Chapter 13

669 46 1
                                    

နာရီပေါင်းများစွာ ခွဲခန်းဝင်ခဲ့ရသော ရှေးတစ်ယောက် ရက်ပေါင်းများစွာလည်း လူနာကုတင်ထက်၌ မေ့မြောနေခဲ့သည်။

ရှေး သူ့အစ်ကိုအား သွေးသံရဲရဲဖြင့် မြင်ယောင်နေရသည်ဟု ခြောက်အိပ်မက်နှင့်အတူ အရေးပေါ်ခန်းထဲ၌ သူ့မျက်လုံးများ ဖျတ်ခနဲ ပြန်ပွင့်လာခဲ့သည်။

သို့သော်ငြား သူ့ဘေး၌ မည်သူ့ကိုမျှ မတွေ့ရတာကြောင့် အစ်ကို ဘေးကင်းရဲ့လား သိချင်စိတ်က သူ့အား ပိုက်တွေ၊ ဆေးချိတ်ထားသော အပ်တွေကို အလျင်အမြန် ဆွဲဖြုတ်မိကုန်စေကာ ကုတင်ပေါ်က ဆင်းဖို့ကြိုးစားမိနေတာမို့ အရေးပေါ်ခန်းထဲရှိ စက်တွေထံမှ ပုံမှန်မဟုတ်သည့် မြည်သံတွေ ထွက်ပေါ်လာခဲ့တော့သည်။

ထို့ကြောင့် ရှေး၏ အခန်းထဲသို့ ဆရာ၊ ဆရာမတွေ အပြေးဝင်လာရကာ လူနာအား စိတ်ငြိမ်ငြိမ်ထားဖို့ ပြောနေကြရသော်လည်း လူနာထံမှ သူတို့အား တစ်စုံတစ်ခု ပြန်ပြောချင်နေတာကို သူတို့အလွယ်တကူ နားမလည်နိုင်ဖြစ်နေကြရတာမို့ ပြုတ်သွားသော ဆေးပိုက်တွေကိုသာ ပြန်တပ်ဖို့လုပ်နေရကာ လူနာစောင့်တစ်ယောက် အမြန်ဝင်လာဖို့ လှမ်းပြောလိုက်ရတော့သည်။

ထို့အတွက် အပြင်ဖက်၌ ရှေး၏ အခြေအနေကို မေးမြန်းနေသော မင်းမဟော်ထိုက် လျင်မြန်စွာ ဝင်လာခဲ့ရကာ-

"ရှေး မင်း ငြိမ်ငြိမ်နေလေ၊ ဘာလို့ ရုန်းနေတာလဲ"

ဆေးပိုက်ပြန်ချိတ်ဖို့ကို ငြင်းဆန်နေတဲ့ လူနာအား ဆရာမများ တစ်ဖက်ဆီမှ ဝိုင်းထိန်းနေရတဲ့အထိ လူနာက အလွန်အမင်း ဂနာမငြိမ် ဖြစ်နေခဲ့သည့်အပြင် မော်နီတာရှိ နှလုံးခုန်နှုန်းတွေပင် တဟုန်ထိုး ထိုးတက်လာခဲ့သည်။

"လူနာရှင် လူနာက တစ်ခုခုပြောချင်နေတာ၊ ရှင် သူ့စကားနားလည်တယ်မလား၊ သူ့ကို စိတ်ငြိမ်ငြိမ် ထားပေးဖို့ အမြန်ပြောကြည့်"

ထိုက်တစ်ယောက် မော်နီတာမှ အသံတွေကြောင့် သူ့ဒဏ်ရာတွေသည်ပင် သေချာမသက်သာသေးသော်လည်း ရှေး သတိလစ်နေခဲ့တာ ငါးရက်တိတိရှိနေပြီဖြစ်တာကြောင့် ရှေးလောက် ဒဏ်ရာလည်း မပြင်းသလို၊ သူ့အခြေအနေက စိုးရိမ်စရာလည်း မရှိတော့ပြီမို့ သူ့အခန်းမှ ရှေး၏ အခန်းဖက် ကူးလာခဲ့စဉ် အခုလို အခြေအနေတွေကို မြင်လိုက်ရတာ ဖြစ်သည်။

The Loudest Silence [Completed]Where stories live. Discover now