ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ်...

By Wine-Y

203K 26.5K 1.9K

သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့ More

အခန်း(၁၅၈) ဝမ်နျဲ့နျန်ရဲ့ အထက်တန်းကျောင်းတုန်းက ဒိုင်ယာရီ ပေါက်ကြားသွားခြင်း။
အခန်း(၁၅၉) အရူး ... ငါက မင်းကိုနာကျင်စေတဲ့သူ
အပိုင်း(၁၆၀) အမူးသမားယျန်ရှန်းက နျန်နျန်နဲ့ ပက်ပင်းတိုး ဆုံခဲ့တယ်။
အခန်း(၁၆၁)မင်းကိုယ်တိုင် ဒဏ်ရာရဖို့ တမင်သက်သက်လုပ်ခဲ့တာလား။
အခန်း(၁၆၁) ငါ တောင်းပန်ပါတယ်....
အခန်း(၁၆၂)
အခန်း(၁၆၃) ကုယျန်ရှန်းကြောင့် ဟိုတယ်ခန်းထဲ ပိတ်မိခဲ့တယ်။
အခန်း(၁၆၄) ညသန်းခေါင်ယံ၌ အခန်းထဲသို့ ခိုးဝင်ခဲ့ပြီး လူမိသွားတယ်။
အခန်း(၁၆၅) WE ကိုတွန်းလှဲပြီး အဝတ်တွေဆုတ်ဖြဲပစ်ခဲ့တယ်။
အခန်း(၁၆၆) ဘဝတစ်ခုလုံးစာပြန်ချစ်ဖို့ လူတစ်ယောက်ကို ချော့မြူချင်တယ်။
အခန်း(၁၆၇) ငါ မင်းအမေရဲ့ စန္ဒရားကို ပြင်ထားတယ်
အခန်း(၁၆၈)သူ့ရဲ့ခန္ဓာကိုယ်ကိုသာ မင်းအရင်ရမယ်။
အခန်း(၁၆၉) မင်း ထပ်ပြီး ကွာရှင်းချင်သေးတာလား။
အခန်း(၁၇၀) ကုယျန်ရှန်းက လူလိမ်၊ သူက မင်းကို လိမ်နေတာ
အခန်း(၁၇၁) စန္ဒရားပေါ် ထိုင်စေ၍ ပြင်းပြစွာ နမ်းခဲ့သည်။
အခန်း(၁၇၂) WE ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာတဲ့ ကုယျန်ရှန်း
အခန်း(၁၇၃) ငါ ဘယ်သူ့ကိုမှ ထပ်ပြီးမချစ်ရဲတော့ဘူး။
အခန်း(၁၇၄)မတော်တဆဖြစ်ပေါ်ခဲ့သော ကားတိုက်မှုမှရသည့် ဆိုးဝါးသောအခြေအနေ
အခန်း(၁၇၅) ရုတ်တရက်ဖြစ်ပေါ်သော အစာအိမ်နာခြင်းကြောင့် နျဲ့နျန် မေ့လဲသွားတယ်။
အခန်း(၁၇၆) ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မှာလဲ။
အခန်း(၁၇၇)မင်းအတွက် ဆန်ပြုတ် ... ငါကိုယ်တိုင် ခွံ့ကျွေးပါ့မယ်။
အခန်း(၁၇၈) ငါ့ကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကို မဆို ပျက်စီးသွားအောင် လုပ်မယ်။
အခန်း(၁၇၉)ဝမ်နျဲ့နျန်၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု
အခန်း(၁၈၀)ကုယျန်ရှန်းက သွေးအန်ပြီး မေ့လဲသွားတယ်
အခန်း(၁၈၁)ဒီလိုလုပ်ဖို့ ချန်းလုံအန်း ခိုင်းခဲ့တာလား။
အခန်း(၁၈၂) စန္ဒရားထပ်မတီးနိုင်အောင် သူ့လက်ကို ချိုးပစ်ခဲ့။
အခန်း(၁၈၃) မင်း သူ့ကို ဝမ်နျဲ့နျန်နဲ့ ခြိမ်းခြောက်လို့ ရတယ်
အခန်း(၁၈၄) မငိုပါနဲ့ ... ငါ တကယ် မနာပါဘူး။
အခန်း(၁၈၅) ကုယျန်ရှန်းကိုယ်တိုင် သူ့လက်နဲ့ WE ကို ဖျက်စီးလိုက်တာ လိုချင်တယ်။
အခန်း(၁၈၆) ချဉ်ဖက် ကုယျန်ရှန်းက ချန်းလုံအန်းနဲ့ ပြန်တွဲနေတာလား။
အခန်း(၁၈၇) ဒုတိယအကြိမ်မြောက် ငါ ထပ်ပြီး အလိမ်ခံရပြန်တယ်။
အခန်း(၁၈၈)ကုယျန်ရှန်း မင်းက တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။
အခန်း(၁၈၉)WE လည်း စိတ်တိုတတ်တယ်
အခန်း(၁၉၀) ကောင်းပြီ .. မင်းကို လက်ထပ်ဖို့ ငါ သဘောတူတယ်
အခန်း(၁၉၁) ဒူးထောက်ပြီး .. လက်စွပ်ကို ကောက်လိုက်!
အခန်း(၁၉၂) ချန်းလုံအန်းကိုလူသိရှင်ကြား အပြစ်ပေးခြင်း။
အခန်း(၁၉၃) ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ထပါဦး ။ တောင်းပန်ပါတယ်
အခန်း(၁၉၄)မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ရတာကို ငါသဘောကျတယ်
အခန်း(၁၉၅) မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ..ဒီကနေထွက်သွားလိုက်။
အခန်း(၁၉၆) နျန်နျန် .. သုံးအထိရေပြီးရင် ငါ ထွက်သွားပါ့မယ်
အခန်း(၁၉၇)နာကျင်စွာ ဖန်တီးခဲ့သော ကုယျန်ရှန်း၏ အလိမ်အညာ
အခန်း(၁၉၈)ဘာလို့ အားလုံးက ဖုံးကွယ်ထားကြတာလဲ။
အခန်း(၁၉၉)ပျောက်နေတဲ့ ကုယျန်ရှန်းက နောက်ဆုံး ပြန်ပေါ်တယ်
အခန်း(၂၀၀)ငါ မင်းကို မမုန်းပါဘူး...မငိုနဲ့တော့
အခန်း(၂၀၁)မင်းက သူ့ကိုယ်သူ သတ်သေအောင် တွန်းအားပေးတဲ့သူပဲ
အခန်း(၂၀၂)နျန်နျန် ... ကိုယ်တို့ ကတိထားရအောင်
အခန်း(၂၀၃) မစ္စတာကုက ချစ်တတ်သူကြီးလား။
အခန်း(၂၀၄) ငါ့ရဲ့လက်တွဲဖော်အဖြစ် မင်းကို ထပ်ပြီး ရှိစေချင်တယ်
အခန်း(၂၀၅) ခိုးနမ်းတာကို မိပြန်တော့ ရှက်သွားတဲ့ ကုယျန်ရှန်း
အခန်း(၂၀၆) မင်းကရော ... သေသွားရင်တောင် ဖြစ်တယ်လို့' တွေးခဲ့တာလား။
အခန်း(၂၀၈)နျန်နျန် ... အထိမခံနိုင်တဲ့နေရာက မင်းရဲ့နားရွက်လား။
အခန်း(၂၀၉)ရှက်နေတဲ့အချိန်ဆို မင်းက ချစ်ဖို့ကောင်းတယ်
အခန်း(၂၁၀) နျန်နျန်...ကိုယ်နဲ့အတူ အိမ်ပြန်ရအောင်
No update
အခန်း(၂၁၁) ရေချိုးမယ် ...ဟုတ်လား။ ဒါဆို ရေချိုးခန်းထဲ ငါချီသွားပေးမယ်
အခန်း(၂၁၂) ကုယျန်ရှန်းကို အထိန်းအချုပ်မဲ့စေသော အခိုက်အတန့်
အခန်း(၂၁၃) မင်းရဲ့လက်မှာ လက်ထပ်လက်စွပ်လေး ပြန်ဝတ်ပေးချင်တယ်။

အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။

3.3K 477 21
By Wine-Y

အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။

ဖြစ်ချင်တော့ သူ သောက်နေခဲ့တဲ့ဆေးက ကုယျန်ရှန်း အစာအိမ်သွေးယိုတဲ့အထိ အရက်တွေသောက်ပြီး ရယူပေးခဲ့တဲ့ ဆေးဖြစ်နေတာပင်...။

"ငါ မနာပါဘူး... ငါ မနာပါဘူး နျန်နျန် " ကုယျန်ရှန်းက ဝမ်နျဲ့နျန်အနားသို့ တိုးကပ်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ဝမ်နည်းပူဆွေးစွာဖြင့် ပြော၏။

ဝမ်နျဲ့နျန်က သူ့လက်ထဲရှိ ဆေးဘူးကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားပြီး နီရဲနေသော မျက်ဝန်းများဖြင့် ကုယျန်ရှန်းကို ပြန်၍ မော့ကြည့်လိုက်သည်။

"ဘယ်လိုလုပ် မနာရမှာလဲ။ ငါဖြစ်ဖူးလို့ ငါသိတယ်။ ဘာလို့ ငါ့ကို အဲ့ဒီတုန်းက မပြောတာလဲ။ ဘာလို့ ငါ့ကို ဖုံးကွယ်ထားခဲ့တာလဲ ..."

