Chapter 27

687 39 4
                                    

ညတာရှည်တတ်သော ရာသီကာလမို့ ဇာဏီထွဋ်ခေါင်၏ အခန်းကျဉ်းလေးတည်ရှိရာ အိမ်ရှေ့၌ မှောင်ရိပ်ကျနေခဲ့ပြီ။

သူ့ညီ ပုံမှန်သွားနေကျ အချိန်ထက် ကြာနေပြီမို့ ဇာဏီထွဋ်ခေါင် အိမ်‌ရှေ့ထိပင် ထွက်စောင့်နေမိပြီဖြစ်သလို၊ ရှေး၏ ဖုန်းကိုပင် ခေါ်ကြည့်နေခဲ့သည်။

အလွတ်လျှောက်နိုင်စ ပြုနေပြီဖြစ်တဲ့ ဇာဏီ့၏ ခြေထောက်က ကောင်းမွန်နေပြီဖြစ်သော်လည်း ပုံမှန်လူလိုတော့ မသွက်လက်နိုင်သေးပေ။

သူ အမြဲဝတ်ဆင်နေကျ Long coat ထဲ လက်တစ်ဖက်လျှိုသွင်းထားရင်း ကျန်တစ်ဖက်ဖြင့် ဖုန်းခေါ်ဆိုနေခဲ့ကာ အိမ်ရှေ့၌ ခပ်ဖြည်းဖြည်း ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေသည့် အစ်ကို့အား ဇာမ်သွေးရာဇ်တစ်ယောက် သူကိုယ်တိုင် မောင်းနှင်လာခဲ့သည့် ကားပေါ်မှ စိုက်ကြည့်နေမိ၏။

ဇာမ် ရူးမတတ် လိုက်ရှာခဲ့ရတဲ့ သူ့သခင်လောင်းကို ပြန်တွေ့ရချိန်၌ အရှိန်အဝါကြီးဟန်ရှိသော်လည်း နွမ်းလျဖြူဖျော့နေသည့် ဇာဏီ့အား တစ်ညလုံး သူ့အောက်ဖိထားချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့တာမို့ စိတ်ရိုင်းတွေ ဝင်နေသည့် သူ့စိတ်ကြောင့် ဇာမ် ကားအောက်ကိုပင် ချက်ချင်း မဆင်းနိုင်သေးပေ။

သခင်လေးတစ်ပါး၏ အဆောင်အယောင်အတိုင်း အပြည့်အဝထားပေးထားခဲ့သည့် ထိုက်နှင့် ဦးမဟာကြောင့် ဇာမ့်၏ ကြည့်ကောင်းသည့် မျက်နှာလေးပင် အပြင်အဆင်တွေကြောင့် ပို၍ ချောမောနေသယောင်ရှိနေ၏။ အကုန်ပြည့်စုံနေပြီဖြစ်တဲ့ သူ့အတွက် အစ်ကို သူ့ဘေး ရှိဖို့ပဲ လိုတော့သည်။

.
.

ထိုက်ဆီမှ သူ့အား အရိုးများ ချိုးပစ်တော့မတတ် ဖြစ်ညှစ်ဖက်ထားခြင်းကို ရှေး ခံနေရစဉ် ကိုကို့ဆီက ဖုန်းဝင်လာခဲ့တာကြောင့် ရှေး၏ မျက်ဝန်းများ အရောင်တောက်သွားသော်လည်း သူ့လက်ကောက်ဝတ်ကို ဖိကိုင်ပြီး ညှစ်ချလိုက်သည့် ထိုက်ကြောင့် ရှေး၏ လက်ထဲမှ ဖုန်း အောက်သို့ လျှောကျသွားသည်။

ရှေး ထိုဖုန်းအား ကောက်ဖို့ ကုန်းလိုက်သော်လည်း ထိုလူက သူ့ဖုန်းအား နင်းချေပစ်လိုက်တာကြောင့် ရှေး သူ့လက်ကိုပါ အနင်းမခံရခင် အမြန်ပြန်ရုတ်လိုက်ရသည်။

The Loudest Silence [Completed]Where stories live. Discover now