Legend Of Male Empress(Comple...

Door VARINA_TAE

182K 22.7K 1.1K

JEON JUNGKOOK KIM TAEHYUNG (KOOKV) သစ္စာဖောက်လို့စွပ်စွဲခံရတဲ့သူက အခက်အခဲအတားအဆီးတွေကျော်လွန်ပြီး ဧကရီ ဖြစ်လာ... Meer

Part..1
Part...2
Part..3
Part..4
Part.5
Part.6
Part.7
Part.8
Part.9
Part.10
Part.11
Part.12
Part.13
Part.14
Part.16
Part.17
Part.18
Part.19
Part.20
Part.21
Part..22
Part.23
Part.24
Part.25
Part.26
Part.27
Part.28
Part.29
Part.30
Final

Part.15

4.6K 530 25
Door VARINA_TAE

အိမ်ရှေ့စံမင်းသားလေးဂျောင်ကုမှာတော်ဝင်သွေး
အပြည့်ပါတဲ့အပြင်စူးစမ်းလေ့လာမူ့ကလည်း
ဖခမည်းတော်ဧကရာဇ်ကြီးနဲ့ချွပ်စွပ်တူလှသည်။
ဆယ်နှစ်သားတစ်ခြားကလေးတွေလိုကလေးဆန်
ဆန်တုံးအနေတာမျိုးမဟုတ်ဘဲအရာအားလုံးတွင်
လူကြီးလေးပမာထက်ထက်မြက်မြက်စဥ်းစားတွေးခေါ်နိုင်စွမ်းလည်းရှိသည်။

အမြဲတမ်းထယ်ယောင်းရှိနေတတ်တဲ့နေရာတွေကို
ရောက်အောင်လာတတ်ပြီးလူကြီးလေးသဖွယ်
စကားစမည်လာပြောလေ့ရှိတယ်။ထိုသို့ပြောတိုင်း
လည်းကိုယ်တတ်ပလေးကထယ်ယောင်းနည်းတူ
လက်ဖက်ရည်ဖန်ခွက်ကိုလက်ကနေမချ။အဲ့လို
အချိန်မျိုးဆို...နို့ခဲလုံးလေးလိုဖြူဖွေးဆွတ်နေတဲ့
အိမ်ရှေ့စံကိုကြည့်ပြီးထယ်ယောင်းအရမ်းအသဲ
ယားတာ။မို့အစ်ဖောင်းကားနေတဲ့ပါးမို့မို့လေးတွေ
ကိုလိမ်ဆွဲချင်ပေမဲ့လူကြီးဖြစ်ချင်လွန်းတဲ့ကလေး
ကမကြိုက်။ခေါင်းပုတ်ဖင်ပုတ်ရင်လည်းမကြိုက်။

"နောင်တစ်ချိန်အိမ်ထောင်ဦးစီးဖြစ်မဲ့လူကို...
မရိုင်းရဘူး..."

ဆိုတဲ့စကားအဆန်းတွေကြောင့်ထယ်ယောင်းအူလိမ့်မတတ်ရယ်ခဲ့ဖူးသည်။အခုပြန်စဥ်းစားကြည့်ရင်
တော့ဒီအဖြစ်အပျက်တွေကမရယ်ရဘူးပဲ။အိမ်
ရှေ့စံဆယ့်နှစ်နှစ်ကလေးအရွယ်ကတည်းကသူ့အပေါ်သာမာန်မဟုတ်တဲ့စိတ်ခံစားချက်တွေကိုတွေးပြီးအနည်းငယ်လန့်သွားမိ၏။

အိမ်ထောင်ဦးစီး...တစ်ကယ်ပဲအဲ့ဝါးဂွမ်းလုံးလုံး
လေးကသူ့အိမ်ထောင်ဦးစီးဖြစ်တော့မည်သတဲ့လား။

ထယ်ယောင်းမှတ်မိသေးပါတယ်...အိမ်ရှေ့စံငယ်
ရွယ်စဥ်အခါကတိုက်ခိုက်ရေးကိုယ်ခံပညာတွေသာ လေ့လာဖို့စိတ်အားထက်သန်နေခဲ့ပြီးစာပေ
သင်ကြားခြင်းအပေါ်တွက်တော့လုံးလုံးမျှစိတ်ပါ
ဝင်စာခြင်းမရှိခဲ့။ဒါ့ကြောင့်စာပေသင်ကြားဖို့
ဆရာတွေမှာအမြဲအခက်တွေ့နေတတ်သည်။
ကြင်ယာတော်မိဖုရားဆိုဟီးက သူ့သားအတွက်
အချိန်ပေးကာသင်ကြားလင့်ကစားအိမ်ရှေ့စံလေး
ကတော့နေ့တိုင်းမရိုးနိုင်တဲ့အကြောင်းပြချက်မျိုး
စုံဖြင့်စာသင်ကြားဖို့ရှောင်​ပြေးနေတုန်းပင်။

သို့သော်...ဆောင်းဦး၏မနက်ခင်းတစ်ခုဝယ်ထို
စာသင်ကြားရေးတာဝန်သည်ထယ်ယောင်းအိမ်
ရှေ့တံခါးဝဆီဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်
ချလာတော့သည်။

"အရှင်မင်းကြီး...ကျွန်တော်မျိုးအိမ်ထိအရောက်
လာခဲ့တာဘယ်လိုအကြောင်းထူးကိစ္စများရှိပါသလဲ"

နယ်စပ်တွင်အနည်းငယ်ငြိမ်းချမ်းနေတဲ့ကာလမို့
ထယ်ယောင်းကိုယ်တိုင်စစ်မျက်နှာပြင်သွားစရာ
မလို။အားလပ်ရက်တော်တော်များများကို ရွှေမြို့
တော်ရှိသူ့စံအိမ်ကြီးထဲတွင်သာနေ့နေ့ည ညအချိန်
ဖြုန်းနေမိသည်။

ဧကရာဇ်အတွက်လဖ္ဘရည်ကြမ်းခပ်နွေးနွေးအား
တစ်ရိုတရေဆက်သလိုက်သော်လည်းကြားထဲက
မင်းသားငယ်လေးကဟွန့်ကနဲနှာမူတ်ကာယူသွား
တော့သည်။ထိုအပြုအမူကမင်းသားငယ်တစ်ပါး
အတွက်အနည်းငယ်ရိုင်းစိုင်းသော်လည်း အရှင်
ကလည်းပြုံးပြီးကြည့်နေသလိုထယ်ယောင်းကလည်းဘာမှမပြော။နောက်ထပ်လဖ္ဘရည်တစ်ခွက်
ဌဲ့ထည့်ရင်းအရှင်မင်းကြီးအားနောက်ထပ်တစ်ကြိမ်ဆက်သလိုက်သည်။မင်းသားငယ်ကမူ
မပြောမဆိုထယ်​ယောင်းပေါင်ပေါ်ဆွေ့ကနဲတက်
ထိုင်လိုက်ပါတော့သည်။မင်းသားလေးကထယ်
ယောင်းနဲ့တွေ့တိုင်းအဲ့လိုပူးပူးကပ်ကပ်နေနေကျမို့
အသားကျနေသလိုပင်။

"ထယ်ထယ်ရော....နေကောင်းလား၊အပြင်ဘက်
မှာနှင်းတွေအားကြီးကျပြီးချမ်းအေးနေတာတောင်၊မောင်မင်းက အနွေးထည်မဝတ်ဘာမဝတ်
နဲ့"

ထယ်ယောင်းအားအပြစ်တင်ဆူပူလာသောဧကရာ
ရယ်...

