မှောင်ရီပျိုးချိန်တွင် တိုက်ပျက်ကြီးထဲ၌ သေမင်းနှင့် စစ်ခင်းနေရသော လူတစ်စုရှိနေသည်။
ထိုက်အား ထိပ်တိုက်မြင်လိုက်ရချိန်၌ ဇာဏီထွဋ်ခေါင် သူ ခုန မျိုသိပ်ထားခဲ့ရသည့် ဒေါသတွေ ပြန်ပေါ်လာခဲ့ရသလို၊ မျက်နှာဖုံး လုံးဝ ခွာချလိုက်ပြီဖြစ်တဲ့ မင်းမဟော်ထိုက်ဖက်မှလည်း သူ ထွဋ်ကို ပစ်သတ်လိုက်ဖို့ ရယ်ဒီဖြစ်နေခဲ့သော်လည်း သူ့အစ်ကိုရှေ့ ပိတ်ရပ်လာသော ရှေးကြောင့် လက်ထဲမှ သေနတ်ကို ပြန်ချထားလိုက်ရသည်။
ရှေးတစ်ယောက် ထိုက်ကို အခုလို တွေ့လိုက်ရတာကြောင့် လက်ရှိအခြေအနေကို နားမလည်နိုင်ဖြစ်သွားရတာမို့ သူ ထိုက်အား မေးမြန်းရန် ခြေတစ်လှမ်းတိုးလိုက်ရုံတင် အစ်ကို သူ့လက်ကောက်ဝတ်အား ဖမ်းဆွဲထားခဲ့သည်။
"ရှေး. . .ငါ့နားမှာပဲနေ"
"ဟက်၊ ကိုယ့်ညီကိုတော့ အဲ့လောက် သိတတ်နေရင် ငါ့ညီအပေါ်ကျတော့ မင်း ဘယ်လိုတောင် လုပ်နိုင်ခဲ့တာလဲ။ မင်း သူ့ကို အတည်မကြံဘဲ ထားသွားတယ်ဆိုရင်တောင် ငါ မင်းကို နားလည်ပေးဦးမှာပဲ။ ဘာလဲ၊ ငါ့ညီက မင်းအတွက် ကာဗာသက်သက်ပဲလား"
ရှေး သူ့အစ်ကိုအား ဖျတ်ခနဲ မော့ကြည့်လိုက်မိသွားခဲ့သည်။
"ကိုယ့်ညီအရင်းကို ကြိုက်နေတာကို ဖုံးကွယ်ချင်လို့ မင်း လွှမ်းကို တွဲခဲ့ရုံလား"
ရှေး၏ လက်ထဲမှ ကြာပွတ် ပြုတ်ကျသွားခဲ့သည်။
ဇာဏီထွဋ်ခေါင် ထိုကောင့်ရှေ့ ချက်ချင်းတိုးကပ်လာခဲ့သည်။
"မင်း ပါးစပ်ကို ပိတ်ထားစမ်း"
"ဘာလဲ၊ ရှေး သိသွားမှာ ကြောက်နေတာလား"
ထွဋ်က သူ့နဖူးတည့်တည့်ကို သေနတ်ချိန်လာတဲ့အပြင် သူ ထင်သည့်အတိုင်း ရှေး သိသွားတာကို အဲ့ကောင် ဒေါသအလွန်ထွက်သွားပုံရသည်။
ဇာဏီထွဋ်ခေါင် သူ အခုလို ညီအရင်းကိုမှ ချစ်နေမိတာကို ရှေး သိသွားမှာ သေမတတ်ကြောက်ခဲ့သည်။ သူ ရှေးကို ဖွင့်ပြောဖို့ အတွေးလုံးဝမရှိသလို၊ မတော်တဆ ရှေး သိသွားခဲ့ရင် သူ့ကို ရွံသွားမှာအား အစိုးရိမ်ဆုံးပင်။
"ငါနဲ့လွှမ်းက ချစ်သူတွေပါလို့ မင်းကို ဘယ်သူပြောတာလဲ။ ငါတို့နှစ်ယောက် ဘာမှမဆိုင်ဘူး။ ဘာမှမဆိုင်ပါဘူးဆိုတာကို မင်းတို့အကုန်လုံး နားလည်အောင် ငါ ဘယ်လို သက်သေပြရဦးမှာလဲ"
ဇာဏီ တကယ် စိတ်လွတ်သွားမတတ် ပေါက်ကွဲနေခဲ့ရသည်။ သူတို့နှစ်ယောက် ဘာမှမဆိုင်ပါလျက်နှင့် လွှမ်းကို သူ့ကောင်လေး ထင်ပြီး သူ့အဖေ ရှင်းထုတ်ခဲ့သည်။ ရှေးက အလိုတူအလိုပါ ဖြစ်နေမှန်း သက်သေတွေများစွာ ရှိနေလို့ ထိုညက ရှေးအတွက် သူ လွှမ်း၏ အလောင်းကို မဖျောက်ပစ်ရုံတမယ် လုပ်ခဲ့မိသည်။
သူနဲ့ လွှမ်းကို အကုန်လုံးက အထင်လွဲနေခဲ့ကြတာပင်။
"လွှမ်းက ငါ့ကို ကြိုက်တာမဟုတ်ဘူး၊ ငါ့ချစ်သူလည်း မဟုတ်ဘူး။ လွှမ်း သဘောကျနေတာ ရှေးကိုကွ။ လက်စသတ်တော့ မင်းတို့ညီအစ်ကိုနှစ်ယောက်လုံး ငါ့ညီကို လာချိန်နေတာပဲ၊ ငါ မင်းကိုတောင် အတော်သည်းခံနေရတာ!!!"
ဒီတစ်ခါ အံ့ဩသွားရသူက ရှေးနှင့်ထိုက်ပင် ဖြစ်သည်။
မင်းမဟော်ထိုက် သူ ဓာတ်ပုံတွေ မြင်လိုက်ရကတည်းက တစ်ခုခု လွဲနေတယ်ဆိုတာတော့ နားလည်ထားပြီးဖြစ်သော်ငြား ဘယ်လိုပဲဖြစ်ဖြစ် သူ့ညီက ဒီမိသားစုလက်ချက်ကြောင့် သေဆုံးခဲ့ရတာတော့ အမှန်တရားပင်။
ရှေး ထိုနှစ်ယောက် ထပ်ပြောနေသည့် အချေအတင် စကားတွေကို နားထောင်ပြီးသကာလ အံ့ဩစွာပင် ထိုက်က အရှေ့ဟော်နန်းသခင်ဆိုတာ သိလိုက်ရချိန်၌ မသိမသာ နောက်ဆုတ်ဆုတ်သွားမိသည်။ သူ ဘာကြောင့်မှန်းမသိ ထိုက်အား စတွေ့ကတည်းက သဘောမကျတဲ့အပြင် ထိုလူ သူ့နား နီးကပ်လာချိန်တိုင်း အရှိန်အဝါ တစ်ခုပါလာသလို ခံစားရတာမို့ သူ ထိုအစ်ကို့အား ကြောက်ပင်ကြောက်နေခဲ့မိသည်။
"ဟေ့၊ မင်းရပ်နေစမ်း"
ဒိုင်း!
သူတို့နားက ပြေးတော့ဖို့ လုပ်နေသည့် ရှေးကို ထိုက် သတိထားမိသွားခဲ့တာမို့ ထိုက် ရှေး၏ ညာဖက်လက်မောင်းကို လှမ်းပစ်လိုက်တော့သည်။
သူ့ညီလက်မောင်းထဲ ကျည်စိုက်ဝင်သွားချိန်၌ ဇာဏီ ထိုကောင့် ဘယ်ဖက်လက်မောင်းအား ဒေါသတကြီး ချက်ချင်း ပြန်ပစ်လိုက်မိသွားခဲ့သည်။
ရှေးကတော့ အခုချိန်၌ သူ့လက်မောင်းထက်မှ နာကျင်မှုထက် ထိုက် သူ့အား မမိသွားဖို့သာ ဆန္ဒရှိနေ၏။
သူတို့သခင်ပါ သေနတ်မှန်သွားချိန်၌ ထိုက်၏ သက်တော်စောင့်အားလုံး ဇာဏီနဲ့ ရှေးကို ဝိုင်းထားလိုက်ပြီဖြစ်သည်။
"သူ့ကိုဖမ်းထားစမ်း၊ အရှင်ပဲဖမ်း"
"ရှေး. . .အမြန်ပြေးတော့"
သူတို့နား ထိုက်၏ လူတွေ မတိုးကပ်လာနိုင်ခင် ဇာဏီ သေနတ်ကို တောက်လျှောက်ဆွဲပစ်နေပြီး ရှေး ပြေးလို့ရအောင် လမ်းရှင်းပေးထားသလို၊ တောက်လျှောက်ထွက်ပေါ်လာသော သေနတ်သံတွေကြောင့် သူ့အစ်ကိုကိုပင် မခေါ်နိုင်တော့ဘဲ ရှေး ထိုနေရာမှ သွေးရူးသွေးတန်း ပြေးထွက်သွားတော့သည်။
"ရှေးကို ရအောင်ပြန်ဖမ်းစမ်း"
ဇာဏီထွဋ်ခေါင် ထိုကဲ့သို့ ဇောင်းကြွနေသော မင်းမဟော်ထိုက်၏ ဝမ်းဗိုက်နေရာကို နောက်တစ်ချက် ထပ်ပစ်လိုက်ပြန်သည်။
"အ့"
ထွဋ်က သူ့ထက် သေနတ်ပစ် ကျွမ်းကျင်တာကို မင်းမဟော်ထိုက် လက်ခံလိုက်ရတော့သည်။
"ငါ့ညီကို လိုချင်နေရင်တော့ မင်းလည်း လွှမ်းနောက်ပဲ လိုက်သွားလိုက်တော့"
ရှေး၏ လက်မောင်းကို ကျည်ဖောက်ဝင်သွားကတည်းက သွေးဆာနေသော ကျားတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည့် ဇာဏီထွဋ်ခေါင်၏ မျက်လုံးထဲ၌ ဘာကိုမှ မမြင်တော့။
သူ ထိုက်လက်ထဲမှ သေနတ် လွတ်သွားအောင် ထိုက်၏ လက်ဖျံကို ထပ်ပစ်လိုက်မိပြန်သည်။
ဒိုင်း ဒိုင်း ဒိုင်း!
