာလို့ မုန့်လာပို့ရင်း လာနှုတ်ဆက်တာ"
သူ ကလေးလေးကို အူယားစွာ ကြည့်နေတုန်း ကလေးလေးအမေဆီက အသံကြားမှ တံခါးဖွင့်ပြောဖို့သတိရသည်။
သေးသေးလေး အူယားစရာလေး ...
"ဟုတ် ဟုတ် အန်တီ ။၀င်ပါခဗျ"
တံခါးဖွင့်ပေးပီး အိမ်ထဲ ခေါ်ခဲ့ကာ ဧည့်ခန်းထဲတွင် အလုပ်သွားဖို့ ပြင်ဆင်ကာ သတင်းစာဖတ်နေသော ဒယ်ဒီ့ကို တွေ့ရသည်။
"ဒယ်ဒီရေ ဧည့်သည်လာတယ်။ဟိုဘက်ခြံက အန်တီတို့တဲ့ မုန့်လာပေးတာတဲ့"
ခုမှ ဒယ်ဒီက သူ့နောက်က ဧည့်သည်သားမိကို မြင်သွားကာ နှုတ်ဆက်လာသည်...
"အာ ...ညီမလေ ထိုင်ပါအုံး ။ အားနာလိုက်တာ တကယ်ဆို အကိုတို့က လာနှုတ်ဆက်ရမှာကို ခုမှ အိမ်က နေရာချကာစဆိုတော့ မအားနေတာနဲ့ အိမ်က ဇနီးကိုတောင် မပြောရသေးဝူး..."
"ရပါတယ် အကို။အိမ်က သားပေါက်က ဒီဘက်ခြံကို လူသစ်တွေ လာပီဆိုတာနဲ့ အရမ်းသွားနှုတ်ဆက်ချင်နေတာ...အဲ့ကြောင့် ဒီနေ့လည်း ညီမ ဆိုင်ပိတ်ရက်ဆိုတော့ အားနေတာနဲ့ ဖက်ထုပ်လုပ်ထားတာလေး လာပို့ရင်း လာခဲ့တာပါ ..."
"ဟုတ်ပါပီဗျာ...မိန်းမရေ ခနထွက်ခဲ့ပါအုံး။ဒီမယ် ဧည့်သည်တွေ လာလို့"
Jung kook တစ်ယောက် လူကြိးတွေ စကားပြောနေတာကို ငြိမ်ငြိမ်လေးထိုင်ရင်း စပ်စုနေတဲ့ လုံးသေးလေးကို ညှစ်ဖောက်ချင်စိတ်က တစ်ဖွားဖွား။သူ့ခဗျာ လူကြီးတွေ စကားပြောနေလို့သာ ငြိမ်နေရတာစပ်စုချင်လွန်းလို့ နှုတ်သီးလေးက ခပ်ထော်ထော်ဖြစ်နေသည်။
မီးဖိုထဲမှ မာမီဟာလည်း ဒယ်ဒီခေါ်လိုက်သည်နှင့် ချက်ချင်းထွက်လာခဲ့သည်။
"အယ် အမတို့ ဟိုဘက်အိမ်ကထင်တယ်။ မနက်က အ၀တ်တွေ ထုတ်လှမ်းရင်း ဒီကလေးသေးသေးလေးကို လှမ်းတွေ့လိုက်ရလို့ ။ချစ်စရာလေး လာပါအုံး အန်တီ့ဆီ"
မာမီက လက်နှစ်ဖက် ဆန့်တန်းကာ ရင်ခွင်ထဲ အသင့်၀င်စေရန် လှမ်းခေါ်လိုက်တော့ လုံးလုံးကလေး ပြေးလာတဲ့ ကလေးပေါက်လေး...
လူကြီး ၃ယောက်နဲ့ သူအပါအ၀င် အားလုံးရဲ့ စိတ်အစုံဟာ ထိုဘဲနှုတ်သီးနဲ့ နွား၀တ်စုံ ကလေးလေးဆီတွင်သာ...