"အနွေးထည်မဝတ်လည်း ကျွန်တော်မျိုးခန္ဓာကိုယ်
ကနွေးနေပြီးသားပါ"

တစ်ခြားမင်းမူ့ထမ်းတွေဆိုအရှင်မင်းမြတ်အား
နှုတ်လှန်းမထိုးရဲပေမဲ့၊ထယ်ယောင်းကမူဧကရာဇ်
နှင့်ငယ်ပေါင်းကြီးဖော်ဖြစ်သောကြောင့်အကြောက်အလန့်မရှိပြန်ခံပြောမိသည်။

"ထယ်ထယ်...မင်းအရက်တွေသောက်ထားပြန်
ပြီလား၊စစ်တပ်ထဲရောက်သွားကတည်းကမင်း
မှာလည်း​တစ်ဖြည်းဖြည်းအကျင့်တွေပျက်နေ
လိုက်တာ၊အခုဆိုအရက်နဲ့မျက်နှာသစ်တတ်တဲ့
အရက်သမားလုံးလုံးကြီးဖြစ်နေပြီ"

ဒီအရက်တွေကအသဲကွဲလို့သောက်နေမှန်းအရှင်က
သိသည်မှမဟုတ်တာ။အခုချိန်မှလာပြီးစိုးရိမ်ကာ
ဆူပူပြနေလည်းအရင်လိုရင်းနှီးကျွမ်းဝင်ဖို့ဖြစ်မှ
မဖြစ်နိုင်တော့တာ။

"ကျွန်တော်မျိုးမှတ်ထားလိုက်ပါ့မယ်"

"မှတ်ထား..သေချာမှတ်ထားနော်၊စကားမတည်လို့ကတော့...ဖခမည်းတော်အစားကိုယ်တော်က
ခင်ဗျားကိုအပြစ်ကြီးကြီးပေးမယ်"

ပိစိလေးစကားကြောင့်ထယ်ယောင်းခေါင်းခဲသွား
တယ်။ဒီသားအဖနှစ်ယောက်မနက်မိုးလင်းသူ့အိမ်
အထိလာပြီးအာဏာလာပြနေတာတော့မဟုတ်ပါဘူးနော်။ အရှေ့ကရူတည်တည်နဲ့မျက်နှာထားနဲ့
သားအဖနှစ်ယောက်ကိုကြည့်ရင်းထယ်ယောင်း
ဘယ်လိုရယ်ချင်လာမှန်းမသိတော့။မင်းသားလေး
က ကလေးလေးဆိုရင်ဧကရာဇ်က ကလေးကြီး။
ကိုယ့်အတွေးနဲ့ကိုယ်ရယ်ရွှင်လာသည်ကြောင့်ထယ်ယောင်းမျက်ဝန်းညိုတွေမှာပိုတောက်ပလာ
ရပြီးနီးဆွေးဆွေးနှုတ်ခမ်းလေးသည်အပေါ်သို့
ကော့တက်သွားကာပုလဲလုံးလေးတွေသီကုံးစီထား
သည့်အလားသွားဖြူဖြူလေးတွေကိုလစ်ဟပြလာ
တော့သည်။

"မရယ်နဲ့..."

တိုးတောင်းသောအမိန့်သံသည်လည်းမင်းသားငယ်လေးဆီကထွက်လာတာဖြစ်ပြီးမကျေမနပ်
စွာပင်သူ့ညှပ်ရိုးအားငုံခဲကာကိုက်လာသည်။

"ဂုကီ...မင်းဦးလေးကိုအဲ့လိုမလုပ်ရဘူးလို့ဖခမည်း
တော်ပြောမထားဘူးလား။မင်းသားဖြစ်ပြီးလူကြီး
တွေအပေါ်ရိုင်းစိုင်းဆက်ဆံတာတွေဖခမည်းတော်
မကြိုက်ပါဘူး"

ဧကရာဇ်ကဖိမဟောက်သော်ငြားအသံကစိတ်အလွန်ဆိုးနေမှန်းသိသာလွန်းလှသည်။မင်းသားငယ်လေးအဆူခံရမည်စိုးရိမ်သောကြောင့်တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်ပြီး

"ဒါနဲ့...ဒီကျွန်ရင်းကအရှင့်အတွက်ဘယ်အမူ့ကို
ထမ်းဆောင်ရပါ့မလဲ..."

ထယ်ယောင်းစကားလမ်းကြောင်းလွှဲလိုက်သော်
လည်းသားအဖနှစ်ယောက်လုံးသင့်မြတ်ပုံမရသေး။

"ကင်မ်ထယ်ယောင်း...မင်းလည်းသူ့ကိုကျပ်ကျပ်
အလိုလိုက်၊တစ်နေ့မင်းခေါင်းပေါ်ချီးတက်ပါမှငါ့
လာမကူခိုင်းနဲ့..."

ဂျောင်ကုကီလေးကခံပြောချင်လွန်းအားကြီးကို
ပါးစပ်ကိုမနည်းစေ့ထားရသည်။ရွံရွံရှာရှာ..ခေါင်း
ပေါ်အီးအီးပါစရာလား။ဒီလောက်လှတဲ့လူရဲ့ခေါင်း
ကဆံပင်တွေကိုသူကိုယ်တိုင်လျှော်ပြီးခေါင်းဖြီး
ပေးချင်တာ။ဂန္ဓာမာပန်းဖြူသေးသေးလေးတစ်
ပွင့်ပန်ခိုင်းလိုက်ရင်တော့ဒီလူကမယ်မယ်ထက်
အများကြီးသာကာလှသွားပါလိမ့်မည်။အဲ့ကျ
..အရမ်းချောမောလွန်းတဲ့စစ်သူကြီးအားစစ်ထွက်
တိုက်ခွင့်မပေးတော့ဘဲဘယ်သူ့မှတွေ့ခွင့်မြင်ခွင့်
မရအောင်နန်းဆောင်ထဲပိတ်လှောင်ပစ်မယ်။

"မင်းသားငယ်ကိုစာသင်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး၊ကျွန်တော်မျိုးကိုယ်တိုင်ကစာပေနဲ့ဝေးကွာနေ
တာအတော့်ကိုကြာပါပြီ"

ထယ်ယောင်းက ဧကရာဇ်၏တာဝန်ပေးမူ့ကို
အနည်းငယ်ငြင်းဆန်လိုက်မိတယ်။သူ့ဘဝ
သက်တမ်းတစ်လျှောက်မလုပ်ချင်တဲ့တာဝန်ဝတ္တာ
ရားမျိုးဆိုအကြောင်းအမျိုးမျိုးပြပြီးဧကရာဇ်ကို
ဖီဆန်လာတာ။ဧကရာဇ်ကလည်းထယ်ယောင်းမကြိုက်တဲ့ဘယ်အမူ့ကိစ္စမဆိုဇွတ်တရွတ်မခိုင်း။
မင်းသဘောဆိုပြီးအဆုံးသတ်ပေးလိုက်တာမျိုး။

"ကိုယ်တော်ကြားမိသလောက်တော့...မောင်မင်း
မှာလီဆောင်မင်ဆိုတဲ့တပည့်တစ်ယောက်ရှိတယ်
ဆို"

"မှန်ပါ့ဘုရား...သူကနယ်စပ်ကအစာရေစာပြတ်
လပ်နေတဲ့သနားစရာကလေးငယ်လေးတစ်
ယောက်ပါ။ကလေးမိဘတွေကလည်း ကျွန်တော်
မျိုးတို့ဂျီယောတပ်အတွက်ရန်သူ့သတင်းပေးလုပ်
ရင်းလမ်းမှာအသတ်ခံခဲ့ရပါတယ်။ကျွန်တော်မျိုး
ကသူ့ကိုခေါ်ပြီးနေစရာစားစရာပေးရုံပါ။ပညာ
သင်ပေးတယ်ဆိုတာကလည်းအများအစားမဟုတ်
ဘဲဒီအတိုင်းရေးတတ်ဖတ်တတ်ရုံပါပဲ"