တိုက်ပေါ်မှ လွှားခနဲ ခုန်ချဖို့ ပြင်နေသည့် ရှေးတစ်ယောက် သူ့အစ်ကိုထံမှ ဆက်တိုက်ကြားနေရသော သေနတ်သံတွေကြောင့် ချက်ချင်းရပ်တန့်သွားခဲ့သည်။
သူ အခုချိန်ခဏလေး၌ သေနတ်သံကို ကြောက်တာထက် သူ့အစ်ကို လူသတ်မိသွားမှာကို ပိုစိုးရိမ်မိသွားလေသည်။
ထို့ကြောင့် သူ ပြေးထွက်လာခဲ့ရာနေရာဆီသို့ တဟုန်ထိုး ပြန်ပြေးလာခဲ့သည်။
ထို့နောက် သူ့အစ်ကိုဖက်မှ မင်းမဟော်ထိုက်၏ နှလုံးတည့်တည့်ကို ချိန်ရွယ်ပြီး ပစ်လိုက်တဲ့ ကျည်ဆန်ရှေ့ ဖြတ်ဝင်သွားခဲ့မိစဉ် ရှေး နောက်ဆုံးမြင်လိုက်မိတဲ့ ပုံရိပ်က သူ့မယ်တော်၏ နောက်ဆုံးထွက်သက်အချိန်ကိုပင် ဖြစ်သည်။
အား. . .အန်တီ ကျွန်တော့်မယ်တော့်ကို မပစ်ပါနဲ့။
"ရှေး ! ! !"
"ရှေး"
ဇာဏီ သူ့လက်ထဲက သေနတ် လွတ်ကျသွားခဲ့သလို ရုတ်တရက်ကြီး ထိုက်ရှေ့ ဖြတ်ဝင်သွားသည့် ရှေး၏ ကျောကို သူ ပစ်လိုက်သည့် ကျည်ဆန်က အရှိန်နှင့် ဖောက်ဝင်သွားခဲ့ချိန်၌-
မင်းမဟော်ထိုက်ပင် သူ့ရင်ခွင်ထဲ အရုပ်ကြိုးပြတ် ခွေကျလာသည့် ရှေး၏ ခန္ဓာကိုယ်အား လက်တစ်ဖက်နှင့် အမြန်ဖမ်းထိန်းထားလိုက်ရကာ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာတွေထက်ပင် ပြင်းထန်တဲ့၊ သေကွင်းသေကွက်နဲ့ နီးသော နေရာကို အပစ်ခံလိုက်ရတဲ့ ရှေးအား ထိုက် အလန့်တကြား လှုပ်နှိုးနေမိတော့သည်။
"ဟေ့၊ ဟေ့၊ မင်း သတိထားဦး"
ဇာဏီ ထိုနှစ်ယောက်ရှေ့ ဒူးတစ်ဖက်ထောက် အမြန်ထိုင်ချလိုက်ရသည်။
ထို့နောက် ထိုက်၏ လက်ထဲမှ ရှေး၏ ခန္ဓာကိုယ်အား ဇာဏီ သူ့လက်မောင်ကြားထဲ အမြန်ထိန်းပွေ့ထားလိုက်ရစဉ် ရှေး၏ ကျောပြင်ထက်မှ စီးကျလာသော သွေးတွေက ထိုက်ရဲ့လက်မှာတင်မက ဇာဏီ့၏ လက်မှာပင် ရွှဲနစ်သွားခဲ့သည်။
"ရှေး. .ရှေး၊ ကိုယ့်ကို ကြည့်ဦး"
ရှေးတစ်ယောက် သူ့မျက်လုံးထဲ၌ မယ်တော့်၏ နောက်ဆုံးပုံရိပ်ကိုသာ တောက်လျှောက်မြင်နေရစဉ် သူ့အစ်ကို၏ အသံကို ပြန်ကြားလာရပြီမို့ မျက်လုံးတွေ ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်မိသည်။ ထို့နောက် သူ့အစ်ကိုလက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူ့နောက်ဆုံးလက်ကျန်အားနှင့် အစ်ကို့အား လက်သင်္ကေတတွေ ပြနေရလေသည်။
"အစ်ကို လူသတ်ပြီးရင် ကျွန်တော် အလောင်းဖျောက်ပေးနိုင်မှာ မဟုတ်တာမို့ လူမသတ်ပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လွှမ်းကို သေစေခဲ့တာ ကျွန်တော်တို့ဖက်ကဆိုတာတော့ အမှန်တရားပဲလေ။ ကျွန်တော်လည်း အစ်ကို တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီအစ်ကို့လိုပဲ ရေဆုံးမြေဆုံး လက်စားလိုက်ချေမှာပဲ။ အဲ့ဒါမို့ အစ်ကို သူ့ကို မသတ်ပါနဲ့။ ကျွန်တော်တို့ လွှမ်းအပေါ်မှာတောင် အကြွေးတွေ ရှိနေတယ်လေ"
ဇာဏီ သူ့ညီ၏ ခန္ဓာကိုယ်အား သူ့ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဖက်တွယ် ဆွဲသွင်းထားလိုက်ပြီး မျက်ရည်တွေကြားမှ သေချာထွေးပွေ့ထားလိုက်မိစဉ် မင်းမဟော်ထိုက် သူ ပထမဆုံးအကြိမ် ထိုကောင်လေး ဘာပြောနေတာလဲဆိုသည့် လက်သင်္ကေတတွေကို ပြင်းပြင်းပြပြ နားလည်ချင်ခဲ့မိသည်။
သူ့အစ်ကို သူ ပြောတာကို မတုံ့ပြန်လာချိန်မှာပင် ရှေးတစ်ယောက် သူ့လက်အစုံ ကြမ်းပြင်ပေါ် ပစ်ကျသွားခဲ့တော့ပြီး သူ့ကမ္ဘာကြီး အမှောင်ဖုံးသွားခဲ့သည်။
"ရှေး !!!"
ဇာဏီထွဋ်ခေါင် အရေးပေါ်ကားကို ဆက်သွယ်နေမှုကို ထိုက်၏ သက်တော်စောင့်တွေ သူတို့သခင်၏ မျက်နှာအား လှမ်းကြည့်လိုက်စဉ် ထိုက်ဖက်မှ တားဆီးမှု မရှိလာသည့် ပုံစံကြောင့် သူတို့သခင်ကိုသာ အရေးပေါ်ကုသမှု အရင် ပြေးလုပ်ကြရတော့သည်။
.
.
.
ခွဲခန်းရှေ့၌ ဇာဏီ သူ့ကိုးကွယ်ရာကိုသာ အာရုံပြုနေမိရင်း အခုချိန်ထိ သူ့လက်တွေ တဆတ်ဆတ်တုန်နေတာက ရပ်တန့်မသွားသေးပေ။ သူ ရှေးအား လက်ဖျားနှင့်ပင် မထိရက်၊ မရိုက်ရက်ခဲ့ရသော်ငြား အခုတော့ သူ့ဒီလက်နဲ့ပင် ထိုကောင်လေးကို အကြီးအကျယ်ထိခိုက်သွားစေခဲ့တာက သူ့အား ဆောက်တည်ရာမရ ဖြစ်နေစေခဲ့သည်။
ထိုက်မှာလည်း ဒဏ်ရာများသော်ငြား သူ ထိုကောင့်အား သေစေဖို့ မရည်ရွယ်ခဲ့တာကြောင့် ထိုက်ကို ခွဲခန်းဝင်ပေးနေသည့် ဆရာဝန်တွေပင် ပြန်ထွက်လာခဲ့ချိန် ရှေးကတော့ အခုချိန်ထိ ခွဲခန်းထဲ၌ အသက်လုနေရဆဲပင် ရှိသေးသည်။
ထိုအချိန် ရှေး၏ ခွဲခန်းထဲမှ ပြေးထွက်လာကြသည့် ဆရာ၊ ဆရာမတွေကြောင့် ဇာဏီ အမြန်ထရပ်လိုက်သည်။
"လူနာက သွေးအရေးပေါ် ထပ်လိုနေတယ်"
ဇာဏီ့အား အခြေအနေတစ်ချက် ပြောပြီးတာနဲ့ ဆရာမတွေ အရင်ပြေးထွက်သွားစဉ် ဇာဏီ ဆရာ့ရှေ့ အမြန်ပိတ်ရပ်လိုက်ရသည်။
"သွေးလိုရင် ကျွန်တော့်ဆီက ယူလို့ရတယ်။ ကျွန်တော်က သူ့အစ်ကိုအရင်းပါ"
"အင်းအင်း၊ ဒါဆို အမြန် လိုက်ခဲ့ပေး"
.
.
.
