Chapter 11

646 52 0
                                    

နယ်စပ်ရှိ ရှေးနှင့် သူ့ခမည်းတော်တို့ နားခိုရာ မလှမ်းမကမ်း၌ ဇာဏီ သူ့လူတွေအား စောင့်ကြည့်စေခဲ့ပြီး သူကိုယ်တိုင်ကတော့ ရှေးနှင့် ဆက်သွယ်လို့ရဖို့ ကြိုးစားနေကြည့်မိသည်။

ဇာဏီ သက်တော်စောင့်ကြီးနှင့်သာ အဆက်အသွယ်ရခဲ့ပြီး ရှေးက နေမကောင်းသေးတဲ့အပြင် ခရီးပန်းပြီး နားနေသည်ဟု ဆိုလာတာမို့ ဇာဏီ သူ့ထံသို့ ခုနဆက်သွယ်လာမှုကို စိတ်ထင့်နေ‌သော်လည်း ရှေးနှင့် အချိန်းအချက်ပြုထားရာ နေရာ၌သာ သွားစောင့်နေရတော့သည်။

တည်းခိုဆောင်ထဲ၌လည်း-

သက်တော်စောင့်ကြီး တိုင်ပတ်နေရသည်။ သခင်လေးကို သူ့မျက်စိအောက်မှာပဲ နေပါဟု အတန်တန်မှာ‌နေသည့်ကြားက အမြဲလိုလို ယခုကဲ့သို့ ပျောက်ပျောက်သွားတတ်သော ရှေး‌ကြောင့် သူ တကယ် စိတ်ပင်ပန်းရပါ၏။

နာရီကိုကြည့်လိုက်တော့ သခင်လေး ဇာဏီနှင့် သူတို့ အချိန်းအချက်ပြုထားချိန်ပင် နီးကပ်လာပြီမို့ သခင်လေး မရှိလည်း ဇာမ့်အား ဇာဏီ့ဆီ ပို့‌ပေးဖို့ကို သက်တော်စောင့်ကြီး တစ်ယောက်တည်း အရင်ဆက်လုပ်ဖို့သာ စီစဉ်ရတော့သည်။ ယခုချိန်က သခင်ကြီး မရှိချိန်မို့ အရာရာ သူ့လက်သူ့ခြေဖြစ်နေသော်လည်း သခင်ကြီး ပြန်လာရင် အခြေအနေတွေက ပြောင်းလဲ ရှုပ်ထွေးသွားနိုင်သည်။

.
.

ဇာဏီထွဋ်ခေါင် ဇာမ်နှင့် သက်တော်စောင့်ကြီးကို တွေ့လိုက်ရချိန်၌ ကားနောက်ခန်းမှ ဆင်းလာခဲ့သည်။

ပုံမှန်ဝတ်နေကျ Long coat အောက်၌ အပေါ်ရော အောက်ပါ နက်စွေးနေသော အဝတ်အစားများနဲ့ သခင်လေးအား ဇာမ် မဝံ့မရဲ လှမ်းကြည့်လိုက်မိသည်။

ဇာဏီ သူတို့နောက်ကို ကျော်ကြည့်လိုက်ရင်း-

"ရှေးက မလိုက်လာဘူးလား"

"သူ အပြင်မထွက်နိုင်သေးလို့ပါတဲ့"

သက်တော်စောင့်ကြီး ဇာဏီ စိတ်ပူမှာစိုးလို့ သခင်လေး ပျောက်နေတာကို မ‌ပြောရခြင်းသာဖြစ်ပြီး အခုလို အရှုပ်အထွေးကာလ၌ ဇာမ်ရော ဇာဏီပါ ဘေးလွတ်ရာ အရင်ရောက်သွားတာက အကောင်းဆုံးဖြစ်မည်ထင်သည်။

The Loudest Silence [Completed]Where stories live. Discover now