အရှင်ဘုရင်သည်ထယ်ယောင်း၏စာနာသနား
ကြင်နာတတ်တဲ့စိတ်ကိုသိရှိပြီးသား။ငယ်ငယ်တုန်း
ကဆိုနှစ်ယောက်သားနန်းတော်ကလစ်ထွက်ပြီး
မြို့ထဲလျှောက်လည်ကြရင်...ပါလာသမျှငွေအသ
ပြာအားလုံးသည်တောင်းရမ်းစားသောက်သူများ
ကိုစွန့်ကျဲပေးကမ်းရင်းကုန်မြဲသာ။သို့သော်...သူ
က ထယ်ယောင်း၏ကုသိုလ်ဒါနစိတ်လေးကိုမဖျောက်ဖျက်မဟန့်တားလို၊သူ့မှာပါလာတဲ့အသပြာ
အိတ်ကိုထယ်ယောင်းလက်ထဲထိုးပေးရင်းစိတ်ကြိုက်သုံးစွဲစေခဲ့သည်။

ဧကရာဇ်အရှင်သည်နုဖတ်နေသောထယ်ယောင်း
မျက်နှာလေးကိုတစ်မေ့တစ်မောငေးကြည့်ရင်း
နောင်တတရားကိုရင်တွင်းပွေ့ပိုက်ထားရ၏။
ကင်မ်ထယ်ယောင်းဆိုသောလူသားငယ်ကိုချစ်
မြတ်နိုးပါသော်လည်းတိုင်းပြည်၏ဘုရင်တစ်ပါး
၊ထီးနန်းစိုးစံသူဟုတွေးမိလိုက်သောအခါသူ့နှလုံးသားသည်တစ်ဖန်ပြန်လည်ငြိမ်သက်သွား၏။

"ပြန်ကြမယ်...စစ်သူကြီးမှသားတော်ကိုစာမသင်
ပေးချင်တာ..ဒီအတိုင်စာသင်ကြားမူ့အားလုံးကို
ရပ်တန်လိုက်ရုံပေါ့"

လက်တစ်ဆစ်လောက်ရှိတဲ့စိတ်ကလေးနဲ့မင်းသား
ငယ်မှာသူ့ပေါင်ပေါ်ကဆင်းပြေးတယ်။ထယ်ယောင်းကဖြူဖွေးသောနို့ခဲလေး၏ပါးပြင်းကို
ကိုက်ပစ်ချင်သော်လည်းအိမ်ရှေ့စံမင်းသားမို့မကျုးလွန်ဝံ။

"ထယ်ယောင်း...ထပ်စဥ်းစားပေးပါဦး၊သားတော်ကမင်းကလွဲ ပြီးဘယ်သူ့ကိုမှဆရာမခေါ်ချင်ဘူး
တဲ့၊မင်းနဲ့စာသင်ရင် သူစာကြိုးစားမယ်လို့ငါ့ကို
ရော၊သူ့မယ်တော်ကိုပါကတိပေးထားတယ်"

"အမိန့်အတိုင်းပါ၊ဒါပေမဲ့ကျင့်ဝတ်ကျမ်းစာတွေပြန်လေ့လာရမှာမို့တစ်ပတ်လောက်ပြန်အချိန်ပေးပါ...ဘုရား"

ထယ်ယောင်း၏လျှောက်တင်မူ့ကိုဧကရာဇ်ကသဘောတူသည်နှယ့်ခေါင်းညိမ့်ပြလာသလိုပေါင်
ပေါ်ကသူထွေးဖက်ထားသောမင်းသားလေးမှာ
လည်းငြိမ်သွားကာရင်ခွင်ထဲခေါင်းလုံးလုံးလေး
မှီချလာသည်။

ထို့နောက်တိုးတိုး​ပြောသည်ကား

"ထယ်ထယ် အကောင်းဆုံး..."တဲ့။

ထို့နောက်ထယ်ယောင်းသည်ပေးအပ်ထားသော
တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ဖို့အတွက်
တစ်ပတ်လုံးတိတိစံအိမ်အတွင်းအလေမလိုက်
ဘဲစာကျမ်းဂန်၊ဝတ်နည်းများကိုပြန်လေ့လာရတော့သည်။နောင်တစ်ချိန်ဘုရင်ဖြစ်လာမည့်အိမ်
ရှေ့စံကိုသင်ကြားပြသရခြင်းလွယ်ကူသည့်ကိစ္စ
မဟုတ်သလိုပေါ့ပေါ့တန်တန်လည်းလုပ်လို့မရ။
ဒါ့ကြောင့်ကင်မ်ထယ်ယောင်းမှာအရင်လိုအိမ်တွင်းပုန်းကာသောက်စားမူးယစ်မနေပဲစာအုပ်
အထူကြီးတွေကြားခေါင်းစိုက်ရတော့၏။
အိမ်ရှေ့စံကလည်းတစ်ခြားမင်းမူ့ထမ်းတွေနဲ့ဆို
ဘာမှမသက်ဆိုင်သလိုဖာသိဖာသာနေတတ်ပေမဲ့
ထယ်ယောင်းနဲ့ဆိုရင်တော့ကလေးလေးလိုပင်
ချွဲကာကပ်တွယ်လွန်းနေခဲ့သည်။ထယ်ယောင်းရဲ့
ပင်ကိုသဘာဝဗီဇအရလည်းကလေးချစ်တတ်
သည်ကြောင့်မင်းသားငယ်လေး၏ကပ်တွယ်မူ့
မှာလုံးဝစိတ်အနှောင့်အယှက်ဖြစ်မနေ။ဒီချစ်
ဖို့ကောင်းတဲ့ကလေးလေးလိုအလိုမလိုက်ဘဲဘယ်သူကနေနိုင်မှာတုန်း။

ထယ်ယောင်းနှုတ်ခမ်းပါးတွေသည်ရေးရေးလေး
ပြုံးမိသွား၏။အခုတော့ချစ်စရာကောင်းတဲ့မင်း
သားငယ်လေးမှာငယ်ငယ်ရွယ်ရွယ်နဲ့ဧကရာဇ်
တစ်ပါးဖြစ်လာခဲ့ပြီး တစ်လောကလုံးကိုပိုင်စိုးချယ်လှယ်နိုင်ပြီလေ။

အရှင်...မင်းသားလေးကသိပ်မတော်ဘူးလား။
ကျွန်တော်မျိုးတော့သူ့အတွက်အကြိမ်ကြိမ်ဂုဏ်
ယူမိသောပဲ။

ထယ်ယောင်းသည်ပြူတင်းတံခါးနားမတ်မတ်ရပ်ကာညနေဆည်းဆာနေဝင်ချိန်ကိုတစ်မေ့တစ်မော
ငေးနေမိသည်။သူ့ဘဝကလည်းနေဝင်သွားသည့်
ညနေကြီးပမာ...ကျန်ရှိနေသည့်နေ့ရက်တိုင်းဒုက္ခ
မှောင်အတိဖုံးလွှမ်းနေ၏။

ဧကရာဇ်ဂျွန်ဂျောင်ကု၏ဘုန်းတန်ခိုးကြောင့်အမူ့
မှန်ပေါ်သွားသည်ပဲထား၊သူကပေးပြီးသားကတိ
တိုင်းဂျွန်ဂျောင်ကု၏အမျိုးသားကိုယ်လုပ်တော်
ဖြစ်လာပါလိမ့်မည်။ပုပ်အဲ့နေတဲ့အနောက်နန်းဆောင်းကြားသူရှင်သန်ရမည်ကိုတွေးမိသောအခါ
အသက်ရူကျပ်မတတ်မွန်းကျပ်လှ၏။

ဧကရာဇ်သည်ငယ်စဥ်အိမ်ရှေ့စံမင်းသားဘဝ
ကတည်းဥာဏ်ကောင်းသည်၊သင်ယူတတ်မြောက်
လွယ်သည်၊၊လိုချင်တာ..ဖြစ်ချင်တာကိုမရရအောင်လုပ်ယူတတ်ကာတစ်လောကလုံးနဲ့အတိုက်အခံလုပ်ရဖို့လည်းဝန်မလေး။