သူ့သားတွေ သတင်းကြားကြားချင်း ချက်ချင်းလိုက်လာခဲ့ကြသည့် ဦးမင်းမြတ်နဲ့ သက်တော်စောင့်ကြီး ဦးသီဟတို့ ခွဲခန်းရှေ့၌ လူသေတစ်ယောက်လို ထိုင်နေသော ဇာဏီ့နား ရောက်လာခဲ့စဉ် သူ့အား မျက်လုံးသေများဖြင့် စိုက်ကြည့်လာသော သူ့သားကြီးကြောင့်-
"ရှေးရဲ့ အခြေအနေ ဘယ်လိုလဲ"
"ကျွန်တော်တို့နှစ်ယောက်က ဘာလို့ သွေးအမျိုးအစား မတူရတာလဲ၊ အမေမတူပေမယ့် အဖေတစ်ယောက်တည်းကပဲ မွေးထားတဲ့ သားတွေပဲကို ဘာလို့ အဲ့လိုဖြစ်နေရတာလဲ။ ကျွန်တော်က ခင်ဗျားရဲ့ သားအရင်း မဟုတ်တာလား"
ဦးမင်းမြတ် ထိတ်ခနဲ ဖြစ်သွားရသည်။ အခုလို အရှုပ်အထွေးကာလမှာ ရှေးက သူ့သားအရင်းမဟုတ်တာအား ပေါ်သွားလို့မဖြစ်ပေ။
"ပြောလေ၊ မယ်တော့်ကို ပစ်သတ်ခဲ့တဲ့ ခင်ဗျားအတွက် ကျွန်တော်က သားအရင်းမဟုတ်လို့ အခုချိန်ထိ ကျွန်တော့်အပေါ် အားနာစိတ် မရှိခဲ့တာလား"
ဇာဏီထွဋ်ခေါင် ဟော်နန်းအတွင်း၌ ဖြစ်ပျက်ခဲ့သော ထိုအဖြစ်ဆိုးအား အခုချိန်ထိ မျက်လုံးထဲကပင် ဖျောက်လို့မရခဲ့ပါ။
သူ့မယ်တော်က ရှေး၏အမေကို သူ့၏ အဆောင်နောက်က တူရိယာတွေထားထားသည့် ခန်းမထဲ၌ ပစ်သတ်ခဲ့သည်။ ထိုအချိန်က သူနဲ့ရှေးတို့နှစ်ယောက်သား ရှေး၏ အမေနဲ့ ခမည်းတော်တို့နဲ့အတူ ထိုခန်းမထဲ၌ ပျော်ရွှင်စွာ ဆော့ကစားနေခဲ့ကြစဉ် သူ့မယ်တော် ရောက်လာပြီး အားလုံးဖရိုဖရဲ ဖြစ်စေခဲ့သည်။
"အား. . .အန်တီ ကျွန်တော့်မယ်တော့်ကို ထပ်မပစ်ပါနဲ့တော့ ! ! !"
ငယ့်အား ယခုကဲ့သို့ သွေးအိုင်ထဲ မြင်လိုက်ရချိန်၌ ဦးမင်းမြတ် ဘာမှမစဉ်းစားနိုင်တော့ဘဲ သူ့၏ မဟာဒေဝီအား ဒေါသတကြီး ကျည်ပြန်ပစ်သွင်းခဲ့သည်။
ထိုမြင်ကွင်းက ရှေးနဲ့ဇာဏီ့အား အသံပင် မထွက်စေနိုင်တော့အောင်ထိ ကြောက်လန့်သွားစေခဲ့သည်မှာ မိခင်နှစ်ယောက်၏ အလောင်းမြေကျသွားတဲ့အထိကို သူတို့ညီအစ်ကိုနှစ်ယောက်လုံး တစ်ပတ်ကျော်နီးပါး အဖျားကြီး ဖျားခဲ့ကြသည်။
ထိုတစ်ပတ်နောက်ပိုင်းကတည်းက သူကတော့ ဖြည်းဖြည်းချင်း သက်သာလာခဲ့သော်လည်း ရှေးကတော့ သူ့အာရုံကြောတွေပါ ထိခိုက်သွားခဲ့ပြီး နာလန်ပြန်ထူလာချိန်၌ ဆွံ့အနားမကြားဖြစ်သွားခဲ့သည်။ လအတန်ကြာမှ အကြားအာရုံပြန်ရလာခဲ့သော်လည်း စကားတော့ လုံးဝ ပြန်မပြောလာနိုင်ခဲ့တော့ပေ။ ထိုအချိန်ကတည်းကနေ အခုချိန်ထိပင် ရှေး၏ အကြားအာရုံက သာမန်လူတွေထက်တော့ အားနည်းနေဆဲပင်။
ထိုအရွယ်မှစ၍ ဇာဏီ သူ့အဖေကို မုန်းတီးသွားခဲ့သည်မှာ လွှမ်းကိုပါ ယခုလို လုပ်ခဲ့ချိန်၌ သူ စော်ဘွားအဆောင်အယောင် အားလုံးစွန့်လိုက်ပြီး ဒီဟော်နန်းအား အပြီးတိုင် ကျောခိုင်းသွားခဲ့မိတဲ့အထိ စိတ်နာသွားခဲ့သည်။
သူ့အဖေ သူ့အား ဘာအဖြေမှ ပြန်ပေးမလာခင်မှာပင် ခွဲခန်းထဲမှ ဆရာဝန်တွေ ပြန်ထွက်လာခဲ့ပြီမို့ ဦးသီဟ ဆရာတွေနား အရင်ပြေးလျှောက်သွားမိခဲ့သည်။
"ဆရာတို့ လူနာအသက်ကိုတော့ ကယ်လိုက်နိုင်ပါပြီ"
ဦးသီဟ မျက်ရည်ကျမိမတတ် ကျေးဇူးတင်သွားရသလို ဇာဏီလည်း အခုမှ စိတ်လျှော့သွားနိုင်ခဲ့သည်။
"ငါတို့ ဒီကိစ္စကို ရှေး သက်သာလာမှ ဆွေးနွေးလည်း နောက်မကျသေးပါဘူး။ ငါနဲ့ ရှေးထက်တောင် မင်းမှာ နူးညံ့တဲ့ နှလုံးသားရှိတာပဲလေ၊ ဟော်နန်းအတွက် မစဉ်းစားရင်တောင် အခု ဓားစာခံဖြစ်နေတဲ့ ဟော်နန်းထဲက လူတွေအတွက် စဉ်းစားပေးမယ်လို့ ယုံကြည်တယ်"
"ကျွန်တော် ရှေးကို အဲ့ကောင်လက်ထဲ ထည့်ပေးမှာ မဟုတ်ဘူး။ အဲ့ကောင် အရှေ့ဟော်နန်းသခင်မကလို့ ဘာကြီးပဲ ဖြစ်နေပါစေ၊ ကျွန်တော့်ညီကို အဆုံးထိ ကာကွယ်သွားမှာ။ သူ့ဆန္ဒမပါဘဲ ဒီဟော်နန်းအတွက်၊ ခင်ဗျားအတွက် အခုလို စတေးရအောင် ခင်ဗျားက ဘယ်လောက်တောင် ကြီးကျယ်မြင့်မြတ်နေတဲ့သူမို့လဲ"
ဇာဏီထွဋ်ခေါင် သူ့အဖေနဲ့ အခုလောက်မျက်နှာချင်းဆိုင်တာ ဒီတစ်ခါ အကြာဆုံးလို့ ပြောရမည့်အလား။ သူ ထိုမျှလောက်ထိကို သူ့အဖေအား မုန်းတီးနေမိသည်မှာ ရှေးကြောင့်သာ မဟုတ်ရင် သူ့အဖေရှိရာ ဒီပြည်နယ်ရိပ်ကို ပြန်လာနင်းဖို့တောင် စိတ်ကူးမိမှာ မဟုတ်ပေ။
ဦးသီဟ ထိုမြင်ကွင်းအား မဲ့ပြုံးပြုံးပြီး ရပ်ကြည့်နေခဲ့သည်။
---------------------
ဇာမ့်အား အကျယ်ချုပ်ချထားရာ အခန်းထဲသို့ ဦးသီဟ ဝင်လာခဲ့တာမို့ ဇာမ် ထရပ်လိုက်ရသည်။
"ဘယ်လိုတွေဖြစ်ကုန်တာလဲ၊ သခင်လေးရော ဘေးကင်းရဲ့လား"
ဦးသီဟ ခေါင်းညိတ်ပြလိုက်ပြီး သူ့မိဘတွေကဲ့သို့ ရဲရင့်လှသည့် ဇာမ့်အား အခုမှပဲ အာရုံစိုက်ကြည့်မိတော့သည်။
"မင်းမိဘတွေအကြောင်း သိချင်နေတာမလား"
ဇာမ် မတ်ခနဲ ဖြစ်သွားရပြီး-
"အင်း၊ ကျွန်တော့်မိဘတွေ သစ္စာဖောက် မဟုတ်ဘူးဆိုတာ. . ."