"မင်း အဲ့ဒီတုန်းက Phil နဲ့ ဖျော်ဖြေပွဲကျင်းပဖို့ ပြင်ဆင်နေတာလေ ... မင်းသဘောကျရတဲ့ အလုပ်အတွက် လျှောက်လှမ်းနေချိန်မှာ ဘယ်လိုအနှောက်အယှက်မျိုးကိုမှ ငါ မလုပ်နိုင်ဘူး။" ကုယျန်ရှန်းက အက်ကွဲဆို့နင့်နေသော အသံဖြင့် မေးလာသည့် ဝမ်နျဲ့နျန်ကို ပွေ့ဖက်ပြီး သက်ပြင်းချကာ ပြန်ဖြေခဲ့၏။

"မင်း ငါ့ကို ဘယ်တော့မှ ဖုံးကွယ်ထားခွင့် မရှိတော့ဘူး။ ငါ့ကိုလည်း နာကျင်အောင် လုပ်ခွင့်မရှိသလို မင်းကိုယ်မင်းလည်း နာကျင်အောင် မလုပ်ရဘူး။"

"နျန်နျန် ... မင်း ..." ကုယျန်ရှန်း တအံ့တဩနှင့် ပြန်မေးလာသည်။

"မင်း အခု ငါ့ကို မင်းပိုင်တယ် ဆိုပြီး ပြောလိုက်တာလား။"

ထိုအခါမှ ကိုယ်တိုင်ပြောလိုက်သော စကားကို သတိထားမိသွားသော ဝမ်နျဲ့နျန်က ခေါင်းကို ငုံ့ကာဖြင့် စကားထပ်မဆိုတော့။ ထိုအစား ကုယျန်ရှန်း၏ လက်ကို ဆုပ်ကိုင်ပြီး ဆိုင်ထဲမှ ထွက်သွားခဲ့သည်။

တင်းကြပ်စွာမြဲမြံနေသော လက်တစ်စုံကိုကြည့်ပြီး ကုယျန်ရှန်း၏အပြုံးများသည် မှေးမှိန်သွားခြင်း မရှိတော့။

ဝမ်နျဲ့နျန်က သူကိုယ်တိုင် ကုယျန်ရှန်းကို သူ့အနားနေစေဖို့ ခွင့်ပြုနေပြီးသားဖြစ်နေသည်ကို သတိမထားမိခြင်းလည်း ဖြစ်နိုင်သည်။

'သူကလက်မခံဘဲ အဝေးသို့သာ ရှောင်ထွက်နေခြင်းလည်း မရှိတော့ပြီ။'

ထိုသို့ ပြောင်းလဲမှုသေးသေးလေးများကို ရှာဖွေတွေ့ရှိသွားသည့် ကုယျန်ရှန်းမှာတော့ ဝမ်နျဲ့နျန်ရှေ့မှောက်သို့ အချိန်တိုင်း ပေါ်လာရဲနေပြီ ဖြစ်သည်။ အချိန်တိုင်းလည်း တစ်စ စနှင့် တိုး၍ စမ်းစစ်နေလေသည်။

...

ပြတင်းပေါက်၏အပြင်ဘက်၌ မိုးသားတို့က ရပ်စဲသွားမည့်ဟန်ပန်မရှိဘဲ ဆက်၍သာ ရွာသွန်းနေသည်။

အိပ်ရာထက်၌ အဖျားဝင်ပြီး အပူကြီးစွာအိပ်ပျော်နေသည့် ကုလင်ရှိနေပြီး ပိုင်ကျင်ချန်က ဘေး၌ထိုင်၍ ဂရုစိုက်ပေးနေသည်။

"အမေ ... မသွားပါနဲ့။ ကျွန်တော် လိမ္မာပါ့မယ် ... ကျွန်တော် ကိုကိုနဲ့ ရန်မဖြစ်တော့ပါဘူး ... မသွားပါနဲ့ "

ဆုပ်ကိုင်နိုင်ခြင်း မရှိသော လေထုထဲ၌ ကုလင်က လက်ကိုဆန့်၍ တစ်စုံတစ်ခုကို တားဆီနေဟန် လှမ်းနေပြီး မျက်နှာထက်၌ နာကျင်စရာခံစားချက်များထင်းလျက် ယောင်ယမ်းနေသည်။

"အ‌မေ ... မသွားပါနဲ့ ... ကျွန်တော် လိမ်လိမ်မာမာ နေပါ့မယ် ..." ကုလင်လေးမှာ ကြမ်းပြင်ပေါ်သို့ တွန်းထုတ်ခြင်း ခံလိုက်ရသည်။ နာကျင်ခြင်းကိုပင် အရေးတယူပြုမနေနိုင်သော ထိုကလေးက လုယွင်၏ခြေထောက်ကို ဖက်ကာ ဝပ်တွား၍ နေနေသည်။

"အမေ ... ကျွန်တော် ကိုကိုနဲ့ ရန်မဖြစ်တော့ဘူး။ ကျွန်တော် ဘာမှလည်း မလိုချင်ဘူး။ ကျွန်တော် အမေ့ကိုပဲ လိုချင်တာပါ ... အမေရော ကျွန်တော့်ကို မလိုချင်ဘူးလား ... ကျွန်တော် တောင်းပန်ပါတယ်..."

"သူ့ကို ခေါ်သွားလိုက်တော့ ... ကျွန်မမှာ သူ့နဲ့အငြင်းပွားနေဖို့ အချိန်မရှိဘူး။" လုယွင်က လက်မှနာရီကို ငုံ့ကြည့်၍ ဘေးတွင်ရပ်နေသော ဦးလေးစူကို ပြောလိုက်သည်။

"မဒမ် ... သခင်လေးက ငယ်သေးလို့ မစဉ်းစားတတ်သေးတာပါ ... သူက ကလေးပဲ ရှိသေးတယ်လေ ..."ဦးလေးစူက ငိုယိုတောင်းပန်နေရှာသော သနားစရာကုလင်ကိုကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"သခင်လေး ? ကုမိသားစုရဲ့ သခင်လေးက အခု နိုင်ငံခြားမှာ ရှိနေတယ် ... သူက ဘာကို သခင်လေးဖြစ်ရမှာလဲ။ ရှောင်ရှန်းက မကြာခင် တရုတ်ကိုပြန်လာတော့မှာ ... အဲ့ဒီအချိန်ကျရင် သူက ဘာမှ အသုံးမဝင်တော့ဘူး။ သူ့ကို မိဘမဲ့ဂေဟာ ပြန်ပို့လိုက်"

ကုလင်က ငိုကြီးချက်မဖြင့် ခေါင်းကို တွင်တွင်ခါတော့သည်။ " ဟင့်အင်း ... ကျွန်တော် မိဘမဲ့ဂေဟာကို ပြန်မသွားချင်ဘူး။ ကျွန်တော် ကိုကိုနဲ့ ရန်မဖြစ်ဘူးလို့ ကတိပေးတယ်။ ကျွန်တော်က ကိုကို့ရဲ့ အစေပါး လုပ်ပေးနိုင်ပါတယ် ... ကျွန်တော့်ကို အဝေးကိုပဲ မပို့လိုက်ပါနဲ့ ..."

လုယွင်က သူ့ခြေထောက်ကိုဖက်ကာ ငိုနေသော ကုလင်ကို အဝေးသို့ ကန်ထုတ်ပြီး အေးစက်မာထန်စွာပင် ပြောလာသည်။

"မင်းမှာ သူ့ကို အကိုလို့ ခေါ်ခွင့်မရှိဘူး။ ရှောင်ရှန်းနဲ့ တစ်ပုံစံတည်း မျက်နှာတူနေတဲ့မင်းကို ငါ့အိမ်မှာ မခေါ်ထားနိုင်ဘူး။"

ထိုသို့ ပြောပြီးနောက် လုယွင် ထွက်သွားခဲ့သည်။

"မသွားပါနဲ့ ။ မသွားပါနဲ့ "

ရုတ်တရက် မျက်လုံးပွင့်လာသော ကုလင်၏မျက်ဝန်းထောင့်မှ မျက်ရည်များ စီးကျလာသည်။ သူက ပိုင်ကျင်ချန်ကို ငေးကြောင်ကြည့်နေပြီး အိပ်ရာမှချက်ချင်းထကာ ပိုင်ကျင်ချန်ကို ဖက်ထားခဲ့သည်။

"အကို ....... ကျွန်တော့်ကို မထားခဲ့ပါနဲ့"

"အကိုမင်းကို မထားခဲ့ပါဘူး ... မင်း နေသိပ်မကောင်းသေးလို့ ပြန်လှဲနေလိုက်နော်"

အချိန်တော်တော်ကြာမြင့်ပြီးမှ ပိုင်ကျင်ချန်၏လက်ကို ဆုပ်ကိုင်ထားခြင်းမှ ကုလင်ခက်ခက်ခဲခဲ လွှတ်လိုက်သည်။

"အကို ..ကျွန်တော့်ကို ကြောက်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကုမိသားစုမှာ ဆက်ပြီးနေနိုင်ဖို့ ကျွန်တော် ဒါတွေကို လုပ်မှဘဲ ရမယ်"

"မင်း ... မင်းက ကုမိသားစုရဲ့ သခင်လေး မဟုတ်ဘူးလား။ " အံ့ဩစွာဖြင့် ပိုင်ကျင်ချန် မေးလိုက်သည်။

"နောက် မင်းမျက်နှာက ဘာလို့ ကုယျန်ရှန်းနဲ့ အရမ်းတူနေတာလဲ.."

"အမေက သူ့သားကို အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ လူတစ်ယောက်လိုနေခဲ့လို့လေ။ သူက မိဘကျောင်းတွေမှာ ရှာနေရင်းမှ သူ့သားနဲ့တူတဲ့ ကျွန်တော့်ကို တွေ့ခဲ့တယ်။ နောက်ပိုင်း သားအစစ်ပြန်လာတော့ ကျွန်တော့်ကို စွန့်ပစ်လိုက်တယ် ..."

အံ့ဩထိတ်လန့်နေခြင်းက ပိုင်ကျင်ချန်၏မျက်ဝန်းအတွင်း၌ ထင်းနေသည်။

"သူ ဘာလို့ မင်းကို ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ။ အဲ့ဒီတော့ သူ့သားအရင်း ပြန်လာတော့ရော မင်း ဘယ်လို လုပ်ခဲ့လဲ။ ဘာတွေ ဖြစ်ခဲ့လဲ။"

"ကျွန်တော် ... ကျွန်တော် သူ့ကို အရမ်းမုန်းခဲ့တယ်။ အမေ့ကို ကျွန်တော့်ဆီကနေ ခေါ်ထုတ်သွားတယ်ဆိုပြီး သူ့ကို မုန်းခဲ့တယ်... အဲ့တာကြောင့် ..."

