Chapter 16

705 43 1
                                    

Flashback. . .

ရှုပ်ထွေးစည်ကားနေသော ရန်ကုန်မြို့ဆီသို့ ရှေးအက္ခရာ ရောက်ရှိလာခဲ့သည်။

နောက်သုံးရက်ဆို ကိုကို့မွေးနေ့။

အနုပညာ‌လောကထဲ၌ အောင်မြင်စ၊ နေရာတစ်ခု ရလာစပြုနေပြီဖြစ်သော ကိုကိုက သူ့ schedule တွေကြောင့် ဟော်နန်းထဲကိုတောင် တစ်လတစ်ခါပင် ရောက်အောင် ပြန်မလာနိုင်တော့။ ထို့ကြောင့် မွေးနေ့ကိုတော့ ကိုကို အံ့ဩသွားအောင် လုပ်ဖို့ ရှေး တိတ်တဆိတ် ရန်ကုန်ဆင်းလာခဲ့သည်။ သက်တော်စောင့်တွေ လက်ထဲက သူ ထိုကဲ့သို့ ပျောက်ပျောက်သွားတတ်နေကျမို့ သက်တော်စောင့်ကြီးပင် အထာနပ်နေခဲ့ပြီ။ သူ နှစ်ရက်သုံးရက် မျက်စိလည် လမ်းမှားပြီး ပြန်မလာသေးမှသာ လူအင်အားဖြင့် လိုက်ရှာတတ်တော့သည်။

"ရှေး. . .အစ်ကို ဒီမှာ"

ကျောပိုးအိတ်တစ်လုံးနှင့် ရန်ကုန်လေဆိပ်ထဲသို့ သူ နေထိုင်ရာ ပြည်နယ်မှနေ လေယာဉ်ဖြင့်သာ ထွက်လာခဲ့တာကြောင့် လေဆိပ်ထဲ၌ သူ ကြိုတင်ဆက်သွယ်ထားခဲ့သည့် ဧလွှမ်းမာန်အား ‌တွေ့လိုက်ရပြီမို့ ရှေး ထိုအစ်ကို့ရှေ့ အမြန်လျှောက်လာခဲ့ပြီး ဝမ်းသာအားရ ပြုံးရယ်ပြလိုက်မိရုံမက ထိုအစ်ကို၏ လက်မောင်းကိုပင် လှမ်းချိတ်လိုက်ပြီး လှုပ်ရမ်းလိုက်တာမို့ လွှမ်း သူ့အား သဘောတကျ ပြန်ပြုံးပြလာခဲ့သည်။

"တစ်ယောက်တည်းဆို‌တော့ အဆင်ပြေပြေ ရောက်လာပါ့မလား စိတ်ပူနေတာ။ သွားရအောင်၊ အစ်ကို့အိမ်မှာပဲ လိုက်တည်းတော့၊ စိတ်မပူနဲ့၊ မင်း အစ်ကို မင်းရောက်နေတာ လုံးဝမသိစေရဘူး"

ရှေး ခေါင်းညိတ်ပြလိုက်ပြီး ပခုံးတစ်ဖက်ပေါ်က ကျောပိုးအိတ်ကို သေချာတင်လိုက်သည်။ သူ အမြဲဝတ်ဆင်နေကျ တစ်ကိုယ်လုံး နက်စွေး‌နေသော အပြင်အဆင်နဲ့အတူ ထိုကျောပိုးအိတ်ထဲ၌ ကိုကို့ကို ‌ပေးဖို့ မွေးနေ့လက်ဆောင်နှင့် ကြာပွတ်ကိုပါ မမေ့မလျော့ ထည့်လာခဲ့တာမို့ ပုံမှန်အားဖြင့် သက်တော်စောင့်တွေပါမှသာ ဟော်နန်းအပြင် ထွက်လေ့ရှိသော်လည်း ကိုကို့ကို အံ့ဩအောင်လုပ်ချင်လို့ အရဲစွန့်ပြီး ထွက်လာခဲ့သည်။

The Loudest Silence [Completed]Where stories live. Discover now