"မင်းမိဘတွေက တကယ် သစ္စာဖောက်ခဲ့တာ၊ ငါနဲ့တူတူလေ"
ဟော်နန်းတစ်ခုလုံး သိနေသည့် သူ့မိဘတွေ၏ အမှန်တရားကို ဇာမ် ဘူးခံငြင်းချင်ခဲ့တာကို အခုလို အတည်ပြုခံလိုက်ရတဲ့ ဖြေရှင်းချက်ကြောင့် ဘာမှဆက်မပြောနိုင်တော့ပေ။
"ခင်ဗျားကပါ ဘယ်လိုလုပ်ပြီး"
"ဇာမ် မင်းမှာ ဘာရည်မှန်းချက်မှ မရှိဘူးလား။ ငါနဲ့ မင်းမိဘတွေကတော့ ဒီလို ကျွန်အဖြစ်နဲ့ သေတဲ့ထိ မနေနိုင်ဘူးဆိုတဲ့ အိပ်မက်တွေ ရှိတယ်။ ငါသာ ဟော်နန်းသခင်ဖြစ်လာရင် ဒီကျွန်လူတန်းစားဆိုတာကိုပါ ဖျက်သိမ်းပစ်မှာ။ မွေးဖွားလာရတဲ့ ကံကြမ္မာချင်း ကွာခြားသွားတာနဲ့ ငါတို့က သခင်တွေထက် အသက်ကုန်တဲ့ထိ တစ်ဆင့်နိမ့်နေရမယ်ဆိုတာကို လက်မခံနိုင်ဘူး။ အဲ့ဒါကြောင့် ငါတို့ ပုန်ကန်ဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး"
ဇာမ် ထိုလူရော သူ့မိဘတွေရောကိုပါ တကယ် မထင်ထားခဲ့မိပါပေ။ သူလည်း ကျွန်အဖြစ်နဲ့ မနေချင်သော်ငြား ပုန်ကန်ဖို့အတွေးတော့ မရှိခဲ့ဖူးပေ။
"ငါ မင်းကို မင်းအဖေရဲ့သားမှန်း မသိခင်ကတည်းက သဘောကျနေမိတာ၊ ဘာလို့လဲသိလား၊ မင်းရဲ့မျက်လုံးထဲမှာ ပုန်ကန်လိုစိတ် အပြည့်ရှိနေတာကို သဘောကျလို့။ ဒီဟော်နန်းထဲမှာ ရှေးကို သဘောမကျတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ မင်းလို ရှေးကို ပြန်မလှန်ရဲကြဘူး။ အဲ့သတ္တိကို တကယ် သဘောကျတာမို့ ငါတို့ ပူးပေါင်းကြပြီး မင်းမိဘတွေ မပြည့်ခဲ့တဲ့ ဆန္ဒကို တူတူဖြည့်ဆည်းကြရအောင်။ ငါတို့ ဒီကျွန်လူတန်းစားဆိုတာကြီးကို တူတူဖျက်ဆီးကြရအောင်"
". . . ."
"မင်းမှာ လိုချင်တာ ဘာမှမရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ သေချာပေါက် မင်းမှာလည်း အိပ်မက်တွေ ရှိမှာပါ။ ငါ မင်းလို အရွယ်တုန်းကဆို ဖြစ်ချင်တာတွေ လိုချင်တာတွေ အများကြီး ရှိခဲ့တာ။ ငါ့ကို မင်းမိဘတွေလိုမျိုး သဘောထားပြီး ဖွင့်ထုတ်ကြည့်"
"ခင်ဗျား ကျွန်တော့်ဆီက အကျိုးအမြတ်မရဘဲနဲ့တော့ အခုလို ပူးပေါင်းဖို့ ပြောလာမှာ မဟုတ်ဘူး။ ခင်ဗျား လိုချင်တာ ဘာလဲ"
ပါးနပ်လှသော ဇာမ့်ကို အရင်ကထက် ပိုသဘောကျမိသွားခဲ့သည်။
"ငါတို့အင်အားလောက်နဲ့ သခင်ကြီးကို ဘာမှလုပ်လို့မရတာ မင်းမိဘတွေ ကိုယ်တွေ့ပဲ။ အဲ့အတွက် ငါ လိုချင်တာ မင်းမဟော်ထိုက်ရဲ့ အင်အားကိုပဲ။ အခုချိန် ထိုက်က မင်းဖက်မှာ ရှိနေတာဟုတ်။ ငါ ဘာပြောချင်လဲ မင်းသိမှာပါ"
"ဟက်၊ ကျွန်တော့်မှာ ငယ်ငယ်ကထဲက လိုချင်တာ တစ်ခုပဲ ရှိတယ်။ လူတစ်ယောက်ကို အပိုင်လိုချင်တာ"
ဦးသီဟ မျက်ခုံးပင့်လိုက်ပြီး-
"ဇာဏီ့ကိုလား"
"အင်း၊ ကျွန်တော်တို့ အဆင့်အတန်းက အလှမ်းကွာနေ. . ."
"လိုချင်ရင် ကြိုးစားလေ၊ အချစ်နဲ့စစ်မှာ မတရားတာ မရှိပါဘူးကွာ။ ဇာဏီက သခင်သွေးအပြည့်နဲ့ မွေးဖွားလာခဲ့တဲ့ သခင်လေးဆိုပေမယ့် ငါ တွေ့ဖူးသမျှထဲမှာ သဘောထားအပြည့်အဝဆုံးနဲ့ ကြင်နာတတ်တဲ့ စိတ်ထားမျိုး ရှိတဲ့ သခင်လေးပဲ။ မင်း သဘောကျတယ်ဆိုရင် အဝေးက လှမ်းငေးနေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးကွ။ ငါ ကတိပေးတယ်၊ ငါ့အတွက် ထိုက်ရဲ့အကူအညီကို ရလာအောင် လုပ်ပေးမယ်ဆိုရင် မင်းလက်ထဲ ဇာဏီ့ကို ရအောင် ထည့်ပေးမယ်"
ဇာမ့်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားခဲ့သည်။ သူ ဒီတစ်ခါတော့ အစ်ကိုနဲ့ နီးစပ်အောင် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးပြီ။
ဦးသီဟ ကျေနပ်ပြုံးပြုံးလိုက်မိသည်။
သူ ဒီဟော်နန်းထဲ၌ သူ့သားအပေါ် စိတ်ရင်းအမှန်နဲ့ ကောင်းပေးခဲ့သည့် ဇာဏီ့အား သူ တကယ် သဘောကျပါသည်။ သို့သော်ငြား သူ့သားမက်လိုတော့ သဘောကျတာမျိုး မဟုတ်တာမို့ ဇာဏီ သူ့သားအပေါ် စိတ်ယိုင်နေတာကို တကယ် စိုးရိမ်နေရသည်။
သူလည်း ဦးမင်းမြတ်ကဲ့သို့ပင် သူ့သားအား မိန်းကလေးတစ်ယောက်နဲ့သာ အိမ်ထောင်ပြုပြီး မျိုးဆက်ချန်ထားစေချင်သည်။
သူနဲ့ ငယ်တို့၏ စိတ်ကူးအတိုင်း သူတို့၏သားအား ဟော်နန်းသခင်တစ်ယောက်ဖြစ်လာစေရန် သူ ကြိုးစားပေးဦးမည်ဖြစ်သလို၊ ဇာဏီ့ဖက်က သူတို့နှစ်ယောက် သွေးသားမတော်စပ်တာကိုသာ အတိအကျသိသွားခဲ့ရင် မလွယ်လောက်တာမို့ သူ့သားနဲ့ ပထမသခင်လေး မနီးစပ်သွားခင် ခွဲထုတ်ပစ်ဖို့ ဦးသီဟ ဇာမ့်ကို အပြည့်အဝ ကူညီပေးရန် ဆုံးဖြတ်လိုက်တော့သည်။
__________________________________________
[Zawgyi]
ေမွာင္ရီပ်ိဳးခ်ိန္တြင္ တိုက္ပ်က္ႀကီးထဲ၌ ေသမင္းႏွင့္ စစ္ခင္းေနရေသာ လူတစ္စုရွိေနသည္။
ထိုက္အား ထိပ္တိုက္ျမင္လိုက္ရခ်ိန္၌ ဇာဏီထြဋ္ေခါင္ သူ ခုန မ်ိဳသိပ္ထားခဲ့ရသည့္ ေဒါသေတြ ျပန္ေပၚလာခဲ့ရသလို၊ မ်က္ႏွာဖုံး လုံးဝ ခြာခ်လိဳက္ၿပီျဖစ္တဲ့ မင္းမေဟာ္ထိုက္ဖက္မွလည္း သူ ထြဋ္ကို ပစ္သတ္လိုက္ဖို႔ ရယ္ဒီျဖစ္ေနခဲ့ေသာ္လည္း သူ႕အစ္ကိုေရွ႕ ပိတ္ရပ္လာေသာ ေရွးေၾကာင့္ လက္ထဲမွ ေသနတ္ကို ျပန္ခ်ထားလိုက္ရသည္။