ထယ်ယောင်းသည်ဧကရာဇ်၏ကမ်းလှမ်းမူ့ကြောင့်
အိမ်ရှေ့စံအားစာသင်ကြားပြသပေးခဲ့သည်။ပုံ
မှန်ဆိုနန်းတော်၏စာပေသင်ကြားရေးဌာနတွင်သင်
ကြားရမည်ဖြစ်သော်လည်းမင်းသားငယ်ကမူ
ထိုနေရာကိုမလာချင်ဟုဆိုသည်။ဒါ့ကြောင့်..
မင်းသားငယ်စံမြန်းတဲ့နန်းဆောင်ဆီကိုသာထယ်ယောင်းတစ်ကူးတစ်ကလိုက်လာပြီးစာသင်ကြား
ရတော့သည်။

ထယ်ယောင်းအဆောင်ထဲလှမ်းဝင်လိုက်သည်နှင့်
မင်းသားငယ်မှာအဝေးကပင်ပြေးကာစီးကြိုတော့သည်။အနားရောက်သည်နှင့်ထယ်ယောင်း
ကိုယ်ပေါ်ခုန်တက်လာသည်မှာကြောင်လေးတစ်
ကောင်အလား။

"ဖြည်းဖြည်းလာပါ...မတော်လို့ပြုတ်ကျသွားမှ
ဖြင့်"

ထယ်ယောင်းကသူ့ဆံပင်းအားလုံးကိုအပြောင်ရှင်း
ကာစုစည်းသိမ်းနှောင်ထားသည်ကြောင့်ခန့်ညား
ချောမောသောမျက်နှာကအထင်းသား။အိမ်ရှေ့
စံဘေးနားကအထိန်းတော်တစ်သိုက်မှာစစ်သူကြီး
ထယ်ယောင်း၏ခန့်ညားချောမောသောရုပ်ပိုင်း
ဆိုင်ရာအသွင်အပြင်ကြောင့်အားလုံးမှင်သက်ကြ
ကုန်သည်။ဂျောင်ကုကီလေးကတော့ထိုအခြေ
အနေကိုလုံးဝမကျေနပ်။ကင်မ်ထယ်ယောင်း
ကိုသူပိုင်တာ..အခုလိုသူပိုင်တဲ့အရုပ်ကလေးကို
ဝိုင်းကြည့်နေတဲ့အထိန်းတော်တွေအားဒဏ်ကြီးကြီးပေးလိုပေမဲ့ဘာအခွင့်အာဏာမှမရှိ။မင်းသား
ငယ်လေးမှာသူ့အပိုင်ပစ္စည်းတွေကိုထိန်းသိမ်းကာ
ကွယ်ဖို့အာဏာကမဖြစ်မနေလိုအပ်​ကြောင်းစတင်
သဘောပေါက်လာခဲ့သည်။

ကင်မ်ထယ်ယောင်းကမူဒါတွေကိုမတွေးမိခဲ့။သူ
ကဝါဂွမ်းစိုင်လေးလိုနူးနူးညံညံဖွေးဖွေးဖြူနေတဲ့
မင်းသားငယ်လေးအားခါးထက်ချီပိုးကာနန်း
ဆောင်ထဲသို့ဝင်သွားတော့သည်။

အဆောင်တော်ရောက်သည်နှင့်စာရေးစားပွဲခုံအပု
လေးတွင်ထယ်ယောင်းရောဂျောင်ကုကီလေးပါ
မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။

ထယ်ယောင်းသည်အိမ်ကနေသူမှတ်ယူလေ့လာ
ထားသည့်စာကြောင်းတစ်ကြောင်းအားချရေး
ကာမင်းသားငယ်လေးအားကူးစေလိုက်သည်။

"ပြီးပြီ...."

ဂျောင်ကုကီကလည်းစာတွေအားလုံးကူးယူပြီး
နောက်ထယ်ယောင်းအားပြန်ထိုးပေးလာသည်။

"ဟင်...အရှင်မင်းသားလက်ရေးကစုတ်လိုက်တာ"

ချစ်ရသူဆီမှပထမဆုံးအကြိမ်ဒီလိုချီးကျူး
ခံလိုက်ရသောအခါဂျောင်ကုကီလေးမျက်နှာ
မှာရူံ့မဲ့သွားရပြီးမျက်ရည်များပင်ဝိုင်းတက်လာ
ရတော့သည်။

"အာဂူး...ဒါလေးပြောတာကိုငိုစရာလား"

ထယ်ယောင်းသည်လည်းမင်းသားငယ်လေးစိတ်
ထိခိုက်သွားသောကြောင့်အနည်းငယ်စိတ်မကောင်းဖြစ်သွားရပြီးပါးလုံးလုံးလေးပေါ်က
မျက်ရည်များအားလက်ဖြင့်ခပ်ဖွဖွသုတ်ပေးလိုက်
သည်။

"လာ...ကိုယ်သင်ပေးမယ်"

ထယ်ယောင်းထိုသို့ပြောပြီးသည်နှင့်ထိုင်နေရာမှထကာကလေးငယ်လေး၏နောက်ကျော
ဘက်တွင်ဝင်နေရာယူလိုက့သည်။ထို့နောက်မှင်စုတ်တံကိုင်ထားတဲ့လက်တစ်ဖက်ကိုအုံ့မိုးကာဆုပ်ကိုင်လိုက်ပြီးစာလုံးတစ်လုံးအားအတူတူရေးသားလိုက်သည်။

"ဆရာ...ကျွန်တော်လည်းအဲ့လိုရေးတတ်ချင်တယ်"

မျက်ရည်တွေပေကျံပေမဲ့မင်းသားငယ်လေး၏
မျက်ဝန်းတွေကတော့စိတ်တက်ကြွမူ့အပြည့်။
ထယ်ယောင်း..သူ့တပည့်သေးသေးလေး၏ခေါင်း
ကိုခပ်ဖွဖွပွတ်ပေးလိုက်သည်။

"ကြာတော့..ရေးတတ်သွားမှာပေါ့၊အခုတော့..
လက်ထပ်ပြီးသင်ပေးမယ်"

ထယ်ယောင်းသည်ဂျောင်ကုလက်ကိုထပ်ရင်းစကားလုံးတစ်လုံးစီကိုလှပစွာရေးသည်။ဂျောင်
ကုကီလေးကတော့စာလည်းသင်ရတဲ့အပြင်ထယ်
ယောင်းရင်ခွင်ထဲလည်းနေရ၊လက်လည်းအကိုင်
ခံနေရမို့အလွန့်ကိုသဘောခွေ့နေမိသည်။

နောက်ပြီးကိုယ်သင်းရနံကလည်းဂန္ဓာပန်းအနံ
ခပ်ဖျော့ဖျော့လေး။သူလေ ဒီလူကိုချစ်လွန်းလို့
အသက်မြန်မြန်ကြီးဖို့တစ်ကယ်မစောင့်နိုင်တော့
ဘူး။

Thank You For Reading.
Votes Conments Rlအတွက်ကျေးဇူးပါ
အမှားပါလည်းခွင့်လွှတ်ပါ။
TaeKook is real for me
Th'nzar

Zawggi

အိမ္ေရွ႕စံမင္းသားေလးေဂ်ာင္ကုမွာေတာ္ဝင္ေသြး
အျပည့္ပါတဲ့အျပင္စူးစမ္းေလ့လာမူ႕ကလည္း
ဖခမည္းေတာ္ဧကရာဇ္ႀကီးနဲ႕ခြၽပ္စြပ္တူလွသည္။
ဆယ္ႏွစ္သားတစ္ျခားကေလးေတြလိုကေလးဆန္
ဆန္တုံးအေနတာမ်ိဳးမဟုတ္ဘဲအရာအားလုံးတြင္
လူႀကီးေလးပမာထက္ထက္ျမက္ျမက္စဥ္းစားေတြးေခၚနိုင္စြမ္းလည္းရွိသည္။

အၿမဲတမ္းထယ္ေယာင္းရွိေနတတ္တဲ့ေနရာေတြကို
ေရာက္ေအာင္လာတတ္ၿပီးလူႀကီးေလးသဖြယ္
စကားစမည္လာေျပာေလ့ရွိတယ္။ထိုသို႔ေျပာတိုင္း
လည္းကိုယ္တတ္ပေလးကထယ္ေယာင္းနည္းတူ
လက္ဖက္ရည္ဖန္ခြက္ကိုလက္ကေနမခ်။အဲ့လို
အခ်ိန္မ်ိဳးဆို...နို႔ခဲလုံးေလးလိုျဖဴေဖြးဆြတ္ေနတဲ့
အိမ္ေရွ႕စံကိုၾကည့္ၿပီးထယ္ေယာင္းအရမ္းအသဲ
ယားတာ။မို႔အစ္ေဖာင္းကားေနတဲ့ပါးမို႔မို႔ေလးေတြ
ကိုလိမ္ဆြဲခ်င္ေပမဲ့လူႀကီးျဖစ္ခ်င္လြန္းတဲ့ကေလး
ကမႀကိဳက္။ေခါင္းပုတ္ဖင္ပုတ္ရင္လည္းမႀကိဳက္။

"ေနာင္တစ္ခ်ိန္အိမ္ေထာင္ဦးစီးျဖစ္မဲ့လူကို...
မရိုင္းရဘူး..."

