Final 😸

1.9K 50 1
                                    

ဇာဏီ့နောက်၌ တီးခတ်ပေးနေကြသည့် တီးဝိုင်းအဖွဲ့သားတွေကလည်း ဇာဏီနှင့် အလုပ်တူတူ တွဲလုပ်ဖူးခဲ့ကြသည့် အနုပညာသမားတွေပဲမို့ နှစ်အတော်ကြာပြီးမှ ထပ်ထွက်လာနိုင်မည့် ဇာဏီ့၏ ဒီသီချင်းအသစ်အတွက် အခုလို အားဖြည့်ကူညီခွင့်ရနေကြတာအပေါ် ပျော်ရွှင်နေကြသည်။

ထိုအချိန်၌ စတိတ်စင်၏ နောက်ဘက်ရှိ ပရောဂျက်တာပေါ်၌ လှပစွာ ရေးထိုးထားသော စာလုံးအချို့ တဖြည်းဖြည်း ထင်းထွက်လာခဲ့သည်။

တေးဆို - ဇာဏီထွဋ်ခေါင်
တေးရေး - ရှေးအက္ခရာ

ရန်ကုန်မြို့၏ လူစည်ကားရာ နေရာတွေ၌ပါ LED ပြသလို့ရသည့် နေရာတိုင်း၌ ဇာဏီ တောင်းဆိုထားသည့်အတိုင်း ထို Live ကို ချက်ချင်း တပြေးညီ လွှင့်တင်ပေးခဲ့တာကြောင့် သူ့တည်နေရာကိုပါ ဖွင့်ပေးထားခဲ့သည့် သူတို့အနုပညာရှင်ကြောင့် ဇာဏီ့အား အချိန်အကြာကြီး လွမ်းဆွတ်နေခဲ့ကြသည့် ပရိသတ်များအားလုံး ရပ်ကြည့်ကြသူတွေ ရှိပြီး ထိုစားသောက်ဆိုင်နှင့် နီးစပ်သူတွေကတော့ ထိုဆိုင်ထဲသို့ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာခဲ့ကြသည်။

ထိုအရာကို ဇာဏီ့ဖက်မှ မျှော်လင့်ထားခဲ့ပြီးသား မို့ ဆိုင်ထဲ အလုအယက်ပြေးဝင်လာကြသော သူ့ပရိသတ်တွေကို ထိန်းဖို့ လုံခြုံရေးများ အသင့်ရှိနေခဲ့ကာ ရုတ်ရုတ်သဲသဲ အခြေအနေတွေကြား ရှေးကို ထိခိုက်မှာလည်း စိုးရိမ်တာမို့ ဟော်နန်းမှ သက်တော်စောင့်တွေကိုတော့ ဆိုင်၏ အပေါ်ထပ်မှနေ ရှေးကို ကာကွယ်ဖို့ လုံခြုံရေးအား နှစ်ထပ်ချထားခဲ့ရသည်။

ထိုညက ဇာဏီ့ပရိသတ်တွေ ဆိုင်ပြင်ထိ လျှံထွက်အောင် ရှိနေခဲ့ကြသော်လည်း ထိုသီချင်းသစ်အား ဆူညံသံတစ်ချက်မထွက်ဘဲ တိတ်ဆိတ်စွာ နားထောင်နေကြသည်။ သို့သော်ငြား သူတို့ပါးပြင်တွေမှာတော့ မျက်ရည်တွေ အပြည့်၊ တချို့မိန်းကလေးတွေဆိုလျှင် ဘယ်တော့မှ ထပ်မမြင်ရတော့ဘူးဟု ထင်ထားခဲ့သည့် သူတို့ idol ကို ရုတ်တရက် မြင်လိုက်ရတာကြောင့် ရှိုက်ရှိုက်ပြီးပင် ငိုနေခဲ့ကြသည်။

ထိုဆိုင်ထဲ၌ ဇာဏီ့ပရိသတ်မဟုတ်သည့် စားသုံးသူတွေ ရှိနေခဲ့သော်လည်း ထိုအမျိုးသား၏ ခံစားချက်အပြည့်ဖြင့် သီဆိုနေသည့် ကြောက်ခမန်းလိလိ ဆွဲဆောင်မှုရှိလွန်းသည့် အသံကြောင့် သူတို့ပင် ဈာန်ဝင်နေခဲ့ကြသည်။

The Loudest Silence [Completed]Where stories live. Discover now