"သားသား နာမည် ဘယ်လိုခေါ်လဲ"
"မင်ဂါပါဂျ သားသားနာမည်က ဒီမင်နီး ပတ်ဒီမင် အသက်က ၃နှစ်ကျော်ပါဂျ။ချစ်ဖို့လည်း ကောင်းပါတယ်ဂျ"
ကလေးပေါက်ရဲ့ နှုတ်ဆက်ပုံကို လူကြီးတွေ ပွဲကျသွားကာ တစ်ဟားဟား ရီကြတော့သည်။သူ့ရီလိုက်တော့ မျက်ပေတုံးလေးကို ခပ်ပြူးပြူးထပီး ကြောင်တောင်တောင်လေး ကြည့်နေပုံက အသည်းယားဖို့ကောင်းလောက်အောင် ချစ်စရာလေးဖြစ်နေသည်။
"ဒီလိုအမရေ သားပေါက်နာမည်က ပတ်ဂျီမင်ပါ။သားလေး ၁နှစ်ကျော်လောက်ထဲက သူ့အဖေက ဆုံးသွားခဲ့တော့ ညီမတို့ သားမိနှစ်ယောက်ဘဲ အိမ်မှာရှိတယ် အမ။ပီးေတာ့ကလေးက အဖော်မရှိတော့ အရမ်းအထီးကျန်တတ်တာ။အရင်င်က ညီမတို့ရဲ့ ဟိုဘက်က ခြံမှာ သူနဲ့ရွယ်တူ ကလေးတစ်ယောက်ရှိတယ် သူတို့ကလည်း ခြံရောင်းပီး အိမ်ပြန်သွားတာလေ ။အခု အမတို့ခြံကတော့ သူအရင်ထဲက အကျယ်ကြီးဆိုပိး စိတ်၀င်စားနေတာ ...ဒီကို လူပြောင်းလာပီးပြောကတည်းက လာချင်နေတာ အရမ်းကို"
ကလေးလေးရဲ့အကြောင်းကို ကြားတော့ သားအဖသုံးယောက်လုံး စိတ်မကောင်း။ ငယ်ငယ်လေးနဲ့ ဖအေမရှိတော့တဲ့ ကလေးလေးဟာ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ ချစ်စရာ ကလေးလေးကိုကွယ်။မာမီကတော့ လက်ပေါ်က မချ ပါးဖောင်းဖောင်းအိအိလေးကို တစ်ရွှတ်ရွှတ်နမ်းနေလေရဲ့...
"ဟုတ်လား သားလေးက တီတီတို့ဆီ လာချင်ရင် နေ့တိုင်းလာလေ သားလေးနဲ့ တီတီတူတူနေမှာပေါ့။သားမေမေ အလုပ်သွားရင် သားလေးက တီတီနဲ့ နေခဲ့လေ နေချင်လား သားလေးက"
"ဟုတ်တဲ့ ဒီမင်းနီးက နေချင်ပါတယ်ဂျ"
"ချစ်လိုက်တာကွယ် ညီမလည်း အလုပ်သွားရင် ဂျီမင်လေးကို အမအိမ်ပို့ထားခဲ့လေ အားမနာပါနဲ့။အမက ကလေးအရမ်းချစ်တတ်တာ "
"အယ် မဟုတ်တာ အမရယ် အားနာစရာ ..."
"အားမနာပါနဲ့။ဪ ဒါနဲ့ ဒီဘက်က အမယောက်ျား Jeon Hejung အမနာမည်က Jeon shinhey ဒီဘက်က အမသားလေး Jeon Jungkook တဲ့ သားလေးက အသက် ၈နှစ်ရှိပီလေ ကျောင်းလည်း တတ်နေပီဆိုောတ့ အမေနားလေး သိပ်မကပ်တော့ အမက ပျင်းတယ် တစ်နေကုန် အိမ်မှာ တစ်ယောက်ထဲဆိုတော့ ။သားလေး ဂျီမင်းနီးကလည်း ကိုကိုjungkookကို ကိုကိုလို့ဘဲခေါ်နော် တီတီ့ဆီလည်း အမြဲလာလည်နော်"
ကျွန်တော်နဲ့ ဒယ်ဒီကတော့ မာမီနဲ့ ဂျီမင်နီးဆိုတဲ့ ကလေးလေးကိုဘဲ ပြုံးကာ ကြည့်နေမိတော့သည်။မာမိချစ်တာလည်း မပြောနဲ့လေ သိပ်ချစ်ဖို့ ကောင်းတာလေးကို မချစ်တဲ့သူ ရှိနိုင်အု့းမလား....
"ဟုတ်လား သားလေးက ထွားလိုက်တာ ...ဂျီမင်နီးကျတော့လည်း ကြည့်ပါအုံး ပုသေးလုံးလေး.."
"မားနော် ဒီမင်းနီးက ပုတာ ဟုတ်ဖူး။ တလေးလေးချိသေးလို့ သေးနေတာ ။တိုတို့အရွယ်ရောက်ရင် အချေကြီး (အရှည်ကြီး)ဖြစ်မှာ တိလား"
ကလေးလေးက ခပ်စူစူအသံလေးကြောင့် တစ်အိမ်လုံး တဟားဟား ရီကြတော့သည်။ သေချာကြည့်မှာ ကလေးပေါက်ဟာ အရှေ့သွားလေး နှစ်ချောင်းကို လျှာ ပြတင်းဖောက် ဖွင့်ထားတာဘဲ။ဒါကြောင့် စကားပြောရင် မပီကလာလေး အူယားလိုက်တာကွာ ဖြစ်ညှစ်ချင်နေပီ....