ဆိုတဲ့စကားအဆန္းေတြေၾကာင့္ထယ္ေယာင္းအူလိမ့္မတတ္ရယ္ခဲ့ဖူးသည္။အခုျပန္စဥ္းစားၾကည့္ရင္
ေတာ့ဒီအျဖစ္အပ်က္ေတြကမရယ္ရဘူးပဲ။အိမ္
ေရွ႕စံဆယ့္ႏွစ္ႏွစ္ကေလးအ႐ြယ္ကတည္းကသူ႕အေပၚသာမာန္မဟုတ္တဲ့စိတ္ခံစားခ်က္ေတြကိုေတြးၿပီးအနည္းငယ္လန့္သြားမိ၏။

အိမ္ေထာင္ဦးစီး...တစ္ကယ္ပဲအဲ့ဝါးဂြမ္းလုံးလုံး
ေလးကသူ႕အိမ္ေထာင္ဦးစီးျဖစ္ေတာ့မည္သတဲ့လား။

ထယ္ေယာင္းမွတ္မိေသးပါတယ္...အိမ္ေရွ႕စံငယ္
႐ြယ္စဥ္အခါကတိုက္ခိုက္ေရးကိုယ္ခံပညာေတြသာ ေလ့လာဖို႔စိတ္အားထက္သန္ေနခဲ့ၿပီးစာေပ
သင္ၾကားျခင္းအေပၚတြက္ေတာ့လုံးလုံးမွ်စိတ္ပါ
ဝင္စာျခင္းမရွိခဲ့။ဒါ့ေၾကာင့္စာေပသင္ၾကားဖို႔
ဆရာေတြမွာအၿမဲအခက္ေတြ႕ေနတတ္သည္။
ၾကင္ယာေတာ္မိဖုရားဆိုဟီးက သူ႕သားအတြက္
အခ်ိန္ေပးကာသင္ၾကားလင့္ကစားအိမ္ေရွ႕စံေလး
ကေတာ့ေန႕တိုင္းမရိုးနိုင္တဲ့အေၾကာင္းျပခ်က္မ်ိဳး
စုံျဖင့္စာသင္ၾကားဖို႔ေရွာင္ေျပးေနတုန္းပင္။

သို႔ေသာ္...ေဆာင္းဦး၏မနက္ခင္းတစ္ခုဝယ္ထို
စာသင္ၾကားေရးတာဝန္သည္ထယ္ေယာင္းအိမ္
ေရွ႕တံခါးဝဆီဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီးေရာက္
ခ်လာေတာ့သည္။

"အရွင္မင္းႀကီး...ကြၽန္ေတာ္မ်ိဳးအိမ္ထိအေရာက္
လာခဲ့တာဘယ္လိုအေၾကာင္းထူးကိစၥမ်ားရွိပါသလဲ"

နယ္စပ္တြင္အနည္းငယ္ၿငိမ္းခ်မ္းေနတဲ့ကာလမို႔
ထယ္ေယာင္းကိုယ္တိုင္စစ္မ်က္ႏွာျပင္သြားစရာ
မလို။အားလပ္ရက္ေတာ္ေတာ္မ်ားမ်ားကို ေ႐ႊၿမိဳ႕
ေတာ္ရွိသူ႕စံအိမ္ႀကီးထဲတြင္သာေန႕ေန႕ည ညအခ်ိန္
ျဖဳန္းေနမိသည္။

ဧကရာဇ္အတြက္လဖၻရည္ၾကမ္းခပ္ႏြေးႏြေးအား
တစ္ရိုတေရဆက္သလိုက္ေသာ္လည္းၾကားထဲက
မင္းသားငယ္ေလးကဟြန့္ကနဲႏွာမူတ္ကာယူသြား
ေတာ့သည္။ထိုအျပဳအမူကမင္းသားငယ္တစ္ပါး
အတြက္အနည္းငယ္ရိုင္းစိုင္းေသာ္လည္း အရွင္
ကလည္းၿပဳံးၿပီးၾကည့္ေနသလိုထယ္ေယာင္းကလည္းဘာမွမေျပာ။ေနာက္ထပ္လဖၻရည္တစ္ခြက္
ဌဲ့ထည့္ရင္းအရွင္မင္းႀကီးအားေနာက္ထပ္တစ္ႀကိမ္ဆက္သလိုက္သည္။မင္းသားငယ္ကမူ
မေျပာမဆိုထယ္ေယာင္းေပါင္ေပၚေဆြ႕ကနဲတက္
ထိုင္လိုက္ပါေတာ့သည္။မင္းသားေလးကထယ္
ေယာင္းနဲ႕ေတြ႕တိုင္းအဲ့လိုပူးပူးကပ္ကပ္ေနေနက်မိဳ႕
အသားက်ေနသလိုပင္။

"ထယ္ထယ္ေရာ....ေနေကာင္းလား၊အျပင္ဘက္
မွာႏွင္းေတြအားႀကီးက်ၿပီးခ်မ္းေအးေနတာေတာင္၊ေမာင္မင္းက အႏြေးထည္မဝတ္ဘာမဝတ္
နဲ႕"

ထယ္ေယာင္းအားအျပစ္တင္ဆူပူလာေသာဧကရာ
ရယ္...

"အႏြေးထည္မဝတ္လည္း ကြၽန္ေတာ္မ်ိဳးခႏၶာကိုယ္
ကႏြေးေနၿပီးသားပါ"

တစ္ျခားမင္းမူ႕ထမ္းေတြဆိုအရွင္မင္းျမတ္အား
ႏႈတ္လွန္းမထိုးရဲေပမဲ့၊ထယ္ေယာင္းကမူဧကရာဇ္
ႏွင့္ငယ္ေပါင္းႀကီးေဖာ္ျဖစ္ေသာေၾကာင့္အေၾကာက္အလန့္မရွိျပန္ခံေျပာမိသည္။

"ထယ္ထယ္...မင္းအရက္ေတြေသာက္ထားျပန္
ၿပီလား၊စစ္တပ္ထဲေရာက္သြားကတည္းကမင္း
မွာလည္းတစ္ျဖည္းျဖည္းအက်င့္ေတြပ်က္ေန
လိုက္တာ၊အခုဆိုအရက္နဲ႕မ်က္ႏွာသစ္တတ္တဲ့
အရက္သမားလုံးလုံးႀကီးျဖစ္ေနၿပီ"

ဒီအရက္ေတြကအသဲကြဲလို႔ေသာက္ေနမွန္းအရွင္က
သိသည္မွမဟုတ္တာ။အခုခ်ိန္မွလာၿပီးစိုးရိမ္ကာ
ဆူပူျပေနလည္းအရင္လိုရင္းႏွီးကြၽမ္းဝင္ဖို႔ျဖစ္မွ
မျဖစ္နိုင္ေတာ့တာ။

"ကြၽန္ေတာ္မ်ိဳးမွတ္ထားလိုက္ပါ့မယ္"

