Extra (2)

1.6K 53 12
                                    

တသောသောကျနေ‌သော နှင်းမှုန်တွေနှင့်အတူ တဖွဲဖွဲ ကျဆင်းနေသော ချယ်ရီပန်းများအား ဟော်နန်းရှေ့၌ ပနံသင့်စွာ တွေ့နေရသည်။

ထိုဟော်နန်းရှေ့၌ တောင်‌ပေါ်ဒေသ၏ ဆောင်းကာလ မနက်ခင်း၌ မြင်ရခဲသည့် နေရောင်ခြည်အား ပင့်မော့ခံယူနေသည့် လှပသော အမျိုးသားတစ်ဦးရှိနေတာကလည်း ထိုဟော်နန်း၏ အလှအား ပိုလို့ပင် ကျက်သရေရှိနေစေခဲ့သည်။

ရှေးအက္ခရာတစ်ယောက် ကိုကို သူ့ဧည့်သည်တွေနှင့် တွေ့ဆုံနေခိုက် ဟော်နန်းအပြင်ဖက်သို့ ခိုးထွက်လာခဲ့သည်။ တောင်ပေါ်ဒေသ၏ လှပသော နေ့ရက်များအား သူ ယခုကဲ့သို့ အိပ်ခန်းထဲ၌ ပုန်းခိုနေရင်း မကုန်ချင်တော့တာမို့ ထိုအရူးကောင်ကို သူ ကိုယ်တိုင် ထွက်ဖမ်းဖို့ ကြိုးစားချင်သည်။

ကိုကိုသာသိလျှင် သူ့အား သုံးလေးဆမက စိတ်ဆိုးမလားတော့မသိ။ သို့သော်ငြား သူ့ကို ငါးစာချပြီး ထောင်ဖမ်းချင်နေသည့် ထိုလူတွေ၏ အစီအစဉ်ကလည်း အရူးကောင်ကို ဖမ်းမိဖို့ ပိုနီးစပ်တာကြောင့် လက်ခံခဲ့မိတာပင်။

ထို့ကြောင့် Boot ဖိနပ်အား အမည်းရောင်ဝမ်းဆက်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည့် ကြင်ယာတော်အား ဟော်နန်း၏ အနောက်ဖက်ရှိ ထင်းရှူးတောထဲ၌ တစ်ကိုယ်တည်း လျှောက်သွားရင်း စီးကရက်ဖွာနေတာအား ထိုနေရာ၌ ဖြတ်သန်းသွားသူတချို့ မြင်လိုက်ကြရသည်။

ရှေး၏ အကြားအာရုံက သာမန်လူတွေထက် အားနည်းတာမို့ ရှေး ပို၍ သတိထားပြီး စောင့်ဆိုင်းနေမိသည်။

ရှေးအား တစ်ညလုံး စောင့်ဆိုင်းနေခဲ့သော ထိုအရူးကောင်အတွက် သူ့ရှေ့က သားကောင်ကို မြင်လိုက်ရချိန်၌ သူ့လက်ထဲက ကြာပွတ်အား ဆုပ်ကိုင်လိုက်ကာ ရှေးနောက်သို့ ခြေသံလုံစွာ တိုးကပ်လာခဲ့ရင်း ကြာပွတ်ကြိုးအား လွှဲရမ်းလိုက်ပြီး သူ့ရှေ့က သားကောင်၏ လည်တိုင်ဆီသို့ တန်းမတ်စွာ စွပ်လိုက်နိုင်ခဲ့သည်။

"ဟဟ၊ နောက်ဆုံးတော့ ငါ မင်းကို မိပြီ"

ထိုလူ သူ့လက်ထဲမှ ကြာပွတ်လက်ကိုင်အား တင်းတင်းဆွဲပစ်လိုက်ရင်း-

"သေစမ်း၊ ငါတို့နှစ်ယောက် တူတူသေကြမယ်၊ တမလွန်ရောက်မှ မင်းကို ငါ့လွှမ်းလေး ကျေနပ်အောင် ထုရိုက်ဖို့ ပေးပစ်မယ်။ သေ‌တော့ကွ၊ ငါ့လွှမ်းက အပေါ်မှာ တစ်ယောက်ထဲ ပျင်းနေရှာမှာ။ ငါ့ကလေးကလေ သူ စိတ်ညစ်တဲ့အချိန် မင်းကို ရိုက်လိုက်ရရင် ကျေနပ်တယ်တဲ့"

The Loudest Silence [Completed]Where stories live. Discover now