Chapter 7

954 54 6
                                    

နှင်းမှုန်တချို့ ရောပါတတ်လျက်ရှိ‌သော ဆောင်းလေ‌အေးများက ပြတင်းမှန်ချပ်၏ လိုက်ကာစတွေကြားမှသည် ရှေး၏ ကုတင်ထက်သို့တိုင် ခပ်‌သောသော ဝေ့ဝဲရောက်ရှိလာတာမို့ ရှေးအား ခက်ခက်ခဲခဲ အင်္ကျီလဲပေးပြီးသော ဇာဏီထွဋ်ခေါင် ထိုကုတင်ထက်မှ ခန်းဆီးရှည်များကိုပါ ပြန်ချထားလိုက်ရတော့သည်။

ထို့နောက် တစ်ယောက်တည်း ဖြစ်နေသော ကောင်လေးကို ထားခဲ့ရမလို၊ ဆက်အဖော်ပြုပေးရမလို တွေဝေနေခိုက် သူ့ပေါင်ပေါ် ပြောင်းအိပ်ဖို့ ပြင်လာသော ရှေးကြောင့် ထရပ်ဖို့ပြင်နေသည့် ဇာဏီတစ်ယောက် ဆက်ထိုင်ပေးနေလိုက်တော့သည်။

အဝတ်အစားလဲပေးနေစဉ် ထိုကောင်လေး မျက်လုံးဖွင့်ကြည့်လာခဲ့သေးသော်လည်း သူမှန်း သေချာမြင်လိုက်ရချိန်၌ စိတ်ချလက်ချ ငြိမ်ငြိမ်လေး ပြန်အိပ်သွားသည့်အပြင် သူ့ပေါင်ကိုပါ ခေါင်းအုံးအုံးအိပ်လာပြန်တာကြောင့် ရှေး၏ ခေါင်းကိုသာ ခပ်ဖြည်းဖြည်း ပုတ်ပေးနေလိုက်ပြီး သီချင်းဆိုရင်း ပြန်သိပ်လိုက်ရတော့သည်။

You came out the blue on a rainy night, no lie
I'll tell you how I almost died
While you're bringing me back to life

I just wanna live in this moment forever
'Cause I'm afraid that living couldn't get any better
Started giving up on the word "forever"
Until you gave up heaven so we could be together

You're my angel
Angel baby, angel
You're my angel, baby
Baby, you're my angel
Angel baby

သိပ်မကြာခင် အချိန်အတွင်း လှုပ်စိလှုပ်စိ လုပ်နေသေးရာကနေ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားချိန်၌ ဇာဏီ ထိုကလေး၏ ခေါင်းနောက်ကို အသာအယာ ထိန်းကိုင်လိုက်ပြီး ခေါင်းအုံးထက် နေရာပြန်ချပေးလိုက်ရသည်။

အိပ်မောကျသွားပြီဖြစ်သော ထိုကောင်လေးအား ဇာဏီ အချိန်အတန်ကြာ ငုံ့မိုးကြည့်နေရင်း တစ်စုံတစ်ခုကို ပြုလုပ်သင့် မလုပ်သင့် ချီတုံချတုံဖြစ်နေလေသည်။

သို့သော်ငြား လွယ်လွယ်ပြန်မနိုးလောက်တော့မှာ သေချာနေတာမို့ ရှေး၏ ဘယ်ဖက်ပါးပြင်ထက်သို့ ဇာဏီ သူ့နှုတ်ခမ်း ဖိကပ်လိုက်မိသွားခဲ့သည်။

ဘယ်သူ့ကိုမှ မနမ်းဖူးသေးခဲ့သည့် သူ့၏ ပထမဆုံးအနမ်းက ညီအရင်းအပေါ်ကို ဖြစ်နေတာမို့ ငရဲကျရမည်ဆိုလျှင်လည်း သူ ထိုပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး ခံယူဖို့ အဆင်သင့်ဖြစ်နေခဲ့တဲ့အထိ သူ ရှေးအား လွန်စွာ မြတ်နိုးခဲ့ရပါ၏။ သူ ထိုကောင်လေးကို ညီအစ်ကိုလိုမျိုး အချစ်နဲ့ ချစ်နေတာ မဟုတ်မှန်း သေချာ သိလိုက်ရချိန်၌ ဇာဏီ သူက လိင်တူချင်း စိတ်ဝင်စားတတ်တဲ့သူဆိုတာကိုပင် ကိုယ့်ကိုယ်ကိုယ် သိခဲ့ရတာ ဖြစ်သည်။

The Loudest Silence [Completed]Waar verhalen tot leven komen. Ontdek het nu