__" ဟေး ကုယျန်ရှန်း "

ကုယျန်ရှန်းက ကျောင်းလွယ်အိတ်ကိုလွယ်လျက် အိမ်ပေါ်ထပ်သို့ တက်နေခဲ့ပြီး လှေကားထိပ်၌ သူ့နှင့် ရုပ်ချင်းဆင်သော ကုလင်ကို တွေ့တဲ့အခါ မျက်မှောင်ကြုပ်လိုက်သည်။

"ဖယ် ... မင်း ဘာလို့ လှေကားထိပ်မှာ ရပ်နေတာလဲ "

"ငါ ဒီအိမ်မှာ အကြာကြီး ရှိနေခဲ့တာ ... မင်း ပြန်လာတာနဲ့ပဲ ငါက ဘာလို့ ထွက်သွားပေးရမှာလဲ " ကုလင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောနေခဲ့သည်။

"မင်းကြောင့် ... အမေနဲ့ ငါနဲ့ အနေဝေးသွားရတာ ... မင်းပဲ ထွက်သွား"

ကုယျန်ရှန်းက ကုလင်ကို ဘေးသို့တွန်းဖယ်၍ အခန်းထဲသို့ ဝင်ရန်သာ ဆန္ဒရှိနေသည်။ သူ လေယာဉ်ပေါ်မှ ဆင်းလျှင်ဆင်းချင်း အမေဖြစ်သူက ကုမ္ပဏီသို့ ဆွဲခေါ်သွား၍ အလွန်ပင်ပန်းနေပြီဖြစ်ရာ ကုလင်နှင့်လည်း စကားနာထိုးနေဖို့ စိတ်အလျဉ်းမရှိချေ။

သို့ပေမယ့် ရုတ်တရက်ဆန်စွာပင် တစ်ဖက်သူ၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရသည်။ ကုလင် ဤမျှ သန်မာလိမ့်မည်ဟု ' သူ မထင်ခဲ့။

"ငါ မင်းကို မုန်းတယ် .... အမေက ငါ့ကိုပဲ ချစ်တာ "

ကုလင်က ကုယျန်ရှန်းကို မုန်းတီးစွာစိုက်ကြည့်ပြီး လှေကားထိပ်မှ နေ၍ တွန်းချလိုက်သည်။ ထိုမှ လှေကားအောက်ကြမ်းပြင်တွင် လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်ဝပ်သွားသော ကုယျန်ရှန်းကိုကြည့်ပြီး ကုလင် ပျာယာခတ်လာခဲ့သည်။

'ထိုသူက သူ့အမေရဲ့ သွေးသာလေ ... သူသာ သေသွားရင် ...အမေက ..'

ကုလင် လှေကားအောက်သို့ အမြန်ပြေးဆင်းသွားပြီး သတိမေ့နေသောကုယျန်ရှန်းကို လှုပ်နှိုးခဲ့သည်။

"ကုယျန်ရှန်း ထ၊ သေချင်ယောင်ဟန်ဆောင်မနေနဲ့ ... ဦးလေးစူ မြန်မြန်လာပါဦး။"

"ကျွန်တော် ... တမင်လုပ်တာမဟုတ်ပါဘူး ... မသေပါနဲ့ "

ထိုနေ့က ကုယျန်ရှန်းကို ဦးလေးစူက ဆေးရုံသို့ ခေါ်သွားပေးခဲ့ပြီး သတင်းကြားကြားချင်း လုယွင်လည်း ဆေးရုံသို့ လျင်မြန်စွာရောက်လာခဲ့သည်။ ယင်းနေ့တစ်ညလုံး ကုလင်သည်လည်း တံခါးအဝတွင် ဒူးထောက်နေခဲ့ရသည်။

နောက်တစ်နေ့တွင် ကုလင်က ကုကျွမ်းဆီသို့ ပို့ခြင်းခံလိုက်ရပြီး လုယွင်ထံမှ ကုကျွမ်းဆီတွင်နေပြီး ထိုကုကျွမ်းအိမ်တော်မှ ခြေတစ်လှမ်းမှ ထွက်မလာရန် အမိန့်ပေးခဲ့သည်။

"ကုကျွမ်းအိမ်တော်မှာနေပြီး ကျွန်တော် ကုမိသားစုအတွက် အများကြီး လုပ်ပေးခဲ့တယ်။ ရှက်စရာကောင်းတဲ့ ကြောက်လန့်စရာကောင်းတဲ့အရာတွေကို လုပ်ရင်း နေခဲ့ရတယ်။ အားလုံးက ကျွန်တော့်အမေ ကျွန်တော့်ကို ခွင့်လွှတ်ဖို့ လုပ်ခဲ့တာချည်းပဲ.." ကုလင်က ပိုင်ကျင်ချန်ကို ကြည့်၍ မျက်ဝန်းနီနီများဖြင့် ပြောလာသည်။ ပိုင်ကျင်ချန်၏အကြည့်သည်လည်း တုန်လှုပ်သွားခဲ့၏။

"မငိုပါနဲ့ ရှောင်လင် ... မင်းအမေလိုမျိုး အကို မင်းကို ထားမသွားပါဘူး။ မင်းက လူဆိုးတစ်ယောက်မဟုတ်ဘဲ လူကောင်းတစ်ယောက်ဆိုတာကို အကို သိပါတယ် "

"ရှောင်လင် မနေ့က မင်းရဲ့မွေးနေ့လား။"

"အင်း ..."

"မွေးနေ့မှာ ပျော်ရွှင်ပါစေ နော်"

ကုလင်က ပြုံးကာဖြင့် ပိုင်ကျင်ချန်၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

'ကျွန်တော့်ရဲ့ ယုန်လေး ... ခင်များကို ကျွန်တော် ထပ်ပြီး ပိုင်ဆိုင်ရပြီ'

_____

( M နိုင်ငံ )

"ဒီနေ့အစည်းအဝေးက ဒီလောက်ပဲ"

ကုမ္ပဏီမှ ထွက်လာပြီးနောက် ကုယျန်ရှန်းက ပန်းဆိုင်သို့ဝင်ကာ နေကြာပန်းတစ်စည်းကိုဝယ်ပြီး မင်ယွဲ့စတူဒီယိုသို့ သွားခဲ့သည်။

ကားလေးက လမ်း၏တစ်ဖက်တွင်ရပ်ပြီးနောက် ကားထဲရှိ ကုယျန်ရှန်းက ဖုန်းကိုထုတ်ကာ စာတစ်စောင်ပို့လိုက်သည်။

[ငါ စတူဒီယိုအရှေ့မှာ ရောက်နေပြီ ... မင်းအတွက် လက်ဆောင်လည်း ပါတယ် ]

ခနကြာပြီးနောက်တွင် စတူဒီယိုထဲမှ ဝမ်နျဲ့နျန်ထွက်လာသည်။ သူက ကားအရှေ့တွင် ရပ်စောင့်နေသည့် ကုယျန်ရှန်းကို ကြည့်ပြီး မေးလိုက်သည်။

"မင်း ဒီနေ့ အလုပ်မသွားဘူးလား။"

ကုယျန်ရှန်းက ပြုံးလိုက်ပြီး နေကြာပန်းစည်းကို ဝမ်နျဲ့နျန်လက်ထဲသို့ ကမ်းပေးပြီးနောက် ကားတံခါးဖွင့်လိုက်သည်။

"ငါ မင်းကို ခေါ်သွားစရာနေရာရှိတယ်။ မင်း သဘောကျမှာ အသေအချာပဲ။ "

ထို့နောက် ကားလေးက စားသောက်ဆိုင်တစ်ခု၏ရှေ့တွင် တရွေ့ရွေ့နှင့် ရပ်သွားခဲ့သည်။ ဝမ်နျဲ့နျန်က စားသောက်ဆိုင်သို့ အကဲခတ်ကြည့်ရာ ထိုဆိုင်၏ နာမည်ထည့်မည့် ဆိုင်းဘုတ်နေရာတွင် နေရာလွတ်ဖြစ်နေသည်။

"မင်း ဘာလို့ ငါ့ကို ဒီဆိုင်ခေါ်လာတာလဲ " ဝမ်နျဲ့နျန်က ဇဝေဇဝါဖြစ်ရင်းနှင့် မေး၏။

ကုယျန်ရှန်းက အဖြေပြန်မပေးဘဲ ပြုံးရုံပြံးကာဖြင့် ....ကြင်ကြင်နာနာပြောလာ၏။

"အထဲဝင်ရအောင် ... အထဲဝင်ပြီး ကြည့်ကြည့်မယ်လေ "

ဆိုင်၏တံခါးကိုဖွင့်ကာ သူတို့နှစ်ယောက် အထဲသို့ ဝင်သွားခဲ့သည်။ ထိုအခါ ဆိုင်အတွင်းပုံစံကို မြင်လိုက်ရပြီး ဝမ်နျဲ့နျန်မှာ ခေတ္တမျှ ကြောင်အသွားခဲ့သည်။

ဤဆိုင်က ဂီတစားသောက်ဆိုင်တစ်ခုဖြစ်ပြီး ဆိုင်၏အလယ်တွင် စန္ဒရားတစ်ခုနှင့် နံရံတွင်လည်း ဓာတ်ပုံများစွာ ချိတ်ဆွဲထားပေသည်။ ထိုဓာတ်ပုံများစွာက သူကိုယ်တိုင် ပြိုင်ပွဲများတွင် ဆုယူခဲ့သည့်ပုံ၊ ဆုတံဆိပ်များစွာကို ဆွတ်ခူးနေသည့်ပုံ ... ဖျော်ဖြေပွဲအတွက် လေ့ကျင့်နေပုံနှင့် သူရေးခဲ့သော သီချင်းနာမည်များကို နံရံအပြည့် ရေးထွင်း ထားခဲ့ခြင်းဖြစ်သည်။ ဆိုင်၏အလယ်တွင် ရှိသော စန္ဒရား၏ဘေး၌ တူရိယာရုပ်ထုတစ်ခုရှိပြီး ထိုမှ WE ၏ သီချင်းများကို ဖွင့်ထားပေသည်။

ဆိုင်၏နံရံတစ်ခုလုံး၌ များစွာသော တန်ဖိုးမဖြတ်နိုင်သည့် အမှတ်တရပုံရိပ်ဓာတ်ပုံတို့ ချိတ်ဆွဲထားရာ ထိုအရာများက ဝမ်နျဲ့နျန်၏မျက်ဝန်းကို မျက်ရည်စို့စို့နှင့် နီရဲလာစေပြီး ထိုဓာတ်ပုံများကို လက်ဖျားထိပ်ဖြင့် ထိတွေ့ကြည့်ရုံဖြင့် နှုတ်မှပွင့်အံကျလာမည့် ကုယျန်ရှန်းအတွက် စကားလုံးများသည်လည်း ကြေကွဲအက်ရှလျက် ရှိတော့သည်။

"မင်း ဘာလို့ ဒါတွေ လုပ်ထားတာလဲ ..."