^^^^^^^^^^^^^^^^^^^^
ဒီလိုနဲ့ ဂျီမင်တို့ အိမ်နဲ့ Jungkookတို့ အိမ် နှစ်အိမ့်တစ်အိမ်ဖြစ်လာတာ ခုဆို လအနည်းငယ် ကြာလာပီဖြစ်သည်။
ဒီနေ့ Jungkook က ကျောင်းပိတ်ရက်မလို့ နေမြင့်တဲ့ထိ အိပ်နေလေသည်။ မျက်နှာသစ်ပိီး အောက်ထပ်က ဆူဆူညံ့ညံ့သံများကြောင့် ဆင်းလာတော့ ကလေးပေါက်က မာမီ့ေပါင်ပေါ်ထိုင်ကာ ကင်ချီထမင်းကြော်ကို ပါးလေး ပိန်သွားလိုက် ဖောင်းလာလိုက်ဖြင့် လှုပ်စိလှုပ်စိ စားနေလေရဲ့။တစ်ရက်တစ်ရက် သူ့မာမီကျွေးသမျှ အတင်းနင်းကန်စားလာတာ အခုဆို စတွေ့တွေ့ချင်းတုန်းကထက် လူကောင်လေးက ဖောင်းကစ်လာတာ အသည်းယားစရာ ။
Jung kook မနက်စာစားရန် မီးဖိုချောင်ထဲ ၏င်တော့ မာမိ့ပေါင့်ပေါ်က ကလေးပေါက်က သူ့ကို တွေ့ပီး ချီရန် လက်ကလေးဆန့်ပေးသည်။ကလေးပေါက် အလိုကျ ချီလိုက်တော့ သူ့လည်ပင်းကို သိုင်းဖက်လာတာ အာဘွားပေးသည်။
"တိုတို မာမီက တင်ချီထမင်းကြော်ပေးထားတာ တိုတိုစားပါအုံး အားနာနဲ့နော်"
အောင်မယ် သူ့အိမ်လည်း လာသေး သူ့မာမီကိုလည်း သူခေါ်သလို မာမီလို့ ခေါ်ကာ ကပ်ချွဲသေးသည်။
"စားပါမယ်ဗျ ဒါနဲ့ ကလေးလေး အတင်းတွေ စားလို့ထင်တယ် ဖက်တီးလေး ဖြစ်လာပီနော် သိရဲ့လား "
"ဟင် တဂယ်ယား သားသားက ဖက်တီးလေးဖြစ်လည်း ချစ်ဖို့တောင်းပါတယ် တိုတိုရဲ့ မယုံရင် အာဘွားပေးကြည့်ပါယား မွှေးဥနေယာ"
"ဟားဟား ဟုတ်ပါပီကွာ ကိုကို့သဲတုန်းလေ"
"ကဲကဲ ဟိုနှစ်ယောက် စားစရာရှိတာ စားတော့။ပီးရင် ဂျီမင်နီး စာသင်ရမယ်လေ ကဗျာတွေ သင်ရမယ် "
"မာမီ ဒီမင်နီးက သင်တော့သင်ချင်ပေမယ့် တိုတိုက သူပိတ်ရက် သူနဲ့ တူတူချော့(ဆော့)ပေးရမယ်ယဲ့"
ထိုစကားကြားတော့ Jungkook မနက်စာစားရင်း အလန့်တကြားပင်
"ဟေ့ပေါက်စ ကိုကို ဘယ်တုန်းက ပြောဖူးလို့လဲ"
"အရင်ပိတ်ရက်က ကြောတယ်လေ တိုတိုဘဲ ပိတ်ရက်ကျ သားသားကိုတူတူဆော့ပေးမယ်ချို"
"ကဲကဲ တော်ပီ ။ဟိုပေါက်စက သူမသင်ချင်တိုင်း ကိုကို့လွှဲချတယ်ပေါ့လေ"
"ဟီး မာမီကလည်း"
သွားကျိုးလေးနဲ့ ရီပြနေတာ ချစ်ဖို့ကောင်းစွာပင် သားမိနှစ်ယောက် စိုက်ကြည့်နေမိသည်။
"အဲ့ဆို ဒီနေ့ မသင်နဲ့ ကိုကိုနဲ့ ဆော့နော် ။ကိုကို ကျောင်းဖွင့်တဲ့ နေ့ကျရင်တော့ သင်ရမယ်နော် ကလေးလေး"
"Yes sir"
ကလေးလေးရဲ့ ပြောင်စပ်စပ်ပုံစံလေးရဲ့ သားမိနှစ်ယောက် ပြိုင်တူရီမိကျတော့သည်။
ကလေးလေးဟာ အခုနောက်ပိုင်း သူမတို့အိမ်တွင် မနက်ထဲက ညနေထိ နေတတ်သည်။ အမပတ်ကလည်း အားနာပေမယ့် ဆိုင်တစ်ဖက်နဲ့ဆိုတော့ ကလေးလေးကို အရင်က မူကြိုပို့ထားတတ်ပေမယ့် အခုတော့ Mrs.Jeonရဲ့ အားမနာရန် ခနတိုင်းပြောမှုကြောင့် ပျော်တဲ့နေရာသာ ထားတော့သည်။
^^^^^^^^^^^^^^^^^^^^
ဒါလေးကို ဖတ်ပေးကြအုံးနော် အစအဆုံး တောက်လျှောက် တင်ပေးပါမယ်နော် 🤍