ေရွးတစ္ေယာက္ ထိုက္ကို အခုလို ေတြ႕လိုက္ရတာေၾကာင့္ လက္ရွိအေျခအေနကို နားမလည္နိုင္ျဖစ္သြားရတာမို႔ သူ ထိုက္အား ေမးျမန္းရန္ ေျခတစ္လွမ္းတိုးလိုက္႐ုံတင္ အစ္ကို သူ႕လက္ေကာက္ဝတ္အား ဖမ္းဆြဲထားခဲ့သည္။
"ေရွး. . .ငါ့နားမွာပဲေန"
"ဟက္၊ ကိုယ့္ညီကိုေတာ့ အဲ့ေလာက္ သိတတ္ေနရင္ ငါ့ညီအေပၚက်ေတာ့ မင္း ဘယ္လိုေတာင္ လုပ္နိုင္ခဲ့တာလဲ။ မင္း သူ႕ကို အတည္မႀကံဘဲ ထားသြားတယ္ဆိုရင္ေတာင္ ငါ မင္းကို နားလည္ေပးဦးမွာပဲ။ ဘာလဲ၊ ငါ့ညီက မင္းအတြက္ ကာဗာသက္သက္ပဲလား"
ေရွး သူ႕အစ္ကိုအား ဖ်တ္ခနဲ ေမာ့ၾကည့္လိုက္မိသြားခဲ့သည္။
"ကိုယ့္ညီအရင္းကို ႀကိဳက္ေနတာကို ဖုံးကြယ္ခ်င္လို႔ မင္း လႊမ္းကို တြဲခဲ့႐ုံလား"
ေရွး၏ လက္ထဲမွ ၾကာပြတ္ ျပဳတ္က်သြားခဲ့သည္။
ဇာဏီထြဋ္ေခါင္ ထိုေကာင့္ေရွ႕ ခ်က္ခ်င္းတိုးကပ္လာခဲ့သည္။
"မင္း ပါးစပ္ကို ပိတ္ထားစမ္း"
"ဘာလဲ၊ ေရွး သိသြားမွာ ေၾကာက္ေနတာလား"
ထြဋ္က သူ႕နဖူးတည့္တည့္ကို ေသနတ္ခ်ိန္လာတဲ့အျပင္ သူ ထင္သည့္အတိုင္း ေရွး သိသြားတာကို အဲ့ေကာင္ ေဒါသအလြန္ထြက္သြားပုံရသည္။
ဇာဏီထြဋ္ေခါင္ သူ အခုလို ညီအရင္းကိုမွ ခ်စ္ေနမိတာကို ေရွး သိသြားမွာ ေသမတတ္ေၾကာက္ခဲ့သည္။ သူ ေရွးကို ဖြင့္ေျပာဖို႔ အေတြးလုံးဝမရွိသလို၊ မေတာ္တဆ ေရွး သိသြားခဲ့ရင္ သူ႕ကို ႐ြံသြားမွာအား အစိုးရိမ္ဆုံးပင္။
"ငါနဲ႕လႊမ္းက ခ်စ္သူေတြပါလို႔ မင္းကို ဘယ္သူေျပာတာလဲ။ ငါတို႔ႏွစ္ေယာက္ ဘာမွမဆိုင္ဘူး။ ဘာမွမဆိုင္ပါဘူးဆိုတာကို မင္းတို႔အကုန္လုံး နားလည္ေအာင္ ငါ ဘယ္လို သက္ေသျပရဦးမွာလဲ"
ဇာဏီ တကယ္ စိတ္လြတ္သြားမတတ္ ေပါက္ကြဲေနခဲ့ရသည္။ သူတို႔ႏွစ္ေယာက္ ဘာမွမဆိုင္ပါလ်က္ႏွင့္ လႊမ္းကို သူ႕ေကာင္ေလး ထင္ၿပီး သူ႕အေဖ ရွင္းထုတ္ခဲ့သည္။ ေရွးက အလိုတူအလိုပါ ျဖစ္ေနမွန္း သက္ေသေတြမ်ားစြာ ရွိေနလို႔ ထိုညက ေရွးအတြက္ သူ လႊမ္း၏ အေလာင္းကို မေဖ်ာက္ပစ္႐ုံတမယ္ လုပ္ခဲ့မိသည္။
သူနဲ႕ လႊမ္းကို အကုန္လုံးက အထင္လြဲေနခဲ့ၾကတာပင္။
"လႊမ္းက ငါ့ကို ႀကိဳက္တာမဟုတ္ဘူး၊ ငါ့ခ်စ္သူလည္း မဟုတ္ဘူး။ လႊမ္း သေဘာက်ေနတာ ေရွးကိုကြ။ လက္စသတ္ေတာ့ မင္းတို႔ညီအစ္ကိုႏွစ္ေယာက္လုံး ငါ့ညီကို လာခ်ိန္ေနတာပဲ၊ ငါ မင္းကိုေတာင္ အေတာ္သည္းခံေနရတာ!!!"
ဒီတစ္ခါ အံ့ဩသြားရသူက ေရွးႏွင့္ထိုက္ပင္ ျဖစ္သည္။
မင္းမေဟာ္ထိုက္ သူ ဓာတ္ပုံေတြ ျမင္လိုက္ရကတည္းက တစ္ခုခု လြဲေနတယ္ဆိုတာေတာ့ နားလည္ထားၿပီးျဖစ္ေသာ္ျငား ဘယ္လိုပဲျဖစ္ျဖစ္ သူ႕ညီက ဒီမိသားစုလက္ခ်က္ေၾကာင့္ ေသဆုံးခဲ့ရတာေတာ့ အမွန္တရားပင္။
ေရွး ထိုႏွစ္ေယာက္ ထပ္ေျပာေနသည့္ အေခ်အတင္ စကားေတြကို နားေထာင္ၿပီးသကာလ အံ့ဩစြာပင္ ထိုက္က အေရွ႕ေဟာ္နန္းသခင္ဆိုတာ သိလိုက္ရခ်ိန္၌ မသိမသာ ေနာက္ဆုတ္ဆုတ္သြားမိသည္။ သူ ဘာေၾကာင့္မွန္းမသိ ထိုက္အား စေတြ႕ကတည္းက သေဘာမက်တဲ့အျပင္ ထိုလူ သူ႕နား နီးကပ္လာခ်ိန္တိုင္း အရွိန္အဝါ တစ္ခုပါလာသလို ခံစားရတာမို႔ သူ ထိုအစ္ကို႔အား ေၾကာက္ပင္ေၾကာက္ေနခဲ့မိသည္။
"ေဟ့၊ မင္းရပ္ေနစမ္း"
ဒိုင္း!
သူတို႔နားက ေျပးေတာ့ဖို႔ လုပ္ေနသည့္ ေရွးကို ထိုက္ သတိထားမိသြားခဲ့တာမို႔ ထိုက္ ေရွး၏ ညာဖက္လက္ေမာင္းကို လွမ္းပစ္လိုက္ေတာ့သည္။
သူ႕ညီလက္ေမာင္းထဲ က်ည္စိုက္ဝင္သြားခ်ိန္၌ ဇာဏီ ထိုေကာင့္ ဘယ္ဖက္လက္ေမာင္းအား ေဒါသတႀကီး ခ်က္ခ်င္း ျပန္ပစ္လိုက္မိသြားခဲ့သည္။
ေရွးကေတာ့ အခုခ်ိန္၌ သူ႕လက္ေမာင္းထက္မွ နာက်င္မႈထက္ ထိုက္ သူ႕အား မမိသြားဖို႔သာ ဆႏၵရွိေန၏။
သူတို႔သခင္ပါ ေသနတ္မွန္သြားခ်ိန္၌ ထိုက္၏ သက္ေတာ္ေစာင့္အားလုံး ဇာဏီနဲ႕ ေရွးကို ဝိုင္းထားလိုက္ၿပီျဖစ္သည္။
"သူ႕ကိုဖမ္းထားစမ္း၊ အရွင္ပဲဖမ္း"
"ေရွး. . .အျမန္ေျပးေတာ့"
သူတို႔နား ထိုက္၏ လူေတြ မတိုးကပ္လာနိုင္ခင္ ဇာဏီ ေသနတ္ကို ေတာက္ေလွ်ာက္ဆြဲပစ္ေနၿပီး ေရွး ေျပးလို႔ရေအာင္ လမ္းရွင္းေပးထားသလို၊ ေတာက္ေလွ်ာက္ထြက္ေပၚလာေသာ ေသနတ္သံေတြေၾကာင့္ သူ႕အစ္ကိုကိုပင္ မေခၚနိုင္ေတာ့ဘဲ ေရွး ထိုေနရာမွ ေသြး႐ူးေသြးတန္း ေျပးထြက္သြားေတာ့သည္။
"ေရွးကို ရေအာင္ျပန္ဖမ္းစမ္း"
ဇာဏီထြဋ္ေခါင္ ထိုကဲ့သို႔ ေဇာင္းႂကြေနေသာ မင္းမေဟာ္ထိုက္၏ ဝမ္းဗိုက္ေနရာကို ေနာက္တစ္ခ်က္ ထပ္ပစ္လိုက္ျပန္သည္။
"အ့"
ထြဋ္က သူ႕ထက္ ေသနတ္ပစ္ ကြၽမ္းက်င္တာကို မင္းမေဟာ္ထိုက္ လက္ခံလိုက္ရေတာ့သည္။
"ငါ့ညီကို လိုခ်င္ေနရင္ေတာ့ မင္းလည္း လႊမ္းေနာက္ပဲ လိုက္သြားလိုက္ေတာ့"
ေရွး၏ လက္ေမာင္းကို က်ည္ေဖာက္ဝင္သြားကတည္းက ေသြးဆာေနေသာ က်ားတစ္ေကာင္အျဖစ္ အသြင္ေျပာင္းသြားသည့္ ဇာဏီထြဋ္ေခါင္၏ မ်က္လုံးထဲ၌ ဘာကိုမွ မျမင္ေတာ့။
သူ ထိုက္လက္ထဲမွ ေသနတ္ လြတ္သြားေအာင္ ထိုက္၏ လက္ဖ်ံကို ထပ္ပစ္လိုက္မိျပန္သည္။
ဒိုင္း ဒိုင္း ဒိုင္း!