"မင်း သဘောကျတာ မို့လို့လေ။ ကမ္ဘာပေါ်က အကောင်းဆုံးသော အရာတွေကို မင်းထံ ပေးချင်တယ် နျန်နျန်။ မင်း သဘောကျနေသ၍ မင်းအတွက် အားလုံးကို လုပ်ပေးချင်တယ်။ ဒီဂီတစားသောက်ဆိုင်ကို WE ဆိုတဲ့ မင်းက ပိုင်ဆိုင်တယ် ..."

ဝမ်နျဲ့နျန် စကားထပ်ပြောရန်ပြင်လိုက်ချိန်၌ နံရံပေါ်တွင်ချိတ်ထားသော ဓာတ်ပုံများထဲမှ ဆုတံဆိပ်ကိုလက်ထဲပိုက်၍ စန္ဒရားဘေးတွင်ရပ်ကာနေသည့် အမေဖြစ်သူ၏ဓာတ်ပုံကို တွေ့သွားခဲ့သည်။ ဝမ်နျဲ့နျန်က ထိုဓာတ်ပုံကို အချိန်အကြာကြီး ငေးကြည့်နေခဲ့သည်။

အမေ ယျယ်ရှန်၏ သေဆုံးမှုက ဝမ်နျဲ့နျန်အတွက် ဖြေဆည်မရတဲ့ အနှောင်အထုံးတစ်ခုဖြစ်ခဲ့ပြီး ဘယ်တော့မှ မေ့ပစ်လို့မရမယ့် အတိတ်တစ်ခုဖြစ်သည်ကို ကုယျန်ရှန်း သိပေသည်။

"နျန်နျန် ... ငါ့မှာ မင်းကို ပြစရာတစ်ခုရှိတယ်" ကုယျန်ရှန်းက သူ့လက်ထဲကိုင်ထားသည့် သေတ္တာဘူးလေးကိုကြည့်ပြီး ဝမ်နျဲ့နျန်ကို ပြောလိုက်သည်။

ဝမ်နျဲ့နျန်က ဘေးတစ်ဖက်တွင်ရပ်နေပြီး ကုယျန်ရှန်းက သေတ္တာဘူးထဲမှ တိတ်ခွေတစ်ခုထုပ်ကာ ရှေ့တွင်ရှိသော ဖလင်စက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဝမ်နျဲ့နျန်အနားသို့ ပြန်လျှောက်လာပြီး လက်များကို ထွေးပွေ့ကိုင်ထားလိုက်၏။

မကြာလိုက် အဖြူအမဲနှင့် မသဲမကွဲဖြစ်နေသော ပုံရိပ်သို့ ဖန်သားထက်၌ ထင်ဟပ်လာခဲ့သည်။ ဝမ်နျဲ့နျန်က အံ့ဩမှုများဖြင့် ကုယျန်ရှန်းဘက်သို့ လှည့်ကြည့်ခဲ့ပြီး ထိုအချိန်၌ ရင်းနှီးလှသော အသံတစ်ခုက စခရင်လ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဝမ်နျဲ့နျန်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလျက်၊ နီရဲသွားသော မျက်ဝန်းများဖြင့် စခရင်လ်တွင် ပေါ်နေသည့် သူကို လှည့်ကြည့်လိုက်သည်။

ထိုသူမှာ ယျယ်ရှန်းပင်။ နူးညံ့သော မျက်နှာချိုချိုဖြင့် စန္ဒရားရှေ့တွင်ထိုင်ကာ ကင်မရဘက်သို့ ကြည့်နေသည့် ယျယ်ရှန်း ... သူ၏လက်ထဲ၌ တစ်နှစ်သားအရွယ်သာရှိအုံးမည့် ဝမ်နျဲ့နျန်ကိုလည်း ချီပိုးလို့ထားသည်။

"ဒီကိုကြည့်ပါအုံး ရှောင်နျန် ... ငြိမ်ငြိမ်လေးနေနော် ... အဖေ့ကို နှုတ်ဆက်ပါအုံး ။ ရှောင်နျန် ရေ ... ဒီကို ကြည့်ပါဦး။ " အဖေဝမ်၏ အသံပင်။

ဗီဒီယိုထဲရှိ ရှောင်နျန်လေးက မျက်လုံးဝိုင်းဝိုင်းဖြင့် ကင်မရာဘက်သို့ စူးစူးစိုက်စိုက်ကြည့်နေခဲ့ပြီး ထိုမှ တစ်ဖက်သို့လှည့်ကာ ရယ်မော၍ စန္ဒရားကီးများကို လက်ချောင်းလေးများဖြင့် ဖိနှိပ်နေခဲ့သည်။

"သားရော ... စန္ဒရားတီးချင်လို့လား ရှောင်နျန်။ လာ အမေ သားကို သင်ပေးမယ်။ ဒီလိုလေး နှိပ်ကြည့် ... သိပ်တော်တာပဲ။ "

"........ ရှောင်နျန် က ကြီးလာရင် သိပ်တော်တဲ့ စန္ဒရားပညာရှင်ကြီး သေချာပေါက် ဖြစ်လာမှာ "

"အကိုမု .... တွေ့လား ကျွန်မတို့သားက စန္ဒရားကို အရမ်းသဘောကျနေတာ။ "

"အမေက သားကို ပရိတ်သတ်နေရာကနေပြီး သိပ်တော်တဲ့ စန္ဒရားပညာရှင်တစ်ယောက် ဖြစ်လာတာကို ကြည့်နေမယ် နော်"

အလေးချိန်စီးလာသည့် မျက်ရည်များက ပါးပြင်မှတဆင့် ကြမ်းပြင်ပေါ်သို့ပင် ပိုးပိုးပေါက်ပေါက်ကျချေပြီ။ သူ့အား စန္ဒရားအတီးသင်ပေးနေသည့် အမေယျယ်ရှန်၏မျက်ဝန်းမှ နူးညံ့ကြင်နာသောအကြည့်များကို မြင်ပြီး နာကျင်မှုများက ဝမ်နျဲ့နျန်၏နှလုံးသားတစ်ခုလုံးအပြည့် လျှံတက်လာတော့သည်။

'အမေသာ အသက်ရှင်နေသေးရင် ...... ဘယ်လောက် ကောင်းလိုက်မလဲ ...'

"ဒီဗီဒီလိုကို မင်း ဘယ်က ရခဲ့တာလဲ ။ ဘာလို့ ငါ တစ်ခါမှ မမြင်ဖူးရတာလဲ ..." ရှိုက်သံကို ထိန်း၍ ဝမ်နျဲ့နျန် ကုယျန်ရှန်းအား မေးလိုက်သည်။

"အဖေဝမ် ငါ့ကို ပေးခဲ့တာ။ အဲ့တာနဲ့ ဗီဒီယိုကို ဖွင့်လို့ရဖို့ လူတစ်ချို့ကို ပြင်ခိုင်းခဲ့တယ်။ တော်တော်လေးကို ပြန်ပြင်ခဲ့ရတယ် ... အခုလို ပြန်ကြည့်လို့ ရနိုင်ဖို့လေ "

ကုယျန်ရှန်းက သူ၏လက်ချောင်းဖြင့် ဝမ်နျဲ့နျန်ပါးပြင်ထက်စီးကျနေသည့် မျက်ရည်များကို သုတ်ပေးခဲ့သည်။

"မင်းအမေရဲ့ သေဆုံးမှုက မင်းအတွက် ပြင်းထန်လွန်းတဲ့အခြေအနေတစ်ခုဖြစ်မှန်း ငါ ... ငါ သိပါတယ်။ မင်း လက်မလွှတ်နိုင်တဲ့အတိတ်တစ်ခုဖြစ်ပြီး ဗီဒီယိုထဲမှာ ပါတဲ့ စန္ဒရား ... မင်း အတွက်ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာကိုလည်း ငါသိရက်နဲ့ ........ ဖျက်စီးပစ်ခဲ့မိတယ်"

နောင်တတို့ ခိုတွယ်၍ အပြစ်ရှိစွာ ဝန်ခံလာသည့် ထိုစကားသံများက တုန်ရီမောဟိုက်လို့နေသည်။

ဝမ်နျဲ့နျန်သည်ပင် ကုယျန်ရှန်း၏ မျက်ဝန်းအတွင်း ထင်ရှားနေသည့် နောင်တ၊အပြစ်တို့ကို ကြည့်၍ နာကျင်လာခဲ့သည်။

ဝမ်နျဲ့နျန်၏လက်ချောင်းလေးများကို ဆုပ်ကိုင်လျက် ...အက်ရှနေသောကြေကွဲသံဖြင့် ကုယျန်ရှန်း ဆက်၍ ပြောခဲ့သည်။

"ငါ တောင်းပန်ပါတယ် ... မင်းအတွက် ချန်ထားပေးခဲ့တဲ့ မင်းအမေရဲ့စန္ဒရားကို ဖျက်စီးပစ်ခဲ့တဲ့အတွက် ... နျန်နျန် ငါ တောင်းပန်ပါတယ်။ မင်းတန်ဖိုးထားရတဲ့ လည်ဆွဲကို ယူခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ် ... ငါက မင်းအတွက်ထင်ကျန်နေပေးတဲ့ မင်းအမေရဲ့ အမှတ်တရတွေကို ဖျက်စီးပစ်ခဲ့တယ် ..."

အထိန်းအချုပ်ကင်းစွာ တားဆီးနိုင်ခြင်းမရှိသော မျက်ရည်ပူများက ဝမ်နျဲ့နျန်၏ လက်ပေါ်၌ ကျဆင်းနေခဲ့သည်။

"နျန်နျန် ... မင်း ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား။ ငါ မင်းကို ချစ်တယ် နျန်နျန် "

"မင်း ငါ့ကို မုန်းနေတာမျိုး ငါ တကယ်မလိုချင်ဘူး။ ငါက __မင်း ခွင်လွှတ်ပေးတဲ့အထိ ငါ့ဘဝတစ်လျှောက်လုံးကို မင်းထံမှာပဲ မြှုပ်နှံသွားမှာပါ ... အန်တီ့ရဲ့ အုတ်ဂူရှေ့သွားပြီး ဒူးထောက်တောင်းပန်ဖို့လည်း ငါ ဝန်မဘေးဘူး ...ငါ လေ နျန်နျန် ..."

" ငါ မင်းကို ခွင့်လွှတ်တယ် ..."