"မွတ္ထား..ေသခ်ာမွတ္ထားေနာ္၊စကားမတည္လို႔ကေတာ့...ဖခမည္းေတာ္အစားကိုယ္ေတာ္က
ခင္ဗ်ားကိုအျပစ္ႀကီးႀကီးေပးမယ္"

ပိစိေလးစကားေၾကာင့္ထယ္ေယာင္းေခါင္းခဲသြား
တယ္။ဒီသားအဖႏွစ္ေယာက္မနက္မိုးလင္းသူ႕အိမ္
အထိလာၿပီးအာဏာလာျပေနတာေတာ့မဟုတ္ပါဘူးေနာ္။ အေရွ႕က႐ူတည္တည္နဲ႕မ်က္ႏွာထားနဲ႕
သားအဖႏွစ္ေယာက္ကိုၾကည့္ရင္းထယ္ေယာင္း
ဘယ္လိုရယ္ခ်င္လာမွန္းမသိေတာ့။မင္းသားေလး
က ကေလးေလးဆိုရင္ဧကရာဇ္က ကေလးႀကီး။
ကိုယ့္အေတြးနဲ႕ကိုယ္ရယ္႐ႊင္လာသည္ေၾကာင့္ထယ္ေယာင္းမ်က္ဝန္းညိုေတြမွာပိုေတာက္ပလာ
ရၿပီးနီးေဆြးေဆြးႏႈတ္ခမ္းေလးသည္အေပၚသို႔
ေကာ့တက္သြားကာပုလဲလုံးေလးေတြသီကုံးစီထား
သည့္အလားသြားျဖဴျဖဴေလးေတြကိုလစ္ဟျပလာ
ေတာ့သည္။

"မရယ္နဲ႕..."

တိုးေတာင္းေသာအမိန့္သံသည္လည္းမင္းသားငယ္ေလးဆီကထြက္လာတာျဖစ္ၿပီးမေက်မနပ္
စြာပင္သူ႕ညွပ္ရိုးအားငုံခဲကာကိုက္လာသည္။

"ဂုကီ...မင္းဦးေလးကိုအဲ့လိုမလုပ္ရဘူးလို႔ဖခမည္း
ေတာ္ေျပာမထားဘူးလား။မင္းသားျဖစ္ၿပီးလူႀကီး
ေတြအေပၚရိုင္းစိုင္းဆက္ဆံတာေတြဖခမည္းေတာ္
မႀကိဳက္ပါဘူး"

ဧကရာဇ္ကဖိမေဟာက္ေသာ္ျငားအသံကစိတ္အလြန္ဆိုးေနမွန္းသိသာလြန္းလွသည္။မင္းသားငယ္ေလးအဆူခံရမည္စိုးရိမ္ေသာေၾကာင့္တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားလိုက္ၿပီး

"ဒါနဲ႕...ဒီကြၽန္ရင္းကအရွင့္အတြက္ဘယ္အမူ႕ကို
ထမ္းေဆာင္ရပါ့မလဲ..."

ထယ္ေယာင္းစကားလမ္းေၾကာင္းလႊဲလိုက္ေသာ္
လည္းသားအဖႏွစ္ေယာက္လုံးသင့္ျမတ္ပုံမရေသး။

"ကင္မ္ထယ္ေယာင္း...မင္းလည္းသူ႕ကိုက်ပ္က်ပ္
အလိုလိုက္၊တစ္ေန႕မင္းေခါင္းေပၚခ်ီးတက္ပါမွငါ့
လာမကူခိုင္းနဲ႕..."

ေဂ်ာင္ကုကီေလးကခံေျပာခ်င္လြန္းအားႀကီးကို
ပါးစပ္ကိုမနည္းေစ့ထားရသည္။႐ြံ႐ြံရွာရွာ..ေခါင္း
ေပၚအီးအီးပါစရာလား။ဒီေလာက္လွတဲ့လူရဲ႕ေခါင္း
ကဆံပင္ေတြကိုသူကိုယ္တိုင္ေလွ်ာ္ၿပီးေခါင္းၿဖီး
ေပးခ်င္တာ။ဂႏၶာမာပန္းျဖဴေသးေသးေလးတစ္
ပြင့္ပန္ခိုင္းလိုက္ရင္ေတာ့ဒီလူကမယ္မယ္ထက္
အမ်ားႀကီးသာကာလွသြားပါလိမ့္မည္။အဲ့က်
..အရမ္းေခ်ာေမာလြန္းတဲ့စစ္သူႀကီးအားစစ္ထြက္
တိုက္ခြင့္မေပးေတာ့ဘဲဘယ္သူ႕မွေတြ႕ခြင့္ျမင္ခြင့္
မရေအာင္နန္းေဆာင္ထဲပိတ္ေလွာင္ပစ္မယ္။

"မင္းသားငယ္ကိုစာသင္ေပးဖို႔ဆိုတာမျဖစ္နိုင္ပါဘူး၊ကြၽန္ေတာ္မ်ိဳးကိုယ္တိုင္ကစာေပနဲ႕ေဝးကြာေန
တာအေတာ့္ကိုၾကာပါၿပီ"

ထယ္ေယာင္းက ဧကရာဇ္၏တာဝန္ေပးမူ႕ကို
အနည္းငယ္ျငင္းဆန္လိုက္မိတယ္။သူ႕ဘဝ
သက္တမ္းတစ္ေလွ်ာက္မလုပ္ခ်င္တဲ့တာဝန္ဝတၱာ
ရားမ်ိဳးဆိုအေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးဧကရာဇ္ကို
ဖီဆန္လာတာ။ဧကရာဇ္ကလည္းထယ္ေယာင္းမႀကိဳက္တဲ့ဘယ္အမူ႕ကိစၥမဆိုဇြတ္တ႐ြတ္မခိုင္း။
မင္းသေဘာဆိုၿပီးအဆုံးသတ္ေပးလိုက္တာမ်ိဳး။

"ကိုယ္ေတာ္ၾကားမိသေလာက္ေတာ့...ေမာင္မင္း
မွာလီေဆာင္မင္ဆိုတဲ့တပည့္တစ္ေယာက္ရွိတယ္
ဆို"

"မွန္ပါ့ဘုရား...သူကနယ္စပ္ကအစာေရစာျပတ္
လပ္ေနတဲ့သနားစရာကေလးငယ္ေလးတစ္
ေယာက္ပါ။ကေလးမိဘေတြကလည္း ကြၽန္ေတာ္
မ်ိဳးတို႔ဂ်ီေယာတပ္အတြက္ရန္သူ႕သတင္းေပးလုပ္
ရင္းလမ္းမွာအသတ္ခံခဲ့ရပါတယ္။ကြၽန္ေတာ္မ်ိဳး
ကသူ႕ကိုေခၚၿပီးေနစရာစားစရာေပး႐ုံပါ။ပညာ
သင္ေပးတယ္ဆိုတာကလည္းအမ်ားအစားမဟုတ္
ဘဲဒီအတိုင္းေရးတတ္ဖတ္တတ္႐ုံပါပဲ"

အရွင္ဘုရင္သည္ထယ္ေယာင္း၏စာနာသနား
ၾကင္နာတတ္တဲ့စိတ္ကိုသိရွိၿပီးသား။ငယ္ငယ္တုန္း
ကဆိုႏွစ္ေယာက္သားနန္းေတာ္ကလစ္ထြက္ၿပီး
ၿမိဳ႕ထဲေလွ်ာက္လည္ၾကရင္...ပါလာသမွ်ေငြအသ
ျပာအားလုံးသည္ေတာင္းရမ္းစားေသာက္သူမ်ား
ကိုစြန့္က်ဲေပးကမ္းရင္းကုန္ၿမဲသာ။သို႔ေသာ္...သူ
က ထယ္ေယာင္း၏ကုသိုလ္ဒါနစိတ္ေလးကိုမေဖ်ာက္ဖ်က္မဟန့္တားလို၊သူ႕မွာပါလာတဲ့အသျပာ
အိတ္ကိုထယ္ေယာင္းလက္ထဲထိုးေပးရင္းစိတ္ႀကိဳက္သုံးစြဲေစခဲ့သည္။

