Chapter 33

796 36 1
                                    

ချယ်ရီပင်တန်း‌တွေဖြင့် ဖုံးလွှမ်း‌နေသည့် အနောက်ဟော်နန်းတည်ရှိရာ တောင်စောင်းထိပ်ပေါ်သို့ မင်းမဟော်ထိုက် ပြေးတက်လာခဲ့သည်။

ဇာမ်နဲ့ ရှေးအား အကျဉ်းချထားပြီးချိန်၌ ဇာဏီထွဋ်ခေါင် သူ့သီးသန့်ဆောင်ဖက်သို့ လျှောက်လှမ်းလာခဲ့စဉ် သူ့ရှေ့ ပိတ်ရပ်လာသော ထိုက်ကြောင့် ဇာဏီ ထိုကောင့်အား ရှောင်ထွက်လိုက်တော့သည်။

"ထွဋ် မင်း ရှေးအပေါ် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ သူ မင်း ခုလို စိတ်ဆိုးသွားမှာ သေမလောက်ကြောက်နေခဲ့တာ"

"ငါ့ညီကို ငါ့စိတ်ကြိုက်ဆုံးမခွင့်ရှိတယ်။ မင်း ငါ့မန်နေဂျာ မဟုတ်တော့ဘူးဆိုတာ မေ့သွားတာလား။ ငါ ဘယ်အချိန် ဘာလုပ်ရမလဲ သိတယ်။ မင်းသာ ငါ့ဟော်နန်းထဲက ထွက်သွား"

ဇာဏီ သူ့ဘေးက သက်တော်စောင့်တွေအား-

"အရှေ့ဟော်နန်းသခင်ကို လိုက်ပို့ပေးလိုက်ဦး"

မင်းမဟော်ထိုက် သူ့အား လာဆွဲမထုတ်ခင် အရင် လက်လျှော့လိုက်ရတော့မည်ဆိုတာကို နားလည်လိုက်ရသည်။ သူ ထွဋ်ကို အကြာကြီး စောင့်ရှောက်လာဖူးခဲ့သူမို့ ထွဋ် စိတ်ဆိုးသွားရင် ဘယ်လိုမှ နားချမရတော့မှန်း သူ သိနေ၏။

ထို့အတွက်ကြောင့် အကျယ်ချုပ် ချုပ်ခံထားရသည့် ရှေး၏ အခန်းနားသို့သာ နောက်တစ်ကြိမ် တိတ်တဆိတ် ချဉ်းကပ်ခဲ့ရသည်။ ရှေး၏ အဆောင်က ပင်မအဆောင်၏ အပေါ်ထပ်၌ တည်ရှိတာကြောင့် ထိုက် ထိုအဆောင်၏ အနောက်ဖက်မှ ကျော်လွှားတက်ခဲ့ရကာ ‌ပြတင်းချပ်မှတဆင့် ရှေးအခန်းထဲ ခုန်ဝင်လာခဲ့သည်။

"ကိုကို ကျွန်တော့်ကို ဒီအတိုင်း ပိတ်မထားခဲ့ပါနဲ့။ ကျွန်တော် ရှင်းပြတာ နားထောင်ပါဦး! ! !"

သူ့အား ပိတ်ခဲ့သည့်အတွက် ရှေး သူ့အခန်းတံခါးအား ထုရိုက် အော်ဟစ်နေစဉ် အနောက်ဖက်မှ ခုန်ဝင်လာသည့် ထိုက်ကို မြင်လိုက်ရတာကြောင့် မျက်လုံးပြူးသွားခဲ့သည်။

"ခင်ဗျား! ဇာမ်ရော. . .သူ ဇာမ့်ကို သတ်လိုက်ပြီလား"

ယောက်ယက်ခတ်နေသော ရှေးက သူ တက်လာသည့် ပြတင်းပေါက်ကနေ ခုန်ချဖို့ သတိရသွားပုံရတာကြောင့် ထိုနေရာကနေ ခုန်ဆင်းဖို့ ကြိုးစားနေသည့် ရှေးအား မင်းမဟော်ထိုက် အမြန်ဖမ်းဆွဲထားလိုက်ရသည်။

The Loudest Silence [Completed]Where stories live. Discover now