ဝမ်နျဲ့နျန်က ကုယျန်ရှန်း၏မျက်ဝန်းများကို စူးစူးစိုက်စိုက်ကြည့်၍ ပြန်ဖြေခဲ့သည်။

လင်းလဲ့သောအပြုံးတစ်ပွင့်က မျက်ရည်တို့ စိုထိုင်းလျက်ရှိသော မျက်ဝန်းထောင့်မှ ပွင့်ဖူးလာလို့ ...လက်နှစ်ဖက်ကိုဆန့်တန်းကာ ကုယျန်ရှန်းကို ပွေ့ဖက်ထားခဲ့၏။

ကုယျန်ရှန်းကို သူ့ကိုပွေ့ဖက်ထားသည့် သူကိုကြည့်၍ ယုံကြည်နိုင်ခြင်းမရှိ အံ့ဩ၍ နေသည်။

"ငါ မင်းကို သိပ်လွမ်းတယ် ....."

"ကျေးဇူးပါ ကုယျန်ရှန်း ..." ပွေ့ဖက်ထားမှု၏ တင်းအားက ပြေလျော့မသွားပေ။

တင်းကြပ်နေအောင် ခိုတိုးဝင်ရင်း အသံတုန်တုန်ဖြင့်ပင် ဝမ်နျဲ့နျန် ဆက်၍ ပြောနေခဲ့သည်။

"ငါ့ကို ဒီဗီဒီယို ကြည့်ခွင့်ရအောင် လုပ်ပေးလို့ ကျေးဇူးပါ။ ပြီးတော့ မင်း ငါ့အတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံး အတွက်ရောပဲ ။"

"ယျန်ရှန်း ......... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပါပြီ "

------------------------
Black 🌻 Lotus
22/2/2023





အခန္း(၂၀၇) ကုယ်န္ရွန္း ... ငါ မင္းကို ခြင့္လႊတ္ခဲ့တာ ၾကာၿပီ

ျဖစ္ခ်င္ေတာ့ သူ ေသာက္ေနခဲ့တဲ့ေဆးက ကုယ်န္ရွန္း အစာအိမ္ေသြးယိုတဲ့အထိ အရက္ေတြေသာက္ၿပီး ရယူေပးခဲ့တဲ့ ေဆးျဖစ္ေနတာပင္...။

"ငါ မနာပါဘူး... ငါ မနာပါဘူး န်န္န်န္ " ကုယ်န္ရွန္းက ဝမ္န်ဲ့န်န္အနားသို႔ တိုးကပ္ၿပီး လက္ႏွစ္ဖက္ကိုဆုပ္ကိုင္ကာ ဝမ္နည္းပူေဆြးစြာျဖင့္ ေျပာ၏။

ဝမ္န်ဲ့န်န္က သူ႕လက္ထဲရွိ ေဆးဘူးကို တင္းၾကပ္ေနေအာင္ ဆုပ္ကိုင္ထားၿပီး နီရဲေနေသာ မ်က္ဝန္းမ်ားျဖင့္ ကုယ်န္ရွန္းကို ျပန္၍ ေမာ့ၾကည့္လိုက္သည္။

"ဘယ္လိုလုပ္ မနာရမွာလဲ။ ငါျဖစ္ဖူးလို႔ ငါသိတယ္။ ဘာလို႔ ငါ့ကို အဲ့ဒီတုန္းက မေျပာတာလဲ။ ဘာလို႔ ငါ့ကို ဖုံးကြယ္ထားခဲ့တာလဲ ..."

"မင္း အဲ့ဒီတုန္းက Phil နဲ႕ ေဖ်ာ္ေျဖပြဲက်င္းပဖို႔ ျပင္ဆင္ေနတာေလ ... မင္းသေဘာက်ရတဲ့ အလုပ္အတြက္ ေလွ်ာက္လွမ္းေနခ်ိန္မွာ ဘယ္လိုအေႏွာက္အယွက္မ်ိဳးကိုမွ ငါ မလုပ္နိုင္ဘူး။" ကုယ်န္ရွန္းက အက္ကြဲဆို႔နင့္ေနေသာ အသံျဖင့္ ေမးလာသည့္ ဝမ္န်ဲ့န်န္ကို ေပြ႕ဖက္ၿပီး သက္ျပင္းခ်ကာ ျပန္ေျဖခဲ့၏။

"မင္း ငါ့ကို ဘယ္ေတာ့မွ ဖုံးကြယ္ထားခြင့္ မရွိေတာ့ဘူး။ ငါ့ကိုလည္း နာက်င္ေအာင္ လုပ္ခြင့္မရွိသလို မင္းကိုယ္မင္းလည္း နာက်င္ေအာင္ မလုပ္ရဘူး။"

"န်န္န်န္ ... မင္း ..." ကုယ်န္ရွန္း တအံ့တဩႏွင့္ ျပန္ေမးလာသည္။

"မင္း အခု ငါ့ကို မင္းပိုင္တယ္ ဆိုၿပီး ေျပာလိုက္တာလား။"

ထိုအခါမွ ကိုယ္တိုင္ေျပာလိုက္ေသာ စကားကို သတိထားမိသြားေသာ ဝမ္န်ဲ့န်န္က ေခါင္းကို ငုံ႕ကာျဖင့္ စကားထပ္မဆိုေတာ့။ ထိုအစား ကုယ်န္ရွန္း၏ လက္ကို ဆုပ္ကိုင္ၿပီး ဆိုင္ထဲမွ ထြက္သြားခဲ့သည္။

တင္းၾကပ္စြာၿမဲၿမံေနေသာ လက္တစ္စုံကိုၾကည့္ၿပီး ကုယ်န္ရွန္း၏အၿပဳံးမ်ားသည္ ေမွးမွိန္သြားျခင္း မရွိေတာ့။

ဝမ္န်ဲ့န်န္က သူကိုယ္တိုင္ ကုယ်န္ရွန္းကို သူ႕အနားေနေစဖို႔ ခြင့္ျပဳေနၿပီးသားျဖစ္ေနသည္ကို သတိမထားမိျခင္းလည္း ျဖစ္နိုင္သည္။

'သူကလက္မခံဘဲ အေဝးသို႔သာ ေရွာင္ထြက္ေနျခင္းလည္း မရွိေတာ့ၿပီ။'

ထိုသို႔ ေျပာင္းလဲမႈေသးေသးေလးမ်ားကို ရွာေဖြေတြ႕ရွိသြားသည့္ ကုယ်န္ရွန္းမွာေတာ့ ဝမ္န်ဲ့န်န္ေရွ႕ေမွာက္သို႔ အခ်ိန္တိုင္း ေပၚလာရဲေနၿပီ ျဖစ္သည္။ အခ်ိန္တိုင္းလည္း တစ္စ စႏွင့္ တိုး၍ စမ္းစစ္ေနေလသည္။

...

ျပတင္းေပါက္၏အျပင္ဘက္၌ မိုးသားတို႔က ရပ္စဲသြားမည့္ဟန္ပန္မရွိဘဲ ဆက္၍သာ ႐ြာသြန္းေနသည္။

အိပ္ရာထက္၌ အဖ်ားဝင္ၿပီး အပူႀကီးစြာအိပ္ေပ်ာ္ေနသည့္ ကုလင္ရွိေနၿပီး ပိုင္က်င္ခ်န္က ေဘး၌ထိုင္၍ ဂ႐ုစိုက္ေပးေနသည္။

"အေမ ... မသြားပါနဲ႕။ ကြၽန္ေတာ္ လိမၼာပါ့မယ္ ... ကြၽန္ေတာ္ ကိုကိုနဲ႕ ရန္မျဖစ္ေတာ့ပါဘူး ... မသြားပါနဲ႕ "

ဆုပ္ကိုင္နိုင္ျခင္း မရွိေသာ ေလထုထဲ၌ ကုလင္က လက္ကိုဆန႔္၍ တစ္စုံတစ္ခုကို တားဆီေနဟန္ လွမ္းေနၿပီး မ်က္ႏွာထက္၌ နာက်င္စရာခံစားခ်က္မ်ားထင္းလ်က္ ေယာင္ယမ္းေနသည္။

"အ‌ေမ ... မသြားပါနဲ႕ ... ကြၽန္ေတာ္ လိမ္လိမ္မာမာ ေနပါ့မယ္ ..." ကုလင္ေလးမွာ ၾကမ္းျပင္ေပၚသို႔ တြန္းထုတ္ျခင္း ခံလိုက္ရသည္။ နာက်င္ျခင္းကိုပင္ အေရးတယူျပဳမေနနိုင္ေသာ ထိုကေလးက လုယြင္၏ေျခေထာက္ကို ဖက္ကာ ဝပ္တြား၍ ေနေနသည္။

"အေမ ... ကြၽန္ေတာ္ ကိုကိုနဲ႕ ရန္မျဖစ္ေတာ့ဘူး။ ကြၽန္ေတာ္ ဘာမွလည္း မလိုခ်င္ဘူး။ ကြၽန္ေတာ္ အေမ့ကိုပဲ လိုခ်င္တာပါ ... အေမေရာ ကြၽန္ေတာ့္ကို မလိုခ်င္ဘူးလား ... ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..."

"သူ႕ကို ေခၚသြားလိုက္ေတာ့ ... ကြၽန္မမွာ သူ႕နဲ႕အျငင္းပြားေနဖို႔ အခ်ိန္မရွိဘူး။" လုယြင္က လက္မွနာရီကို ငုံ႕ၾကည့္၍ ေဘးတြင္ရပ္ေနေသာ ဦးေလးစူကို ေျပာလိုက္သည္။

"မဒမ္ ... သခင္ေလးက ငယ္ေသးလို႔ မစဥ္းစားတတ္ေသးတာပါ ... သူက ကေလးပဲ ရွိေသးတယ္ေလ ..."ဦးေလးစူက ငိုယိုေတာင္းပန္ေနရွာေသာ သနားစရာကုလင္ကိုၾကည့္ၿပီး သက္ျပင္းခ်၍ ေျပာလိုက္သည္။

"သခင္ေလး ? ကုမိသားစုရဲ႕ သခင္ေလးက အခု နိုင္ငံျခားမွာ ရွိေနတယ္ ... သူက ဘာကို သခင္ေလးျဖစ္ရမွာလဲ။ ေရွာင္ရွန္းက မၾကာခင္ တ႐ုတ္ကိုျပန္လာေတာ့မွာ ... အဲ့ဒီအခ်ိန္က်ရင္ သူက ဘာမွ အသုံးမဝင္ေတာ့ဘူး။ သူ႕ကို မိဘမဲ့ေဂဟာ ျပန္ပို႔လိုက္"

ကုလင္က ငိုႀကီးခ်က္မျဖင့္ ေခါင္းကို တြင္တြင္ခါေတာ့သည္။ " ဟင့္အင္း ... ကြၽန္ေတာ္ မိဘမဲ့ေဂဟာကို ျပန္မသြားခ်င္ဘူး။ ကြၽန္ေတာ္ ကိုကိုနဲ႕ ရန္မျဖစ္ဘူးလို႔ ကတိေပးတယ္။ ကြၽန္ေတာ္က ကိုကို႔ရဲ႕ အေစပါး လုပ္ေပးနိုင္ပါတယ္ ... ကြၽန္ေတာ့္ကို အေဝးကိုပဲ မပို႔လိုက္ပါနဲ႕ ..."

