Chapter 10

747 49 1
                                    

မကြာမီအချိန်အတွင်း ရှေးတို့ တရုတ်ပြည်နယ်စပ်သို့ ရောက်ရှိလာခဲ့ကြသည်။

Foreign ၌ ဘိန်းနဲ့ လက်နက်ကို တရားဝင်အကန့်အသတ်နဲ့ ရောင်းဝယ်ခွင့်ရတာမို့ ဦးမင်းမြတ်၏ နယ်ခြားကုန်သွယ်မှု လုပ်ငန်းများက တရုတ်ပြည်မကြီးနှင့် ဂျပန်၌ အတော်ခြေကုပ်မိနေခဲ့ပြီ။

သူ့ခမည်းတော် ရောက်နှင့်နေသည့် တည်းခိုဆောင်ဆီသို့ ရှေးတို့ပါ ရောက်ရှိလာခဲ့ရာ ဒီတစ်ခါ ခရီးစဉ်ကိုပဲ စိတ်လေးနေခဲ့လေသလား၊ သူကပဲ နေမကောင်းသေးလို့ စိတ်မကြည်ဖြစ်နေခဲ့သလားပင် မသိ။ ရှေးတစ်ယောက် သူ့ကိုယ်သူ အန္တရာယ်ရှိနေသည်ဟု စိတ်ထင့်နေခဲ့တာကြောင့် သူ ဇာမ့်အား မျက်စိဒေါက်ထောက်လိုက်ကြည့်နေခဲ့ရသည်။

ထို့အတူ ဇာမ်ကလည်း ရှေးအား မျက်ခြေမပြတ် အကဲခတ်‌နေခဲ့ပါ၏။

.
.

ဇာမ်တို့ ထွက်သွားပြီးကတည်းက မင်းမဟော်ထိုက် ဟော်နန်းရှိရာ တောင်စောင်းပေါ်သို့ ဖြည်းဆေးစွာ ပြန်တက်လာခဲ့ပြီး ဟော်နန်းနာမည်ထွင်းထားရာ ‌တံခါးဝရှေ့၌ ခေတ္တရပ်ကြည့်ရင်း နှုတ်ခမ်းတွန့်ပြုံးလိုက်မိသည်။

အတိအကျဆိုရလျှင် အနောက် ပင်မဟော်နန်း စံအိမ်တော်ဟု အမည်ရှိသည့် စံအိမ်တော်ထဲ ထိုက် ပြန်ဝင်လာခဲ့သည်။

ထို့နောက် ဟော်နန်း၏ အရှင်သခင်တို့မှ ထိုင်ရမည့် ပလ္လင်ရှိရာ ခန်းမကျယ်ထဲသို့ ထိုက် လှမ်းဝင်လာခဲ့ကာ ထိုပလ္လင်ထက်၌ အကျအန တက်ထိုင်လိုက်တော့သည်။

ထိုပလ္လင်ထက်မှနေ ခန်းမကျယ်ထဲသို့ ပျင်းရိစွာ တစ်ချက်ဝေ့ကြည့်လိုက်ရင်း သိပ်မကြာခင် သူ့ရှေ့ ဒူးထောက်ခစားလာရမည့် ရှေး၏ မကျေမနပ်ဖြစ်နေမည့် မျက်နှာလှလှလေးကို မြင်ယောင်မိချိန်၌ စိတ်၏ အနက်ရှိုင်းဆုံးနေရာကကို ကျေနပ်သွားသယောင်။

ထိုစဉ် ထိုက်ထံသို့ ပြေးဝင်လာသည့် လူတစ်ယောက်ရှိရာ ပလ္လင်ထက်မှနေ ထိုက် မျက်ခုံးပင့်ပြလိုက်ရသည်။

"သခင် စီစဉ်ထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဟော်နန်းအပြင်ဖက်မှာ အဆင်သင့်ဖြစ်နေပါပြီ။ ဦးမင်းမြတ်ဆီကိုလည်း အမိန့်စာ ပို့ခိုင်းပြီးပါပြီ။ ဒါပေမဲ့ အခု ဇာဏီထွဋ်ခေါင်ကို မတွေ့တော့ပါဘူး။ သူ့လူတွေပါ ပျောက်နေတာပါ သခင်"

The Loudest Silence [Completed]Where stories live. Discover now