ဧကရာဇ္အရွင္သည္ႏုဖတ္ေနေသာထယ္ေယာင္း
မ်က္ႏွာေလးကိုတစ္ေမ့တစ္ေမာေငးၾကည့္ရင္း
ေနာင္တတရားကိုရင္တြင္းေပြ႕ပိုက္ထားရ၏။
ကင္မ္ထယ္ေယာင္းဆိုေသာလူသားငယ္ကိုခ်စ္
ျမတ္နိုးပါေသာ္လည္းတိုင္းျပည္၏ဘုရင္တစ္ပါး
၊ထီးနန္းစိုးစံသူဟုေတြးမိလိုက္ေသာအခါသူ႕ႏွလုံးသားသည္တစ္ဖန္ျပန္လည္ၿငိမ္သက္သြား၏။

"ျပန္ၾကမယ္...စစ္သူႀကီးမွသားေတာ္ကိုစာမသင္
ေပးခ်င္တာ..ဒီအတိုင္စာသင္ၾကားမူ႕အားလုံးကို
ရပ္တန္လိုက္႐ုံေပါ့"

လက္တစ္ဆစ္ေလာက္ရွိတဲ့စိတ္ကေလးနဲ႕မင္းသား
ငယ္မွာသူ႕ေပါင္ေပၚကဆင္းေျပးတယ္။ထယ္ေယာင္းကျဖဴေဖြးေသာနို႔ခဲေလး၏ပါးျပင္းကို
ကိုက္ပစ္ခ်င္ေသာ္လည္းအိမ္ေရွ႕စံမင္းသားမို႔မက်ဳးလြန္ဝံ။

"ထယ္ေယာင္း...ထပ္စဥ္းစားေပးပါဦး၊သားေတာ္ကမင္းကလြဲ ၿပီးဘယ္သူ႕ကိုမွဆရာမေခၚခ်င္ဘူး
တဲ့၊မင္းနဲ႕စာသင္ရင္ သူစာႀကိဳးစားမယ္လို႔ငါ့ကို
ေရာ၊သူ႕မယ္ေတာ္ကိုပါကတိေပးထားတယ္"

"အမိန့္အတိုင္းပါ၊ဒါေပမဲ့က်င့္ဝတ္က်မ္းစာေတြျပန္ေလ့လာရမွာမို႔တစ္ပတ္ေလာက္ျပန္အခ်ိန္ေပးပါ...ဘုရား"

ထယ္ေယာင္း၏ေလွ်ာက္တင္မူ႕ကိုဧကရာဇ္ကသေဘာတူသည္ႏွယ့္ေခါင္းညိမ့္ျပလာသလိုေပါင္
ေပၚကသူေထြးဖက္ထားေသာမင္းသားေလးမွာ
လည္းၿငိမ္သြားကာရင္ခြင္ထဲေခါင္းလုံးလုံးေလး
မွီခ်လာသည္။

ထို႔ေနာက္တိုးတိုးေျပာသည္ကား

"ထယ္ထယ္ အေကာင္းဆုံး..."တဲ့။

ထို႔ေနာက္ထယ္ေယာင္းသည္ေပးအပ္ထားေသာ
တာဝန္ကိုေက်ပြန္ေအာင္ထမ္းေဆာင္ဖို႔အတြက္
တစ္ပတ္လုံးတိတိစံအိမ္အတြင္းအေလမလိုက္
ဘဲစာက်မ္းဂန္၊ဝတ္နည္းမ်ားကိုျပန္ေလ့လာရေတာ့သည္။ေနာင္တစ္ခ်ိန္ဘုရင္ျဖစ္လာမည့္အိမ္
ေရွ႕စံကိုသင္ၾကားျပသရျခင္းလြယ္ကူသည့္ကိစၥ
မဟုတ္သလိုေပါ့ေပါ့တန္တန္လည္းလုပ္လို႔မရ။
ဒါ့ေၾကာင့္ကင္မ္ထယ္ေယာင္းမွာအရင္လိုအိမ္တြင္းပုန္းကာေသာက္စားမူးယစ္မေနပဲစာအုပ္
အထူႀကီးေတြၾကားေခါင္းစိုက္ရေတာ့၏။
အိမ္ေရွ႕စံကလည္းတစ္ျခားမင္းမူ႕ထမ္းေတြနဲ႕ဆို
ဘာမွမသက္ဆိုင္သလိုဖာသိဖာသာေနတတ္ေပမဲ့
ထယ္ေယာင္းနဲ႕ဆိုရင္ေတာ့ကေလးေလးလိုပင္
ခြၽဲကာကပ္တြယ္လြန္းေနခဲ့သည္။ထယ္ေယာင္းရဲ႕
ပင္ကိုသဘာဝဗီဇအရလည္းကေလးခ်စ္တတ္
သည္ေၾကာင့္မင္းသားငယ္ေလး၏ကပ္တြယ္မူ႕
မွာလုံးဝစိတ္အႏွောင့္အယွက္ျဖစ္မေန။ဒီခ်စ္
ဖို႔ေကာင္းတဲ့ကေလးေလးလိုအလိုမလိုက္ဘဲဘယ္သူကေနနိုင္မွာတုန္း။

ထယ္ေယာင္းႏႈတ္ခမ္းပါးေတြသည္ေရးေရးေလး
ၿပဳံးမိသြား၏။အခုေတာ့ခ်စ္စရာေကာင္းတဲ့မင္း
သားငယ္ေလးမွာငယ္ငယ္႐ြယ္႐ြယ္နဲ႕ဧကရာဇ္
တစ္ပါးျဖစ္လာခဲ့ၿပီး တစ္ေလာကလုံးကိုပိုင္စိုးခ်ယ္လွယ္နိုင္ၿပီေလ။

အရွင္...မင္းသားေလးကသိပ္မေတာ္ဘူးလား။
ကြၽန္ေတာ္မ်ိဳးေတာ့သူ႕အတြက္အႀကိမ္ႀကိမ္ဂုဏ္
ယူမိေသာပဲ။

ထယ္ေယာင္းသည္ျပဴတင္းတံခါးနားမတ္မတ္ရပ္ကာညေနဆည္းဆာေနဝင္ခ်ိန္ကိုတစ္ေမ့တစ္ေမာ
ေငးေနမိသည္။သူ႕ဘဝကလည္းေနဝင္သြားသည့္
ညေနႀကီးပမာ...က်န္ရွိေနသည့္ေန႕ရက္တိုင္းဒုကၡ
ေမွာင္အတိဖုံးလႊမ္းေန၏။

ဧကရာဇ္ဂြၽန္ေဂ်ာင္ကု၏ဘုန္းတန္ခိုးေၾကာင့္အမူ႕
မွန္ေပၚသြားသည္ပဲထား၊သူကေပးၿပီးသားကတိ
တိုင္းဂြၽန္ေဂ်ာင္ကု၏အမ်ိဳးသားကိုယ္လုပ္ေတာ္
ျဖစ္လာပါလိမ့္မည္။ပုပ္အဲ့ေနတဲ့အေနာက္နန္းေဆာင္းၾကားသူရွင္သန္ရမည္ကိုေတြးမိေသာအခါ
အသက္႐ူက်ပ္မတတ္မြန္းက်ပ္လွ၏။

ဧကရာဇ္သည္ငယ္စဥ္အိမ္ေရွ႕စံမင္းသားဘဝ
ကတည္းဥာဏ္ေကာင္းသည္၊သင္ယူတတ္ေျမာက္
လြယ္သည္၊၊လိုခ်င္တာ..ျဖစ္ခ်င္တာကိုမရရေအာင္လုပ္ယူတတ္ကာတစ္ေလာကလုံးနဲ႕အတိုက္အခံလုပ္ရဖို႔လည္းဝန္မေလး။