လုယြင္က သူ႕ေျခေထာက္ကိုဖက္ကာ ငိုေနေသာ ကုလင္ကို အေဝးသို႔ ကန္ထုတ္ၿပီး ေအးစက္မာထန္စြာပင္ ေျပာလာသည္။

"မင္းမွာ သူ႕ကို အကိုလို႔ ေခၚခြင့္မရွိဘူး။ ေရွာင္ရွန္းနဲ႕ တစ္ပုံစံတည္း မ်က္ႏွာတူေနတဲ့မင္းကို ငါ့အိမ္မွာ မေခၚထားနိုင္ဘူး။"

ထိုသို႔ ေျပာၿပီးေနာက္ လုယြင္ ထြက္သြားခဲ့သည္။

"မသြားပါနဲ႕ ။ မသြားပါနဲ႕ "

႐ုတ္တရက္ မ်က္လုံးပြင့္လာေသာ ကုလင္၏မ်က္ဝန္းေထာင့္မွ မ်က္ရည္မ်ား စီးက်လာသည္။ သူက ပိုင္က်င္ခ်န္ကို ေငးေၾကာင္ၾကည့္ေနၿပီး အိပ္ရာမွခ်က္ခ်င္းထကာ ပိုင္က်င္ခ်န္ကို ဖက္ထားခဲ့သည္။

"အကို ....... ကြၽန္ေတာ့္ကို မထားခဲ့ပါနဲ႕"

"အကိုမင္းကို မထားခဲ့ပါဘူး ... မင္း ေနသိပ္မေကာင္းေသးလို႔ ျပန္လွဲေနလိုက္ေနာ္"

အခ်ိန္ေတာ္ေတာ္ၾကာျမင့္ၿပီးမွ ပိုင္က်င္ခ်န္၏လက္ကို ဆုပ္ကိုင္ထားျခင္းမွ ကုလင္ခက္ခက္ခဲခဲ လႊတ္လိုက္သည္။

"အကို ..ကြၽန္ေတာ့္ကို ေၾကာက္မွန္း ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ကုမိသားစုမွာ ဆက္ၿပီးေနနိုင္ဖို႔ ကြၽန္ေတာ္ ဒါေတြကို လုပ္မွဘဲ ရမယ္"

"မင္း ... မင္းက ကုမိသားစုရဲ႕ သခင္ေလး မဟုတ္ဘူးလား။ " အံ့ဩစြာျဖင့္ ပိုင္က်င္ခ်န္ ေမးလိုက္သည္။

"ေနာက္ မင္းမ်က္ႏွာက ဘာလို႔ ကုယ်န္ရွန္းနဲ႕ အရမ္းတူေနတာလဲ.."

"အေမက သူ႕သားကို အႏၲရာယ္ကေန ကာကြယ္နိုင္ဖို႔ လူတစ္ေယာက္လိုေနခဲ့လို႔ေလ။ သူက မိဘေက်ာင္းေတြမွာ ရွာေနရင္းမွ သူ႕သားနဲ႕တူတဲ့ ကြၽန္ေတာ့္ကို ေတြ႕ခဲ့တယ္။ ေနာက္ပိုင္း သားအစစ္ျပန္လာေတာ့ ကြၽန္ေတာ့္ကို စြန႔္ပစ္လိုက္တယ္ ..."

အံ့ဩထိတ္လန႔္ေနျခင္းက ပိုင္က်င္ခ်န္၏မ်က္ဝန္းအတြင္း၌ ထင္းေနသည္။

"သူ ဘာလို႔ မင္းကို ဒီလိုမ်ိဳး ဆက္ဆံနိုင္ရတာလဲ။ အဲ့ဒီေတာ့ သူ႕သားအရင္း ျပန္လာေတာ့ေရာ မင္း ဘယ္လို လုပ္ခဲ့လဲ။ ဘာေတြ ျဖစ္ခဲ့လဲ။"

"ကြၽန္ေတာ္ ... ကြၽန္ေတာ္ သူ႕ကို အရမ္းမုန္းခဲ့တယ္။ အေမ့ကို ကြၽန္ေတာ့္ဆီကေန ေခၚထုတ္သြားတယ္ဆိုၿပီး သူ႕ကို မုန္းခဲ့တယ္... အဲ့တာေၾကာင့္ ..."

__" ေဟး ကုယ်န္ရွန္း "

ကုယ်န္ရွန္းက ေက်ာင္းလြယ္အိတ္ကိုလြယ္လ်က္ အိမ္ေပၚထပ္သို႔ တက္ေနခဲ့ၿပီး ေလွကားထိပ္၌ သူ႕ႏွင့္ ႐ုပ္ခ်င္းဆင္ေသာ ကုလင္ကို ေတြ႕တဲ့အခါ မ်က္ေမွာင္ၾကဳပ္လိုက္သည္။

"ဖယ္ ... မင္း ဘာလို႔ ေလွကားထိပ္မွာ ရပ္ေနတာလဲ "

"ငါ ဒီအိမ္မွာ အၾကာႀကီး ရွိေနခဲ့တာ ... မင္း ျပန္လာတာနဲ႕ပဲ ငါက ဘာလို႔ ထြက္သြားေပးရမွာလဲ " ကုလင္က အသံက်ယ္က်ယ္ျဖင့္ ေအာ္ဟစ္ေျပာေနခဲ့သည္။

"မင္းေၾကာင့္ ... အေမနဲ႕ ငါနဲ႕ အေနေဝးသြားရတာ ... မင္းပဲ ထြက္သြား"

ကုယ်န္ရွန္းက ကုလင္ကို ေဘးသို႔တြန္းဖယ္၍ အခန္းထဲသို႔ ဝင္ရန္သာ ဆႏၵရွိေနသည္။ သူ ေလယာဥ္ေပၚမွ ဆင္းလွ်င္ဆင္းခ်င္း အေမျဖစ္သူက ကုမၸဏီသို႔ ဆြဲေခၚသြား၍ အလြန္ပင္ပန္းေနၿပီျဖစ္ရာ ကုလင္ႏွင့္လည္း စကားနာထိုးေနဖို႔ စိတ္အလ်ဥ္းမရွိေခ်။

သို႔ေပမယ့္ ႐ုတ္တရက္ဆန္စြာပင္ တစ္ဖက္သူ၏ ဖမ္းဆြဲျခင္းကို ခံလိုက္ရသည္။ ကုလင္ ဤမွ် သန္မာလိမ့္မည္ဟု ' သူ မထင္ခဲ့။

"ငါ မင္းကို မုန္းတယ္ .... အေမက ငါ့ကိုပဲ ခ်စ္တာ "

ကုလင္က ကုယ်န္ရွန္းကို မုန္းတီးစြာစိုက္ၾကည့္ၿပီး ေလွကားထိပ္မွ ေန၍ တြန္းခ်လိဳက္သည္။ ထိုမွ ေလွကားေအာက္ၾကမ္းျပင္တြင္ လႈပ္ရွားမႈမရွိေတာ့ဘဲ ၿငိမ္ဝပ္သြားေသာ ကုယ်န္ရွန္းကိုၾကည့္ၿပီး ကုလင္ ပ်ာယာခတ္လာခဲ့သည္။

'ထိုသူက သူ႕အေမရဲ႕ ေသြးသာေလ ... သူသာ ေသသြားရင္ ...အေမက ..'

ကုလင္ ေလွကားေအာက္သို႔ အျမန္ေျပးဆင္းသြားၿပီး သတိေမ့ေနေသာကုယ်န္ရွန္းကို လႈပ္ႏွိုးခဲ့သည္။

"ကုယ်န္ရွန္း ထ၊ ေသခ်င္ေယာင္ဟန္ေဆာင္မေနနဲ႕ ... ဦးေလးစူ ျမန္ျမန္လာပါဦး။"

"ကြၽန္ေတာ္ ... တမင္လုပ္တာမဟုတ္ပါဘူး ... မေသပါနဲ႕ "

ထိုေန႕က ကုယ်န္ရွန္းကို ဦးေလးစူက ေဆး႐ုံသို႔ ေခၚသြားေပးခဲ့ၿပီး သတင္းၾကားၾကားခ်င္း လုယြင္လည္း ေဆး႐ုံသို႔ လ်င္ျမန္စြာေရာက္လာခဲ့သည္။ ယင္းေန႕တစ္ညလုံး ကုလင္သည္လည္း တံခါးအဝတြင္ ဒူးေထာက္ေနခဲ့ရသည္။

ေနာက္တစ္ေန႕တြင္ ကုလင္က ကုကြၽမ္းဆီသို႔ ပို႔ျခင္းခံလိုက္ရၿပီး လုယြင္ထံမွ ကုကြၽမ္းဆီတြင္ေနၿပီး ထိုကုကြၽမ္းအိမ္ေတာ္မွ ေျခတစ္လွမ္းမွ ထြက္မလာရန္ အမိန႔္ေပးခဲ့သည္။

"ကုကြၽမ္းအိမ္ေတာ္မွာေနၿပီး ကြၽန္ေတာ္ ကုမိသားစုအတြက္ အမ်ားႀကီး လုပ္ေပးခဲ့တယ္။ ရွက္စရာေကာင္းတဲ့ ေၾကာက္လန႔္စရာေကာင္းတဲ့အရာေတြကို လုပ္ရင္း ေနခဲ့ရတယ္။ အားလုံးက ကြၽန္ေတာ့္အေမ ကြၽန္ေတာ့္ကို ခြင့္လႊတ္ဖို႔ လုပ္ခဲ့တာခ်ည္းပဲ.." ကုလင္က ပိုင္က်င္ခ်န္ကို ၾကည့္၍ မ်က္ဝန္းနီနီမ်ားျဖင့္ ေျပာလာသည္။ ပိုင္က်င္ခ်န္၏အၾကည့္သည္လည္း တုန္လႈပ္သြားခဲ့၏။

"မငိုပါနဲ႕ ေရွာင္လင္ ... မင္းအေမလိုမ်ိဳး အကို မင္းကို ထားမသြားပါဘူး။ မင္းက လူဆိုးတစ္ေယာက္မဟုတ္ဘဲ လူေကာင္းတစ္ေယာက္ဆိုတာကို အကို သိပါတယ္ "

"ေရွာင္လင္ မေန႕က မင္းရဲ႕ေမြးေန႕လား။"

"အင္း ..."

"ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ ေနာ္"

ကုလင္က ၿပဳံးကာျဖင့္ ပိုင္က်င္ခ်န္၏လက္ကို ဆုပ္ကိုင္ထားလိုက္သည္။

'ကြၽန္ေတာ့္ရဲ႕ ယုန္ေလး ... ခင္မ်ားကို ကြၽန္ေတာ္ ထပ္ၿပီး ပိုင္ဆိုင္ရၿပီ'

_____

( M နိုင္ငံ )

"ဒီေန႕အစည္းအေဝးက ဒီေလာက္ပဲ"

ကုမၸဏီမွ ထြက္လာၿပီးေနာက္ ကုယ်န္ရွန္းက ပန္းဆိုင္သို႔ဝင္ကာ ေနၾကာပန္းတစ္စည္းကိုဝယ္ၿပီး မင္ယြဲ႕စတူဒီယိုသို႔ သြားခဲ့သည္။

ကားေလးက လမ္း၏တစ္ဖက္တြင္ရပ္ၿပီးေနာက္ ကားထဲရွိ ကုယ်န္ရွန္းက ဖုန္းကိုထုတ္ကာ စာတစ္ေစာင္ပို႔လိုက္သည္။

[ငါ စတူဒီယိုအေရွ႕မွာ ေရာက္ေနၿပီ ... မင္းအတြက္ လက္ေဆာင္လည္း ပါတယ္ ]

ခနၾကာၿပီးေနာက္တြင္ စတူဒီယိုထဲမွ ဝမ္န်ဲ့န်န္ထြက္လာသည္။ သူက ကားအေရွ႕တြင္ ရပ္ေစာင့္ေနသည့္ ကုယ်န္ရွန္းကို ၾကည့္ၿပီး ေမးလိုက္သည္။

"မင္း ဒီေန႕ အလုပ္မသြားဘူးလား။"

ကုယ်န္ရွန္းက ၿပဳံးလိုက္ၿပီး ေနၾကာပန္းစည္းကို ဝမ္န်ဲ့န်န္လက္ထဲသို႔ ကမ္းေပးၿပီးေနာက္ ကားတံခါးဖြင့္လိုက္သည္။

"ငါ မင္းကို ေခၚသြားစရာေနရာရွိတယ္။ မင္း သေဘာက်မွာ အေသအခ်ာပဲ။ "

ထို႔ေနာက္ ကားေလးက စားေသာက္ဆိုင္တစ္ခု၏ေရွ႕တြင္ တေ႐ြ႕ေ႐ြ႕ႏွင့္ ရပ္သြားခဲ့သည္။ ဝမ္န်ဲ့န်န္က စားေသာက္ဆိုင္သို႔ အကဲခတ္ၾကည့္ရာ ထိုဆိုင္၏ နာမည္ထည့္မည့္ ဆိုင္းဘုတ္ေနရာတြင္ ေနရာလြတ္ျဖစ္ေနသည္။

"မင္း ဘာလို႔ ငါ့ကို ဒီဆိုင္ေခၚလာတာလဲ " ဝမ္န်ဲ့န်န္က ဇေဝဇဝါျဖစ္ရင္းႏွင့္ ေမး၏။

ကုယ်န္ရွန္းက အေျဖျပန္မေပးဘဲ ၿပဳံး႐ုံၿပံးကာျဖင့္ ....ၾကင္ၾကင္နာနာေျပာလာ၏။

"အထဲဝင္ရေအာင္ ... အထဲဝင္ၿပီး ၾကည့္ၾကည့္မယ္ေလ "

ဆိုင္၏တံခါးကိုဖြင့္ကာ သူတို႔ႏွစ္ေယာက္ အထဲသို႔ ဝင္သြားခဲ့သည္။ ထိုအခါ ဆိုင္အတြင္းပုံစံကို ျမင္လိုက္ရၿပီး ဝမ္န်ဲ့န်န္မွာ ေခတၱမွ် ေၾကာင္အသြားခဲ့သည္။

ဤဆိုင္က ဂီတစားေသာက္ဆိုင္တစ္ခုျဖစ္ၿပီး ဆိုင္၏အလယ္တြင္ စႏၵရားတစ္ခုႏွင့္ နံရံတြင္လည္း ဓာတ္ပုံမ်ားစြာ ခ်ိတ္ဆြဲထားေပသည္။ ထိုဓာတ္ပုံမ်ားစြာက သူကိုယ္တိုင္ ၿပိဳင္ပြဲမ်ားတြင္ ဆုယူခဲ့သည့္ပုံ၊ ဆုတံဆိပ္မ်ားစြာကို ဆြတ္ခူးေနသည့္ပုံ ... ေဖ်ာ္ေျဖပြဲအတြက္ ေလ့က်င့္ေနပုံႏွင့္ သူေရးခဲ့ေသာ သီခ်င္းနာမည္မ်ားကို နံရံအျပည့္ ေရးထြင္း ထားခဲ့ျခင္းျဖစ္သည္။ ဆိုင္၏အလယ္တြင္ ရွိေသာ စႏၵရား၏ေဘး၌ တူရိယာ႐ုပ္ထုတစ္ခုရွိၿပီး ထိုမွ WE ၏ သီခ်င္းမ်ားကို ဖြင့္ထားေပသည္။

ဆိုင္၏နံရံတစ္ခုလုံး၌ မ်ားစြာေသာ တန္ဖိုးမျဖတ္နိုင္သည့္ အမွတ္တရပုံရိပ္ဓာတ္ပုံတို႔ ခ်ိတ္ဆြဲထားရာ ထိုအရာမ်ားက ဝမ္န်ဲ့န်န္၏မ်က္ဝန္းကို မ်က္ရည္စို႔စို႔ႏွင့္ နီရဲလာေစၿပီး ထိုဓာတ္ပုံမ်ားကို လက္ဖ်ားထိပ္ျဖင့္ ထိေတြ႕ၾကည့္႐ုံျဖင့္ ႏႈတ္မွပြင့္အံက်လာမည့္ ကုယ်န္ရွန္းအတြက္ စကားလုံးမ်ားသည္လည္း ေၾကကြဲအက္ရွလ်က္ ရွိေတာ့သည္။

"မင္း ဘာလို႔ ဒါေတြ လုပ္ထားတာလဲ ..."

"မင္း သေဘာက်တာ မို႔လို႔ေလ။ ကမာၻေပၚက အေကာင္းဆုံးေသာ အရာေတြကို မင္းထံ ေပးခ်င္တယ္ န်န္န်န္။ မင္း သေဘာက်ေနသ၍ မင္းအတြက္ အားလုံးကို လုပ္ေပးခ်င္တယ္။ ဒီဂီတစားေသာက္ဆိုင္ကို WE ဆိုတဲ့ မင္းက ပိုင္ဆိုင္တယ္ ..."

ဝမ္န်ဲ့န်န္ စကားထပ္ေျပာရန္ျပင္လိုက္ခ်ိန္၌ နံရံေပၚတြင္ခ်ိတ္ထားေသာ ဓာတ္ပုံမ်ားထဲမွ ဆုတံဆိပ္ကိုလက္ထဲပိုက္၍ စႏၵရားေဘးတြင္ရပ္ကာေနသည့္ အေမျဖစ္သူ၏ဓာတ္ပုံကို ေတြ႕သြားခဲ့သည္။ ဝမ္န်ဲ့န်န္က ထိုဓာတ္ပုံကို အခ်ိန္အၾကာႀကီး ေငးၾကည့္ေနခဲ့သည္။

အေမ ယ်ယ္ရွန္၏ ေသဆုံးမႈက ဝမ္န်ဲ့န်န္အတြက္ ေျဖဆည္မရတဲ့ အေႏွာင္အထုံးတစ္ခုျဖစ္ခဲ့ၿပီး ဘယ္ေတာ့မွ ေမ့ပစ္လို႔မရမယ့္ အတိတ္တစ္ခုျဖစ္သည္ကို ကုယ်န္ရွန္း သိေပသည္။

"န်န္န်န္ ... ငါ့မွာ မင္းကို ျပစရာတစ္ခုရွိတယ္" ကုယ်န္ရွန္းက သူ႕လက္ထဲကိုင္ထားသည့္ ေသတၱာဘူးေလးကိုၾကည့္ၿပီး ဝမ္န်ဲ့န်န္ကို ေျပာလိုက္သည္။

ဝမ္န်ဲ့န်န္က ေဘးတစ္ဖက္တြင္ရပ္ေနၿပီး ကုယ်န္ရွန္းက ေသတၱာဘူးထဲမွ တိတ္ေခြတစ္ခုထုပ္ကာ ေရွ႕တြင္ရွိေသာ ဖလင္စက္ထဲသို႔ ထည့္လိုက္သည္။ ထို႔ေနာက္ ဝမ္န်ဲ့န်န္အနားသို႔ ျပန္ေလွ်ာက္လာၿပီး လက္မ်ားကို ေထြးေပြ႕ကိုင္ထားလိုက္၏။

မၾကာလိုက္ အျဖဴအမဲႏွင့္ မသဲမကြဲျဖစ္ေနေသာ ပုံရိပ္သို႔ ဖန္သားထက္၌ ထင္ဟပ္လာခဲ့သည္။ ဝမ္န်ဲ့န်န္က အံ့ဩမႈမ်ားျဖင့္ ကုယ်န္ရွန္းဘက္သို႔ လွည့္ၾကည့္ခဲ့ၿပီး ထိုအခ်ိန္၌ ရင္းႏွီးလွေသာ အသံတစ္ခုက စခရင္လ္မွ ႐ုတ္တရက္ ထြက္ေပၚလာခဲ့သည္။

