Chapter 26

939 53 0
                                    

အချိန်ကား ရှေးအက္ခရာနှင့် ဇာဏီထွဋ်ခေါင်တို့ ပျောက်မသွားခင် ညကဖြစ်သည်။

ဦးမင်းမြတ် ခေါ်ဆောင်ရာနောက်သို့ ရှေး လိုက်ခဲ့ရ၏။

မင်းမဟော်ထိုက်၏ ဂေါက်ကြောင်ကြောင် ဆုံးဖြတ်ချက်များကို ကြားလိုက်ရပြီးသကာလ ဦးမင်းမြတ် သူ စခဲ့သည့်ဇာတ်ကို သူ့လက်နှင့်အဆုံးသတ်ဖို့သာ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

မချစ်သော်ငြား သူ ကျွေးမွေးထားခဲ့သည့်သားကို ထိုက်လိုလူလက်ထဲလောက်ဆို သူ ထည့်‌ပေးဖို့ဝန်မလေးခဲ့သော်လည်း ဦးမဟာ လက်ထဲတော့ သူ ထည့်မပေးချင်။

ထို့ကြောင့် ဇာဏီပြောသည့် အစီအစဉ်ကို သူ ခေါင်းညိတ်မိရုံမှတပါး တခြားမရှိတော့။

"ငါ လမ်းကြောင်းရှင်းပေးမယ်၊ မင်း ဇာဏီ့ကို ခေါ်ပြီး ဒီက ရှောင်နေလိုက်ကြတော့"

ရှေး သူ့ခမည်းတော်အား မော့ကြည့်လိုက်မိ၏။

"မင်း ဘယ်သူနဲ့ယူယူ ငါ စိတ်မဝင်စားပေမယ့် ဇာဏီ့ကိုတော့ ငါ အဲ့ကောင်နဲ့ သဘောမတူနိုင်ဘူး။ ဒါပေမဲ့ ငါ့ရဲ့မွေးရကျိုးနပ်တဲ့သားက မင်းမပါရင် ဒီကနေ မသွားဘူးတဲ့လေ။ သူ မင်းနဲ့ စာချုပ်ပေါ်မှာ လက်မှတ်ထိုးထားရုံသက်သက် လုပ်ထားချင်တယ် ပြောတယ်"

ဦးမင်းမြတ် ရှေးအား လှည့်ကြည့်လိုက်ပြီး-

"ငါ မင်းကို ကျွေးမွေးခဲ့ရတာ လွယ်ကူတာ မဟုတ်ဘူးဆိုတာ သိတယ်ဟုတ်။ မင်းက သာမန်ကလေးအဖြစ် ကြီးပြင်းလာခဲ့တာမဟုတ်လို့ ရိုးရိုးကျောင်းတောင် ထားလို့မရခဲ့တဲ့ မင်းအတွက် ငါ့ဖက်က အစစအရာရာ လုပ်ပေးခဲ့တဲ့ ကျေးဇူးကို သိတယ်ဆိုရင် အခုကစပြီး ဇာဏီ့ကို မင်း အသက်နဲ့လဲပြီး ကာကွယ်။ အေး. .ဒါပေမဲ့ စာချုပ်ပေါ်မှာပဲ လက်မှတ်ထိုးထားကြတာတော့ ဖြစ်ပစေနော်၊ ငါ့သားနဲ့ အိပ်ဖို့ မစဉ်းစားနဲ့"

". . . ."

"သွားတော့၊ မင်းမဟော်ထိုက်ဖက်က မင်းတို့ကို ငါ့အသက်နဲ့ ခြိမ်းခြောက်မယ်ဆိုရင်တောင် ပြန်မလာခဲ့နဲ့။ သူ ငါ့ကို သတ်လိုက်ပြီဆိုရင်တောင် ဒါ ငါ့အပြစ်အတွက် ပြန်ခံယူရတာပဲမို့ ငါ့သားကိုပဲ အန္တရာယ်ကင်းအောင် အဆုံးထိ ကာကွယ်။ ငါ အသက်ကြီးနေပြီ၊ ကျန်တဲ့ ငါ့သက်တမ်းကို ထောင်ထဲမှာပဲ ကုန်ဆုံးရတော့မယ်ဆိုရင်တောင် ငါ ကျေကျေနပ်နပ်ကြီး သွားနိုင်တယ်၊ ဒါပေမဲ့ တရားဥပဒေအပြင်ဖက်ကချည်း ရှင်းချင်နေတဲ့ကောင်ကြောင့် အဆုံးထိ ပွဲကြမ်းရုံပဲ တတ်နိုင်တော့တယ်"

The Loudest Silence [Completed]Where stories live. Discover now