တိုက္ေပၚမွ လႊားခနဲ ခုန္ခ်ဖိဳ႕ ျပင္ေနသည့္ ေရွးတစ္ေယာက္ သူ႕အစ္ကိုထံမွ ဆက္တိုက္ၾကားေနရေသာ ေသနတ္သံေတြေၾကာင့္ ခ်က္ခ်င္းရပ္တန႔္သြားခဲ့သည္။
သူ အခုခ်ိန္ခဏေလး၌ ေသနတ္သံကို ေၾကာက္တာထက္ သူ႕အစ္ကို လူသတ္မိသြားမွာကို ပိုစိုးရိမ္မိသြားေလသည္။
ထို႔ေၾကာင့္ သူ ေျပးထြက္လာခဲ့ရာေနရာဆီသို႔ တဟုန္ထိုး ျပန္ေျပးလာခဲ့သည္။
ထို႔ေနာက္ သူ႕အစ္ကိုဖက္မွ မင္းမေဟာ္ထိုက္၏ ႏွလုံးတည့္တည့္ကို ခ်ိန္႐ြယ္ၿပီး ပစ္လိုက္တဲ့ က်ည္ဆန္ေရွ႕ ျဖတ္ဝင္သြားခဲ့မိစဥ္ ေရွး ေနာက္ဆုံးျမင္လိုက္မိတဲ့ ပုံရိပ္က သူ႕မယ္ေတာ္၏ ေနာက္ဆုံးထြက္သက္အခ်ိန္ကိုပင္ ျဖစ္သည္။
အား. . .အန္တီ ကြၽန္ေတာ့္မယ္ေတာ့္ကို မပစ္ပါနဲ႕။
"ေရွး ! ! !"
"ေရွး"
ဇာဏီ သူ႕လက္ထဲက ေသနတ္ လြတ္က်သြားခဲ့သလို ႐ုတ္တရက္ႀကီး ထိုက္ေရွ႕ ျဖတ္ဝင္သြားသည့္ ေရွး၏ ေက်ာကို သူ ပစ္လိုက္သည့္ က်ည္ဆန္က အရွိန္ႏွင့္ ေဖာက္ဝင္သြားခဲ့ခ်ိန္၌-
မင္းမေဟာ္ထိုက္ပင္ သူ႕ရင္ခြင္ထဲ အ႐ုပ္ႀကိဳးျပတ္ ေခြက်လာသည့္ ေရွး၏ ခႏၶာကိုယ္အား လက္တစ္ဖက္ႏွင့္ အျမန္ဖမ္းထိန္းထားလိုက္ရကာ သူ႕ခႏၶာကိုယ္ေပၚမွ ဒဏ္ရာေတြထက္ပင္ ျပင္းထန္တဲ့၊ ေသကြင္းေသကြက္နဲ႕ နီးေသာ ေနရာကို အပစ္ခံလိုက္ရတဲ့ ေရွးအား ထိုက္ အလန႔္တၾကား လႈပ္ႏွိုးေနမိေတာ့သည္။
"ေဟ့၊ ေဟ့၊ မင္း သတိထားဦး"
ဇာဏီ ထိုႏွစ္ေယာက္ေရွ႕ ဒူးတစ္ဖက္ေထာက္ အျမန္ထိုင္ခ်လိဳက္ရသည္။
ထို႔ေနာက္ ထိုက္၏ လက္ထဲမွ ေရွး၏ ခႏၶာကိုယ္အား ဇာဏီ သူ႕လက္ေမာင္ၾကားထဲ အျမန္ထိန္းေပြ႕ထားလိုက္ရစဥ္ ေရွး၏ ေက်ာျပင္ထက္မွ စီးက်လာေသာ ေသြးေတြက ထိုက္ရဲ႕လက္မွာတင္မက ဇာဏီ့၏ လက္မွာပင္ ႐ႊဲနစ္သြားခဲ့သည္။
"ေရွး. .ေရွး၊ ကိုယ့္ကို ၾကည့္ဦး"
ေရွးတစ္ေယာက္ သူ႕မ်က္လုံးထဲ၌ မယ္ေတာ့္၏ ေနာက္ဆုံးပုံရိပ္ကိုသာ ေတာက္ေလွ်ာက္ျမင္ေနရစဥ္ သူ႕အစ္ကို၏ အသံကို ျပန္ၾကားလာရၿပီမို႔ မ်က္လုံးေတြ ျဖည္းညွင္းစြာ ဖြင့္ၾကည့္လိုက္မိသည္။ ထို႔ေနာက္ သူ႕အစ္ကိုလက္ေမာင္းကို ဆုပ္ကိုင္လိုက္ၿပီး သူ႕ေနာက္ဆုံးလက္က်န္အားႏွင့္ အစ္ကို႔အား လက္သေကၤတေတြ ျပေနရေလသည္။
"အစ္ကို လူသတ္ၿပီးရင္ ကြၽန္ေတာ္ အေလာင္းေဖ်ာက္ေပးနိုင္မွာ မဟုတ္တာမို႔ လူမသတ္ပါနဲ႕။ ဘယ္လိုပဲျဖစ္ျဖစ္ လႊမ္းကို ေသေစခဲ့တာ ကြၽန္ေတာ္တို႔ဖက္ကဆိုတာေတာ့ အမွန္တရားပဲေလ။ ကြၽန္ေတာ္လည္း အစ္ကို တစ္ခုခု ျဖစ္သြားခဲ့ရင္ ဒီအစ္ကို႔လိုပဲ ေရဆုံးေျမဆုံး လက္စားလိုက္ေခ်မွာပဲ။ အဲ့ဒါမို႔ အစ္ကို သူ႕ကို မသတ္ပါနဲ႕။ ကြၽန္ေတာ္တို႔ လႊမ္းအေပၚမွာေတာင္ အေႂကြးေတြ ရွိေနတယ္ေလ"
ဇာဏီ သူ႕ညီ၏ ခႏၶာကိုယ္အား သူ႕ရင္ခြင္ထဲသို႔ တင္းက်ပ္စြာ ဖက္တြယ္ ဆြဲသြင္းထားလိုက္ၿပီး မ်က္ရည္ေတြၾကားမွ ေသခ်ာေထြးေပြ႕ထားလိုက္မိစဥ္ မင္းမေဟာ္ထိုက္ သူ ပထမဆုံးအႀကိမ္ ထိုေကာင္ေလး ဘာေျပာေနတာလဲဆိုသည့္ လက္သေကၤတေတြကို ျပင္းျပင္းျပျပ နားလည္ခ်င္ခဲ့မိသည္။
သူ႕အစ္ကို သူ ေျပာတာကို မတုံ႕ျပန္လာခ်ိန္မွာပင္ ေရွးတစ္ေယာက္ သူ႕လက္အစုံ ၾကမ္းျပင္ေပၚ ပစ္က်သြားခဲ့ေတာ့ၿပီး သူ႕ကမာၻႀကီး အေမွာင္ဖုံးသြားခဲ့သည္။
"ေရွး !!!"
ဇာဏီထြဋ္ေခါင္ အေရးေပၚကားကို ဆက္သြယ္ေနမႈကို ထိုက္၏ သက္ေတာ္ေစာင့္ေတြ သူတို႔သခင္၏ မ်က္ႏွာအား လွမ္းၾကည့္လိုက္စဥ္ ထိုက္ဖက္မွ တားဆီးမႈ မရွိလာသည့္ ပုံစံေၾကာင့္ သူတို႔သခင္ကိုသာ အေရးေပၚကုသမႈ အရင္ ေျပးလုပ္ၾကရေတာ့သည္။
.
.
.
ခြဲခန္းေရွ႕၌ ဇာဏီ သူ႕ကိုးကြယ္ရာကိုသာ အာ႐ုံျပဳေနမိရင္း အခုခ်ိန္ထိ သူ႕လက္ေတြ တဆတ္ဆတ္တုန္ေနတာက ရပ္တန႔္မသြားေသးေပ။ သူ ေရွးအား လက္ဖ်ားႏွင့္ပင္ မထိရက္၊ မရိုက္ရက္ခဲ့ရေသာ္ျငား အခုေတာ့ သူ႕ဒီလက္နဲ႕ပင္ ထိုေကာင္ေလးကို အႀကီးအက်ယ္ထိခိုက္သြားေစခဲ့တာက သူ႕အား ေဆာက္တည္ရာမရ ျဖစ္ေနေစခဲ့သည္။
ထိုက္မွာလည္း ဒဏ္ရာမ်ားေသာ္ျငား သူ ထိုေကာင့္အား ေသေစဖို႔ မရည္႐ြယ္ခဲ့တာေၾကာင့္ ထိုက္ကို ခြဲခန္းဝင္ေပးေနသည့္ ဆရာဝန္ေတြပင္ ျပန္ထြက္လာခဲ့ခ်ိန္ ေရွးကေတာ့ အခုခ်ိန္ထိ ခြဲခန္းထဲ၌ အသက္လုေနရဆဲပင္ ရွိေသးသည္။
ထိုအခ်ိန္ ေရွး၏ ခြဲခန္းထဲမွ ေျပးထြက္လာၾကသည့္ ဆရာ၊ ဆရာမေတြေၾကာင့္ ဇာဏီ အျမန္ထရပ္လိုက္သည္။
"လူနာက ေသြးအေရးေပၚ ထပ္လိုေနတယ္"
ဇာဏီ့အား အေျခအေနတစ္ခ်က္ ေျပာၿပီးတာနဲ႕ ဆရာမေတြ အရင္ေျပးထြက္သြားစဥ္ ဇာဏီ ဆရာ့ေရွ႕ အျမန္ပိတ္ရပ္လိုက္ရသည္။
"ေသြးလိုရင္ ကြၽန္ေတာ့္ဆီက ယူလို႔ရတယ္။ ကြၽန္ေတာ္က သူ႕အစ္ကိုအရင္းပါ"
"အင္းအင္း၊ ဒါဆို အျမန္ လိုက္ခဲ့ေပး"
.