ဝမ္န်ဲ့န်န္၏ခႏၶာကိုယ္တစ္ခုလုံး ေတာင့္တင္းလ်က္၊ နီရဲသြားေသာ မ်က္ဝန္းမ်ားျဖင့္ စခရင္လ္တြင္ ေပၚေနသည့္ သူကို လွည့္ၾကည့္လိုက္သည္။

ထိုသူမွာ ယ်ယ္ရွန္းပင္။ ႏူးညံ့ေသာ မ်က္ႏွာခ်ိဳခ်ိဳျဖင့္ စႏၵရားေရွ႕တြင္ထိုင္ကာ ကင္မရဘက္သို႔ ၾကည့္ေနသည့္ ယ်ယ္ရွန္း ... သူ၏လက္ထဲ၌ တစ္ႏွစ္သားအ႐ြယ္သာရွိအုံးမည့္ ဝမ္န်ဲ့န်န္ကိုလည္း ခ်ီပိုးလို႔ထားသည္။

"ဒီကိုၾကည့္ပါအုံး ေရွာင္န်န္ ... ၿငိမ္ၿငိမ္ေလးေနေနာ္ ... အေဖ့ကို ႏႈတ္ဆက္ပါအုံး ။ ေရွာင္န်န္ ေရ ... ဒီကို ၾကည့္ပါဦး။ " အေဖဝမ္၏ အသံပင္။

ဗီဒီယိုထဲရွိ ေရွာင္န်န္ေလးက မ်က္လုံးဝိုင္းဝိုင္းျဖင့္ ကင္မရာဘက္သို႔ စူးစူးစိုက္စိုက္ၾကည့္ေနခဲ့ၿပီး ထိုမွ တစ္ဖက္သို႔လွည့္ကာ ရယ္ေမာ၍ စႏၵရားကီးမ်ားကို လက္ေခ်ာင္းေလးမ်ားျဖင့္ ဖိႏွိပ္ေနခဲ့သည္။

"သားေရာ ... စႏၵရားတီးခ်င္လို႔လား ေရွာင္န်န္။ လာ အေမ သားကို သင္ေပးမယ္။ ဒီလိုေလး ႏွိပ္ၾကည့္ ... သိပ္ေတာ္တာပဲ။ "

"........ ေရွာင္န်န္ က ႀကီးလာရင္ သိပ္ေတာ္တဲ့ စႏၵရားပညာရွင္ႀကီး ေသခ်ာေပါက္ ျဖစ္လာမွာ "

"အကိုမု .... ေတြ႕လား ကြၽန္မတို႔သားက စႏၵရားကို အရမ္းသေဘာက်ေနတာ။ "

"အေမက သားကို ပရိတ္သတ္ေနရာကေနၿပီး သိပ္ေတာ္တဲ့ စႏၵရားပညာရွင္တစ္ေယာက္ ျဖစ္လာတာကို ၾကည့္ေနမယ္ ေနာ္"

အေလးခ်ိန္စီးလာသည့္ မ်က္ရည္မ်ားက ပါးျပင္မွတဆင့္ ၾကမ္းျပင္ေပၚသို႔ပင္ ပိုးပိုးေပါက္ေပါက္က်ေခ်ၿပီ။ သူ႕အား စႏၵရားအတီးသင္ေပးေနသည့္ အေမယ်ယ္ရွန္၏မ်က္ဝန္းမွ ႏူးညံ့ၾကင္နာေသာအၾကည့္မ်ားကို ျမင္ၿပီး နာက်င္မႈမ်ားက ဝမ္န်ဲ့န်န္၏ႏွလုံးသားတစ္ခုလုံးအျပည့္ လွ်ံတက္လာေတာ့သည္။

'အေမသာ အသက္ရွင္ေနေသးရင္ ...... ဘယ္ေလာက္ ေကာင္းလိုက္မလဲ ...'

"ဒီဗီဒီလိုကို မင္း ဘယ္က ရခဲ့တာလဲ ။ ဘာလို႔ ငါ တစ္ခါမွ မျမင္ဖူးရတာလဲ ..." ရွိုက္သံကို ထိန္း၍ ဝမ္န်ဲ့န်န္ ကုယ်န္ရွန္းအား ေမးလိုက္သည္။

"အေဖဝမ္ ငါ့ကို ေပးခဲ့တာ။ အဲ့တာနဲ႕ ဗီဒီယိုကို ဖြင့္လို႔ရဖို႔ လူတစ္ခ်ိဳ႕ကို ျပင္ခိုင္းခဲ့တယ္။ ေတာ္ေတာ္ေလးကို ျပန္ျပင္ခဲ့ရတယ္ ... အခုလို ျပန္ၾကည့္လို႔ ရနိုင္ဖို႔ေလ "

ကုယ်န္ရွန္းက သူ၏လက္ေခ်ာင္းျဖင့္ ဝမ္န်ဲ့န်န္ပါးျပင္ထက္စီးက်ေနသည့္ မ်က္ရည္မ်ားကို သုတ္ေပးခဲ့သည္။

"မင္းအေမရဲ႕ ေသဆုံးမႈက မင္းအတြက္ ျပင္းထန္လြန္းတဲ့အေျခအေနတစ္ခုျဖစ္မွန္း ငါ ... ငါ သိပါတယ္။ မင္း လက္မလႊတ္နိုင္တဲ့အတိတ္တစ္ခုျဖစ္ၿပီး ဗီဒီယိုထဲမွာ ပါတဲ့ စႏၵရား ... မင္း အတြက္ဘယ္ေလာက္ထိ အဖိုးတန္တယ္ဆိုတာကိုလည္း ငါသိရက္နဲ႕ ........ ဖ်က္စီးပစ္ခဲ့မိတယ္"

ေနာင္တတို႔ ခိုတြယ္၍ အျပစ္ရွိစြာ ဝန္ခံလာသည့္ ထိုစကားသံမ်ားက တုန္ရီေမာဟိုက္လို႔ေနသည္။

ဝမ္န်ဲ့န်န္သည္ပင္ ကုယ်န္ရွန္း၏ မ်က္ဝန္းအတြင္း ထင္ရွားေနသည့္ ေနာင္တ၊အျပစ္တို႔ကို ၾကည့္၍ နာက်င္လာခဲ့သည္။

ဝမ္န်ဲ့န်န္၏လက္ေခ်ာင္းေလးမ်ားကို ဆုပ္ကိုင္လ်က္ ...အက္ရွေနေသာေၾကကြဲသံျဖင့္ ကုယ်န္ရွန္း ဆက္၍ ေျပာခဲ့သည္။

"ငါ ေတာင္းပန္ပါတယ္ ... မင္းအတြက္ ခ်န္ထားေပးခဲ့တဲ့ မင္းအေမရဲ႕စႏၵရားကို ဖ်က္စီးပစ္ခဲ့တဲ့အတြက္ ... န်န္န်န္ ငါ ေတာင္းပန္ပါတယ္။ မင္းတန္ဖိုးထားရတဲ့ လည္ဆြဲကို ယူခဲ့တဲ့အတြက္လည္း ေတာင္းပန္ပါတယ္ ... ငါက မင္းအတြက္ထင္က်န္ေနေပးတဲ့ မင္းအေမရဲ႕ အမွတ္တရေတြကို ဖ်က္စီးပစ္ခဲ့တယ္ ..."

အထိန္းအခ်ဳပ္ကင္းစြာ တားဆီးနိုင္ျခင္းမရွိေသာ မ်က္ရည္ပူမ်ားက ဝမ္န်ဲ့န်န္၏ လက္ေပၚ၌ က်ဆင္းေနခဲ့သည္။

"န်န္န်န္ ... မင္း ငါ့ကို ခြင့္လႊတ္ေပးနိုင္မလား။ ငါ မင္းကို ခ်စ္တယ္ န်န္န်န္ "

"မင္း ငါ့ကို မုန္းေနတာမ်ိဳး ငါ တကယ္မလိုခ်င္ဘူး။ ငါက __မင္း ခြင္လႊတ္ေပးတဲ့အထိ ငါ့ဘဝတစ္ေလွ်ာက္လုံးကို မင္းထံမွာပဲ ျမႇုပ္ႏွံသြားမွာပါ ... အန္တီ့ရဲ႕ အုတ္ဂူေရွ႕သြားၿပီး ဒူးေထာက္ေတာင္းပန္ဖို႔လည္း ငါ ဝန္မေဘးဘူး ...ငါ ေလ န်န္န်န္ ..."

" ငါ မင္းကို ခြင့္လႊတ္တယ္ ..."

ဝမ္န်ဲ့န်န္က ကုယ်န္ရွန္း၏မ်က္ဝန္းမ်ားကို စူးစူးစိုက္စိုက္ၾကည့္၍ ျပန္ေျဖခဲ့သည္။

လင္းလဲ့ေသာအၿပဳံးတစ္ပြင့္က မ်က္ရည္တို႔ စိုထိုင္းလ်က္ရွိေသာ မ်က္ဝန္းေထာင့္မွ ပြင့္ဖူးလာလို႔ ...လက္ႏွစ္ဖက္ကိုဆန႔္တန္းကာ ကုယ်န္ရွန္းကို ေပြ႕ဖက္ထားခဲ့၏။

ကုယ်န္ရွန္းကို သူ႕ကိုေပြ႕ဖက္ထားသည့္ သူကိုၾကည့္၍ ယုံၾကည္နိုင္ျခင္းမရွိ အံ့ဩ၍ ေနသည္။

"ငါ မင္းကို သိပ္လြမ္းတယ္ ....."

"ေက်းဇူးပါ ကုယ်န္ရွန္း ..." ေပြ႕ဖက္ထားမႈ၏ တင္းအားက ေျပေလ်ာ့မသြားေပ။

တင္းၾကပ္ေနေအာင္ ခိုတိုးဝင္ရင္း အသံတုန္တုန္ျဖင့္ပင္ ဝမ္န်ဲ့န်န္ ဆက္၍ ေျပာေနခဲ့သည္။

"ငါ့ကို ဒီဗီဒီယို ၾကည့္ခြင့္ရေအာင္ လုပ္ေပးလို႔ ေက်းဇူးပါ။ ၿပီးေတာ့ မင္း ငါ့အတြက္ လုပ္ေပးခဲ့တဲ့ အရာအားလုံး အတြက္ေရာပဲ ။"

"ယ်န္ရွန္း ......... ငါ မင္းကို ခြင့္လႊတ္ခဲ့တာ ၾကာပါၿပီ "

Continue Reading

You'll Also Like

293K 16.9K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
306K 33.2K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
719K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~