ထယ္ေယာင္းသည္ဧကရာဇ္၏ကမ္းလွမ္းမူ႕ေၾကာင့္
အိမ္ေရွ႕စံအားစာသင္ၾကားျပသေပးခဲ့သည္။ပုံ
မွန္ဆိုနန္းေတာ္၏စာေပသင္ၾကားေရးဌာနတြင္သင္
ၾကားရမည္ျဖစ္ေသာ္လည္းမင္းသားငယ္ကမူ
ထိုေနရာကိုမလာခ်င္ဟုဆိုသည္။ဒါ့ေၾကာင့္..
မင္းသားငယ္စံျမန္းတဲ့နန္းေဆာင္ဆီကိုသာထယ္ေယာင္းတစ္ကူးတစ္ကလိုက္လာၿပီးစာသင္ၾကား
ရေတာ့သည္။

ထယ္ေယာင္းအေဆာင္ထဲလွမ္းဝင္လိုက္သည္ႏွင့္
မင္းသားငယ္မွာအေဝးကပင္ေျပးကာစီးႀကိဳေတာ့သည္။အနားေရာက္သည္ႏွင့္ထယ္ေယာင္း
ကိုယ္ေပၚခုန္တက္လာသည္မွာေၾကာင္ေလးတစ္
ေကာင္အလား။

"ျဖည္းျဖည္းလာပါ...မေတာ္လို႔ျပဳတ္က်သြားမွ
ျဖင့္"

ထယ္ေယာင္းကသူ႕ဆံပင္းအားလုံးကိုအေျပာင္ရွင္း
ကာစုစည္းသိမ္းႏွောင္ထားသည္ေၾကာင့္ခန့္ညား
ေခ်ာေမာေသာမ်က္ႏွာကအထင္းသား။အိမ္ေရွ႕
စံေဘးနားကအထိန္းေတာ္တစ္သိုက္မွာစစ္သူႀကီး
ထယ္ေယာင္း၏ခန့္ညားေခ်ာေမာေသာ႐ုပ္ပိုင္း
ဆိုင္ရာအသြင္အျပင္ေၾကာင့္အားလုံးမွင္သက္ၾက
ကုန္သည္။ေဂ်ာင္ကုကီေလးကေတာ့ထိုအေျခ
အေနကိုလုံးဝမေက်နပ္။ကင္မ္ထယ္ေယာင္း
ကိုသူပိုင္တာ..အခုလိုသူပိုင္တဲ့အ႐ုပ္ကေလးကို
ဝိုင္းၾကည့္ေနတဲ့အထိန္းေတာ္ေတြအားဒဏ္ႀကီးႀကီးေပးလိုေပမဲ့ဘာအခြင့္အာဏာမွမရွိ။မင္းသား
ငယ္ေလးမွာသူ႕အပိုင္ပစၥည္းေတြကိုထိန္းသိမ္းကာ
ကြယ္ဖို႔အာဏာကမျဖစ္မေနလိုအပ္ေၾကာင္းစတင္
သေဘာေပါက္လာခဲ့သည္။

ကင္မ္ထယ္ေယာင္းကမူဒါေတြကိုမေတြးမိခဲ့။သူ
ကဝါဂြမ္းစိုင္ေလးလိုႏူးႏူးညံညံေဖြးေဖြးျဖဴေနတဲ့
မင္းသားငယ္ေလးအားခါးထက္ခ်ီပိုးကာနန္း
ေဆာင္ထဲသို႔ဝင္သြားေတာ့သည္။

အေဆာင္ေတာ္ေရာက္သည္ႏွင့္စာေရးစားပြဲခုံအပု
ေလးတြင္ထယ္ေယာင္းေရာေဂ်ာင္ကုကီေလးပါ
မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾကသည္။

ထယ္ေယာင္းသည္အိမ္ကေနသူမွတ္ယူေလ့လာ
ထားသည့္စာေၾကာင္းတစ္ေၾကာင္းအားခ်ေရး
ကာမင္းသားငယ္ေလးအားကူးေစလိုက္သည္။

"ၿပီးၿပီ...."

ေဂ်ာင္ကုကီကလည္းစာေတြအားလုံးကူးယူၿပီး
ေနာက္ထယ္ေယာင္းအားျပန္ထိုးေပးလာသည္။

"ဟင္...အရွင္မင္းသားလက္ေရးကစုတ္လိုက္တာ"

ခ်စ္ရသူဆီမွပထမဆုံးအႀကိမ္ဒီလိုခ်ီးက်ဴး
ခံလိုက္ရေသာအခါေဂ်ာင္ကုကီေလးမ်က္ႏွာ
မွာ႐ူံ႕မဲ့သြားရၿပီးမ်က္ရည္မ်ားပင္ဝိုင္းတက္လာ
ရေတာ့သည္။

"အာဂူး...ဒါေလးေျပာတာကိုငိုစရာလား"

ထယ္ေယာင္းသည္လည္းမင္းသားငယ္ေလးစိတ္
ထိခိုက္သြားေသာေၾကာင့္အနည္းငယ္စိတ္မေကာင္းျဖစ္သြားရၿပီးပါးလုံးလုံးေလးေပၚက
မ်က္ရည္မ်ားအားလက္ျဖင့္ခပ္ဖြဖြသုတ္ေပးလိုက္
သည္။

"လာ...ကိုယ္သင္ေပးမယ္"

ထယ္ေယာင္းထိုသို႔ေျပာၿပီးသည္ႏွင့္ထိုင္ေနရာမွထကာကေလးငယ္ေလး၏ေနာက္ေက်ာ
ဘက္တြင္ဝင္ေနရာယူလိုက့သည္။ထို႔ေနာက္မွင္စုတ္တံကိုင္ထားတဲ့လက္တစ္ဖက္ကိုအုံ႕မိုးကာဆုပ္ကိုင္လိုက္ၿပီးစာလုံးတစ္လုံးအားအတူတူေရးသားလိုက္သည္။

"ဆရာ...ကြၽန္ေတာ္လည္းအဲ့လိုေရးတတ္ခ်င္တယ္"

မ်က္ရည္ေတြေပက်ံေပမဲ့မင္းသားငယ္ေလး၏
မ်က္ဝန္းေတြကေတာ့စိတ္တက္ႂကြမူ႕အျပည့္။
ထယ္ေယာင္း..သူ႕တပည့္ေသးေသးေလး၏ေခါင္း
ကိုခပ္ဖြဖြပြတ္ေပးလိုက္သည္။

"ၾကာေတာ့..ေရးတတ္သြားမွာေပါ့၊အခုေတာ့..
လက္ထပ္ၿပီးသင္ေပးမယ္"

ထယ္ေယာင္းသည္ေဂ်ာင္ကုလက္ကိုထပ္ရင္းစကားလုံးတစ္လုံးစီကိုလွပစြာေရးသည္။ေဂ်ာင္
ကုကီေလးကေတာ့စာလည္းသင္ရတဲ့အျပင္ထယ္
ေယာင္းရင္ခြင္ထဲလည္းေနရ၊လက္လည္းအကိုင္
ခံေနရမို႔အလြန့္ကိုသေဘာေခြ႕ေနမိသည္။

ေနာက္ၿပီးကိုယ္သင္းရနံကလည္းဂႏၶာပန္းအနံ
ခပ္ေဖ်ာ့ေဖ်ာ့ေလး။သူေလ ဒီလူကိုခ်စ္လြန္းလို႔
အသက္ျမန္ျမန္ႀကီးဖို႔တစ္ကယ္မေစာင့္နိုင္ေတာ့
ဘူး။

Thank You For Reading.
Votes Conments Rlအတြက္ေက်းဇူးပါ
အမွားပါလည္းခြင့္လႊတ္ပါ။
TaeKook is real for me
Th'nzar

Ga verder met lezen

Dit interesseert je vast

362K 12.8K 59
After Pein's invasion, Naruto is betrayed by his comrades and left to die. When he wakes up, he somehow travelled back in time to when he was genin a...
996K 53.7K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
272K 8.2K 63
❝ Shut up,❞ ❝ Make me, 𝐩𝐫𝐢𝐧𝐜𝐞𝐬𝐬.❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 no matter how hard she tries to resist, the daughter of Hades ends up falling for Percy Jac...
121K 4.4K 85
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...