Chapter 23

676 39 0
                                    

ရန်မစကောင်းသော အရှေ့ဟော်နန်းသခင်ဟောင်းအား ရှေးအက္ခရာဖက်မှ ရန်သွားစပြီးသကာလ ရှုပ်ထွေးသွားသော အခြေအနေကြားထဲ ဗျာများသွားခဲ့သည့် ဇာမ်သွေးရာဇ်တစ်ယောက် သူ့အား ဆွဲခေါ်သွားသော ရှေးနောက် အပြေးလိုက်ခဲ့ရသည်။

ရှေး၌ ဦးမင်းမြတ်၏ အားကိုးဖြင့် ထိုကဲ့သို့ ရိုင်းစိုင်းကြမ်းတမ်းသော အပြုအမူမျိုး ရှိတတ်တာကို အနောက်ဟော်နန်းထဲ၌ဆို ဇာမ်တို့ ရိုးနေပြီဖြစ်သော်လည်း ယခုလိုမျိုး ဦးမဟာအား ရန်သွားစရဲလိမ့်မည်ဟုတော့ ဇာမ် မထင်ထားပေ။

ရှေးတစ်ယောက် ဇာမ့်အား ဆေးရုံဝင်းထဲထိ ဆွဲခေါ်လာခဲ့လေသည်။

ထို့နောက် သူ့နောက်ပြေးလိုက်လာသော သက်တော်စောင့်ကြီးပါတာမို့ သူ့၏ စကားပြန်လုပ်ပေးနေကျ ဦးသီဟ ဘေးနားရောက်လာသည်နှင့်တပြိုင်နက် ရှေး ဇာမ့်အား လက်အမူအရာဖြင့် စကားစပြောလာခဲ့သည်။

သက်တော်စောင့်ကြီး၏ စကားပြန်ပေးမှုကြောင့် ဇာမ် သူ့အား ဒုတိယသခင်လေးက ဒီဟော်နန်းမှ လွတ်မြောက်ခွင့်ပေးပြီမို့ တစ်နေရာရာ၌ အခြေချနေထိုင်ရန် ပြောဆိုလာခဲ့သည်။

ထို့အတွက် ဇာမ် အလျင်အမြန် ငြင်းဆိုလိုက်မိသည်။ အရင်ကသာဆို သူ ဒီအခွင့်အရေးကို လက်လွတ်မည်မဟုတ်သော်ငြား ယခုအချိန်မှာတော့ သူ အစ်ကို့ဘေးက ခြေတစ်ဖဝါးမှကို ခွာတော့မည်မဟုတ်ပေ။

"ကျွန်တော် အနောက်ဟော်နန်းမှာပဲ နေချင်တာ။ ဒါပေမဲ့ ပထမသခင်လေးရဲ့ သက်တော်စောင့် ဖြစ်ချင်ပါတယ်။ သခင်လေးသာ ချီးမြှောက်ပေးမယ်ဆို ကျွန်တော် သခင်လေးဇာဏီအနားမှာ ခစားခွင့်ရပါရစေ"

ဦးသီဟ ကြားဖြတ် ဝင်ပြောလိုက်ရတော့သည်။

"သက်တော်စောင့်တွေကို စီမံတဲ့ကိစ္စက ငါ့တာဝန်မို့ ဇာဏီ့ကို မေးပြီး ပြန်အကြောင်းပြန်ပေးမယ်။ သွားနားတော့"

အရိပ်အကဲမသိသော ဇာမ့်အား ဦးသီဟ ပြောစရာမရှိတော့။ သူ ထိုက်၏ အာဏာကို မှီခိုပြီး အနောက်ဟော်နန်းကို လိုချင်တာမို့ ဇာမ်သာ ထိုအခွင့်အရေးကို လက်ခံလိုက်လျှင် ပွဲပြတ်မည့်ကိစ္စကို အခုတော့ သူ့သားကိုပါ ထိခိုက်တော့မည့်အလား။

The Loudest Silence [Completed]Where stories live. Discover now