.
.
သူ႕သားေတြ သတင္းၾကားၾကားခ်င္း ခ်က္ခ်င္းလိုက္လာခဲ့ၾကသည့္ ဦးမင္းျမတ္နဲ႕ သက္ေတာ္ေစာင့္ႀကီး ဦးသီဟတို႔ ခြဲခန္းေရွ႕၌ လူေသတစ္ေယာက္လို ထိုင္ေနေသာ ဇာဏီ့နား ေရာက္လာခဲ့စဥ္ သူ႕အား မ်က္လုံးေသမ်ားျဖင့္ စိုက္ၾကည့္လာေသာ သူ႕သားႀကီးေၾကာင့္-
"ေရွးရဲ႕ အေျခအေန ဘယ္လိုလဲ"
"ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဘာလို႔ ေသြးအမ်ိဳးအစား မတူရတာလဲ၊ အေမမတူေပမယ့္ အေဖတစ္ေယာက္တည္းကပဲ ေမြးထားတဲ့ သားေတြပဲကို ဘာလို႔ အဲ့လိုျဖစ္ေနရတာလဲ။ ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ သားအရင္း မဟုတ္တာလား"
ဦးမင္းျမတ္ ထိတ္ခနဲ ျဖစ္သြားရသည္။ အခုလို အရႈပ္အေထြးကာလမွာ ေရွးက သူ႕သားအရင္းမဟုတ္တာအား ေပၚသြားလို႔မျဖစ္ေပ။
"ေျပာေလ၊ မယ္ေတာ့္ကို ပစ္သတ္ခဲ့တဲ့ ခင္ဗ်ားအတြက္ ကြၽန္ေတာ္က သားအရင္းမဟုတ္လို႔ အခုခ်ိန္ထိ ကြၽန္ေတာ့္အေပၚ အားနာစိတ္ မရွိခဲ့တာလား"
ဇာဏီထြဋ္ေခါင္ ေဟာ္နန္းအတြင္း၌ ျဖစ္ပ်က္ခဲ့ေသာ ထိုအျဖစ္ဆိုးအား အခုခ်ိန္ထိ မ်က္လုံးထဲကပင္ ေဖ်ာက္လို႔မရခဲ့ပါ။
သူ႕မယ္ေတာ္က ေရွး၏အေမကို သူ႕၏ အေဆာင္ေနာက္က တူရိယာေတြထားထားသည့္ ခန္းမထဲ၌ ပစ္သတ္ခဲ့သည္။ ထိုအခ်ိန္က သူနဲ႕ေရွးတို႔ႏွစ္ေယာက္သား ေရွး၏ အေမနဲ႕ ခမည္းေတာ္တို႔နဲ႕အတူ ထိုခန္းမထဲ၌ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနခဲ့ၾကစဥ္ သူ႕မယ္ေတာ္ ေရာက္လာၿပီး အားလုံးဖရိုဖရဲ ျဖစ္ေစခဲ့သည္။
"အား. . .အန္တီ ကြၽန္ေတာ့္မယ္ေတာ့္ကို ထပ္မပစ္ပါနဲ႕ေတာ့ ! ! !"
ငယ့္အား ယခုကဲ့သို႔ ေသြးအိုင္ထဲ ျမင္လိုက္ရခ်ိန္၌ ဦးမင္းျမတ္ ဘာမွမစဥ္းစားနိုင္ေတာ့ဘဲ သူ႕၏ မဟာေဒဝီအား ေဒါသတႀကီး က်ည္ျပန္ပစ္သြင္းခဲ့သည္။
ထိုျမင္ကြင္းက ေရွးနဲ႕ဇာဏီ့အား အသံပင္ မထြက္ေစနိုင္ေတာ့ေအာင္ထိ ေၾကာက္လန႔္သြားေစခဲ့သည္မွာ မိခင္ႏွစ္ေယာက္၏ အေလာင္းေျမက်သြားတဲ့အထိကို သူတို႔ညီအစ္ကိုႏွစ္ေယာက္လုံး တစ္ပတ္ေက်ာ္နီးပါး အဖ်ားႀကီး ဖ်ားခဲ့ၾကသည္။
ထိုတစ္ပတ္ေနာက္ပိုင္းကတည္းက သူကေတာ့ ျဖည္းျဖည္းခ်င္း သက္သာလာခဲ့ေသာ္လည္း ေရွးကေတာ့ သူ႕အာ႐ုံေၾကာေတြပါ ထိခိုက္သြားခဲ့ၿပီး နာလန္ျပန္ထူလာခ်ိန္၌ ဆြံ႕အနားမၾကားျဖစ္သြားခဲ့သည္။ လအတန္ၾကာမွ အၾကားအာ႐ုံျပန္ရလာခဲ့ေသာ္လည္း စကားေတာ့ လုံးဝ ျပန္မေျပာလာနိုင္ခဲ့ေတာ့ေပ။ ထိုအခ်ိန္ကတည္းကေန အခုခ်ိန္ထိပင္ ေရွး၏ အၾကားအာ႐ုံက သာမန္လူေတြထက္ေတာ့ အားနည္းေနဆဲပင္။
ထိုအ႐ြယ္မွစ၍ ဇာဏီ သူ႕အေဖကို မုန္းတီးသြားခဲ့သည္မွာ လႊမ္းကိုပါ ယခုလို လုပ္ခဲ့ခ်ိန္၌ သူ ေစာ္ဘြားအေဆာင္အေယာင္ အားလုံးစြန႔္လိုက္ၿပီး ဒီေဟာ္နန္းအား အၿပီးတိုင္ ေက်ာခိုင္းသြားခဲ့မိတဲ့အထိ စိတ္နာသြားခဲ့သည္။
သူ႕အေဖ သူ႕အား ဘာအေျဖမွ ျပန္ေပးမလာခင္မွာပင္ ခြဲခန္းထဲမွ ဆရာဝန္ေတြ ျပန္ထြက္လာခဲ့ၿပီမို႔ ဦးသီဟ ဆရာေတြနား အရင္ေျပးေလွ်ာက္သြားမိခဲ့သည္။
"ဆရာတို႔ လူနာအသက္ကိုေတာ့ ကယ္လိုက္နိုင္ပါၿပီ"
ဦးသီဟ မ်က္ရည္က်မိမတတ္ ေက်းဇူးတင္သြားရသလို ဇာဏီလည္း အခုမွ စိတ္ေလွ်ာ့သြားနိုင္ခဲ့သည္။
"ငါတို႔ ဒီကိစၥကို ေရွး သက္သာလာမွ ေဆြးေႏြးလည္း ေနာက္မက်ေသးပါဘူး။ ငါနဲ႕ ေရွးထက္ေတာင္ မင္းမွာ ႏူးညံ့တဲ့ ႏွလုံးသားရွိတာပဲေလ၊ ေဟာ္နန္းအတြက္ မစဥ္းစားရင္ေတာင္ အခု ဓားစာခံျဖစ္ေနတဲ့ ေဟာ္နန္းထဲက လူေတြအတြက္ စဥ္းစားေပးမယ္လို႔ ယုံၾကည္တယ္"
"ကြၽန္ေတာ္ ေရွးကို အဲ့ေကာင္လက္ထဲ ထည့္ေပးမွာ မဟုတ္ဘူး။ အဲ့ေကာင္ အေရွ႕ေဟာ္နန္းသခင္မကလို႔ ဘာႀကီးပဲ ျဖစ္ေနပါေစ၊ ကြၽန္ေတာ့္ညီကို အဆုံးထိ ကာကြယ္သြားမွာ။ သူ႕ဆႏၵမပါဘဲ ဒီေဟာ္နန္းအတြက္၊ ခင္ဗ်ားအတြက္ အခုလို စေတးရေအာင္ ခင္ဗ်ားက ဘယ္ေလာက္ေတာင္ ႀကီးက်ယ္ျမင့္ျမတ္ေနတဲ့သူမို႔လဲ"
ဇာဏီထြဋ္ေခါင္ သူ႕အေဖနဲ႕ အခုေလာက္မ်က္ႏွာခ်င္းဆိုင္တာ ဒီတစ္ခါ အၾကာဆုံးလို႔ ေျပာရမည့္အလား။ သူ ထိုမွ်ေလာက္ထိကို သူ႕အေဖအား မုန္းတီးေနမိသည္မွာ ေရွးေၾကာင့္သာ မဟုတ္ရင္ သူ႕အေဖရွိရာ ဒီျပည္နယ္ရိပ္ကို ျပန္လာနင္းဖို႔ေတာင္ စိတ္ကူးမိမွာ မဟုတ္ေပ။
ဦးသီဟ ထိုျမင္ကြင္းအား မဲ့ၿပဳံးၿပဳံးၿပီး ရပ္ၾကည့္ေနခဲ့သည္။
---------------------
ဇာမ့္အား အက်ယ္ခ်ဳပ္ခ်ထားရာ အခန္းထဲသို႔ ဦးသီဟ ဝင္လာခဲ့တာမို႔ ဇာမ္ ထရပ္လိုက္ရသည္။
"ဘယ္လိုေတြျဖစ္ကုန္တာလဲ၊ သခင္ေလးေရာ ေဘးကင္းရဲ႕လား"
ဦးသီဟ ေခါင္းညိတ္ျပလိုက္ၿပီး သူ႕မိဘေတြကဲ့သို႔ ရဲရင့္လွသည့္ ဇာမ့္အား အခုမွပဲ အာ႐ုံစိုက္ၾကည့္မိေတာ့သည္။
"မင္းမိဘေတြအေၾကာင္း သိခ်င္ေနတာမလား"
ဇာမ္ မတ္ခနဲ ျဖစ္သြားရၿပီး-
"အင္း၊ ကြၽန္ေတာ့္မိဘေတြ သစၥာေဖာက္ မဟုတ္ဘူးဆိုတာ. . ."
