Chapter 17

679 45 0
                                    

နယ်စပ်မြို့၏ ဆေးရုံခန်းထဲ၌ အရှေ့ဟော်နန်းဆီ အမြန် ပြန်ချင်နေပြီဖြစ်သော မင်းမဟော်ထိုက်အတွက် အလျင်လိုက အနှေးနှင့်ညားနေသကဲ့သို့ပင်။

ရှေး အရေးပေါ်ခန်းထဲ ပြန်ရောက်သွားခဲ့တာကြောင့် သူပါ ထိုဆေးရုံထဲ၌ ထပ်နေခဲ့ရသည်။ ထိုကောင်လေးကို သက်တော်စောင့်တွေနှင့် အကျယ်ချုပ် ထားခဲ့လို့ရသလို၊ ထိုက်တစ်ယောက် သူ ကိုယ်တိုင်ကတော့ ဆေးရုံဆင်းခွင့်ရနေပြီဖြစ်တဲ့အထိ သူ့ဒဏ်ရာတွေ သက်သာစပြုနေပြီဖြစ်သော်လည်း ဇာဏီ့ကို မယုံတာမို့ သူ ဒီဆေးရုံထဲ၌သာ ရှေးအား ကိုယ်တိုင် စောင့်ကြပ်လျက်ရှိသည်။

မနက်လောက်ကစပြီး ထိုကောင်လေး သက်သာသွားပြီမို့ ပုံမှန်ခန်းထဲ ပြန်ရွှေ့ခဲ့ရပြန်၏။

အချိန်ကား ညနေဆည်းဆာချိန်ကို ကျော်လွန်၍ မှောင်ရီပျိုးစအချိန်။

ဆေးရုံခန်းထဲ၌ ပစ်ထားလို့ မရတော့တဲ့ ဟော်နန်း၏ စီးပွားရေးကိစ္စများကို စစ်ဆေးဖို့အတွက် မင်းမဟော်ထိုက် ကုတင်ပေါ်၌ Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။

လိုင်းပေါ်၌ ထွဋ် သူ့ဖန်တွေရှေ့မှ ပျောက်နေတာ ရက်အတော်ကြာလာပြီမို့ သူတို့အနုပညာရှင်ကို လွမ်းဆွတ်နေသည့် post တွေ၊ ထွဋ် နေကောင်းရဲ့လား စိုးရိမ်နေသည့် post တွေအပြင် အေဂျင်စီဖက်မှ ဇာဏီထွဋ်ခေါင်ကို ပြန်ခေါ်လာတော့ဖို့ ပို့ထားသည့် message တွေကို သူ မမြင်ချင်ယောင်ဆောင်ကာ ကျော်ခွနေရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုက်အတွက် အရှေ့ဟော်နန်းသခင်ဟူသည့် ဂုဏ်ပုဒ်ထက် ထွဋ်၏ မန်နေဂျာလုပ်ခဲ့ရသည့် အချိန်ကာလတွေကို သဘောအကျဆုံးဖြစ်၏။ ထိုအလုပ်ကသာ သူ တကယ် နှစ်သက်မိသည့် အလုပ်တစ်ခုပါပင်။

ထိုအချိန်-

ချောင်ချောင်ချိချိ ဖြစ်စေမည့် ခပ်ပွပွ ဆွယ်တာတစ်တည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော ထိုက်တစ်ယောက် သူ့အခန်းတံခါးအား အချက်ပေးခြင်းအလျင်းမရှိဘဲ လှည့်ဖွင့်လာသံကြောင့် အလိုမကျ ဖြစ်သွားမှုနှင့်အတူ Laptop ကို ကျော်ပြီး ထိုဝင်လာသူအား မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်၏။

The Loudest Silence [Completed]Where stories live. Discover now