"မင္းမိဘေတြက တကယ္ သစၥာေဖာက္ခဲ့တာ၊ ငါနဲ႕တူတူေလ"
ေဟာ္နန္းတစ္ခုလုံး သိေနသည့္ သူ႕မိဘေတြ၏ အမွန္တရားကို ဇာမ္ ဘူးခံျငင္းခ်င္ခဲ့တာကို အခုလို အတည္ျပဳခံလိုက္ရတဲ့ ေျဖရွင္းခ်က္ေၾကာင့္ ဘာမွဆက္မေျပာနိုင္ေတာ့ေပ။
"ခင္ဗ်ားကပါ ဘယ္လိုလုပ္ၿပီး"
"ဇာမ္ မင္းမွာ ဘာရည္မွန္းခ်က္မွ မရွိဘူးလား။ ငါနဲ႕ မင္းမိဘေတြကေတာ့ ဒီလို ကြၽန္အျဖစ္နဲ႕ ေသတဲ့ထိ မေနနိုင္ဘူးဆိုတဲ့ အိပ္မက္ေတြ ရွိတယ္။ ငါသာ ေဟာ္နန္းသခင္ျဖစ္လာရင္ ဒီကြၽန္လူတန္းစားဆိုတာကိုပါ ဖ်က္သိမ္းပစ္မွာ။ ေမြးဖြားလာရတဲ့ ကံၾကမၼာခ်င္း ကြာျခားသြားတာနဲ႕ ငါတို႔က သခင္ေတြထက္ အသက္ကုန္တဲ့ထိ တစ္ဆင့္နိမ့္ေနရမယ္ဆိုတာကို လက္မခံနိုင္ဘူး။ အဲ့ဒါေၾကာင့္ ငါတို႔ ပုန္ကန္ဖို႔ ႀကိဳးစားခဲ့တာ။ ဒါေပမဲ့ မေအာင္ျမင္ခဲ့ဘူး"
ဇာမ္ ထိုလူေရာ သူ႕မိဘေတြေရာကိုပါ တကယ္ မထင္ထားခဲ့မိပါေပ။ သူလည္း ကြၽန္အျဖစ္နဲ႕ မေနခ်င္ေသာ္ျငား ပုန္ကန္ဖို႔အေတြးေတာ့ မရွိခဲ့ဖူးေပ။
"ငါ မင္းကို မင္းအေဖရဲ႕သားမွန္း မသိခင္ကတည္းက သေဘာက်ေနမိတာ၊ ဘာလို႔လဲသိလား၊ မင္းရဲ႕မ်က္လုံးထဲမွာ ပုန္ကန္လိုစိတ္ အျပည့္ရွိေနတာကို သေဘာက်လိဳ႕။ ဒီေဟာ္နန္းထဲမွာ ေရွးကို သေဘာမက်တဲ့သူေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ဘယ္သူမွေတာ့ မင္းလို ေရွးကို ျပန္မလွန္ရဲၾကဘူး။ အဲ့သတၱိကို တကယ္ သေဘာက်တာမို႔ ငါတို႔ ပူးေပါင္းၾကၿပီး မင္းမိဘေတြ မျပည့္ခဲ့တဲ့ ဆႏၵကို တူတူျဖည့္ဆည္းၾကရေအာင္။ ငါတို႔ ဒီကြၽန္လူတန္းစားဆိုတာႀကီးကို တူတူဖ်က္ဆီးၾကရေအာင္"
". . . ."
"မင္းမွာ လိုခ်င္တာ ဘာမွမရွိဘူးဆိုတာေတာ့ မျဖစ္နိုင္ဘူး။ ေသခ်ာေပါက္ မင္းမွာလည္း အိပ္မက္ေတြ ရွိမွာပါ။ ငါ မင္းလို အ႐ြယ္တုန္းကဆို ျဖစ္ခ်င္တာေတြ လိုခ်င္တာေတြ အမ်ားႀကီး ရွိခဲ့တာ။ ငါ့ကို မင္းမိဘေတြလိုမ်ိဳး သေဘာထားၿပီး ဖြင့္ထုတ္ၾကည့္"
"ခင္ဗ်ား ကြၽန္ေတာ့္ဆီက အက်ိဳးအျမတ္မရဘဲနဲ႕ေတာ့ အခုလို ပူးေပါင္းဖို႔ ေျပာလာမွာ မဟုတ္ဘူး။ ခင္ဗ်ား လိုခ်င္တာ ဘာလဲ"
ပါးနပ္လွေသာ ဇာမ့္ကို အရင္ကထက္ ပိုသေဘာက်မိသြားခဲ့သည္။
"ငါတို႔အင္အားေလာက္နဲ႕ သခင္ႀကီးကို ဘာမွလုပ္လို႔မရတာ မင္းမိဘေတြ ကိုယ္ေတြ႕ပဲ။ အဲ့အတြက္ ငါ လိုခ်င္တာ မင္းမေဟာ္ထိုက္ရဲ႕ အင္အားကိုပဲ။ အခုခ်ိန္ ထိုက္က မင္းဖက္မွာ ရွိေနတာဟုတ္။ ငါ ဘာေျပာခ်င္လဲ မင္းသိမွာပါ"
"ဟက္၊ ကြၽန္ေတာ့္မွာ ငယ္ငယ္ကထဲက လိုခ်င္တာ တစ္ခုပဲ ရွိတယ္။ လူတစ္ေယာက္ကို အပိုင္လိုခ်င္တာ"
ဦးသီဟ မ်က္ခုံးပင့္လိုက္ၿပီး-
"ဇာဏီ့ကိုလား"
"အင္း၊ ကြၽန္ေတာ္တို႔ အဆင့္အတန္းက အလွမ္းကြာေန. . ."
"လိုခ်င္ရင္ ႀကိဳးစားေလ၊ အခ်စ္နဲ႕စစ္မွာ မတရားတာ မရွိပါဘူးကြာ။ ဇာဏီက သခင္ေသြးအျပည့္နဲ႕ ေမြးဖြားလာခဲ့တဲ့ သခင္ေလးဆိုေပမယ့္ ငါ ေတြ႕ဖူးသမွ်ထဲမွာ သေဘာထားအျပည့္အဝဆုံးနဲ႕ ၾကင္နာတတ္တဲ့ စိတ္ထားမ်ိဳး ရွိတဲ့ သခင္ေလးပဲ။ မင္း သေဘာက်တယ္ဆိုရင္ အေဝးက လွမ္းေငးေန႐ုံနဲ႕ေတာ့ ဘာမွျဖစ္လာမွာ မဟုတ္ဘူးကြ။ ငါ ကတိေပးတယ္၊ ငါ့အတြက္ ထိုက္ရဲ႕အကူအညီကို ရလာေအာင္ လုပ္ေပးမယ္ဆိုရင္ မင္းလက္ထဲ ဇာဏီ့ကို ရေအာင္ ထည့္ေပးမယ္"
ဇာမ့္၏ မ်က္လုံးမ်ား ခ်က္ခ်င္း အေရာင္လက္သြားခဲ့သည္။ သူ ဒီတစ္ခါေတာ့ အစ္ကိုနဲ႕ နီးစပ္ေအာင္ ႀကိဳးစားၾကည့္ဖို႔ ဆုံးျဖတ္လိုက္ၿပီးၿပီ။
ဦးသီဟ ေက်နပ္ၿပဳံးၿပဳံးလိုက္မိသည္။
သူ ဒီေဟာ္နန္းထဲ၌ သူ႕သားအေပၚ စိတ္ရင္းအမွန္နဲ႕ ေကာင္းေပးခဲ့သည့္ ဇာဏီ့အား သူ တကယ္ သေဘာက်ပါသည္။ သို႔ေသာ္ျငား သူ႕သားမက္လိုေတာ့ သေဘာက်တာမ်ိဳး မဟုတ္တာမို႔ ဇာဏီ သူ႕သားအေပၚ စိတ္ယိုင္ေနတာကို တကယ္ စိုးရိမ္ေနရသည္။
သူလည္း ဦးမင္းျမတ္ကဲ့သို႔ပင္ သူ႕သားအား မိန္းကေလးတစ္ေယာက္နဲ႕သာ အိမ္ေထာင္ျပဳၿပီး မ်ိဳးဆက္ခ်န္ထားေစခ်င္သည္။
သူနဲ႕ ငယ္တို႔၏ စိတ္ကူးအတိုင္း သူတို႔၏သားအား ေဟာ္နန္းသခင္တစ္ေယာက္ျဖစ္လာေစရန္ သူ ႀကိဳးစားေပးဦးမည္ျဖစ္သလို၊ ဇာဏီ့ဖက္က သူတို႔ႏွစ္ေယာက္ ေသြးသားမေတာ္စပ္တာကိုသာ အတိအက်သိသြားခဲ့ရင္ မလြယ္ေလာက္တာမို႔ သူ႕သားနဲ႕ ပထမသခင္ေလး မနီးစပ္သြားခင္ ခြဲထုတ္ပစ္ဖို႔ ဦးသီဟ ဇာမ့္ကို အျပည့္အဝ ကူညီေပးရန္ ဆုံးျဖတ္လိုက္ေတာ့သည္။
__________________________________________